Dictionary Entries
Showing 361–380 of 913 words
ဆ
ဆလူပင်
[sʰlùpɪ̀ɴ]
Arakanese:
ဆားငန်ရေ မှီရာမာ ပေါက်တတ်ရေ အစူးဟိရေ အပင် တမျိုး
Burmese:
ဆားငန်ရေ မှီရာတွင် ပေါက်တတ်သော အဆူးရှိသော အပင် တစ်မျိုး
English:
none
Grammar Note:
နာမ်
ဆလွီခြုံ
[sʰlwíkʰɹÒʊɴ]
Arakanese:
ဆားငန်ရေ မှီရာမာ ပေါက်တတ်ရေ အစူး ဟိရေ အပင် တမျိုး။ ၂၊ စူးဟိပြီးကေ အပင်၏ အခက်၊ အရွက်၊ အကိုင်းရို့ ထွီးယှက် ပေါင်းစည်း ပေါက်ရောက် နီတတ်ရေ အပင်အုပ်စု။ ၃၊ (ဥပစာ) သပွတ်အူလိုက် အရာ။ သပွတ်အူလိုက် အမှုအခင်း
Burmese:
ဆားငန်ရေ မှီရာတွင် ပေါက်တတ်သော အဆူး ရှိသော အပင် တစ်မျိုး။ ၂၊ ဆူးရှိ၍ အပင်၏ အခက်၊ အရွက်၊ အကိုင်းတို့ ထွေးယှက် ပေါင်းစည်း ပေါက်ရောက် နေတတ်သော အပင်အုပ်စု။ ၃၊ (ဥပစာ) ရှုပ်ထွေးသော အရာ။ ရှုပ်ထွေးသော အမှုအခင်း
English:
complex
Grammar Note:
နာမ်
ဆလွီတော
[sʰlwítɔ́]
Arakanese:
ဆားငန်ရေ မှီရာမာ ပေါက်တတ်ရေ အစူး ဟိရေ အပင် တမျိုး။ ဆလွီ ဟုခေါ်သော အပင် ထူထပ် များပြားစွာ ပေါက်ရောက် နိန်ရေ အရပ်
Burmese:
ဆားငန်ရေ မှီရာတွင် ပေါက်တတ်သော အဆူး ရှိသော အပင် တစ်မျိုး။ ဆလွီ ဟုခေါ်သော အပင် ထူထပ် များပြားစွာ ပေါက်ရောက် နေသော အရပ်
English:
none
Grammar Note:
နာမ်
ဆံသား
[sʰံθá]
Arakanese:
၁၊ မဲနက် တောက်ပြောင်သော အရောင် ဟိရေ ဆံပင်စု။ ၂၊ အဂေါင်းဟိ ဆံပင်ကို ခြုံ၍ ခေါ်သော စကားလုံး
Burmese:
၁၊ မည်းနက် တောက်ပြောင်သော အရောင် ရှိသော ဆံပင်စု။ ၂၊ ဦးခေါင်းရှိ ဆံပင်ကို ခြုံ၍ ခေါ်သော စကားလုံး
English:
switch of hair
Grammar Note:
နာမ်
ဆံသျှင်
[sʰံʃɪ̀ɴ]
Arakanese:
မမာ့ရို့၏ နဖူးစမာ ကျနီသော ဆံပင်တို
Burmese:
မိန်းမတို့၏ နဖူးစတွင် ကျနေသော ဆံပင်တို
English:
hairline
Grammar Note:
နာမ်
ဆံဦးပိုင်
[sʰံʔúpàɪɴ]
Arakanese:
၁၊ သခင်၊ လင် ယောက်ျား။ ၂၊ ပြည်ကြီး အသျှင် ဘုရင် မင်းမြတ်
Burmese:
၁၊ သခင်၊ လင် ယောက်ျား။ ၂၊ ပြည်ကြီး အသျှင် ဘုရင် မင်းမြတ်
English:
husband
Grammar Note:
နာမ်
ဆာ
[sʰà]
Arakanese:
ပူရေ။ အခံရ ခက်ရေ။ မချမ်းသာ စရာ ဖြစ်တေ။ ၂၊ အစား အစာကို ဝမ်းမားက လိုလာရေ။ တောင့်တသည်
Burmese:
ပူသည်။ အခံရ ခက်သည်။ မချမ်းသာ စရာ ဖြစ်သည်။ ၂၊ အစား အစာကို ဝမ်းတွင်းက လိုလာသည်။ တောင့်တသည်
English:
hungry
Grammar Note:
ကြိယာ
ဆား
[sʰá]
Arakanese:
၁၊ ငန်သော အရသာဟိရေ ဝန် တမျိုး။ ၂၊ အပင် တမျိုးမျိုးကို ပြာချပနာ ချက်ယူသော ငန်သော အရသာ ဟိရေ ဝန် တမျိုး။ ရုက္ခမူဆား
Burmese:
၁၊ ငန်သော အရသာရှိသော ပစ္စည်း တစ်မျိုး။ ၂၊ အပင် တစ်မျိုးမျိုးကို ပြာချ၍ ချက်ယူသော ငန်သော အရသာ ရှိသော ပစ္စည်း တစ်မျိုး။ ရုက္ခမူဆား
English:
salt
Grammar Note:
နာမ်
ဆာ၂
[sʰà၂]
Arakanese:
အစာ အာဟာရ စားချင်စိတ် ပေါ်လှာရေ။ ဝမ်းမားက တောင့်တသည်
Burmese:
အစာ အာဟာရ စားချင်စိတ် ပေါ်လာသည်။ ဝမ်းတွင်းက တောင့်တသည်
English:
hungry
Grammar Note:
ကြိယာ
ဆာ၃
[sʰà၃]
Arakanese:
ထောက်ထားရေ။ ငဲ့ကွက်ရေ။ ၂၊ နှိုင်းနိူင်းရေ။ ၃၊ နစ်နာရေ
Burmese:
ထောက်ထားသည်။ ငဲ့ကွက်သည်။ ၂၊ နှိုင်းယှဉ်သည်။ ၃၊ နစ်နာသည်
English:
condone-compare
Grammar Note:
ကြိယာ
ဆာ၄
[sʰà၄]
Arakanese:
အကျိုင်း အကျယ်။ အတို အရှည်။ အနည်းအများ ဖြစ်ရေ ပမာဏ
Burmese:
အကျဉ်း အကျယ်။ အတို အရှည်။ အနည်းအများ ဖြစ်သော ပမာဏ
English:
extent
Grammar Note:
နာမ်
ဆားခပ်
[sʰákʰaʔ]
Arakanese:
ဟင်း၊ ငါးချက်ရာမာ ဆားထည့်သည်
Burmese:
ဟင်း၊ ငါးချက်ရာတွင် ဆားထည့်သည်
English:
salt
Grammar Note:
ကြိယာ
ဆားခါး
[sʰákʰàး]
Arakanese:
ဝမ်းလားဆီး။ ဝမ်းနှုတ်ဆီး အဖြစ် အသုံး ပြုရေ (ခါးသော အရသာ ဟိရေ) ဆီးဆား တမျိုး
Burmese:
ဝမ်းနှုတ်ဆေး အဖြစ် အသုံး ပြုသော (ခါးသော အရသာ ရှိသော) ဆေးဆား တစ်မျိုး
English:
Epsom salt
Grammar Note:
နာမ်
ဆားငန်
[sʰáŋàɴ]
Arakanese:
စားသောက်ဖွယ် ရာမာ ဆား တိစွာ
Burmese:
စားသောက်ဖွယ် ရာတွင် ဆား များသည်
English:
salty
Grammar Note:
ကြိယာ
ဆားငန်၂
[sʰáŋàɴ၂]
Arakanese:
ငန်သော အရသာမျိုး ဟိရေ
Burmese:
ငန်သော အရသာမျိုး ရှိသော
English:
salt
Grammar Note:
နာမဝိသေသန
ဆားငန်တော
[sʰáŋàɴtɔ́]
Arakanese:
ဆားငန်ရေ အတိ ဖြစ်ရေ
Burmese:
ဆားငန်ရေ အတိ ဖြစ်သော
English:
salt
Grammar Note:
နာမဝိသေသန
ဆားငန်ပင်
[sʰáŋàɴpɪ̀ɴ]
Arakanese:
ဆားငန်ရည် မှီရာမာ ပေါက်သော အပင် တမျိုး
Burmese:
ဆားငန်ရည် မှီရာတွင် ပေါက်သော အပင် တစ်မျိုး
English:
none
Grammar Note:
ကြိယာ
ဆားငန်ပြင်
[sʰáŋàɴpɹɪ̀ɴ]
Arakanese:
ဆားငန်ရည် အမြဲတမ်း စီးဝင်နိန်ရေ ပြင်လယ်ကောင်
Burmese:
ဆားငန်ရည် အမြဲတမ်း စီးဝင်နေသော လယ်ကွင်းပြင်
English:
salt land
Grammar Note:
နာမ်
ဆားငန်မြက်
[sʰáŋàɴmɹɛʔ]
Arakanese:
အများအနိန်နန့် ဆားငန်ရည် မှီရာမာ ပေါက်သော မြက်တမျိုး
Burmese:
များသော အားဖြင့် ဆားငန်ရည် မှီရာတွင် ပေါက်သော မြက်တစ်မျိုး
English:
none
Grammar Note:
နာမ်
ဆားငန်မြီ
[sʰáŋàɴmɹì]
Arakanese:
ဆားဓါတ် ပေါက်သော မြေ
Burmese:
ဆားဓါတ် ပေါက်သော မြေ
English:
salt land
Grammar Note:
နာမ်