Dictionary Entries
Showing 641–660 of 913 words
ဆ
ဆီးသုဉ်း
[sʰïθoʊɪ́ɴ]
Arakanese:
ဂြိုဟ် ရက်ချုပ် ညံ့ဖျင်း၍ ဆီးဝါးဖြင့် ကုသကေလေ့ ဆီးမစူးရှ ဖြစ်တေ
Burmese:
ဂြိုဟ် ဇာတာ ညံ့ဖျင်း၍ ဆေးဝါးဖြင့် ကုသသော်လည်း ဆေးမစူးရှ ဖြစ်သည်
English:
none
Grammar Note:
ကြိယာ
ဆီးအပ်
[sʰïʔaʔ]
Arakanese:
သစ်သား အစဟိစွာရို့မာ သုတ်လူး ထားရေ ဆီးသား၊ သွိခြောက်ရေ
Burmese:
သစ်သား စသည်တို့၌ သုတ်လိမ်း ထားသော ဆေးသား၊ သွေ့ခြောက်သည်
English:
dry
Grammar Note:
ကြိယာ
ဆီးအိမ်
[sʰïʔèɪɴ]
Arakanese:
ကိုယ်ခန္ဓာ အထဲ ကျင်ငယ် တည်ဟိရေ အိမ်
Burmese:
ကိုယ်ခန္ဓာ အတွင်း ကျင်ငယ် တည်ရှိသော အိမ်
English:
bladder
Grammar Note:
နာမ်
ဆီးအိုး
[sʰïʔó]
Arakanese:
ပန်းတူမာ ဆီးထည့်ပနာ သောက်ရရေ ခွက်
Burmese:
ဆေးတံတွင် ဆေးထည့်၍ သောက်ရသော ခွက်
English:
bowl of tobacco
Grammar Note:
နာမ်
ဆီးအုံ
[sʰïʔòʊɴ]
Arakanese:
အနာထက်မာ ဆီးကို မံထားရေ
Burmese:
အနာပေါ်တွင် ဆေးကို မံထားသည်
English:
medicaments such as salve liniment embrocation
Grammar Note:
ကြိယာ
ဆီးအုံ၂
[sʰïʔòʊɴ၂]
Arakanese:
ဆိပ်စအောက် မို့မောက် နိန်ရေ နီရာ
Burmese:
ဆီးစပ်အောက် မို့မောက် နေသော နေရာ
English:
suprapubic region
Grammar Note:
နာမ်
ဆီးအောင့်
[sʰïʔa̰ʊɴ]
Arakanese:
ကျင်ငယ် မလားပဲ နိန်ရေ။ ကျင်ငယ် တစက် တစက် လားရေ
Burmese:
ကျင်ငယ် မသွားပဲ နေသည်။ ကျင်ငယ် တစ်စက် တစ်စက် သွားသည်
English:
suffer pain in passing urine
Grammar Note:
ကြိယာ
ဆီဦး
[sʰíʔú]
Arakanese:
နို့မှ ထုတ်ယူသော အဆီခဲ။ ထောပတ်
Burmese:
နို့မှ ထုတ်ယူသော အဆီခဲ။ ထောပတ်
English:
butter
Grammar Note:
နာမ်
ဆု
[sʰoʊ]
Arakanese:
၁၊ လိုလား တောင့်တချက်။ ၂၊ ကြိုးပမ်း လုပ်ဆောင် ထမ်းရွက်မှု တခုခု အတွက် ဂုဏ်ပြုသည့် အနိန်နန့် ချီးမြှင့်အပ်ရေ အရာ
Burmese:
၁၊ လိုလား တောင့်တချက်။ ၂၊ ကြိုးပမ်း လုပ်ဆောင် ထမ်းရွက်မှု တစ်ခုခု အတွက် ဂုဏ်ပြုသည့် အနေဖြင့် ချီးမြှင့်အပ်သော အရာ
English:
prize
Grammar Note:
နာမ်
ဆုံ
[sʰòʊɴ]
Arakanese:
ခွဲပုံကျ ခွဲဝီရေ။ ဝယ်ယူ ခွဲဝီရေ။ အချိုးကျ အဖို့ အစု ခွဲဝီ ယူကတ်တေ။ ငါး တသိုက်ကို လူနှစ်ယောက် ဆုံကတ်တေ
Burmese:
ခွဲပုံကျ ခွဲဝေသည်။ ဝယ်ယူ ခွဲဝေသည်။ အချိုးကျ အဖို့ အစု ခွဲဝေ ယူကြသည်။ ငါး တစ်သိုက်ကို လူနှစ်ယောက် ဆုံကတ်တေ
English:
proportionately
Grammar Note:
ကြိယာ
ဆုံး
[sʰóʊɴ]
Arakanese:
၁၊ အသက် သီရေ။ ၂၊ ဖျက်ဆီးရေ။ ကွယ်ပျောက်ရေ။ ၃၊ အစွန်း၊ အဖျား အပြီးတိုင် ရောက်ရေ
Burmese:
၁၊ အသက် သေသည်။ ၂၊ ဖျက်ဆီးသည်။ ပျောက်ကွယ်သည်။ ၃၊ အစွန်း၊ အဖျား အပြီးတိုင် ရောက်သည်
English:
die
Grammar Note:
နာမ်
ဆုံ၂
[sʰòʊɴ၂]
Arakanese:
တွိရေ။ ကြုံတွိရေ။ တတူတကွ ဖြစ်တေ။ တိုက်ဆိုင်သည်
Burmese:
တွေ့သည်။ ကြုံကြိုက်သည်။ အတူတကွ ဖြစ်သည်။ တိုက်ဆိုင်သည်
English:
meet
Grammar Note:
ကြိယာ
ဆုံ၃
[sʰòʊɴ၃]
Arakanese:
၁၊ ပါးကြိတ်ရန် ပြုလုပ်ထားရေ သစ်သားခွက်။ ဆီဆုံ။ ၂၊ ဝန် အမျိုးမျိုးကို ကျမွိဖြင့် ထောင်းထုရန် ပြုလုပ် ထားရေ သစ်သား ခွက်။ ကျောက်ခွက် စရေ။ ၃၊ စပါး၊ ဆန် အစဟိစွာ ထောင်းထုရန် ပြုလုပ် ထားရေ ကျောက်ခွက်။ မောင်းဆုံ။ လက်ဖွပ်ဆုံ။ ၄၊ တိုင် အစဟိစွာ စိုက်ထောင်ရန် ထွင
Burmese:
၁၊ ဆီကြိတ်ရန် ပြုလုပ်ထားသော သစ်သားခွက်။ ဆီဆုံ။ ၂၊ ပစ္စည်း အမျိုးမျိုးကို ကျည်ပွေ့ဖြင့် ထောင်းထုရန် ပြုလုပ် ထားသော သစ်သား ခွက်။ ကျောက်ခွက် စသည်။ ၃၊ စပါး၊ ဆန် စသည် ထောင်းထုရန် ပြုလုပ် ထားသော ကျောက်ခွက်။ မောင်းဆုံ။ လက်ဖွပ်ဆုံ။ ၄၊ တိုင် စသည် စိုက်ထောင်ရန် ထွင
English:
oil press (ox drivern)
Grammar Note:
နာမ်
ဆုံကာ
[sʰòʊɴkà]
Arakanese:
စပါး၊ ဆန် ထောင်းရေအခါ မဖိတ်စဉ် ရယောင် ဆုံဝထိပ်၌ ကာထားရေ အရာ။ (ယင်းကို နှီးဖြင့် ရက်၍ ပင်ဖြစ်ဖြစ်၊ သံပြားကို အဝိုင်း လိုက်ပင်ဖြစ်ဖြစ် ပြုလုပ် ထားကတ်တေ။) ယင်း ဆုံကာကို ဆုံတား၊ ဆုံပန်း (ဆုံပွန်း)၊ ကဝပ်ခြီ၊ မောင်းကာ၊ အိုးလှိုင်ဟု ခေါ်ကြောင်းကို လည်း သိရရေ။
Burmese:
စပါး၊ ဆန် ထောင်းသောအခါ မဖိတ်စဉ် ရအောင် ဆုံဝထိပ်၌ ကာထားသော အရာ။ (၎င်းကို နှီးဖြင့် ရက်၍ လည်းကောင်း၊ သံပြားကို အဝိုင်း လိုက်လည်းကောင်း ပြုလုပ် ထားကြသည်။) ယင်း ဆုံကာကို ဆုံတား၊ ဆုံပန်း (ဆုံပွန်း)၊ ကဝပ်ခြီ၊ မောင်းကာ၊ အိုးလှိုင်ဟု ခေါ်ကြောင်းကို လည်း သိရသည်။
English:
none
Grammar Note:
နာမ်
ဆုခံ
[sʰoʊkʰံ]
Arakanese:
ကြိုးပမ်း လုပ်ဆောင် ထမ်းရွက်မှု တရပ်ရပ်အတွက် တခုတရီ ရလိုသည့် အနိန်နန့် ခံယူရေ
Burmese:
ကြိုးပမ်း လုပ်ဆောင် ထမ်းရွက်မှု တစ်ရပ်ရပ်အတွက် တစ်စုံတစ်ခု ရလိုသည့် အနေဖြင့် ခံယူသည်
English:
prize
Grammar Note:
ကြိယာ
ဆုံးခန်းတိုင်
[sʰóʊɴkʰáɴtàɪɴ]
Arakanese:
ပြီးပြည့် စုံသည်၏ အဖြစ်
Burmese:
ပြီးပြည့် စုံသည်၏ အဖြစ်
English:
finish
Grammar Note:
နာမ်
ဆုံးခန်းတိုင်၂
[sʰóʊɴkʰáɴtàɪɴ၂]
Arakanese:
အထွတ် အထိပ် အပြီးသို့ တိုင်ရောက်ဗျာယ်
Burmese:
အထွတ် အထိပ် အပြီးသို့ တိုင်ရောက်လျက်
English:
finish
Grammar Note:
ကြိယာဝိသေသန
ဆုချ
[sʰoʊɕ]
Arakanese:
ကြိုးပမ်း လုပ်ဆောင် ထမ်းရွက်မှု တခုခုအတွက် ဂုဏ်ပြုသည့် အနိန်နန့် ရွှီ၊ ငွီ၊ အထည် အစဟိစွာရို့ကို ပီးရေ
Burmese:
ကြိုးပမ်း လုပ်ဆောင် ထမ်းရွက်မှု တစ်ခုခုအတွက် ဂုဏ်ပြုသည့် အနေဖြင့် ရွှေ၊ ငွေ၊ အထည် စသည်တို့ကို ပေးသည်
English:
prize
Grammar Note:
ကြိယာ
ဆုံးချင်း
[sʰóʊɴɕɪ́ɴ]
Arakanese:
တဖက်မှ တဖက်သို့ ဖေါက်ထွင်း ပေါက်ရောက်ဗျာယ်။ ထုတ်ချင်း။ တိုးလျှိုး။ အဆုံးသို့ ရောက်ရေ ထိတောင်
Burmese:
တစ်ဖက်မှ တစ်ဖက်သို့ ဖေါက်ထွင်း ပေါက်ရောက်လျက်။ ထုတ်ချင်း။ တိုးလျှိုး။ အဆုံးသို့ ရောက်သည့် တိုင်အောင်
English:
straight through
Grammar Note:
ကြိယာဝိသေသန
ဆုံးချင်းမည်း
[sʰóʊɴɕɪ́ɴmɛ́]
Arakanese:
တပါးသော အရောင် မနှော၊ ပကတိ အထူး မဲနက်ရေ အရောင် ဟိရေ
Burmese:
တစ်ပါးသော အရောင် မနှော၊ ပကတိ အထူး မည်းနက်သော အရောင် ရှိသော
English:
black
Grammar Note:
နာမဝိသေသန