Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 601–620 of 913 words

    ဆ

    ဆီဖူး

    [sʰípʰùး]
    ၁၊ လေ၊ အခိုး၊ ဓါတ်ငွီ့ အစဟိစွာရို့ အထဲမာ ကိန်းအောင် တွန်းကန် ထားသနန့် စူကား လာရေ အလုံးအဝန်း။ ပူဖေါင်း။ ၂၊ သပုံမြှုပ်၊ ကော်စေး အစဟိစွာရို့ကို လေဖြင့် မှုတ်ကစပ်သော ပူဖေါင်း
    ၁၊ လေ၊ အခိုး၊ ဓါတ်ငွေ့ စသည်တို့ အတွင်း၌ ကိန်းအောင် တွန်းကန် ထားသဖြင့် စူကား လာသည့် အလုံးအဝန်း။ ပူဖေါင်း။ ၂၊ ဆပ်ပြာမြှုပ်၊ ကော်စေး စသည်တို့ကို လေဖြင့် မှုတ်ကစားသော ပူဖေါင်း
    bubble
    နာမ်

    ဆီဖူး၂

    [sʰípʰùး၂]
    သတ္တဝါ ရို့မာ ကျင်ငယ် တည်ရာ အိတ်
    သတ္တဝါ တို့တွင် ကျင်ငယ် တည်ရာ အိတ်
    bladder
    ကြိယာ

    ဆီဖူးဝါး

    [sʰípʰùးwàး]
    အိမ်မိုး အခြင် ဆင်ရာ၍ အောက်ခံ လန့်ဆန့် အလျား ခြည်တုပ် ထားရရေ ဝါး
    အိမ်မိုး အခြင် ဆင်ရာ၍ အောက်ခံ ကန့်လန့် အလျား ချည်တုပ် ထားရသော ဝါး
    type of bamboo
    နာမ်

    ဆီးဖော်

    [sʰïpʰɔ̀]
    အနာရောဂါ အလိုက် ကုသရန် ဆီးကို စီမံ ပြုလုပ်ရေ
    အနာရောဂါ အလိုက် ကုသရန် ဆေးကို စီမံ ပြုလုပ်သည်
    compound medicine
    ကြိယာ

    ဆီးဗူးတောင်း

    [sʰïbùးtáʊɴ]
    ကုလားရို့ သောက်သော ပန်းတူ တမျိုး
    ကုလားတို့ သောက်သော ဆေးတံ တစ်မျိုး
    smoking pipe
    နာမ်

    ဆီမန်း

    [sʰímáɴ]
    ဇမ်းဗွက်
    ဘိလပ်မြေ
    cement
    နာမ်

    ဆီမန်း၂

    [sʰímáɴ၂]
    ဂါထာ မန္တရားရို့နန့် မန္တရားမန်း ထားရေ ဆီ
    ဂါထာ မန္တရားတို့ဖြင့် မန်းမှုတ် ထားသော ဆီ
    oil with mantras
    နာမ်

    ဆီးမမိ

    [sʰïmmì]
    ရောဂါ လွန်နိန်ပနာ ဆီးအစွမ်း ထိရောက်မှု မဟိ ဖြစ်တေ
    ရောဂါ လွန်နေ၍ ဆေးအစွမ်း ထိရောက်မှု မရှိ ဖြစ်သည်
    be in an advanced condition of illness
    ကြိယာ

    ဆီးမိ

    [sʰïmì]
    အနာနှင့် ဆီး သင့်လျော်ရေ။ ထိရောက်မှု ဟိရေ
    အနာနှင့် ဆေး သင့်လျော်သည်။ ထိရောက်မှု ရှိသည်
    receive medical teatment in time
    ကြိယာ

    ဆီမီး

    [sʰímï]
    ဘုရား၊ စာတီ၊ ပုထိုး အစဟိစွာရို့မာ ညှိထွန်း ထားရေ မီးကို ခြုံ၍ ခေါ်သော စကားလုံး
    ဘုရား၊ စေတီ၊ ပုထိုး စသည်တို့၌ ညှိထွန်း ထားသော မီးကို ခြုံ၍ ခေါ်သော စကားလုံး
    oil lamp
    နာမ်

    ဆီမီး၂

    [sʰímï၂]
    ဆီမီးတိုင်ဖြင့် ပင်ဖြစ်ဖြစ်၊ မြီခွက်ငယ်၌ ဆီထည့်၍ ဗိုင်းလိပ်ဖြင့် ပင်ဖြစ်ဖြစ် ညှိထွန်းရရေ မီး။ ဖရားမီးထွန်း၊ သာဓုခေါ် (ဓမ္မက)
    ဖယောင်းတိုင်ဖြင့် လည်းကောင်း၊ မြေခွက်ငယ်၌ ဆီထည့်၍ ဗိုင်းလိပ်ဖြင့် လည်းကောင်း ညှိထွန်းရသော မီး။ ဆီမီးပူဇော်၊ သာဓုခေါ် (ဓမ္မက)
    oil lamp
    နာမ်

    ဆီမီးခွက်

    [sʰímïkʰwɛʔ]
    ရီနံ အစဟိစွာအနိန်နန့် မီးညှိထွန်း ရရေ ခွက်။ မီးခွက်ငယ်၊ ကူကားလျောက်ကေ၊ တောက်တုံပေဟု (ပန်း)
    ရေနံ စသည်ဖြင့် မီးညှိထွန်း ရသော ခွက်။ ဆီမီးခွက်ငယ်၊ ကူကားလျောက်ကေ၊ တောက်တုံပေဟု (ပန်း)
    oil lamp
    နာမ်

    ဆီမီးတင်

    [sʰímïtɪ̀ɴ]
    ရီနံ အစဟိစွာအနိန်နန့် မီးညှိထွန်း ရရေ ခွက်။ မီးခွက်ငယ်၊ ကူကားလျောက်ကေ၊ တောက်တုံပေဟု (ပန်း)
    ရေနံ စသည်ဖြင့် မီးညှိထွန်း ရသော ခွက်။ ဆီမီးခွက်ငယ်၊ ကူကားလျောက်ကေ၊ တောက်တုံပေဟု (ပန်း)
    oil lamp
    နာမ်

    ဆီမီးတိုင်

    [sʰímïtàɪɴ]
    ဆီမီးတိုင်။ အဝတ်ချာကို မီးစာ ထည့်၍ ထွန်းညှိရရေ တိုင်ပါရေ မီးခွက်
    ဖယောင်းတိုင်။ အဝတ်စကို မီးစာ ထည့်၍ ထွန်းညှိရသော တိုင်ပါသည့် ဆီမီးခွက်
    candle
    နာမ်

    ဆီမီးတုတ်

    [sʰímïtoʊʔ]
    ဝါးကျည်မာ ရီနံထည့်ပြီး မီးစာဖြင့် ညှိထွန်းရရေ အရာ။ မီးတုတ်
    ဝါးကျည်တွင် ရေနံထည့်ပြီး မီးစာဖြင့် ညှိထွန်းရသော အရာ။ မီးတုတ်
    flambo-torch
    နာမ်

    ဆီမီးတောက်

    [sʰímïtɔ́ɛʔ]
    (ဤဆီးမြစ်နန့် ဖော်စပ် ထားရေ ဆီးကို ကိုယ်ဝန် ဟိရေ မမာ့ရို့ စားသုံးမိ ပါက ကိုယ်ဝန်ကို ကျစီတတ်သည် ဆိုရေ) ဆီးဖက်ဝင်ရေ့ နွယ်ပင် တမျိုး
    (ဤဆေးမြစ်နှင့် ဖော်စပ် ထားသော ဆေးကို ကိုယ်ဝန် ရှိသော မိန်းမတို့ စားသုံးမိ ပါက ကိုယ်ဝန်ကို ကျစေတတ်သည် ဆိုသော) ဆေးဖက်ဝင်သည့် နွယ်ပင် တစ်မျိုး
    gloriosa creeper
    နာမ်

    ဆီမီးထောင်

    [sʰímïtʰàʊɴ]
    ဝါကျွတ်လ၌ ဘုရားကို ဆီမီး တထောင်ဖြင့် ညှိထွန်း ပူဇော်သော ပွဲ။ ဆီမီးထောင်၊ ပန်းထောင်ပေါ်စ၊ အသျှင်ပြည်မာ၊ ဝါကျွတ်လ (တေး)
    ဝါကျွတ်လ၌ ဘုရားကို ဆီမီး တစ်ထောင်ဖြင့် ညှိထွန်း ပူဇော်သော ပွဲ။ ဆီမီးထောင်၊ ပန်းထောင်ပေါ်စ၊ အသျှင်ပြည်မှာ၊ ဝါကျွတ်လ (တေး)
    none
    နာမ်

    ဆီမီးမြင်းမိုရ်ပွဲ

    [sʰímïmɹɪ́ɴmÒɹ်pwɛ]
    သတင်းကျွတ်လမာ မြင့်မိုရ်တောင်ကို အကြောင်းပြပြီးကေကေ စင်ဖြင့် ဆောက်ပြီး အထက်မာ ပြာသာဒ် တင်ဗျာယ် တက်လမ်း၊ သက်လမ်း နှစ်ခု တနည်း လေးခု ထားပြီးသား ဆီမီး ထွန်းညှိ ပူဇော်ရရေ ပွဲ
    သတင်းကျွတ်လတွင် မြင့်မိုရ်တောင်ကို အကြောင်းပြု၍ စင်ဖြင့် ဆောက်ပြီး အထက်၌ ပြာသာဒ် တင်လျက် တက်လမ်း၊ သက်လမ်း နှစ်ခု သို့မဟုတ် လေးခု ထားပြီး ဆီမီး ထွန်းညှိ ပူဇော်ရသော ပွဲ
    none
    နာမ်

    ဆီးမြီးတို

    [sʰïmɹïtÒ]
    ဆီးမြစ် မများပဲ နှစ်မျိုး သုံးမျိုးဖြင့် ဖော်စပ် ထားရေ ဆီး
    ဆေးမြစ် မများပဲ နှစ်မျိုး သုံးမျိုးဖြင့် ဖော်စပ် ထားသော ဆေး
    folk medicine
    နာမ်

    ဆီးရင်း

    [sʰïɹɪ́ɴ]
    အခြီခံအဖြစ် ဖော်စပ် ထားရေ ဆီး
    အခြေခံအဖြစ် ဖော်စပ် ထားသော ဆေး
    medicine
    နာမ်