Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 341–360 of 913 words

    ဆ

    ဆရာကူ

    [sʰɹàkù]
    အကူ ဆရာ။ လက်ထောက် ဆရာ
    အကူ ဆရာ။ လက်ထောက် ဆရာ
    assistant teacher
    နာမ်

    ဆရာခံ

    [sʰɹàkʰံ]
    တစုံ တခုသော အတတ် ပညာကို တတ်သည်၊ တတ်ကျွမ်းရေ၏ အဖြစ်ကို ခံယူရေ။ ၂၊ တတ်သိ နားလည် အကွန်ဆောင်ရေ။ ၃၊ (ဥပစာ) လူတိကိုဩဇာ ပီးရေ
    တစ်စုံ တစ်ခုသော အတတ် ပညာကို တတ်သည်၊ ကျွမ်းကျင်သည်၏ အဖြစ်ကို ခံယူသည်။ ၂၊ တတ်သိ နားလည် ဟန်ဆောင်သည်။ ၃၊ (ဥပစာ) သူတစ်ပါးကို ဩဇာ ပေးသည်
    Know - be skilled
    ကြိယာ

    ဆရာစဉ်ဆက်

    [sʰɹàsɪ̀ɴsʰɛʔ]
    စဉ်ဆက် မပြတ် ဆင်းသက် လာရေ ဆရာတိ
    စဉ်ဆက် မပြတ် ဆင်းသက် လာသော ဆရာများ
    teachers
    နာမ်

    ဆရာစား

    [sʰɹàsá]
    ပညာ သင်ကြား ပေးရေ အတွက် ဆရာအား တခုတရီ အတုံ့အပြန် ပီးရေ အရာ။ ပညာ သင်ပီးခ
    ပညာ သင်ကြား ပေးသည့် အတွက် ဆရာအား တစ်စုံတစ်ခု အတုံ့အပြန် ပေးသော အရာ။ ပညာ သင်ပေးခ
    fee
    နာမ်

    ဆရာစားချန်

    [sʰɹàsáɕàɴ]
    အတတ် ပညာကို အားလုံး သင်မပြပဲ ခြွင်းချန် ထားရေ
    အတတ် ပညာကို အကုန်အစင် သင်မပြပဲ ခြွင်းချန် ထားသည်
    not teaching complete course by teacher
    ကြိယာ

    ဆရာစွဲ

    [sʰɹàswɛ]
    ဆရာ၏ အယူဝါဒ လမ်းစဉ်ကို လိုက်ခြင်း။ ဆရာ၏ အလိုသို့ ပါခြင်း
    ဆရာ၏ အယူဝါဒ လမ်းစဉ်ကို လိုက်ခြင်း။ ဆရာ၏ အလိုသို့ ပါခြင်း
    by the law of teacher
    နာမ်

    ဆရာတင်

    [sʰɹàtɪ̀ɴ]
    နည်းလမ်း ပြသ ပီးရေ ဆရာ အဖြစ် ထားရေ
    နည်းလမ်း ပြသ ပေးသော ဆရာ အဖြစ် ထားသည်
    teacher
    ကြိယာ

    ဆရာတော်

    [sʰɹàtɔ̀]
    ကျောင်းတိုက် တခုလုံးမာ ဇာ အရာမာ ဖြစ်စီ ကြီးမှူး အုပ်ချုပ်ရေ ဘုန်းကြီး
    ကျောင်းတိုက် တစ်ခုလုံးတွင် မည်သည့် အရာ၌ ဖြစ်စေ ကြီးမှူး အုပ်ချုပ်သော ဘုန်းကြီး
    presiding monk
    နာမ်

    ဆရာလက်ကိုင်

    [sʰɹàlɛʔkàɪɴ]
    စာသင် စာချ ပီးရာမာ ဆရာကို အထောက် အပံ့ ပီးရေ စာအုပ်
    စာသင် စာချ ပေးရာတွင် ဆရာကို အထောက် အပံ့ ပေးသော စာအုပ်
    supplement book
    နာမ်

    ဆရာလက်ကိုင်၂

    [sʰɹàlɛʔkàɪɴ၂]
    ဆရာက အားကိုး အားထား ပြုလောက်သော တပည့်
    ဆရာက အားကိုး အားထား ပြုလောက်သော တပည့်
    pupil
    နာမ်

    ဆလင်ဖြူ

    [sʰlɪ̀ɴpʰɹù]
    မျှိုင်းမပါရေ စက္ကူချော
    မျဉ်းမပါသော စက္ကူချော
    paper
    နာမ်

    ဆလယာ

    [sʰljà]
    ဆိုးညစ် ယုတ်မာသော။ ညစ်ညမ်းသော။ ၂။ အထာနပ် လိမ္မာမှု မဟိရေ။ ၃၊ ဆိုဆုံးမ ခက်သော
    ဆိုးသွမ်း ယုတ်မာသော။ ညစ်ညမ်းသော။ ၂။ ပါးနပ် လိမ္မာမှု မရှိသော။ ၃၊ ဆိုဆုံးမ ခက်သော
    inquietude
    နာမဝိသေသန

    ဆလယာ၂

    [sʰljà၂]
    ထင်ရာကို ပြုလုပ်ပနာ မိုက်မဲ အဆိုးအဆာ။ ဆိုဆုံးမ ခက်သူ။၂၊ အထာနပ် လိမ္မာမှု မဟိသူ။ ၃၊ ဉာဏ်ပညာ ကင်းမဲ့သူ
    ထင်ရာကို ပြုလုပ်၍ မိုက်မဲ ဆိုးသွမ်းသူ။ ဆိုဆုံးမ ခက်သူ။၂၊ ပါးနပ် လိမ္မာမှု မရှိသူ။ ၃၊ ဉာဏ်ပညာ ကင်းမဲ့သူ
    inquietude
    နာမ်

    ဆလယာမ

    [sʰljàm]
    အကျင့် ဖေါက်ပြန် လျပ်ပေါ်သော။ စောင့်စည်း ထိန်းသိမ်းမှု မဟိရေ (မမာ့)
    အကျင့် ဖေါက်ပြန် လျပ်ပေါ်သော။ စောင့်စည်း ထိန်းသိမ်းမှု မရှိသော (မိန်းမ)
    woman of loose moral character
    နာမဝိသေသန

    ဆလယာမ၂

    [sʰljàm၂]
    အထိန်း အအုပ် ကင်းမဲ့ဗျာယ် နိန်ရာတကျ ရပ်တည်ရာ မဟိ လည်ပတ် နီသူ (မမာ့)။ ၂၊ အကျင့် ဖေါက်ပြန် လျပ်ပေါ်သော (မမာ့)
    အထိန်း အအုပ် ကင်းမဲ့လျက် အတည်တကျ ရပ်တည်ရာ မရှိ လည်ပတ် နေသူ (မိန်းမ)။ ၂၊ အကျင့် ဖေါက်ပြန် လျပ်ပေါ်သော (မိန်းမ)
    woman of loose moral characte
    နာမ်

    ဆလယိဆလယာ

    [sʰljìsʰljà]
    ဆိုးညစ် ယုတ်မာသော။ ညစ်ညမ်းသော။ ၂၊ အထာနပ် လိမ္မာမှု မဟိရေ။ ၃၊ ဆိုဆုံးမ ခက်သော
    ဆိုးသွမ်း ယုတ်မာသော။ ညစ်ညမ်းသော။ ၂၊ ပါးနပ် လိမ္မာမှု မရှိသော။ ၃၊ ဆိုဆုံးမ ခက်သော
    unruly
    နာမဝိသေသန

    ဆလားပေါ်

    [sʰlápɔ̀]
    နီရာ တိုင်း (အမှုအခင်း) မာ ပါဝင်သူ။ ရောက်တတ်သူ
    နေရာ တကာ (အမှုအခင်း) တွင် ပါဝင်သူ။ ရောက်တတ်သူ
    detective
    နာမဝိသေသန

    ဆလားယတ်

    [sʰlájaʔ]
    အိမ်၊ ကျောင်းရို့မာ အခိုင်အမာ ထရံ မထည့်မီ ဝါး၊ အုန်းရို့နန့် ယာယီ ဆွဲပနာ ထည့်ထား ရရေ ထရံ
    အိမ်၊ ကျောင်းတို့တွင် အခိုင်အမာ ထရံ မထည့်မီ ဝါး၊ ဓနိတို့ဖြင့် ယာယီ ဆွဲ၍ ထည့်ထား ရသော ထရံ
    bamboo wall
    နာမ်

    ဆလားအိတ်

    [sʰláʔeɪʔ]
    ဂုန်နီ လျှော်ဖြင့် ရက်လုပ် ထားရေ အိပ်ကတ်ီး။ ဆာလာအိတ်
    ဂုန်နီ လျှော်ဖြင့် ရက်လုပ် ထားသော အိပ်ကြီး။ ဂုန်နီအိတ်
    gunny bag
    နာမ်

    ဆလိမ်

    [sʰlèɪɴ]
    ဆ အက္ခရာကို ခေါ်သော အမည်
    ဆ အက္ခရာကို ခေါ်သော အမည်
    th of arakanese consonant
    နာမ်