Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 381–400 of 913 words

    ဆ

    ဆားငို

    [sʰáŋÒ]
    မိုးကာလမာ အအီး ဓါတ်ကြောင့် စွတ်နိန်ရေ ဆား
    မိုးကာလတွင် အအေး ဓါတ်ကြောင့် စိုစွတ်နေသော ဆား
    Wet salt
    နာမ်

    ဆားစိမ်

    [sʰásèɪɴ]
    တာရှည် စားသောက် နိုင်ဖို့ ဆားရည်မာ စိမ်ထားရေ ဟင်းသီး ဟင်းရွက်၊ အညင်းသီး အစဟိစွာ
    ကြာရှည်စွာ စားသောက် နိုင်ရန် ဆားရည်တွင် စိမ်ထားသော ဟင်းသီး ဟင်းရွက်၊ ဒညင်းသီး စသည်
    pickle in salt water or brine
    နာမ်

    ဆားစိမ်၂

    [sʰásèɪɴ၂]
    ဟင်းသီး ဟင်းရွက် အစဟိစွာရို့ကို တာရှည် ခံအောင် ဆားရည်မာ စိမ်ထားရေ
    ဟင်းသီး ဟင်းရွက် စသည်တို့ကို ကြာရှည်စွာ ခံအောင် ဆားရည်တွင် စိမ်ထားသည်
    pickle in salt water or brine
    ကြိယာ

    ဆားတန်ပျားတန်

    [sʰátàɴprátàɴ]
    ဟင်းငါး ချက်ရာမာ အငန်အစပ် အစဟိစွာ မျှတရေ
    ဟင်းငါး ချက်ရာတွင် အငန်အစပ် စသည် မျှတသည်
    tasteful
    ကြိယာ

    ဆားတော

    [sʰátɔ́]
    ဆားငန်ရည် မှီရာ အရပ်
    ဆားငန်ရည် မှီရာ အရပ်
    salt
    နာမ်

    ဆားထိုး

    [sʰátʰó]
    (ငါးသလောက် အစဟိရေ) ငါးရို့ကို တာရှည် ခံအောင် ကုန်းက အလျားလိုက်ခွဲ စိတ်ပြီး ဆားများ ထည့်ထားခြင်း
    (ငါးသလောက် စသော) ငါးတို့ကို ကြာရှည်စွာ ခံအောင် ကုန်းက အလျားလိုက်ခွဲ စိတ်ပြီး ဆားများ ထည့်ထားခြင်း
    salted fish
    နာမ်

    ဆားထိုး၂

    [sʰátʰó၂]
    ယင်းပိုင် ခွဲစိတ်ပြီး ဆားများ ထည့်ထားရေ
    ယင်းကဲ့သို့ ခွဲစိတ်ပြီး ဆားများ ထည့်ထားသည်
    salted
    ကြိယာ

    ဆားနင်း

    [sʰánɪ́ɴ]
    တာရှည် ခံနိုင်စီရန် ဆားဖြင့် နယ်ထားရေ သား၊ ငါး
    ကြာရှည်စွာ ခံနိုင်စေရန် ဆားဖြင့် နယ်ထားသော သား၊ ငါး
    salted fish-meat
    နာမ်

    ဆားနိုင်နိုင်

    [sʰánàɪɴnàɪɴ]
    ဆားအငန် အရသာ ပေါ်သည်
    ဆားအငန် အရသာ ပေါ်သည်
    salt
    နာမ်

    ဆားပလ္လင်

    [sʰápl္lɪ̀ɴ]
    ဆားငန်ရေ မှီရာမာ ပေါက်ပနာ ထင်းရူးပင်နန့် ဆင်တူရေ အပင် တမျိုး
    ဆားငန်ရေ မှီရာတွင် ပေါက်၍ ထင်းရူးပင်နှင့် ဆင်တူသော အပင် တစ်မျိုး
    none
    နာမ်

    ဆားပုပ်

    [sʰápoʊʔ]
    အရောင်မည်း ညစ်သော ဆား တမျိုး။ (ဆီး ဖော်စပ်ရာမာ သုံးရေ။
    အရောင်မည်း ညစ်သော ဆား တစ်မျိုး။ (ဆေး ဖော်စပ်ရာ၌ သုံးသည်။
    odoriferous salt
    နာမ်

    ဆားပေါက်

    [sʰápaʊʔ]
    စားသောက်ဖွယ်မာ အငန် အရသာ စူးသည်
    စားသောက်ဖွယ်တွင် အငန် အရသာ စူးသည်
    salt
    ကြိယာ

    ဆားပေါက်၂

    [sʰápaʊʔ၂]
    ဓါတ်ခဲ အစဟိစွာရို့မာ ဆားပွင့် ပိုင် ဖြူဖြူ ဖွေးဖွေး ဖြစ်ပေါ် လာရေ
    ဓါတ်ခဲ စသည်တို့တွင် ဆားပွင့် ကဲ့သို့ ဖြူဖြူ ဖွေးဖွေး ဖြစ်ပေါ် လာသည်
    be crusted with salt
    ကြိယာ

    ဆားပေါက်မြီ

    [sʰápaʊʔmɹì]
    ဆားဓါတ် ဝင်နီသနန့် စိုက်ပျိုးပြီးကေ မရရေ မြီကွက်
    ဆားဓါတ် ဝင်နေသဖြင့် စိုက်ပျိုး၍ မရသော မြေကွက်
    salted land
    နာမ်

    ဆားပေါ်

    [sʰápɔ̀]
    စားသောက်ဖွယ်မာ အငန် အရသာ စူးသည်
    စားသောက်ဖွယ်တွင် အငန် အရသာ စူးသည်
    salt
    ကြိယာ

    ဆားပျား

    [sʰáprá]
    ဆား၊ ငရုတ်၊ ငါးပိ အစဟိစွာ ထည့်သုံး စရာ
    ဆား၊ ငရုတ်၊ ငါးပိ စသည် ထည့်သုံး စရာ
    spoon salt
    နာမ်

    ဆားပြက်

    [sʰápɹɛʔ]
    ဆား စိကေချေ ထည့်စွက်သည်
    ဆား အနည်းငယ် ထည့်စွက်သည်
    salt
    ကြိယာ

    ဆားပြက်ပြက်

    [sʰápɹɛʔpɹɛʔ]
    စားသောက် ဖွယ်ရာမာ စိကေချေ အငန် အရသာ ပေါ်သည်
    စားသောက် ဖွယ်ရာတွင် အနည်းငယ် အငန် အရသာ ပေါ်သည်
    salt
    ကြိယာ

    ဆားပြုတ်ပက်ကျိ

    [sʰápɹoʊʔpɛʔt͡ɕì]
    ကျောမာ အဖုကချေတိ ပါရေ ပက်ကျိ တမျိုး
    ကျောတွင် အဖုကလေးများ ပါသော ပက်ကျိ တစ်မျိုး
    snail
    နာမ်

    ဆားပွ့

    [sʰápw့]
    စားသောက် စရာမာ အငန် အရသာ နည်းသည်
    စားသောက် စရာတွင် အငန် အရသာ နည်းသည်
    salt
    ကြိယာ