Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 21–40 of 913 words

    ဆ

    ဆက်ပြတ်

    [sʰɛʔpɹaʔ]
    အပေါင်းအသင်း မပြုဘဲနန့် ပြတ်စဲ လားရေ
    အပေါင်းအသင်း မပြုတော့ပဲ ပြတ်စဲ သွားသည်
    divorce
    ကြိယာ

    ဆက်လက်

    [sʰɛʔlɛʔ]
    ၁၊ ပြတ်လပ်မှု မဟိရယောင် အမြဲတစီ လုပ်ဆောင်ရေ။ ၂၊ ရပ်တန့်သည့် နီရာမှ ဟိကို (ဆက်ပနာ) လားရေ
    ၁၊ ပြတ်လပ်မှု မရှိရအောင် အမြဲတစ်စေ လုပ်ဆောင်သည်။ ၂၊ ရပ်တန့်သည့် နေရာမှ ရှေ့သို့ (ဆက်လက်) သွားသည်
    continue
    ကြိယာ

    ဆက်သွယ်

    [sʰɛʔθwɛ̀]
    တဦးနှင့် တဦး ဆက်စပ်မှု ပြုရေ။ ကူးလူး ဆက်ဆံသည်
    တစ်ဦးနှင့် တစ်ဦး ဆက်စပ်မှု ပြုသည်။ ကူးလူး ဆက်ဆံသည်
    connect
    ကြိယာ

    ဆံကျစ်

    [sʰံt͡ɕɪʔ]
    ၁၊ ဆံကိုကျစ်၍ ခွေရစ် ထားရေ အရာ။ ၂၊ ရသေ့ရို့၏ အဂေါင်းမာ စွပ်သော ဒေါက်ချာ တမျိုး
    ၁၊ ဆံကိုကျစ်၍ ခွေရစ် ထားသော အရာ။ ၂၊ ရသေ့တို့၏ ဦးခေါင်းတွင် စွပ်သော ဒေါက်ချာ တစ်မျိုး
    plait-braid
    နာမ်

    ဆကြွီ

    [sʰt͡ɕwí]
    (ဥပစာ) ဆိုးညစ် ယုတ်မာသူ။ ဗဟရီ မိုက်သူ။ ၂၊ ကြေမွ၍ သုံးနှုန်း မရရေ အရာ
    (ဥပစာ) ဆိုးညစ် ယုတ်မာသူ။ အသုံးမကျ မလိမ္မာသူ။ ၂၊ ကြေမွ၍ သုံးနှုန်း မရသော အရာ
    scoundrel
    နာမ်

    ဆကြွီ၂

    [sʰt͡ɕwí၂]
    မုန့်မုန့် ညက်ညက် ဖြစ်တေ။ ကြီမွပျက်စီးရေ
    မုန့်မုန့် ညက်ညက် ဖြစ်သည်။ ကြေမွ ပျက်စီးသည်
    crumble
    ကြိယာ

    ဆကြွီ၃

    [sʰt͡ɕwí၃]
    ကြီမွပျက်စီးရေ ဖြစ်ဗျာယ်
    ကြေမွ ပျက်စီးသည် ဖြစ်လျက်
    crumble
    ကြိယာဝိသေသန

    ဆံချ

    [sʰံɕ]
    ရှင်လောင်း၊ ရဟန်းလောင်း ရို့၏ ဆံပင်ကို ရိတ်ရေ
    ရှင်လောင်း၊ ရဟန်းလောင်း တို့၏ ဆံပင်ကို ရိတ်သည်
    shave the head
    ကြိယာ

    ဆချိန်

    [sʰɕèɪɴ]
    နှိုင်းချိန်ရေ။ ချင့်ချိန်ရေသည်
    နှိုင်းချိန်သည်။ ချင့်ထောက်သည်
    weigh the pros and cons
    ကြိယာ

    ဆံခြည်

    [sʰံkʰɹɛ]
    ၁၊ ဆံမျှင်။ ၂၊ ဆံခြည်မျှင်၏ အတိုင်းအတာ ပမာဏ
    ၁၊ ဆံမျှင်။ ၂၊ ဆံချည်မျှင်၏ အတိုင်းအတာ ပမာဏ
    strand of hair
    နာမ်

    ဆံခြူ

    [sʰံkʰɹù]
    ၁၊ တွန့်လိမ် ကောက်ကွိ နိန်ရေ ဆံပင်ဟိရေ သူ။ ၂၊ တွန့်လိပ် ကောက်ကွိ နိန်ရေ ဆံပင်စု။ ၃၊ လုံးထွေး ကျစ်နိန်ရေ ဆံပင်စု
    ၁၊ တွန့်လိမ် ကောက်ကွေ့ နေသော ဆံပင်ရှိသော သူ။ ၂၊ တွန့်လိပ် ကောက်ကွေ့ နေသော ဆံပင်စု။ ၃၊ လုံးထွေး ကျစ်နေသော ဆံပင်စု
    curler
    နာမ်

    ဆင်

    [sʰɪ̀ɴ]
    ၁၊ တင့်ရေ လှပအောင် ပြုပျင်ရေ။ ကိုယ်၌တန်ဆာ၊ ဒွါဒရာကို၊ ဝတ်ခါ ဆင်ဗျာယ်ပါတည်း (ဒေးဝန်း)။ ၂၊ ခင်းကျင်းရေ။ စစ်ထိုးစစ်ဆင်၊ ခင်း၏ကျင်သို့ (ရခိုင်ကာ)။ ၃၊ အဟုန်ပြင်းစွာ ဖြစ်ထွန်း ပေါ်ပေါက်ရေ။ တော်လဲငလျင်၊ မုန်တိုင်းဆင်၍၊ သက်ရှင်လည်းခက် (ရခိုင်ကာ)
    ၁၊ တင့်တယ် လှပအောင် ပြုပြင်သည်။ ကိုယ်၌တန်ဆာ၊ ဒွါဒရာကို၊ ဝတ်ခါ ဆင်လျက်ပါတည်း (ဒေးဝန်း)။ ၂၊ ခင်းကျင်းသည်။ စစ်ထိုးစစ်ဆင်၊ ခင်း၏ကျင်သို့ (ရခိုင်ကာ)။ ၃၊ အဟုန်ပြင်းစွာ ဖြစ်ထွန်း ပေါ်ပေါက်သည်။ တော်လဲငလျင်၊ မုန်တိုင်းဆင်၍၊ သက်ရှင်လည်းခက် (ရခိုင်ကာ)
    decoration
    ကြိယာ

    ဆင့်

    [sʰɪ̀ɴ့]
    ၁။ တခုထက်မာ တခု တင်ထားရေ။ ၂။ တခုပြီး တခု ထုပ်ပိုးသည်
    ၁။ တစ်ခုပေါ်တွင် တစ်ခု တင်ထားသည်။ ၂။ တစ်ခုပြီး တစ်ခု ထုပ်ပိုးသည်
    stack up
    ကြိယာ

    ဆင်း

    [sʰɪ́ɴ]
    ၁၊ အပေါ်မှ အောက်ကို သက်ရေ။ ၂၊ စဉ်ဆက် မပြတ် အဆင့်ဆင့် ရွိရေ။ ရီ မျက်မားက ရီ ဆက်မပြတ် စီးဆင်း နီရေ
    ၁၊ အပေါ်မှ အောက်သို့ သက်သည်။ ၂၊ စဉ်ဆက် မပြတ် အဆင့်ဆင့် ရွေ့သည်။ ရီ မျက်တွင်းက ရီ ဆက်မပြတ် စီးဆင်း နီရေ
    go down
    ကြိယာ

    ဆင်၂

    [sʰɪ̀ɴ၂]
    အသွင်သဏ္ဍာန်၊ ဟန်ပန် တူသယောင် ဟိရေ
    အသွင်သဏ္ဍာန်၊ ဟန်ပန် တူသယောင် ရှိသည်
    similar
    ကြိယာ

    ဆင့်၂

    [sʰɪ̀ɴ့၂]
    တခုထက်မာ တခု တည်ဟိ ထားရေ အရာ။ အထပ်။ အဆင့်
    တစ်ခုပေါ်တွင် တစ်ခု တည်ရှိ ထားသော အရာ။ အထပ်။ အဆင့်
    shelf
    နာမ်

    ဆင်၃

    [sʰɪ̀ɴ၃]
    အသွင်သဏ္ဍာန်၊ ဟန်ပန်။ အခြီအရဲ။ မျက်နှာပိုး
    အသွင်သဏ္ဍာန်၊ ဟန်ပန်။ အခြေအနေ။ အရိပ်အကဲ
    indication
    နာမ်

    ဆင့်၃

    [sʰɪ̀ɴ့၃]
    စပါးနှင့် ဆန်ကို ပင်ဖြစ်ဖြစ်၊ အကြမ်းနှင့် အမှုန့်ကို ပင်ဖြစ်ဖြစ်‌ စံဂိုးမာ ထည့်ပနာ အကြမ်း အနု အခွဲ ထွက်လှာစီရန် တဖက်ကို ခပ်စောင်းစောင်း လှုပ်ခါ၍ ပီးရရေ
    စပါးနှင့် ဆန်ကို လည်းကောင်း၊ အကြမ်းနှင့် အမှုန့်ကို လည်းကောင်း‌ စကောတွင် ထည့်၍ အကြမ်း အနု အခွဲ ထွက်လာစေရန် တစ်ဘက်သို့ ခပ်စောင်းစောင်း လှုပ်ခါ၍ ပေးရသည်
    toss rice in a tray
    ကြိယာ

    ဆင်၄

    [sʰɪ̀ɴ၄]
    ၁၊ ခန္ဓာကိုယ် ကြီးပြီးကေ နှာမောင်းရှည် ဟိရေ အစွယ် နှစ်ချောင်းနှင့် တိရိစ္ဆာန်ကြီး။ ၂၊ ဗဒူးနံ။ ဗဒူး ဂြိုလ်၏ အမှတ်အသား
    ၁၊ ခန္ဓာကိုယ် ကြီး၍ နှာမောင်းရှည် ရှိသော အစွယ် နှစ်ချောင်းနှင့် တိရိစ္ဆာန်ကြီး။ ၂၊ ဗုဒ္ဓဟူးနံ။ ဗုဒ္ဓဟူး ဂြိုလ်၏ အမှတ်အသား
    elephant
    နာမ်

    ဆင့်၄

    [sʰɪ̀ɴ့၄]
    လိုက်နာ ဆောင်ရွက်ရန် အာဏာဖြင့် ခေါ်ယူရေ
    လိုက်နာ ဆောင်ရွက်ရန် အာဏာဖြင့် ခေါ်ယူသည်
    summon
    ကြိယာ