Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 521–540 of 913 words

    ဆ

    ဆိုမြည်

    [sʰÒmɹɛ]
    တစုံ တဦး အပေါ် မကျီနပ်ကြောင်း ပြောဆိုရေ
    တစ်စုံ တစ်ဦး အပေါ် မကျေနပ်ကြောင်း ပြောဆိုသည်
    scold
    ကြိယာ

    ဆိုးမွီကောင်းမွီ

    [sʰómwíkáʊɴmwí]
    ၁၊ ကောင်း မကောင်းရေ အမွီအနှစ်။ ၂၊ (သားသမီးကို ရည်၍) ကောင်း မကောင်း စစွာကို ခြုံ၍ ပြောသော စကားလုံး
    ၁၊ ကောင်း မကောင်းသော အမွေအနှစ်။ ၂၊ (သားသမီးကို ရည်၍) ကောင်း မကောင်း စသည်ကို ခြုံ၍ ပြောသော စကားလုံး
    heritage
    နာမ်

    ဆိုးယုတ်

    [sʰójoʊʔ]
    ယုတ်ညံ့ရေ။ အကျင့် ဆိုးညစ်ရေ။ ညံ့ဖျင်းရေ။ သိမ်ငယ်သည်
    ယုတ်ညံ့သည်။ အကျင့် ဆိုးသွမ်းသည်။ ညံ့ဖျင်းသည်။ သေးသိမ်သည်
    evil
    ကြိယာ

    ဆိုးရည်

    [sʰóɹɛ̀]
    ဆီးရောင် ဆိုးရန် အရည်
    ဆေးရောင် ဆိုးရန် အရည်
    dye
    နာမ်

    ဆိုရိုးဆိုထုံး

    [sʰÒɹósʰÒtʰóʊɴ]
    အစိုင်အလာ ပြောနိန်ကျ စကား
    အစဉ်အလာ ပြောနေကျ စကား
    tradition
    နာမ်

    ဆိုရေးပြောရေး

    [sʰÒɹépɹɔ́ɹé]
    ထိုက်တန် ဆီလျော်သော စကား။ သင့်လျော် လျောက်ပတ်သော စကား
    ထိုက်တန် ဆီလျော်သော စကား။ သင့်လျော် လျောက်ပတ်သော စကား
    worth
    နာမ်

    ဆိုးရွား

    [sʰóɹWà]
    အလွန် ဆိုးဝါးသော။ ဆိုးသော
    အလွန် ဆိုးဝါးသော။ ဆိုးသော
    bad
    နာမဝိသေသန

    ဆိုလို

    [sʰÒlÒ]
    အခြီခံ ကျသော အချက်။ လိုရင်း သဘော
    အခြေခံ ကျသော အချက်။ လိုရင်း သဘော
    essence
    နာမ်

    ဆိုလိုရင်း

    [sʰÒlÒɹɪ́ɴ]
    စိတ်မာ သတ်မှတ် ပြောပြချက်။ လိုရင်း အနက် သဘော
    စိတ်တွင် သတ်မှတ် ပြောပြချက်။ လိုရင်း အနက် သဘော
    essence
    နာမ်

    ဆိုးဝါး

    [sʰówàး]
    ဆိုးရွားသော
    ဆိုးရွားသော
    bad
    နာမဝိသေသန

    ဆိုးသွမ်း

    [sʰóθʊ̀ɴ]
    အကျင့် ဆိုးညစ်သည်
    အကျင့် ဆိုးသွမ်းသည်
    evil
    ကြိယာ

    ဆီ

    [sʰí]
    ဆီ ဟူသမျှကို ခြုံ၍ ခေါ်သော စကား
    ဆီ ဟူသမျှကို ခြုံ၍ ခေါ်သော စကား
    oil
    နာမ်

    ဆီး

    [sʰï]
    ၁၊ ကာရေ။ ဆို့ရေ။ ပိတ်ရေ။ ဟန့်ရေ။ နှာမောင်း ထောင်ထောင်၊ စွယ်ငေါင်းငေါင်းနှင့်၊ ဆင်ပြောင်ဟိက၊ ဆီးလိမ့်မည် (သိုက်)
    ၁၊ ကာသည်။ ဆို့သည်။ ပိတ်သည်။ တားသည်။ နှာမောင်း ထောင်ထောင်၊ စွယ်ငေါင်းငေါင်းနှင့်၊ ဆင်ပြောင်ရှိက၊ ဆီးလိမ့်မည် (သိုက်)
    prevent
    ကြိယာ

    ဆီ၂

    [sʰí၂]
    ဦးတည်ရာ၊ ထွက်ခွာရာ၊ တည်ဟိရာ အရပ်ဒေသ ပိုင်းခြား သတ်မှတ် ထားရေ ကာလကို ပြသော စကားလုံး။ မြောက်ဦးဆီ လားဖို့
    ဦးတည်ရာ၊ ထွက်ခွာရာ၊ တည်ရှိရာ အရပ်ဒေသ ပိုင်းခြား သတ်မှတ် ထားသော ကာလကို ပြသော စကားလုံး။ မြောက်ဦးဆီ လားဖို့
    towards
    နာမ်

    ဆီး၂

    [sʰï၂]
    အနာရောဂါ ပျောက်ကင်း စီရန် သစ်ဥ၊ သစ်ဖု စစွာတိနန့် ဖော်စပ် ထားရေ အရာ
    အနာရောဂါ ပျောက်ကင်း စေရန် သစ်ဥ၊ သစ်ဖု စသည်တို့ဖြင့် ဖော်စပ် ထားသော အရာ
    medicine
    ကြိယာ

    ဆီး၃

    [sʰï၃]
    ရေရို့နန့် သန့်စင် စီရေ။ ဆီးကြောသည်
    ရေတို့ဖြင့် သန့်စင် စေသည်။ ဆေးကြောသည်
    wash
    ကြိယာ

    ဆီး၄

    [sʰï၄]
    ကျင်ငယ်။ အပေါ့။ သေး
    ကျင်ငယ်။ အပေါ့။ သေး
    urine
    နာမ်

    ဆီကလော်

    [sʰíklɔ̀]
    အမဲသား၊ ငါး အစဟိစွာရို့ကို ဆီ စိကေချေဖြင့် ကြော်သည်
    အမဲသား၊ ငါး စသည်တို့ကို ဆီ အနည်းငယ်ဖြင့် ကြော်သည်
    fry in very little oil
    ကြိယာ

    ဆီးကု

    [sʰïkoʊ]
    အနာရောဂါ သက်သာ ပျောက်ကင်းအောင် ‌ဆီးဝါး စစွာတိနန့် ပြုပျင် ပီးရေ။ ကုသ ပီးရေ
    အနာရောဂါ သက်သာ ပျောက်ကင်းအောင် ‌ဆေးဝါး စသည်တို့ဖြင့် ပြုပြင် ပေးသည်။ ကုသ ပေးသည်
    cure
    ကြိယာ

    ဆီးကျမ်း

    [sʰït͡ɕáɴ]
    ဆီးပညာနန့် ဆိုင်ရေ ကျမ်း
    ဆေးပညာနှင့် ပတ်သက်သော ကျမ်း
    pharmacopoeia
    နာမ်