Dictionary Entries
Showing 481–500 of 913 words
ဆ
ဆိုင်၂
[sʰàɪɴ၂]
Arakanese:
ဝန်များ ရောင်းချရာ အိမ်၊ တိုက်၊ အခန်းအစဟိစွာ
Burmese:
ပစ္စည်းများ ရောင်းချရာ အိမ်၊ တိုက်၊ အခန်းစသည်
English:
shop
Grammar Note:
နာမ်
ဆိုင်း၂
[sʰáɪɴ၂]
Arakanese:
အိုးခက်၊ ဝန်ဝန် အစဟိစွာရို့ကို ထည့်သွင်း၍ ထမ်းဆောင် သယ်ပိုး ရရေ ကိရိယာ
Burmese:
ရေအိုး၊ ဝန်ပစ္စည်း စသည်တို့ကို ထည့်သွင်း၍ ထမ်းဆောင် သယ်ပိုး ရသော ကိရိယာ
English:
framework to carry things
Grammar Note:
နာမ်
ဆိုင်း၃
[sʰáɪɴ၃]
Arakanese:
တူရိယာ မျိုးစုံ ပါဝင်ရေ့ အတီး အမှုတ်အဖွဲ့
Burmese:
တူရိယာ မျိုးစုံ ပါဝင်သည့် အတီး အမှုတ်အဖွဲ့
English:
orchestras
Grammar Note:
နာမ်
ဆိုင်း၄
[sʰáɪɴ၄]
Arakanese:
၁၊ အရာဝတ္တု၏ ပုံသဏ္ဍာန် အကြီး အသီး။ အရွယ် အစား။ ပမာဏ။ ၂၊ အယတ်ယတ် ဆွဲနိန်ရေ ကုက္ကား၊ တင်းခွန်၊ ပန်းမာလ် အစဟိစွာ
Burmese:
၁၊ အရာဝတ္တု၏ ပုံသဏ္ဍာန် အကြီး အသေး။ အရွယ် အစား။ ပမာဏ။ ၂၊ တွဲလောင်း ဆွဲနေသော ကုက္ကား၊ တံခွန်၊ ပန်းမာလ် စသည်
English:
size
Grammar Note:
နာမ်
ဆိုင်ကုန်
[sʰàɪɴkòʊɴ]
Arakanese:
ဆိုင်မာ ရောင်းချရန် ဝန်ဝန်များ
Burmese:
ဆိုင်တွင် ရောင်းချရန် ဝန်ပစ္စည်းများ
English:
goods
Grammar Note:
နာမ်
ဆိုင်းကြိုး
[sʰáɪɴt͡ɕó]
Arakanese:
၁၊ တစုံ တခုသော ဝန် ဝန်ဆန်ကို ထည့်ပနာ ချိတ်ဆွဲ ထားရန် ချိုင်နှောင် ထားရေ ကြိုး။ ၂၊ စက္ကူစွန် ကြောရိုးတံမာ အဂေါင်း ဘက်က တစ၊ ပတုံးဘက်က တစ လံထားရေ ကြိုး
Burmese:
၁၊ တစ်စုံ တစ်ခုသော ပစ္စည်း ဝန်ဆန်ကို ထည့်၍ ချိတ်ဆွဲ ထားရန် ချည်နှောင် ထားသော ကြိုး။ ၂၊ စက္ကူစွန် ကျောရိုးတံတွင် ဦးခေါင်း ဘက်က တစ်စ၊ အမြီးဘက်က တစ်စ ချည်ထားသော ကြိုး
English:
rope
Grammar Note:
နာမ်
ဆိုင်ခင်း
[sʰàɪɴkʰɪ́ɴ]
Arakanese:
ဆိုင်မာ ဝန်များ ရောင်းချရန် နီရာတကျ ပြင်ဆင် ထားရေ
Burmese:
ဆိုင်တွင် ပစ္စည်းများ ရောင်းချရန် နေရာတကျ ပြင်ဆင် ထားသည်
English:
display goods for sale
Grammar Note:
ကြိယာ
ဆိုင်ခြောက်
[sʰàɪɴkʰɹɔ́ɛʔ]
Arakanese:
ငရုတ်၊ ကြက်သွန်၊ ဆီမီးတိုင်၊ မုန့်ခြောက် အစဟိစွာ့ ပစီကရာ ရောင်းချသော ဆိုင်ငယ်
Burmese:
ငရုတ်၊ ကြက်သွန်၊ ဖယောင်းတိုင်၊ မုန့်ခြောက် စသည့် တိုလီမိုလီ ရောင်းချသော ဆိုင်ငယ်
English:
grocery shop
Grammar Note:
နာမ်
ဆိုင်းငံ့
[sʰáɪɴŋံ့]
Arakanese:
၁၊ တယောက်ယောက်ဧ့ ပေါက်ရောက် လာခြင်းကို မျှော်ငံ့ ဆိုင်းရေ။ ၂၊ တနားချေတဗွေချေ ရပ်နား နိန်ရေ
Burmese:
၁၊ တစ်စုံ တစ်ယောက်၏ ပေါက်ရောက် လာခြင်းကို မျှော်ငံ့ ဆိုင်းသည်။ ၂၊ ခေတ္တ ရပ်နား နေသည်
English:
stop a while
Grammar Note:
ကြိယာ
ဆိုင်းဆာ
[sʰáɪɴsʰà]
Arakanese:
နီဝင်ပနာ အမိုက် ပျိုးစ။ (၁။ မိုးထ ဆည်းဆာ။ ၂။ မွန်းစောင်း ဆည်းဆာ။ ၃။ ည ဆည်းဆာ) (ဆည်းဆာ သုံးပါး တွိရရေ။) ၂။ တရက် အထဲ အချိန် သုံးရပ် ဟိရေ။ မိုးထ ဆည်းဆာ၊ ည ဆည်းဆာလျှင် (ရခိုင်ကာ)
Burmese:
နေဝင်၍ အမှောင် ပျိုးစ။ (၁။ နံနက် ဆည်းဆာ။ ၂။ မွန်းတည့် ဆည်းဆာ။ ၃။ ည ဆည်းဆာ) (ဆည်းဆာ သုံးပါး တွေ့ရသည်။) ၂။ တစ်နေ့ အတွင်း အချိန် သုံးရပ် ရှိသည်။ နံနက် ဆည်းဆာ၊ ည ဆည်းဆာလျှင် (ရခိုင်ကာ)
English:
twilight
Grammar Note:
နာမ်
ဆိုင်းဆိုင်း
[sʰáɪɴsʰáɪɴ]
Arakanese:
မကြီး မငယ် (အလယ် အလတ်) ဆိုင်းတူရွယ်တူ ဖြစ်ရေ
Burmese:
မကြီး မငယ် (အလယ် အလတ်) အရွယ်တူ ဖြစ်သော
English:
same age or size
Grammar Note:
နာမဝိသေသန
ဆိုင်းဆိုင်း၂
[sʰáɪɴsʰáɪɴ၂]
Arakanese:
ကြီးရေ။ မြင့်မားသော။ ဆိုင်းဆိုင်းမြင့်မူ၊ ဂေါ်ဒူဟူသား (ရခိုင်ကာ)
Burmese:
ကြီးသော။ မြင့်မားသော။ ဆိုင်းဆိုင်းမြင့်မူ၊ ဂေါ်ဒူဟူသား (ရခိုင်ကာ)
English:
large
Grammar Note:
နာမဝိသေသန
ဆိုင်တည်
[sʰàɪɴtɛ̀]
Arakanese:
အရောင်း ဝန်များ ဖွင့်လှစ် ရောင်းချရေ
Burmese:
အရောင်း ပစ္စည်းများ ဖွင့်လှစ် ရောင်းချသည်
English:
shop
Grammar Note:
ကြိယာ
ဆိုင်းတူ
[sʰáɪɴtù]
Arakanese:
အရွယ်ချင်း တူညီရေ
Burmese:
အရွယ်ချင်း တူညီသည်
English:
same age or size
Grammar Note:
ကြိယာ
ဆိုင်းတူ၂
[sʰáɪɴtù၂]
Arakanese:
အရွယ်ချင်း တူညီရေ။ တရွယ်တည်း ဖြစ်ရေ
Burmese:
အရွယ်ချင်း တူညီသော။ တစ်ရွယ်တည်း ဖြစ်သော
English:
same age or size
Grammar Note:
နာမဝိသေသန
ဆိုင်းတူ၃
[sʰáɪɴtù၃]
Arakanese:
အရွယ်ချင်း တူညီရေ အရာ
Burmese:
အရွယ်ချင်း တူညီသော အရာ
English:
same age or size
Grammar Note:
နာမ်
ဆိုင်းတူရွယ်တူ
[sʰáɪɴtùɹwɛ̀tù]
Arakanese:
အသက် အဆင့် အတန်း အစဟိစွာအနိန်နန့် တူညီစွာ၊ ရွယ်တူ တန်းတူ
Burmese:
အသက် အဆင့် အတန်း စသည် အားဖြင့် တူညီစွာ၊ ရွယ်တူ တန်းတူ
English:
same age or size
Grammar Note:
ကြိယာဝိသေသန
ဆိုင်းတူရွယ်တူ၂
[sʰáɪɴtùɹwɛ̀tù၂]
Arakanese:
အသက် အဆင့် အတန်း အစဟိစွာအနိန်နန့် တူညီရေ
Burmese:
အသက် အဆင့် အတန်း စသည် အားဖြင့် တူညီသော
English:
same age or size
Grammar Note:
နာမဝိသေသန
ဆိုင်ထည်
[sʰàɪɴtʰɛ̀]
Arakanese:
ဆိုင်၌ ရောင်းချရန် အထည် အလိပ်။ ဆိုင်ဝန် ဝန်များ
Burmese:
ဆိုင်၌ ရောင်းချရန် အထည် အလိပ်။ ဆိုင်ဝန် ပစ္စည်းများ
English:
goods
Grammar Note:
နာမ်
ဆိုင်းထိုးကစပ်တမ်း
[sʰáɪɴtʰóksaʔtáɴ]
Arakanese:
ခြေကို တင်ပန်လင် ခွေထိုင်ဗျာယ် ဝါးလုံး လေးတောင်ခန့် တပိုင်းကို လက်နှစ်ဘက် လက်ကတီးမာ ညှပ်ပြီး လူနှစ်ယောက် ထမ်းယူ လားပနာ ကစပ်ခြင်း နည်းတမျိုး
Burmese:
ခြေကို တင်ပလ္လင် ခွေထိုင်လျက် ဝါးလုံး လေးတောင်ခန့် တစ်ပိုင်းကို လက်နှစ်ဘက် ချိုင်းကြားတွင် ညှပ်ပြီး လူနှစ်ယောက် ထမ်းယူ သွား၍ ကစားခြင်း နည်းတစ်မျိုး
English:
none
Grammar Note:
နာမ်