Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 913 words

    ဆ

    ဆင့်ကဆင့်

    [sʰɪ̀ɴ့ksʰɪ̀ɴ့]
    တခုနှင့် တခု မကြီးလွန်း မငယ်လွန်းသော အရာ
    တစ်ခုနှင့် တစ်ခု မကြီးလွန်း မငယ်လွန်းသော အရာ
    at about same size
    နာမ်

    ဆင့်ကဆင့်၂

    [sʰɪ̀ɴ့ksʰɪ̀ɴ့၂]
    ၁၊ တခုနှင့် တခု၊ တယောက်နှင့် တယောက်၊ မကြီးလွန်း မငယ်လွန်းသော။ ၂၊ ကာလအားဖြင့် မရှေး မနှောင်းသော။ မောင်ဖြူနန့် မောင်နီ ကျောင်းကို ဆင့်ကဆင့် လားခယင့်(အရပ်)။ ၃၊ မနီး မဝီးလွန်းသော
    ၁၊ တစ်ခုနှင့် တစ်ခု၊ တစ်ယောက်နှင့် တစ်ယောက်၊ မကြီးလွန်း မငယ်လွန်းသော။ ၂၊ ကာလအားဖြင့် မရှေး မနှောင်းသော။ မောင်ဖြူနန့် မောင်နီ ကျောင်းကို ဆင့်ကဆင့် လားခယင့်(အရပ်)။ ၃၊ မနီး မဝေးလွန်းသော
    at about same time
    နာမဝိသေသန

    ဆင့်ကဆင့်၃

    [sʰɪ̀ɴ့ksʰɪ̀ɴ့၃]
    တယောက်နှင့် တယောက် (ဆင့်ကဆင့်) မရှေး မနှောင်း လားကတ်တေ
    တစ်ယောက်နှင့် တစ်ယောက် (ဆင့်ကဆင့်) မရှေး မနှောင်း သွားကြသည်
    at about same gone
    ကြိယာ

    ဆင်ကန်းတောတိုး

    [sʰɪ̀ɴkáɴtɔ́tó]
    တွက်ဖော် ဆင်ခြင် ဉာဏ်မဟိဘဲ။ စည်းမဟိ ကမ်းမဟိ။ ဒရောင်းဆရောင်း ပြုလုပ်ရေအနိန်နန့်။ ဆန်ကန်းတောတိုး၊ ကျိုးကြောင်းမသိ (ပုံ)
    စဉ်းစား ဆင်ခြင် ဉာဏ်မရှိပဲ။ စည်းမဲ့ ကမ်းမဲ့။ အရမ်းကာရော ပြုလုပ်သော အားဖြင့်။ ဆန်ကန်းတောတိုး၊ ကျိုးကြောင်းမသိ (ပုံ)
    have no discipline
    ကြိယာဝိသေသန

    ဆင့်ကရင့်

    [sʰɪ̀ɴ့kɹɪ̀ɴ့]
    ကြီးငယ် အလျောက် (သွယ်တန်းဗျာယ်)။ တခုနှင့် တခု ဆက်တည်ဗျာယ်။ ကြီးငယ်နိမ့်မြင့်၊ ဆင့်ကရင့်ဇေ၊ လှတောင့် လှရေ မြင်၍ (ဗျာရတု)
    ကြီးငယ် အလျောက် (သွယ်တန်းလျက်)။ တစ်ခုနှင့် တစ်ခု ဆက်တည်လျက်။ ကြီးငယ်နိမ့်မြင့်၊ ဆင့်ကရင့်ဇေ၊ လှတောင့် လှတယ် မြင်၍ (ဗျာရတု)
    descending
    ကြိယာဝိသေသန

    ဆင့်ကာ

    [sʰɪ̀ɴ့kà]
    အဆင့်ဆင့်အနိန်နန့် ဆင့်ကဲဆင့်ကဲ
    အဆင့်ဆင့် အားဖြင့် ဆင့်ကဲဆင့်ကဲ
    step by step
    ကြိယာဝိသေသန

    ဆင်ကုန်းစင်

    [sʰɪ̀ɴkóʊɴsɪ̀ɴ]
    ဆင် ကျောက်ကုန်း ထက်သို့ တက်ရန် ဆောက်ထားရေ စင်
    ဆင် ကျောက်ကုန်း ထက်သို့ တက်ရန် ဆောက်ထားသော စင်
    none
    နာမ်

    ဆင့်ကဲ

    [sʰɪ̀ɴ့kɛ]
    ထပ်ဆင့် တိုးရေ။ ထပ်ဆင့် တက်ရေ။ အဆင့်တိုးသည်
    ထပ်ဆင့် တိုးသည်။ ထပ်ဆင့် တက်သည်။ အဆင့်တိုးသည်
    promotion
    ကြိယာဝိသေသန

    ဆင်ကဲကြီး

    [sʰɪ̀ɴkɛt͡ɕï]
    ဟိးရက္ခိုင် မင်းများ လက်ထက်က ဆင်တိကို ကြီးကဲ အုပ်ချုပ်ရရေ အမတ်။ (မင်းလက်သပ် လေးပါးမာ တပါး အပါအဝင် ဖြစ်တေ။) ယင်းခါ ဆင်ကဲကြီးရေ ပေါက်မ၊ ဟိုင်း၊ ဟံအစဟိရေ တရာ မကသော ဆင်ရို့ကို လက်ဆောင် ဆက်သလေလျှင် (ဓညသစ်)
    ရှေးရခိုင် မင်းများ လက်ထက်က ဆင်များကို ကြီးကဲ အုပ်ချုပ်ရသော အမတ်။ (မင်းတိုင်ပင် လေးပါးတွင် တစ်ပါး အပါအဝင် ဖြစ်သည်။) ထိုအခါ ဆင်ကဲကြီးသည် ပေါက်မ၊ ဟိုင်း၊ ဟံစသော တစ်ရာ မကသော ဆင်တို့ကို လက်ဆောင် ဆက်သလေလျှင် (ဓညသစ်)
    elephant keeper
    နာမ်

    ဆင်ကျုံး

    [sʰɪ̀ɴt͡ɕóʊɴ]
    ဆင်ရိုင်းကို ဖမ်းရန် သွင်းလောင်းာင်၍ ယိုင်ပါးအောင် ပြုလုပ်ရာ သစ်တပ်
    ဆင်ရိုင်းကို ဖမ်းရန် သွင်းလှောင်၍ ယဉ်ပါးအောင် ပြုလုပ်ရာ သစ်တပ်
    stockade
    နာမ်

    ဆင်ကျောက်ဆင်ကန်

    [sʰɪ̀ɴt͡ɕɔ́ɛʔsʰɪ̀ɴkàɴ]
    ကိုယ့် ပြောဆိုချက်ကို ခိုင်မြဲအောင် အကြောင်းပြ ပြောဆိုရေ
    မိမိ၏ ပြောဆိုချက်ကို ခိုင်မြဲအောင် အကြောင်းပြ ပြောဆိုသည်
    demonstrate
    ကြိယာ

    ဆင်ကြန်

    [sʰɪ̀ɴt͡ɕàɴ]
    ဆင်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း၊ လက္ခဏာအစဟိစွာ
    ဆင်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း၊ လက္ခဏာစသည်
    elephant feature
    နာမ်

    ဆင်ကြန်တတ်

    [sʰɪ̀ɴt͡ɕàɴtaʔ]
    ၁၊ ဆင်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း လက္ခဏာကို ကြည့်၍ ကောင်း မကောင်းကို သိတတ်ရေ အတတ် ပညာ။ ၂၊ ယင်း၏ လက္ခဏာကို သိတတ်ရေ ပညာဟိ
    ၁၊ ဆင်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း လက္ခဏာကို ကြည့်၍ ကောင်း မကောင်းကို သိတတ်သော အတတ် ပညာ။ ၂၊ ယင်း၏ လက္ခဏာကို သိတတ်သော ပညာရှိ
    none
    နာမ်

    ဆင်ကွင်းကျော့

    [sʰɪ̀ɴkwɪ́ɴt͡ɕɔ̰]
    ဆင်ကို လျှော့၍ တင်း၍ ရရေ ကြိုးလွန်ဖြင့် ဖမ်းရေ
    ဆင်ကို လျှော့၍ တင်း၍ ရသော ကြိုးလွန်ဖြင့် ဖမ်းသည်
    catch elephant
    ကြိယာ

    ဆင်ခင်းသဘင်

    [sʰɪ̀ɴkʰɪ́ɴθbʱɪ̀ɴ]
    ၁၊ ဟိးရက္ခိုင် ဘုရင်ရို့ လက်ထက်မာ ဆင်တပ်သားရို့ စွမ်းရည်ပြ အခမ်း အနား။ ဆင်ခင်း ပွဲတော်။ ၂၊ စစ်တိုင်၊ စစ်ချီရာမာ အတိုးအဆုတ်၊ အရှောင် အတိမ်း၊ အကော်အဝှေ့၊ အထိုး အစဟိစွာရို့ကို လေ့ကျင့် ပြသသော ပွဲ။ (ယင်း ပွဲကို နံတော်လ၌ ကျင်းပလေ့ ဟိရေ။
    ၁၊ ရှေးရခိုင် ဘုရင်တို့ လက်ထက်တွင် ဆင်တပ်သားတို့ စွမ်းရည်ပြ အခမ်း အနား။ ဆင်ခင်း ပွဲတော်။ ၂၊ စစ်တိုင်၊ စစ်ချီရာ၌ အတိုးအဆုတ်၊ အရှောင် အတိမ်း၊ အကော်အဝှေ့၊ အထိုး စသည်တို့ကို လေ့ကျင့် ပြသသော ပွဲ။ (၎င်း ပွဲကို နတ်တော်လ၌ ကျင်းပလေ့ ရှိသည်။
    festival
    နာမ်

    ဆင်ခရမ်း

    [sʰɪ̀ɴkʰɹáɴ]
    အသီးလုံး ချောချော ချိုင်သော အရရာဟိရေ့ ဘာယောင်းသီး တမျိုး
    အသီးလုံး ချောချော ချဉ်သော အရသာရှိသည့် ခရမ်းသီး တစ်မျိုး
    eggplant
    နာမ်

    ဆင်ခုန်းတိုင်

    [sʰɪ̀ɴkʰóʊɴtàɪɴ]
    ဟိးရက္ခိုင် ဘုရင်ရို့ လက်ထက် ဆင်ကို ခြည်ရရေ အမှုထမ်း တမျိုး
    ရှေးရခိုင် ဘုရင်တို့ လက်ထက် ဆင်ကို ချည်ရသော အမှုထမ်း တစ်မျိုး
    government employee
    နာမ်

    ဆင်ခူ

    [sʰɪ̀ɴkʰù]
    ကျွဲ၊ နွားရို့၏ လည်ကုပ်၌ အရီတိ ထုတက်ပနာ ဖြစ်တတ်ရေ အနာ
    ကျွဲ၊ နွားတို့၏ လည်ကုပ်၌ အရေများ ထုတက်၍ ဖြစ်တတ်သော အနာ
    carbuncle
    နာမ်

    ဆင်ခေါင်း

    [sʰɪ̀ɴkʰèàɪ́ɴ]
    ၁။ အိမ်မကိုယ်၏ ရှေ့ဘက်မှ ဆက်ပြီးကေ ထုတ်ထားရေ အဆောင်။ ၂။ အိမ်မာ လှဂ နှစ်ခု အစပ်ကြား၌ ဆက်သွယ် ထုတ်ထားရေ အဆောင်
    ၁။ အိမ်မကိုယ်၏ ရှေ့ဘက်မှ ဆက်၍ ထုတ်ထားသော အဆောင်။ ၂။ အိမ်တွင် လှေကား နှစ်ခု အစပ်ကြား၌ ဆက်သွယ် ထုတ်ထားသော အဆောင်
    none
    နာမ်

    ဆင်ခေါင်းလီ

    [sʰɪ̀ɴkʰèàɪ́ɴlí]
    အဟိတောင် ထောင့်မှ တိုက်ခတ် လာရေ လေ
    အရှေ့တောင် ထောင့်မှ တိုက်ခတ် လာသော လေ
    wind
    နာမ်