Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 401–420 of 913 words

    ဆ

    ဆားဖို

    [sʰápʰÒ]
    ဆားချက်ရာ မီးဖိုနန့် တင်ကုပ်
    ဆားချက်ရာ မီးဖိုနှင့် တင်ကုပ်
    salt bellow
    နာမ်

    ဆားဖုတ်

    [sʰápʰoʊʔ]
    နပျိုးဖက်၊ သရက်ရွက် အစဟိစွာမာ ထည့်၍ မီးဖုတ် ထားရေ ဆား
    ငှက်ပျောရွက်၊ သရက်ရွက် စသည်တွင် ထည့်၍ မီးဖုတ် ထားသော ဆား
    baked salt
    နာမ်

    ဆာဖါ

    [sʰàpʰà]
    ငလက်ခွာနန့် ဆင်သော အကြီးဟိ ပင်လယ် ငါးကြီး တမျိုး
    ကကူရံနှင့် ဆင်သော အကြေးရှိ ပင်လယ် ငါးကြီး တစ်မျိုး
    sea fish
    နာမ်

    ဆာဖါဆိုး

    [sʰàpʰàsʰó]
    အဝတ် အထည် ခြည် အစဟိစွာရို့ကို အရောင် မျိုးစုံ ဆိုးသော သူ
    အဝတ် အထည် ချည် စသည်တို့ကို အရောင် မျိုးစုံ ဆိုးသော သူ
    dyer
    နာမ်

    ဆာဖါပိုး

    [sʰàpʰàpó]
    အရဲရင့်ရောင် ဟိရေ ပိုးထည် တမျိုး၏ အမည်။ ဆာဖါ ပိုးကောင်း၊ ပေါင်းကိုးပေါင်းကို၊ ယင်းမမာ့၊ လင်စစ်သူကို၊ ထုတ်ယူပြလို့ (မျိုးက်)
    အနီရင့်ရောင် ရှိသော ပိုးထည် တစ်မျိုး၏ အမည်။ ဆာဖါ ပိုးကောင်း၊ ပေါင်းကိုးပေါင်းကို၊ ၎င်းမိန်းမ၊ လင်စစ်သူကို၊ ထုတ်ယူပြလို့ (မျောက်)
    silk
    နာမ်

    ဆားမတန်

    [sʰámtàɴ]
    စားသောက် ဖွယ်မာ အငန် အရသာ နည်းရေ။ ပေါ့သည်
    စားသောက် ဖွယ်တွင် အငန် အရသာ နည်းသည်။ ပေါ့သည်
    lightly salted
    ကြိယာ

    ဆားမရရီမရ

    [sʰámɹɹímɹ]
    နနောင်း တည်တံ့သော အကြောင်း အရာ။ ခိုင်လုံသော အထောက် အထား အကိုး အကား အခြီ အမြစ် မဟိရေ စကား
    ခိုင်မာ တည်တံ့သော အကြောင်း အရာ။ ခိုင်လုံသော အထောက် အထား အကိုး အကား အခြေ အမြစ် မရှိသော စကား
    sufficient
    နာမ်

    ဆားမရရီမရ၂

    [sʰámɹɹímɹ၂]
    အကျိုး တခုတရီ ဖြစ်ထွန်းခြင်း မဟိဘဲ။ အခြည်းနှီး။ အကျိုးသက် ရောက်မှု မဟိဘဲ။ ဗလချိဗလချာ သတ်သတ်။ အလဟဿ
    အကျိုး တစ်စုံတစ်ရာ ဖြစ်ထွန်းခြင်း မရှိပဲ။ အချည်းနှီး။ အကျိုးသက် ရောက်မှု မရှိပဲ။ အလကား သက်သက်။ အလဟဿ
    in vain
    ကြိယာဝိသေသန

    ဆားမာမာ

    [sʰámàmà]
    စားသောက် ဖွယ်ရာမာ အငန် အရသာ တိစွာ။ အငန် ပေါက်သည်
    စားသောက် ဖွယ်ရာတွင် အငန် အရသာ များသည်။ အငန် ပေါက်သည်
    salted
    ကြိယာ

    ဆားမျက်ရည်

    [sʰámrɛʔɹɛ̀]
    ၁၊ ဆားချက်ဖို့ စစ်ယူ ထားပြီးသားသော အကြည်ရည်။ ၂၊ ဆားငန် ရည်ကို ပေါင်းတင်ပနာ ယူရရေ အခိုး အငွီ့ရည်
    ၁၊ ဆားချက်ရန် စစ်ယူ ထားပြီးသော အကြည်ရည်။ ၂၊ ဆားငန် ရည်ကို ပေါင်းတင်၍ ယူရသော အခိုး အငွေ့ရည်
    brine-saline solution
    နာမ်

    ဆားမြက်

    [sʰámɹɛʔ]
    စားသောက် ဖွယ်ရာမာ အငန် အရသာ စိကေချေ တိစွာ
    စားသောက် ဖွယ်ရာတွင် အငန် အရသာ အနည်းငယ် များသည်
    salted
    ကြိယာ

    ဆားမြက်မြက်

    [sʰámɹɛʔmɹɛʔ]
    စားသောက် ဖွယ်ရာမာ အငန် အရသာ အလွန် တိစွာ။ ငါးခူဒိုင်မာ - ဆားမြက်မြက်နန့် (တေး)
    စားသောက် ဖွယ်ရာတွင် အငန် အရသာ အလွန် များသည်။ ငါးခူဒိုင်မှာ - ဆားမြက်မြက်နန့် (တေး)
    salted
    ကြိယာ

    ဆားမြည်း

    [sʰámɹɛ́]
    ၁၊ ငါး၊ ဟင်းစရေ စားသောက်ဖွယ်မာ အငန်၊ အပေါ့အစဟိရေ အရသာကို စမ်းသပ် စားသုံး ကြည့်ရေ။ ၂၊ (ဥပစာ) တခါ တရံမျှ မလုပ်ကိုင် ဖူးသော တခုတရီ အလုပ်ကို စူးစမ်း လုပ်ကိုင် ကြည့်ရေ
    ၁၊ ငါး၊ ဟင်းစသည့် စားသောက်ဖွယ်တွင် အငန်၊ အပေါ့စသော အရသာကို စမ်းသပ် စားသုံး ကြည့်သည်။ ၂၊ (ဥပစာ) တစ်ခါ တစ်ရံမျှ မလုပ်ကိုင် ဖူးသော တစ်စုံတစ်ခု အလုပ်ကို စူးစမ်း လုပ်ကိုင် ကြည့်သည်
    investigate
    ကြိယာ

    ဆားယင့်ရည်

    [sʰájɪ̰ɴɹɛ̀]
    ဆားငန်ရည်ကို ပေါင်းတင်ပနာ ယူရရေ အခိုး အငွီ့ရည်
    ဆားငန်ရည်ကို ပေါင်းတင်၍ ယူရသော အခိုး အငွေ့ရည်
    none
    နာမ်

    ဆာရကမာရက

    [sʰàɹkmàɹk]
    ၁။ အစီအစိုင် မကျ ပြန့်ကြဲဗျာယ်။ အသီအချာ မဟုတ်ဘဲ။ ၂။ သီသပ်ခြင်း မဟိဘဲ။ စည်းကမ်းမဲ့ ဖြစ်ဗျာယ်
    ၁။ အစီအစဉ် မကျ ပြန့်ကျဲလျက်။ အသေအချာ မဟုတ်ပဲ။ ၂။ သေသပ်ခြင်း မရှိပဲ။ စည်းကမ်းမဲ့ ဖြစ်လျက်
    scatter
    ကြိယာဝိသေသန

    ဆာရက်ကာရက်

    [sʰàɹɛʔkàɹɛʔ]
    အထူး ပြုပျင် ဖန်တီးရန် အားထုတ် ကြိုးစားမှု မပြုပဲ အလျောက် ဘာသာ ဖြစ်လှာရေ့ အတိုင်း။ ဖြစ်ရုံဆီ။ ပျက်ချိပျက်ချော်။ ဖာလိဖာလာ
    အထူး ပြုပြင် ဖန်တီးရန် အားထုတ် ကြိုးစားမှု မပြုပဲ အလျောက် ဘာသာ ဖြစ်လာသည့် အတိုင်း။ ဖြစ်ကာမျှ။ ကပျက်ကချော်။ ဖြစ်ကတတ်ဆန်း
    automatically
    ကြိယာဝိသေသန

    ဆာရက်ကာရီ

    [sʰàɹɛʔkàɹí]
    ၁၊ ဖျက်လို ဖျက်ဆီး။ ပျက်စီး စေလိုရေ စိတ်နှင့်။ ၂၊ ကရားကထား အစီအစိုင် မကျ ပြန့်ကြဲဗျာယ်။ ၃၊ အမျိုးမျိုး အဖုံဖုံ ဖြစ်ရေအနိန်နန့်
    ၁၊ ဖျက်လို ဖျက်ဆီး။ ပျက်စီး စေလိုသော စိတ်နှင့်။ ၂၊ ဖရိုဖရဲ အစီအစဉ် မကျ ပြန့်ကျဲလျက်။ ၃၊ အမျိုးမျိုး အဖုံဖုံ ဖြစ်သော အားဖြင့်
    destructively
    ကြိယာဝိသေသန

    ဆာလာအိတ်

    [sʰàlàʔeɪʔ]
    ဂုန်နီလျှော်ဖြင့် ရက်လုပ် ထားရေ အိပ်ကတ်ီး။ ဆာလာအိတ်
    ဂုန်နီလျှော်ဖြင့် ရက်လုပ် ထားသော အိပ်ကြီး။ ဂုန်နီအိတ်
    gunny bag
    နာမ်

    ဆားလီး

    [sʰálï]
    စားသောက် ဖွယ်ရာမာ ငန်သော အရသာ ကကောင်းတိစွာ
    စားသောက် ဖွယ်ရာတွင် ငန်သော အရသာ များလွန်းသည်
    salted
    ကြိယာ

    ဆားလှော်

    [sʰáɬɔ̀]
    ကျက်အောင် လောင်းာ်ထားရေ ဆား
    ကျက်အောင် လှော်ထားသော ဆား
    roasted salt
    နာမ်