Dictionary Entries
Showing 541–560 of 913 words
ဆ
ဆီးကျိုင်းရောဂါ
[sʰït͡ɕáɪɴɹɔ́ɡà]
Arakanese:
ကျင်ငယ် လားရာ ဆီးပေါက် ပြွန်ကျဉ်းသော ရောဂါ
Burmese:
ကျင်ငယ် သွားရာ ဆီးပေါက် ပြွန်ကျဉ်းသော ရောဂါ
English:
none
Grammar Note:
နာမ်
ဆီကျော်မုန့်
[sʰít͡ɕɔ̀mòʊɴ့]
Arakanese:
ပူနွေးသော ဆီမာ ကျက်နပ်အောင် ကြော်ရရေ မုန့်တမျိုး
Burmese:
ပူနွေးသော ဆီတွင် ကျက်နပ်အောင် ကြော်ရသော မုန့်တစ်မျိုး
English:
fried snack
Grammar Note:
နာမ်
ဆီးကြည့်
[sʰït͡ɕɛ̰]
Arakanese:
အနာ ရောဂါ သက်သာ ပျောက်ကင်းအောင် ဆီးဝါး စစွာတိနန့် ပြုပျင် ပီးရရေ
Burmese:
အနာ ရောဂါ သက်သာ ပျောက်ကင်းအောင် ဆေးဝါး စသည်တို့ဖြင့် ပြုပြင် ပေးရသည်
English:
diagnostic
Grammar Note:
ကြိယာ
ဆီးကြည့်၂
[sʰït͡ɕɛ̰၂]
Arakanese:
ဆီး ကုသပညာ။ ဆီး ကုသခြင်း
Burmese:
ဆေး ကုသပညာ။ ဆေး ကုသခြင်း
English:
cure
Grammar Note:
ကြိယာ
ဆီးကြမ်း
[sʰït͡ɕáɴ]
Arakanese:
လူရို့၏ ခန္ဓာကိုယ်၌ ပူးကပ် နိန်ရေ ပယောဂကို နှင်ထုတ်သော ဆီး
Burmese:
လူတို့၏ ခန္ဓာကိုယ်၌ ပူးကပ် နေသော ပယောဂကို နှင်ထုတ်သော ဆေး
English:
medicine
Grammar Note:
နာမ်
ဆီးကြမ်းပင်
[sʰït͡ɕáɴpɪ̀ɴ]
Arakanese:
အနံ့ အသက် ဆိုးရွား၍ နားကပ်နှင့် တူသော အဖြူရောင် ပွင့်သော ခြုံပုတ်ပင် ငယ်တမျိုး (ယင်း အပင်ဖြင့် ပယောဂရို့ကို နှင်နှိုင်ရေ ဆို၏။
Burmese:
အနံ့ အသက် ဆိုးရွား၍ နားကပ်နှင့် တူသော အဖြူရောင် ပွင့်သော ခြုံပုတ်ပင် ငယ်တစ်မျိုး (ယင်း အပင်ဖြင့် ပယောဂတို့ကို နှင်နိုင်သည် ဆို၏။
English:
none
Grammar Note:
နာမ်
ဆီးကြော
[sʰït͡ɕɔ́]
Arakanese:
ရေရို့နန့် သန့်စင် စီရေ။ ဆီးကြောရေ။ ၂၊ စနည်းနာ မီးမြန်းသည်
Burmese:
ရေတို့ဖြင့် သန့်စင် စေသည်။ ဆေးကြောသည်။ ၂၊ စုံစမ်း မေးမြန်းသည်
English:
wash
Grammar Note:
ကြိယာ
ဆီးကြွီ
[sʰït͡ɕwí]
Arakanese:
၁၊ ဗန်းဒီပြန်နိန်သော ဆီးရွက် အကြေ။ ၂၊ (ဥပစာ) အသုံး မကျသူ။ ယုတ်မာသူ
Burmese:
၁၊ ကြေမွနေသော ဆေးရွက် အကြေ။ ၂၊ (ဥပစာ) အသုံး မကျသူ။ ယုတ်မာသူ
English:
medicinal leaf-good-for-nothing
Grammar Note:
နာမ်
ဆီးကြွီ၂
[sʰït͡ɕwí၂]
Arakanese:
အသုံး မကျသော။ ယုတ်မာသော၊ ဆိုးညစ်သော
Burmese:
အသုံး မကျသော။ ယုတ်မာသော၊ ဆိုးသွမ်းသော
English:
good for nothing
Grammar Note:
နာမဝိသေသန
ဆီးကြွီဆီးပွတ်
[sʰït͡ɕwísʰïpwaʔ]
Arakanese:
ဆီးရွက်များ မုန့်မုန့် ညက်ညက် ကြီမွပျက်စီး လားရေ
Burmese:
ဆေးရွက်များ မုန့်မုန့် ညက်ညက် ကြေမွ ပျက်စီး သွားသည်
English:
crumble
Grammar Note:
နာမ်
ဆီးကြွီဆီးပွတ်၂
[sʰït͡ɕwísʰïpwaʔ၂]
Arakanese:
ဆီးရွက်များ မုန့်မုန့်ညက်ညက် ကြီမွပျက်စီး နိန်ရေ အရာများ။ ၂၊ (ဥပစာ) သန မုန်းတီးစရာ ကောင်းရေ သူ။ သုံးနှုန်း မရယောင် ယုတ်မာပနာ လူ့လောကမာ ပစ်ပယ် ခံရသူ
Burmese:
ဆေးရွက်များ မုန့်မုန့်ညက်ညက် ကြေမွ ပျက်စီး နေသော အရာများ။ ၂၊ (ဥပစာ) ရွံရှာ မုန်းတီးစရာ ကောင်းသော သူ။ သုံးနှုန်း မရအောင် ယုတ်မာ၍ လူ့လောကတွင် ပစ်ပယ် ခံရသူ
English:
ostracized person
Grammar Note:
နာမ်
ဆီးကြွီဆီးပွတ်၃
[sʰït͡ɕwísʰïpwaʔ၃]
Arakanese:
၁၊ ဆီးရွက် မုန့်မုန့်ညက်ညက် ကြီမွပျက်စီးဗျာယ် ဟိနိန်ရေ။ အသုံးဝင်ရေ့ အခြီ အရဲမှ တန့်ရပ် တိမ်ကော လားရေ။ ၂၊ (ဥပစာ) အလွန် ဆိုးညစ် သော။ ယုတ်မာသော။ ဗဟရီသော
Burmese:
၁၊ ဆေးရွက် မုန့်မုန့်ညက်ညက် ကြေမွ ပျက်စီးလျက် ရှိနေသော။ အသုံးဝင်သည့် အခြေ အနေမှ တန့်ရပ် တိမ်ကော သွားသော။ ၂၊ (ဥပစာ) အလွန် ဆိုးသွမ်း သော။ ယုတ်မာသော။ အသုံးမကျသော
English:
good for nothing
Grammar Note:
နာမဝိသေသန
ဆီးခင်းပန်းတူ
[sʰïkʰɪ́ɴpáɴtù]
Arakanese:
ရေစပ်စပ် ဟိရေ မြီကွက် များမာ အလိကျ ပေါက်လေ့ ဟိရေ ဟင်းချက် စားရရေ ပင်နိမ့်မျိုး။ လယ်မတူ
Burmese:
ရေစပ်စပ် ရှိသော မြေကွက် များတွင် အလေ့ကျ ပေါက်လေ့ ရှိသော ဟင်းချက် စားရသော ပင်နိမ့်မျိုး။ လယ်မတူ
English:
vegetable
Grammar Note:
နာမ်
ဆီးခတ်
[sʰïkʰaʔ]
Arakanese:
စားစရာ၊ သောက်စရာ ထဲကို သေစီတတ်ရေ ဆီး၊ ချစ်စီတတ်ရေ ဆီး အစဟိစွာရို့ကို ထည့်ပနာ ပီးရေ
Burmese:
စားစရာ၊ သောက်စရာ ထဲသို့ သေစေတတ်သော ဆေး၊ ချစ်စေတတ်သော ဆေး စသည်တို့ကို ထည့်၍ ပေးသည်
English:
add poison to food or drink
Grammar Note:
ကြိယာ
ဆီးခတ်လား
[sʰïkʰaʔlá]
Arakanese:
ဆီးရွက် တိကို လောင်း၊ သမ္ဗန် အစဟိစွာအနိန်နန့် တရွာဝင် တရွာထွက် လှည့်လည် ရောင်းချရန် လားရေ
Burmese:
ဆေးရွက် များကို လှေ၊ သမ္ဗန် စသည်ဖြင့် တစ်ရွာဝင် တစ်ရွာထွက် လှည့်လည် ရောင်းချရန် သွားသည်
English:
sell
Grammar Note:
ကြိယာ
ဆီးခရမ်း
[sʰïkʰɹáɴ]
Arakanese:
အရွက်မာ စူးပေါက်သော (ဆီးဘက် ဝင်ရေ) ခရမ်းတမျိုး။ ခရမ်းစပ်
Burmese:
အရွက်တွင် ဆူးပေါက်သော (ဆေးဘက် ဝင်သည့်) ခရမ်းတစ်မျိုး။ ခရမ်းစပ်
English:
brinjal
Grammar Note:
နာမ်
ဆီးခုံ
[sʰïkʰòʊɴ]
Arakanese:
ဆီးစအောက်မာ မို့မောက် နိန်ရေ နီရာ
Burmese:
ဆီးစအောက်၌ မို့မောက် နေသော နေရာ
English:
suprapubic region
Grammar Note:
နာမ်
ဆီချီး
[sʰíɕï]
Arakanese:
အရည်မာ မပျော်ဝင်ပဲ ကျိနီသော ဆီ
Burmese:
အရည်တွင် မပျော်ဝင်ပဲ ပျစ်ချွဲနေသော ဆီ
English:
grease
Grammar Note:
နာမ်
ဆီးချုပ်
[sʰïɕoʊʔ]
Arakanese:
ဆီးသက်ချိန်မာ မသက်ပဲ နိန်ရေ။ ဆီးမလားပဲ နိန်ရေ
Burmese:
ဆီးသက်ချိန်တွင် မသက်ပဲ နေသည်။ ဆီးမသွားပဲ နေသည်
English:
suffer from retention of urine
Grammar Note:
ကြိယာ
ဆီးချောင်း
[sʰïɕáʊɴ]
Arakanese:
ယောက်ျား အင်္ဂါဇာတ်မှ ဆီးလားရာ အတံ
Burmese:
ယောက်ျား အင်္ဂါဇာတ်မှ ဆီးသွားရာ အတံ
English:
cock
Grammar Note:
နာမ်