Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 681–700 of 913 words

    ဆ

    ဆုတ်ဆုတ်

    [sʰoʊʔsʰoʊʔ]
    ကြောက်ကြောက် လန့်လန့်၊ မရဲမဝံ့ပဲ နောက်ကို ပြန်ရန် အားထုတ်ဗျာယ်
    ကြောက်ကြောက် လန့်လန့်၊ မရဲမဝံ့ပဲ နောက်သို့ ပြန်ရန် အားထုတ်လျက်
    retreat
    ကြိယာဝိသေသန

    ဆုတ်တက်ကဲတက်

    [sʰoʊʔtɛʔkɛtɛʔ]
    ၁၊ တပ်ခြံ စိုက်ရာမာ သစ်သား၊ ဝါး အစဟိစွာရို့ကို အတန်းလိုက် စိုက်ထူရာမာ အာ့လုံးမကျပဲ တခုတို၍ တခုရှည်။ ၂၊ အတိုအရှည်။ အနိမ့်အမြင့်။ ဟိတိုး နောက်ဆုတ်အစဟိစွာ
    ၁၊ ခြံစည်းရိုး စိုက်ရာတွင် သစ်သား၊ ဝါး စသည်တို့ကို အတန်းလိုက် စိုက်ထူရာ၌ တပြေးတည်း မကျပဲ တစ်ခုတို၍ တစ်ခုရှည်။ ၂၊ အတိုအရှည်။ အနိမ့်အမြင့်။ ရှေ့တိုး နောက်ဆုတ်စသည်
    none
    ကြိယာ

    ဆုတ်မဆိုင်း

    [sʰoʊʔmsʰáɪɴ]
    အယင့်အယင်။ အဂု။ မဆိုင်းမငံ့။ သွက်လက် ဖြတ်လပ်စွာ
    အလျင်အမြန်။ ချက်ချင်း။ မဆိုင်းမငံ့။ သွက်လက် ဖျတ်လပ်စွာ
    immediately
    ကြိယာဝိသေသန

    ဆုတ်ယုတ်

    [sʰoʊʔjoʊʔ]
    တဆတ်ဆတ် နည်း၍ လားရေ။ အရွီအတွက် မပြည့်မိ ဖြစ်တေ။ နိမ့်ကျဲ လားရေ။ အကျိုးမဲ့ ဖြစ်လှားရေ
    တဖြည်းဖြည်း နည်း၍ သွားသည်။ အရေအတွက် မပြည့်မိ ဖြစ်သည်။ နိမ့်ကျဲ သွားသည်။ အကျိုးမဲ့ ဖြစ်သွားသည်
    decrease
    ကြိယာ

    ဆုနှင်း

    [sʰoʊn̥ɪ́ɴ]
    ဆု ချီးမြှင့် ပီးအပ်ရေ
    ဆု ချီးမြှင့် ပေးအပ်သည်
    reward
    ကြိယာ

    ဆုပန်

    [sʰoʊpàɴ]
    ရဟိ ခံစား လိုချင်စိတ် ဟိစွာကို လိုလား တောင့်တသည်
    ရရှိ ခံစား လိုချင်စိတ် ရှိသည်ကို လိုလား တောင့်တသည်
    pray
    ကြိယာ

    ဆုံပန်း

    [sʰòʊɴpáɴ]
    စပါး၊ ဆန် ထောင်းရေအခါ မဖိတ်စဉ် ရယောင် ဆုံဝထိပ်၌ ကာထားရေ အရာ။ (ယင်းကို နှီးဖြင့် ရက်၍ ပင်ဖြစ်ဖြစ်၊ သံပြားကို အဝိုင်း လိုက် ပင်ဖြစ်ဖြစ် ပြုလုပ် ထားကတ်တေ။) ယင်း ဆုံကာကို ဆုံတား၊ ဆုံပန်း (ဆုံပွန်း)၊ ကဝပ်ခြီ၊ မောင်းကာ၊ အိုးလှိုင်ဟု ခေါ်ကြောင်း ကိုလေ့ သိရရေ။
    စပါး၊ ဆန် ထောင်းသောအခါ မဖိတ်စဉ် ရအောင် ဆုံဝထိပ်၌ ကာထားသော အရာ။ (၎င်းကို နှီးဖြင့် ရက်၍ လည်းကောင်း၊ သံပြားကို အဝိုင်း လိုက် လည်းကောင်း ပြုလုပ် ထားကြသည်။) ယင်း ဆုံကာကို ဆုံတား၊ ဆုံပန်း (ဆုံပွန်း)၊ ကဝပ်ခြီ၊ မောင်းကာ၊ အိုးလှိုင်ဟု ခေါ်ကြောင်း ကိုလည်း သိရသည်။
    none
    နာမ်

    ဆုံပိုင်း

    [sʰòʊɴpáɪɴ]
    စပါး၊ ဆန် ထောင်းဖွပ်သော လက်ဖွပ်ဆုံကို ခေါ်သော အမည်
    စပါး၊ ဆန် ထောင်းဖွပ်သော လက်ဖွပ်ဆုံကို ခေါ်သော အမည်
    hand mill to husk grain
    နာမ်

    ဆုပီး

    [sʰoʊpï]
    ကြိုးပမ်း လုပ်ဆောင် ထမ်းရွက်မှု အတွက် ဂုဏ်ပြုသည့် အနိန်နန့် တစုံ တခုကို ပီးရေ
    ကြိုးပမ်း လုပ်ဆောင် ထမ်းရွက်မှု အတွက် ဂုဏ်ပြုသည့် အနေဖြင့် တစ်စုံ တစ်ခုကို ပေးသည်
    reward
    ကြိယာ

    ဆုံးပါး

    [sʰóʊɴpàး]
    ၁၊ ပကတိ အခြီအရဲမှ ယွင်းရွေ့ ဖေါက်ပြန်ရေ။ ကွယ်ပ ရေ။ ၂၊ အသက် သီရေ။ ကွယ်လွန်ရေ။ သီကြီပျက်ပြား၊ ဆုံးပါးလားသို့ (ရခိုင်ကာ)
    ၁၊ ပကတိ အခြေအနေမှ ယွင်းရွေ့ ဖေါက်ပြန်သည်။ ကွယ်ပ သည်။ ၂၊ အသက် သေသည်။ ကွယ်လွန်သည်။ သေကြေပျက်ပြား၊ ဆုံးပါးလားသို့ (ရခိုင်ကာ)
    die
    ကြိယာ

    ဆုပ်

    [sʰoʊʔ]
    ၁၊ တစုံ တခုကို လက်ချောင်းတိနန့် ကျပ်တည်း သိပ်သည်းစွာ ကုပ်ထားရေ။ လက်ချောင်း တိနန့် ကျစ်ကျစ် ဖြစ်ယောင် ပြုရေ။ ၂၊ ထမင်း၊ ကောက်ညင်း စစွာကို အဆုပ် ဖြစ်ယောင် လုပ်ရေ။ တဆုပ် နှစ်ဆုပ်-ထမင်းဆုပ်၊ ဆင်ဆီဆုပ်လို့ ပီး--ပီး (တေး)။ ၃၊ လက်ဖြင့် (ဆုပ်) နယ်သ
    ၁၊ တစ်စုံ တစ်ခုကို လက်ချောင်းများဖြင့် ကျပ်တည်း သိပ်သည်းစွာ ကုပ်ထားသည်။ လက်ချောင်း များဖြင့် ကျစ်ကျစ် ဖြစ်အောင် ပြုသည်။ ၂၊ ထမင်း၊ ကောက်ညင်း စသည်ကို အဆုပ် ဖြစ်အောင် လုပ်သည်။ တစ်ဆုပ် နှစ်ဆုပ်-ထမင်းဆုပ်၊ ဆင်ဆီဆုပ်လို့ ပီး--ပီး (တေး)။ ၃၊ လက်ဖြင့် (ဆုပ်) နယ်သ
    grasp
    ကြိယာ

    ဆုပ်၂

    [sʰoʊʔ၂]
    လက်ဆုပ်ဖြင့် ယူနှိုင်ရေ အရွယ်အစား
    လက်ဆုပ်ဖြင့် ယူနိုင်သော အရွယ်အစား
    grasp
    နာမ်

    ဆုပ်ကိုင်

    [sʰoʊʔkàɪɴ]
    မလှုပ် မရွေ့ နနောင်းစွာ လက်ဖြင့် စွဲ(ကိုင်) ယူရေ
    မလှုပ် မရွေ့ ခိုင်မာစွာ လက်ဖြင့် စွဲ(ကိုင်) ယူသည်
    grasp
    ကြိယာ

    ဆုံဖက်ငါးပိ

    [sʰòʊɴpʰɛʔŋàးpì]
    မညက် တညက် ထောင်းထားရေ ငါးငပိ
    မညက် တညက် ထောင်းထားသော ငါးငပိ
    ngapi
    နာမ်

    ဆုံးဖြတ်

    [sʰóʊɴpʰɹaʔ]
    ဆက်ပနာ ဆောင်ရွက်ရန် မဟိ ဖြစ်တေ။ ပြီးပြတ် စီရေ
    ဆက်လက် ဆောင်ရွက်ရန် မရှိ ဖြစ်သည်။ ပြီးပြတ် စေသည်
    decide
    ကြိယာ

    ဆုံးမ

    [sʰóʊɴm]
    ၁၊ တိုးတက်ရေ့ အသိဉာဏ် ဟိအောင် လုပ်ရေ။ တတ်သိ နားလည် အောင် ပြသရေ။ ၂၊ အပြစ်တစုံ တရာအတွက် ဒဏ်ပီးရေ။ ပြစ်မှု ကျူးလွန် သည့်အတွက် အပြစ် ဒဏ်ပီးသည်
    ၁၊ တိုးတက်သည့် အသိဉာဏ် ရှိအောင် လုပ်သည်။ တတ်သိ နားလည် အောင် ပြသသည်။ ၂၊ အပြစ်တစ်စုံ တစ်ရာအတွက် ဒဏ်ပေးသည်။ ပြစ်မှု ကျူးလွန် သည့်အတွက် အပြစ် ဒဏ်ပေးသည်
    punish
    ကြိယာ

    ဆုံးမစာ

    [sʰóʊɴmsà]
    တိုးတက်ရေ့ အသိဉာဏ် ဟိအောင် သွန်သင် ပြသ ညွှန်ကြား ပီးရေ စာ
    တိုးတက်သည့် အသိဉာဏ် ရှိအောင် သွန်သင် ပြသ ညွှန်ကြား ပေးသော စာ
    written homily
    နာမ်

    ဆုရ

    [sʰoʊɹ]
    ကြိုးပမ်း လုပ်ဆောင် ထမ်းရွက်မှု တရပ်ရပ် အတွက် ဂုဏ်ပြု ခံရရေ အနိန်နန့် ရွှီ၊ ငွီ၊ အထည် အစဟိစွာအနိန်နန့် တခုခု ရရေ
    ကြိုးပမ်း လုပ်ဆောင် ထမ်းရွက်မှု တစ်ရပ်ရပ် အတွက် ဂုဏ်ပြု ခံရသည့် အနေဖြင့် ရွှေ၊ ငွေ၊ အထည် စသည်ဖြင့် တစ်ခုခု ရသည်
    prize
    ကြိယာ

    ဆုံးရှုံး

    [sʰóʊɴʃóʊɴ]
    ၁၊ တဆတ်ဆတ် အကျိုး လျော့ပါး နည်းလားရေ။ နစ်နာရေ။ ၂၊ ပကတိ ကောင်းမွန်သော အခြီအရဲမှ ယွင်းရွေ့ ဖေါက်ပြန်ရေ။ ၃၊ အသက် သီရေ
    ၁၊ တဖြည်းဖြည်း အကျိုး လျော့ပါး နည်းသွားသည်။ နစ်နာသည်။ ၂၊ ပကတိ ကောင်းမွန်သော အခြေအနေမှ ယွင်းရွေ့ ဖေါက်ပြန်သည်။ ၃၊ အသက် သေသည်
    lose
    ကြိယာ

    ဆုံလည်

    [sʰòʊɴlɛ̀]
    ဝိုင်းပတ်ပတ် လည်ပတ် နှိုင်ယောင် အရာ ဝန် တခုမာ တပ်ဆင် ထားရေ အရာ
    ဝိုင်းပတ်ပတ် လည်ပတ် နိုင်အောင် အခြား ပစ္စည်း တစ်ခုတွင် တပ်ဆင် ထားသော အရာ
    swivel
    နာမ်