Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 441–460 of 913 words

    ဆ

    ဆိတ်ဆီဆိတ်ဆွ

    [sʰeɪʔsʰísʰeɪʔsʰw]
    ၁၊ ချော့မြူရေ။ ရွှင်မြူး လာယောင် ချော့မော်ရေ။ ၂၊ အမူအရာ ရောနှောဗျာယ် တိုကာ၊ ဆိတ်ကာ ပြုမူရေ။ ၃၊ ကြီစပ်ရေ။ ၄၊ မငြိမ်မသက် ဖြစ်ယောင် လှုပ်ရှား ပီးရေ။ ထိုးဆွ ပီးရေ။ ၅၊ မြှောက်ထိုး ပင့်ကော် ပီးရေ
    ၁၊ ချော့မြူသည်။ ရွှင်မြူး လာအောင် ချော့မော့သည်။ ၂၊ အမူအရာ ရောနှောလျက် တိုကာ၊ ဆိတ်ကာ ပြုမူသည်။ ၃၊ ကျီစယ်သည်။ ၄၊ မငြိမ်မသက် ဖြစ်အောင် လှုပ်ရှား ပေးသည်။ ထိုးဆွ ပေးသည်။ ၅၊ မြှောက်ထိုး ပင့်ကော် ပေးသည်
    cajolery
    ကြိယာ

    ဆိတ်ဆော့

    [sʰeɪʔsʰɔ̰]
    မကောင်းရေ စိတ်ဟိရေ ဖြစ်ပနာ တဖက် လူအား မြှောက်ပင့်ပီးရေ။ ဖျက်ဆီးရေ။ ပျက်စီးအောင် ပြုလုပ်ရေ။ ကြေမွအောင် ဖျက်ဆီး ပစ်ရေ။ အမုန်းမရ၊ ပန်းသိန်လှကို၊ ဆိတ်ဆော့ ပစ်ခီကျင်မှ (ကုသတု)
    မကောင်းသော စိတ်ရှိသည် ဖြစ်၍ တစ်ဖက် လူအား လှုံ့ဆော်သည်။ ဖျက်ဆီးသည်။ ပျက်စီးအောင် ပြုလုပ်သည်။ ကြေမွအောင် ဖျက်ဆီး ပစ်သည်။ အမုန်းမရ၊ ပန်းကုံးလှကို၊ ဆိတ်ဆော့ ပစ်လိုက်ကျင်မှ (ကုသတု)
    destroy
    ကြိယာ

    ဆိတ်ဆွ့

    [sʰeɪʔsʰw့]
    ၁၊ ငှက်မက၊ ဆိတ်ဆွပြီးခါ၊ မေးနိန်ကေေ(ဒွေး)။ ၂၊ အမူအရာ ရောနှောဗျာယ် တိုကာ ဆိတ်ကာ ပြုမူရေ။ ၃၊ ရာဂစိတ် ဖြစ်ပေါ် လာယောင် နှိုးဆော် ပြုရေ။ ဣတ္ထိယကေ၊ မမာ့ဓမ္မတာ၊ ကိလေသာကို၊ နှိုးဆော်ဆိတ်ဆွ့၊ ဆားကိုမြင်ကေ၊ စားချင်တုံကြ၊ အလုံးကြီးကေ၊ ချိုင်သီးပြသို့ (ဓမ္မသာ)။ ၄
    ၁၊ ငှက်မက၊ ဆိတ်ဆွပြီးခါ၊ မေးနေပါကေ(ဒွေး)။ ၂၊ အမူအရာ ရောနှောလျက် တိုကာ ဆိတ်ကာ ပြုမူသည်။ ၃၊ ရာဂစိတ် ဖြစ်ပေါ် လာအောင် နှိုးဆော် ပြုသည်။ ဣတ္ထိယကေ၊ မိန်းမဓမ္မတာ၊ ကိလေသာကို၊ နှိုးဆော်ဆိတ်ဆွ့၊ ဆားကိုမြင်ကေ၊ စားချင်တုံကြ၊ အလုံးကြီးကေ၊ ချိုင်သီးပြသို့ (ဓမ္မသာ)။ ၄
    persecute
    ကြိယာ

    ဆိတ်ဆွ့ဆွ့

    [sʰeɪʔsʰw့sʰw့]
    မပြတ်မလပ်။ အခေါက်ခေါက် အဖန်ဖန်။ သူဖြစ်ဟန်ကို၊ ပြန်စကားဖြင့်၊ မပြောပြန်သော်၊ မနီပါရ၊ ဆိတ်ဆွ့ဆွ့ဖြင့်၊ နိညတိုင်းမိန်း (ပန်း)
    မပြတ်မလပ်။ အကြိမ်ကြိမ် အဖန်ဖန်။ သူဖြစ်ဟန်ကို၊ ပြန်စကားဖြင့်၊ မပြောပြန်သော်၊ မနီပါရ၊ ဆိတ်ဆွ့ဆွ့ဖြင့်၊ နိညတိုင်းမိန်း (ပန်း)
    repeatedly
    ကြိယာဝိသေသန

    ဆိတ်ညံ

    [sʰeɪʔɲံ]
    ၁၊ ပျင်းရိ ငြီးငွိ့ဖွယ် ကောင်းရေ။ စိုပြည် သာယာခြင်း ကင်းရေ။ ၂၊ တည်တည် တံ့တံ့ ဟိရေ။ အလှုပ်အရှား အဆူအပူ ကင်းမဲ့ရေ။ အသံမဟိ ဖြစ်ပါရေ
    ၁၊ ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းသည်။ စိုပြည် သာယာခြင်း ကင်းသည်။ ၂၊ တည်တည် တံ့တံ့ ရှိသည်။ အလှုပ်အရှား အဆူအပူ ကင်းမဲ့သည်။ အသံမရှိ ဖြစ်ပါသည်
    quiet
    ကြိယာ

    ဆိတ်တောင်း

    [sʰeɪʔtáʊɴ]
    ရိုးရိုး ဆိတ်ထက် ကြီးရေ ဆိတ်ဖိုမျိုး
    ရိုးရိုး ဆိတ်ထက် ကြီးသော ဆိတ်ဖိုမျိုး
    goat
    နာမ်

    ဆိတ်ထူး

    [sʰeɪʔtʰùး]
    လဲမှို့ထွက်သော အသီးသီးသည့် လက်ပံပင်နှင့် တူသော စူးဖု ကချေတိ ဟိရေ ပင်စောက်ကြီး တမျိုး
    လဲမှို့ထွက်သော အသီးသီးသည့် လက်ပံပင်နှင့် တူသော ဆူးဖု ကလေးများ ရှိသော ပင်စောက်ကြီး တစ်မျိုး
    silk cotton tree
    နာမ်

    ဆိတ်နို့ပင်

    [sʰeɪʔno̰pɪ̀ɴ]
    အပင်ကို ဆိတ်ဖဲ့လျှင် နို့ပိုင် ထွက်သော မြေဝပ် အပင်ငယ် တမျိုး
    အပင်ကို ဆိတ်ဖဲ့လျှင် နို့ကဲ့သို့ ထွက်သော မြေဝပ် အပင်ငယ် တစ်မျိုး
    none
    နာမ်

    ဆိတ်ဖာအိပ်

    [sʰeɪʔpʰàʔìaʔ]
    လူဆိုး သူဆိုးရို့ကို ဖမ်းဆီး နှိမ်နှင်းရန် စောင့်နီသူ။ ရန်သူ၏ အခြီ အနေကို ထောက်လှမ်းရန် လှည့်လည်နေ သူ။ ၂၊ ရဲ။ အစောင့်။ စောင့်နိန်ရဲမက် လူကို အောက်လား မူသျှမ်းရို့သာ၊ ဆိတ်ဖါအိပ်ကို၊ ခေါ်ပနာ သတ်ဖြတ်လာဗျာယ် (ဗမာချီ)
    လူဆိုး သူဆိုးတို့ကို ဖမ်းဆီး နှိမ်နှင်းရန် စောင့်နေသူ။ ရန်သူ၏ အခြေ အနေကို ထောက်လှမ်းရန် လှည့်လည်နေ သူ။ ၂၊ ရဲ။ အစောင့်။ စောင့်နေရဲမက် လူကို အောက်သား မူသျှမ်းတို့သာ၊ ဆိတ်ဖါအိပ်ကို၊ ခေါ်၍ သတ်ဖြတ်လာလျက် (ဗမာချီ)
    policemen
    နာမ်

    ဆိတ်ဖူး

    [sʰeɪʔpʰùး]
    အမြစ်မာ အဖုထွက်သော ဆီးဖက်ဝင်ရေ့ ဂမုန်းပင် တမျိုး
    အမြစ်တွင် အဖုထွက်သော ဆေးဖက်ဝင်သည့် ဂမုန်းပင် တစ်မျိုး
    herbal plant
    နာမ်

    ဆိတ်ယောင်ဆွ့ယောင်

    [sʰeɪʔjàʊɴsʰw့jàʊɴ]
    လိုချင် ရမ္မက် ဟိအောင် ပြုရေ။ အလို ရမ္မက် ကြွအောင် လုံ့လထုတ်ရေ။ မြူပိုင်ယှောင် စိတ်အာရုံ၌ ထင်ဟပ်ရေ။ တဏှာအာရုံ၊ ကာမဂုဏ်မာ၊ အာရုံမိလို့၊ ဆိတ်ယောင် ဆွ့ယောင်‌၊ မောင်ခေါ်သံကို၊ တရံနားမာ၊ ကြားမိယောင်သို့ (ဓမ္မသာ)
    လိုချင် ရမ္မက် ရှိအောင် ပြုသည်။ အလို ရမ္မက် ကြွအောင် လုံ့လထုတ်သည်။ မြူသလိုလို စိတ်အာရုံ၌ ထင်ဟပ်သည်။ တဏှာအာရုံ၊ ကာမဂုဏ်မှာ၊ အာရုံမိလို့၊ ဆိတ်ယောင် ဆွ့ယောင်‌၊ မောင်ခေါ်သံကို၊ တရံနားမှာ၊ ကြားမိယောင်သို့ (ဓမ္မသာ)
    motivation
    ကြိယာ

    ဆိတ်သုဉ်း

    [sʰeɪʔθoʊɪ́ɴ]
    မဟိ။ ကင်းမဲ့သည်
    မရှိ။ ကင်းမဲ့သည်
    lack
    ကြိယာ

    ဆိပ်

    [sʰìaʔ]
    ၁၊ လောင်းသင်္ဘော၊ ရေယာဉ်များ ဆိုက်ရာ၊ ကပ်ရာ၊ ရပ်နား ထွက်ဝင် နိုင်ရာ အရပ်။ ၂၊ လူရို့၏ ရီချိုး ရီခပ်ရာ ဖြစ်ရေ မြစ်ချောင်းရို့၏ ရီပြင်နှင့် ကုန်းမြီထိသော ကမ်းထောင်းအရပ်
    ၁၊ လှေသင်္ဘော၊ ရေယာဉ်များ ဆိုက်ရာ၊ ကပ်ရာ၊ ရပ်နား ထွက်ဝင် နိုင်ရာ အရပ်။ ၂၊ လူတို့၏ ရေချိုး ရေခပ်ရာ ဖြစ်သော မြစ်ချောင်းတို့၏ ရေပြင်နှင့် ကုန်းမြေထိသော ကမ်းပါးအရပ်
    riverside bathing place
    နာမ်

    ဆိပ်ကမ်း

    [sʰìaʔkáɴ]
    ရီကြောင်း လောင်း၊ သင်္ဘော စစွာတိ ဆိုက်ကပ် ရပ်နားရာ၊ ထွက်ဝင်ရာ အရပ်
    ရေကြောင်း လှေ၊ သင်္ဘော စသည်များ ဆိုက်ကပ် ရပ်နားရာ၊ ထွက်ဝင်ရာ အရပ်
    port
    နာမ်

    ဆိပ်ခုံ

    [sʰìaʔkʰòʊɴ]
    ၁၊ ရေ မထွက် မဝင်အောင် ပိတ်ဆီး ဖို့လုပ် ထားရေ မြေတန်း။ ကမ်းပိုင်။ ၂၊ ဆိပ်ခုံ
    ၁၊ ရေ မထွက် မဝင်အောင် ပိတ်ဆီး ဖို့လုပ် ထားသော မြေတန်း။ တာရိုး။ ၂၊ ဆိပ်ကမ်း
    port
    နာမ်

    ဆိပ်ခေါင်

    [sʰìaʔkʰèàɪ̀ɴ]
    ရပ်ရွာနှင့် ဆိပ်ခုံ ဝေးလွန်းသော အရပ်။ လောင်း၊ လောင်းရို့နန့် မပေါက် ရောက်နှိုင်ရေ အရပ် ဒေသ
    ရပ်ရွာနှင့် ဆိပ်ကမ်း ဝေးလွန်းသော အရပ်။ လောင်း၊ လှေတို့ဖြင့် မပေါက် ရောက်နိုင်သော အရပ် ဒေသ
    port
    နာမ်

    ဆိပ်ခွန်

    [sʰìaʔkʰʊ̀ɴ]
    ဆိပ်ခုံမာ ဆိုက်ကပ်သည့် အတွက် ပီးရရေ အခွန်
    ဆိပ်ကမ်းတွင် ဆိုက်ကပ်သည့် အတွက် ပေးရသော အခွန်
    port dues
    နာမ်

    ဆိပ်ဆုံ

    [sʰìaʔsʰòʊɴ]
    ၁၊ (အရပ် လေးမျက်နှာမှ) လောင်း၊ လောင်း၊ သင်္ဘော အစဟိရေ ရေယာဉ်များ ဆုံဆည်း ဆိုက်ကပ်ရာ ဆိပ်ခုံ။ ၂၊ လူများ ဆုံဆည်း စုဝီးရာ အရပ်
    ၁၊ (အရပ် လေးမျက်နှာမှ) လောင်း၊ လှေ၊ သင်္ဘော စသော ရေယာဉ်များ ဆုံဆည်း ဆိုက်ကပ်ရာ ဆိပ်ကမ်း။ ၂၊ လူများ ဆုံဆည်း စုဝေးရာ အရပ်
    port
    နာမ်

    ဆိပ်နား

    [sʰìaʔná]
    ကားဆိပ်၊ ရေဆိပ် အစဟိစွာရို့၏ နံဖီးအနား။ ဝန်းကျင်
    ကားဆိပ်၊ ရေဆိပ် စသည်တို့၏ အနီးအနား။ ဝန်းကျင်
    surroundings
    နာမ်

    ဆိမ့်

    [sʰèɪɴ့]
    ပဲမျိုး၊ နို့ဆီ၊ နို့ဓမ်းမျိုး အရသာ ဟိရေ
    ပဲမျိုး၊ နို့ဆီ၊ နို့ဓမ်းမျိုး အရသာ ရှိသည်
    be rinch in taste
    ကြိယာ