Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 561–580 of 913 words

    ဆ

    ဆီးစ

    [sʰïs]
    ဆီးခုံနှင့် ချက် အကြား နီရာ
    ဆီးခုံနှင့် ချက် အကြား နေရာ
    pubic part
    နာမ်

    ဆီးစစ်

    [sʰïsɪʔ]
    ကျမ္မာရီး စစ်ဆီးသည်
    ကျန်းမာရေး စစ်ဆေးသည်
    medical check up
    ကြိယာ

    ဆီးစပ်

    [sʰïsaʔ]
    ပရဆီးတိကို သင့်လျော်အောင် အချိုးကျ ရောနှောသည်
    ပရဆေးများကို သင့်လျော်အောင် အချိုးကျ ရောနှောသည်
    compound medicine
    နာမ်

    ဆီးစာ

    [sʰïsà]
    ရောဂါနှင့် ပတ်သက်ပြီးကေ စားသုံး မှီဝဲရန် ဓါတ်ဆရာ၏ ညွှန်ကြားချက် စာ
    ရောဂါနှင့် ပတ်သက်၍ စားသုံး မှီဝဲရန် ဆေးဆရာ၏ ညွှန်ကြားချက် စာ
    medical prescription
    နာမ်

    ဆီးစာ၂

    [sʰïsà၂]
    ဆီးသားလိပ်မာ ထည့်သွင်း လိပ်ရရေ ဝမ်းစာ
    ဆေးပြင်းလိပ်တွင် ထည့်သွင်း လိပ်ရသော ဝမ်းစာ
    none
    နာမ်

    ဆီဆမ်း

    [sʰísʰáɴ]
    ဗားကို ပျံ့နှံ့အောင် ဖျန်းရေ။ ထမင်းဆီဆမ်း၊ ရွှီလောင်ပွန်း (တေး)
    ဆီကို ပျံ့နှံ့အောင် ဖျန်းသည်။ ထမင်းဆီဆမ်း၊ ရွှီလောင်ပွန်း (တေး)
    sprinkle
    ကြိယာ

    ဆီဆိုင်

    [sʰísʰàɪɴ]
    အကြောင်းနန့် လျော်ညီရေ။ ထိုက်တန် ဆီလျော်ရေ။ အကြောင်း ညီညွတ်ရေ။ ပတ်သက်ရေ။ မောင်လှနန့် ဇာဆီဆိုင်လို့လဲ ဝင်ပြောနီစွာ (အရပ်သုံး)
    အကြောင်းနှင့် လျော်ညီသည်။ ထိုက်တန် ဆီလျော်သည်။ အကြောင်း ညီညွတ်သည်။ ပတ်သက်သည်။ မောင်လှနန့် ဇာဆီဆိုင်လို့လဲ ဝင်ပြောနီစွာ (အရပ်သုံး)
    be suitable
    ကြိယာ

    ဆီဆုံ

    [sʰísʰòʊɴ]
    ပါးကြိတ် နယ်သော ဆုံ
    ဆီကြိတ် နယ်သော ဆုံ
    oil press
    နာမ်

    ဆီဆုံး

    [sʰísʰóʊɴ]
    ဗဟရီ ဖြစ်တေ
    အသုံးမကျ ဖြစ်သည်
    good for nothing
    ကြိယာ

    ဆီးညွှန်း

    [sʰïɲW̯áɴ]
    ဆီးကို ဇာမျိုး ဇာပုံ အသုံး ပြုရဖို့လို့ ညွှန်ပြသော စာ
    ဆေးကို မည်သို့ မည်ပုံ အသုံး ပြုရမည်ဟု ညွှန်ပြသော စာ
    medical prescription
    နာမ်

    ဆီးတံ

    [sʰïtံ]
    ယောက်ျား အင်္ဂါဇာတ်။ ယောက်ျား အင်္ဂါဇာတ်မှ ဆီးလားရာ အတံ
    ယောက်ျား အင်္ဂါဇာတ်။ ယောက်ျား အင်္ဂါဇာတ်မှ ဆီးသွားရာ အတံ
    cock
    နာမ်

    ဆီးတင်

    [sʰïtɪ̀ɴ]
    ဆီးရည် လူးရေ။ အနာကို ဆီးဖြင့် အုံသည်
    ဆေးရည် လိမ်းသည်။ အနာကို ဆေးဖြင့် အုံသည်
    The lotion creams
    ကြိယာ

    ဆီးတစ်လိပ်သောက်

    [sʰïtɪʔlìaʔθɔ́ɛʔ]
    ဆီးတလိပ် ကုန်ကျွမ်း လားယောင် သောက်ရရေ ကာလ အပိုင်းအရာ။ အချိန်ကာလ။ အချိန်။ နို့ကောင်းသူကို၊ ရွီးယူတုံမြောက်၊ ဆီးတသောက်မာ၊ လေးယောက်လှည့်လည် (ကော်)
    ဆေးတစ်လိပ် ကုန်ကျွမ်း သွားအောင် သောက်ရသော ကာလ အပိုင်းအခြား။ အချိန်ကာလ။ အချိန်။ နို့ကောင်းသူကို၊ ရွီးယူတုံမြောက်၊ ဆီးတသောက်မှာ၊ လေးယောက်လှည့်လည် (ကော်)
    time
    နာမ်

    ဆီးတစ်လုံးပင်

    [sʰïtɪʔlóʊɴpɪ̀ɴ]
    ဆီးဖက် ဝင်သော ဆီးပင် တမျိုး
    ဆေးဖက် ဝင်သော ဆေးပင် တစ်မျိုး
    medicinal plant
    နာမ်

    ဆီးတစ်အိုးသောက်

    [sʰïtɪʔʔóθɔ́ɛʔ]
    ပန်းတူမာ ဆီးထည့်ပနာ သောက်ရရေ ခွက် (တမာကူ) တခွက်ကုန် ကျွမ်းအောင် သောက်ရရေ ကာလ အပိုင်း အရာ။ အချိန်ကာလ။ အချိန်
    ဆေးတံတွင် ဆေးထည့်၍ သောက်ရသော ခွက် (ဆေးအိုး) တစ်ခွက်ကုန် ကျွမ်းအောင် သောက်ရသော ကာလ အပိုင်း အခြား။ အချိန်ကာလ။ အချိန်
    a moment
    ကြိယာ

    ဆီးတသောက်

    [sʰïtθɔ́ɛʔ]
    တိုတောင်းသော ကာလ အပိုင်း အရာ။ တအောင့်တနား
    တိုတောင်းသော ကာလ အပိုင်း အခြား။ ခဏတဖြုတ်
    a moment
    နာမ်

    ဆီးတောက်

    [sʰïtɔ́ɛʔ]
    ဆီး၏ အစွမ်းသတ္တိ။ ဆီး၏ အာနိသင်
    ဆေး၏ အစွမ်းသတ္တိ။ ဆေး၏ အာနိသင်
    medicine effect
    နာမ်

    ဆီးတောင့်

    [sʰïta̰ʊɴ]
    အတောင့် ပြုလုပ် ထားရေ ဆီး
    အတောင့် ပြုလုပ် ထားသော ဆေး
    capsule
    နာမ်

    ဆီးတောင်မွိန့်

    [sʰïtàʊɴmwèɪɴ့]
    ဆီးဖြင့် စီရင်ထားရေ တုတ်။ တောင်မွိန့်
    ဆေးဖြင့် စီရင်ထားသော တုတ်။ တောင်ဝှေး
    staff
    နာမ်

    ဆီးထ

    [sʰïtʰ]
    ကိုယ်ခန္ဓာ၌ ထိုးနှံ ထားရေ ဆီးအစွမ်း ပြရေ
    ကိုယ်ခန္ဓာ၌ ထိုးနှံ ထားသော ဆေးအစွမ်း ပြသည်
    effected by inject medicine or drug
    ကြိယာ