Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 421–440 of 913 words

    ဆ

    ဆားသိပ်

    [sʰáθìaʔ]
    ကြည်ရှည်စွာ ထားနှိုင်ယောင် ဆားဖြင့် နယ်ထားရေ သား၊ ငါး
    ကြည်ရှည်စွာ ထားနိုင်အောင် ဆားဖြင့် နယ်ထားသော သား၊ ငါး
    salted fish
    နာမ်

    ဆားဟင်း

    [sʰáhɪ́ɴ]
    သား၊ ငါး၊ ငါးပိ မပါရာနန့် ဆားသတ်သတ်နန့် ချက်ပြုတ် ထားရေ ဟင်း။ သက်သတ်လွတ်
    သား၊ ငါး၊ ငါးပိ မပါပဲ ဆားသက်သက်ဖြင့် ချက်ပြုတ် ထားသော ဟင်း။ သက်သတ်လွတ်
    salt curry
    နာမ်

    ဆိဆောက်ကရောက်

    [sʰìsʰɔ́ɛʔkɹɔ́ɛʔ]
    ၁၊ မဟုတ်မမှန်ပဲ အလွဲလွဲ အချော်ချော် ပြုမူဗျာယ်။ ထင်ရာ မြင်ရာ ပြုလုပ်ရေ ဖြစ်ပနာ။ ၂၊ အခြီအမြစ် မဟိဘဲ။ နနောင်း တည်တံ့သော အကြောင်း အရာ။ ခိုင်လုံသော ထောက်ထား ကိုးကားချက် မဟိရေအနိန်နန့်။ ၃၊ ဆားမရရီမရ အစီအစိုင် မဟိဘဲ
    ၁၊ မဟုတ်မမှန်ပဲ အလွဲလွဲ အချော်ချော် ပြုမူလျက်။ ထင်ရာ မြင်ရာ ပြုလုပ်သည် ဖြစ်၍။ ၂၊ အခြေအမြစ် မရှိပဲ။ ခိုင်မာ တည်တံ့သော အကြောင်း အရာ။ ခိုင်လုံသော ထောက်ထား ကိုးကားချက် မရှိသော အားဖြင့်။ ၃၊ ပေါက်ကရ အစီအစဉ် မရှိပဲ
    at random
    ကြိယာဝိသေသန

    ဆိတ်

    [sʰeɪʔ]
    ကိုယ်နံ့ ပြင်း၍ စမြုံ့ပြန် တတ်ရေ သတ္တဝါ တမျိုး
    ကိုယ်နံ့ ပြင်း၍ စမြုံ့ပြန် တတ်သော သတ္တဝါ တစ်မျိုး
    goat
    နာမ်

    ဆိတ်၂

    [sʰeɪʔ၂]
    လက်ညှိုးနှင့် လက်မရို့၏ လက်သည်း ရို့နန့် နင်လားငါလား ဖိညှပ်သည်
    လက်ညှိုးနှင့် လက်မတို့၏ လက်သည်း တို့ဖြင့် တအား ဖိညှပ်သည်
    peck
    ကြိယာ

    ဆိတ်၃

    [sʰeɪʔ၃]
    ၁၊ ကွယ်ပျောက်ရေ။ တိမ်မြုပ်ရေ။ (ဆိတ်) သုဉ်းရေ။ ၂၊ တိတ်ရေ။ ငြိမ်ရေ။ အသံမဟိဘဲ ဖြစ်တေ။ ၃၊ ကင်းကွာ သီးသန့် ဖြစ်တေ
    ၁၊ ကွယ်ပျောက်သည်။ တိမ်မြုပ်သည်။ (ဆိတ်) သုဉ်းသည်။ ၂၊ တိတ်သည်။ ငြိမ်သည်။ အသံမရှိပဲ ဖြစ်သည်။ ၃၊ ကင်းကွာ သီးခြား ဖြစ်သည်
    cease to exist
    ကြိယာ

    ဆိတ်ကေ

    [sʰeɪʔkè]
    စိကေချေ။ တဆိတ်စာ
    အနည်းငယ်။ တဆိတ်စာ
    a little
    နာမ်

    ဆိတ်ကေသျှေ

    [sʰeɪʔkèʃè]
    စိကေချေလောင်းာက် ပမာဏ ဟိရေ။ စိုးစဉ်း မျှသော။ မများရေ
    အနည်းငယ်မျှ ပမာဏ ရှိသော။ စိုးစဉ်း မျှသော။ မများသော
    a little
    နာမဝိသေသန

    ဆိတ်ကွယ်ရာ

    [sʰeɪʔkwɛ̀ɹà]
    ၁၊ လူသူ မမြင်၊ မရောက်၊ မကြား နှိုင်ရေ နီရာ။ ၂၊ လူသူ မဟိရေ နီရာ
    ၁၊ လူသူ မမြင်၊ မရောက်၊ မကြား နိုင်သော နေရာ။ ၂၊ လူသူ ကင်းမဲ့သော နေရာ
    secluded place
    နာမ်

    ဆိတ်ချင်ဆွချင်

    [sʰeɪʔɕɪ̀ɴsʰwɕɪ̀ɴ]
    ၁၊ ပျော်ရွှင် လိုရေ သဘောနန့် ပြောဆို ပြုမူရေ။ ကြီစပ်ရေ။ ၂၊ အမူအရာ ရောနှောဗျာယ် တိုကာ ဆိတ်ကာ ပြုမူရေ။ ရွှင်မြူး လာယောင် ချော့မြူရေ။ ဆိတ်ချင်ဆွချင်၊ မောင့်ရင်ခွင်ကို၊ တိုးလို့ဝင်ရေ (ဓမ္မသာ)
    ၁၊ ပျော်ရွှင် လိုသော သဘောဖြင့် ပြောဆို ပြုမူသည်။ ကျီစယ်သည်။ ၂၊ အမူအရာ ရောနှောလျက် တိုကာ ဆိတ်ကာ ပြုမူသည်။ ရွှင်မြူး လာအောင် ချော့မြူသည်။ ဆိတ်ချင်ဆွချင်၊ မောင့်ရင်ခွင်ကို၊ တိုးလို့ဝင်ရေ (ဓမ္မသာ)
    coddle-lure
    ကြိယာ

    ဆိတ်ချီးပင်

    [sʰeɪʔɕïpɪ̀ɴ]
    တောင်ကုန်း ထက်မာ ပေါက်ရောက်သော သစ်မာပင် တမျိုး
    တောင်ကုန်း ပေါ်တွင် ပေါက်ရောက်သော သစ်မာပင် တစ်မျိုး
    plant
    နာမ်

    ဆိတ်ဂြို

    [sʰeɪʔdʑÒ]
    ဆိတ်ဂြိုနှင့် တူသော ကောက်သော အစွန်း နှစ်ခုပါရေ သံတူ
    ဆိတ်ဂြိုနှင့် တူသော ကောက်သော အစွန်း နှစ်ခုပါသည့် သံတူ
    hammer
    နာမ်

    ဆိတ်ဂြို၂

    [sʰeɪʔdʑÒ၂]
    နပျိုးသီး တမျိုး၏ အမည်
    ငှက်ပျောသီး တစ်မျိုး၏ အမည်
    banana
    နာမ်

    ဆိတ်ငြိမ်

    [sʰeɪʔɲèɪɴ]
    အော်သံ တွန်သံ လှုပ်ရှားသော အသံ တစုံ တရာ မဟိ ဖြစ်တေ
    မြည်သံ တွန်သံ လှုပ်ရှားသော အသံ တစ်စုံ တစ်ရာ မရှိ ဖြစ်သည်
    quiet
    ကြိယာ

    ဆိတ်စ

    [sʰeɪʔs]
    ဆီးခုံနှင့် ချက် အကြား နီရာ
    ဆီးခုံနှင့် ချက် အကြား နေရာ
    pubic part
    နာမ်

    ဆိတ်စကရ

    [sʰeɪʔskɹ]
    ၁၊ လူမှုရီးအနိန်နန့် သင့်တင့် လျော်ကန်မှု မဟိရေ အပြုအမူ။ အပြော အဆို။ ၂၊ ထင်ရာ မြင်ရာ။ တွိ့ကရာ။ စိတ်ကူပေါက်ရာ
    ၁၊ လူမှုရေး အားဖြင့် သင့်တင့် လျော်ကန်မှု မရှိသော အပြုအမူ။ အပြော အဆို။ ၂၊ ထင်ရာ မြင်ရာ။ တွေ့ကရာ။ စိတ်ကူပေါက်ရာ
    any and everything
    နာမ်

    ဆိတ်စာ

    [sʰeɪʔsà]
    ငယ်သော။ မကြီးရေ။ ငါမူသော်ကား၊ ငယ်သည်ဆိတ်စာ၊ မိုက်ပဲ (ထွန်းတိ)
    ငယ်သော။ မကြီးသော။ ငါမူသော်ကား၊ ငယ်သည်ဆိတ်စာ၊ မလိမ္မာပဲ (ထွန်းတိ)
    young
    နာမဝိသေသန

    ဆိတ်စာသျှေ

    [sʰeɪʔsàʃè]
    နည်းသော ပမာဏ ဟိရေ။ စိကေချေ မျှသော
    နည်းသော ပမာဏ ရှိသော။ အနည်းငယ် မျှသော
    a little
    နာမဝိသေသန

    ဆိတ်ဆိတ်ဆွ့ဆွ့

    [sʰeɪʔsʰeɪʔsʰw့sʰw့]
    အခေါက်ခေါက် အဖန်ဖန်။ ထပ်ကာထပ်ကာ
    အကြိမ်ကြိမ် အဖန်ဖန်။ ထပ်တလဲလဲ
    repeatedly
    ကြိယာဝိသေသန

    ဆိတ်ဆီ

    [sʰeɪʔsʰí]
    သတ္တဝါ သီပြီးကေ ဖြစ်တေဆိုရေ မကောင်း ဆိုးဝါး။ ဆစ္ဆီ၊ သဆီ။ (မီးကျောင်းရုပ် ကျောက်စာမာ ‘ဆိတ်ဆိယ်’ဟု တွိရရေ။
    သတ္တဝါ သေ၍ ဖြစ်သည် ဆိုသော မကောင်း ဆိုးဝါး။ တစ္ဆေ။ (မီးကျောင်းရုပ် ကျောက်စာတွင် ‘ဆိတ်ဆိယ်’ဟု တွေ့ရသည်။
    ghost
    နာမ်