Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 721–740 of 913 words

    ဆ

    ဆူးလွီ

    [sʰùးlwí]
    ဆားငန်ရေ မှီရာမာ ပေါက်တတ်ရေ အစူး ဟိရေ အပင် တမျိုး
    ဆားငန်ရေ မှီရာတွင် ပေါက်တတ်သော အဆူး ရှိသော အပင် တစ်မျိုး
    plant
    နာမ်

    ဆူဝှန်

    [sʰùʍàɴ]
    အသက်ထွက် လုခမန်း ကြောက်ရွံ့ တုန်လှုပ်ဗျာယ်။ ကြောက်ကြီး ပြင်းထန်း၊ သည်းဆူ ဝှန်ယောင်၊ မခံရပ်တည် (ထွန်းတိ)
    အသက်ထွက် လုခမန်း ကြောက်ရွံ့ တုန်လှုပ်လျက်။ ကြောက်ကြီး ပြင်းထန်း၊ သည်းဆူ ဝှန်ယောင်၊ မခံရပ်တည် (ထွန်းတိ)
    frighten
    ကြိယာဝိသေသန

    ဆူဝှန်၂

    [sʰùʍàɴ၂]
    အပူဟိန်ဖြင့် ပြွက်ပြွက်ဆူပြီးကေ အပြင်သို့ လျှံကျရေ
    အပူရှိန်ဖြင့် ဆူပွက်၍ အပြင်သို့ လျှံကျသည်
    well
    ကြိယာဝိသေသန

    ဆူးဟင်းခနွယ်

    [sʰùးhɪ́ɴkʰnwɛ̀]
    စူးဟိရေ ဟင်းနုနယ် ပင်တမျိုး။ (အဖြူ၊ အရဲ နှစ်မျိုး ဟိရေ။
    ဆူးရှိသော ဟင်းနုနယ် ပင်တစ်မျိုး။ (အဖြူ၊ အနီ နှစ်မျိုး ရှိသည်။
    Amaranthus spinosus
    နာမ်

    ဆောက်

    [sʰɔ́ɛʔ]
    ၁၊ အချောင်း၊ အတံ စစွာကို စိုက်ထောင်ရေ။ ၂၊ အချောင်း၊ အတံ စစွာကို မြေမာ တပိုင်း မြှုပ်ထားရေ။ ၃၊ ထမင်း၊ ဟင်း စစွာကို ချက်ရေ။ ကျွတ်ကျွတ်လည်းဆူ၊ ထိပ်မာမူလီ၊ ရီပူဆောက်သို့ (ရာမ)။ ၄၊ သစ်၊ ဝါး စစွာတိနန့် အဆောက် အအုံကို ပြုလုပ်ရေ။ ‘အိမ်ဆောက်၊ ကျောင်းဆေ
    ၁၊ အချောင်း၊ အတံ စသည်ကို စိုက်ထောင်သည်။ ၂၊ အချောင်း၊ အတံ စသည်ကို မြေတွင် တစ်ပိုင်း မြှုပ်ထားသည်။ ၃၊ ထမင်း၊ ဟင်း စသည်ကို ချက်သည်။ ကျွတ်ကျွတ်လည်းဆူ၊ ထိပ်မှာမူလေ၊ ရီပူဆောက်သို့ (ရာမ)။ ၄၊ သစ်၊ ဝါး စသည်တို့ဖြင့် အဆောက် အအုံကို ပြုလုပ်သည်။ ‘အိမ်ဆောက်၊ ကျောင်းဆေ
    build
    ကြိယာ

    ဆောက်၂

    [sʰɔ́ɛʔ၂]
    သစ်သား၊ ကျောက် စစွာကို ထွင်းထုရန် အတွက် အရိုးတပ် ထားရေ့ ထက်သော သံ ပိုင်
    သစ်သား၊ ကျောက် စသည်ကို ထွင်းထုရန် အတွက် အရိုးတပ် ထားသည့် ထက်သော သံ အသွား
    chisel
    နာမ်

    ဆောက်ကန်း

    [sʰɔ́ɛʔkáɴ]
    အဆက် အစပ် ကြောင်းတိကို တသားတည်း ဖြစ်ယောင် ကြိုးစစွာကို ရိုက်သွင်း ရရေ ပိုင် တုံးသော ဆောက်။ ဆောက်တုံး
    အဆက် အစပ် ကြောင်းများကို တစ်သားတည်း ဖြစ်အောင် ကြိုးစသည်ကို ရိုက်သွင်း ရသော အသွား တုံးသော ဆောက်။ ဆောက်တုံး
    chisel
    နာမ်

    ဆောက်ကုန်း

    [sʰɔ́ɛʔkóʊɴ]
    ပိုင်ခုံးသော ဆောက်
    အသွားခုံးသော ဆောက်
    gouge
    နာမ်

    ဆောက်ခတ်

    [sʰɔ́ɛʔkʰaʔ]
    ဆောက်ကို ရိုက်ရန် လက်ရိုက်
    ဆောက်ကို ရိုက်ရန် လက်ရိုက်
    mallet
    နာမ်

    ဆောက်ခတ်၂

    [sʰɔ́ɛʔkʰaʔ၂]
    ၁၊ (ဆောက်ဖြင့် ရိုက်ခတ် ပိုင်) နား၌ မခံချိ မခံသာယောင် ပြောဆိုဗျာယ်။ ၂၊ ရိုင်းစိုင်းစွာ
    ၁၊ (ဆောက်ဖြင့် ရိုက်ခတ် သကဲ့သို့) နား၌ မခံချိ မခံသာအောင် ပြောဆိုလျက်။ ၂၊ ရိုင်းစိုင်းစွာ
    rude
    နာမ်

    ဆောက်တည်

    [sʰɔ́ɛʔtɛ̀]
    ၁၊ စိတ်ကို တိုင်းစွာ တနီရာ တည်းမာ စစွဲမမြဲ ထားရေ။ ပူပင် သောက ဖြစ်ပနာ စိတ် ဆောက်တည်ရာ မရသိလို့ ရူးသွပ်သည့် ပိုင် ဖြစ်ရရှာ၏။ ၂၊ တိုင်းစွာ ထိန်းသိမ်း စောင့်ရှောက်သည်
    ၁၊ စိတ်ကို တည်ငြိမ်စွာ တစ်နေရာ တည်းတွင် စွဲစွဲမြဲမြဲ ထားသည်။ ပူပင် သောက ဖြစ်၍ စိတ် ဆောက်တည်ရာ မရသဖြင့် ရူးသွပ်သည့် အလား ဖြစ်ရရှာ၏။ ၂၊ တည်ငြိမ်စွာ ထိန်းသိမ်း စောင့်ရှောက်သည်
    without control or restraint
    ကြိယာ

    ဆောက်ထူ

    [sʰɔ́ɛʔtʰù]
    တိုင်းပြည်ကို အုပ်ချုပ်ပနာ မင်း စည်းစိမ်ကို ခံစားရေ။ စိုးစံရေ။ ထီးနန်းဆောက်ထူ၊ စိုးတော်မူ၏ (ရှီးထုံး)
    တိုင်းပြည်ကို အုပ်ချုပ်၍ မင်း စည်းစိမ်ကို ခံစားသည်။ စိုးစံသည်။ ထီးနန်းဆောက်ထူ၊ စိုးတော်မူ၏ (ရှေးထုံး)
    reign and rule
    ကြိယာ

    ဆောက်နှင်း

    [sʰɔ́ɛʔn̥ɪ́ɴ]
    ၁၊ နစပ်ရေ။ ၂၊ အပ်နှံရေ။ ပီးအပ်ရေ
    ၁၊ ပေးစားသည်။ ၂၊ အပ်နှံသည်။ ပေးအပ်သည်
    give away in marriage
    ကြိယာ

    ဆောက်ပုတ်

    [sʰɔ́ɛʔpoʊʔ]
    နံဖီးသုံး လက်နက် ကိရိယာ တမျိုး။ တုတ်၊ ဓါး၊ လက်နက်၊ ဆောက်ပုတ် ရို့နန့် ပစ်ခတ်လီသော် ကုလားရို့စွာ မခံမရပ် နိုင်အတွက်နန့် ထွက်ဗြီး ကတ်လီရေ (တောင်)
    အနီးသုံး လက်နက် ကိရိယာ တစ်မျိုး။ တုတ်၊ ဓါး၊ လက်နက်၊ ဆောက်ပုတ် တို့ဖြင့် ပစ်ခတ်လေသော် ကုလားတို့သည် မခံမရပ် နိုင်သောကြောင့် ထွက်ပြေး ကြလေသည် (တောင်)
    run away
    နာမ်

    ဆောက်ပြား

    [sʰɔ́ɛʔpɹá]
    ပြားသော ပိုင်ဟိရေ ဆောက်
    ပြားသော အသွားရှိသော ဆောက်
    chisel
    နာမ်

    ဆောက်လုပ်

    [sʰɔ́ɛʔloʊʔ]
    တိုက်၊ အိမ် အစဟိစွာ့ အဆောက် အဦး တခုခုကို ဖွဲ့စည်း ပြုလုပ်ရေ
    တိုက်၊ အိမ် စသည့် အဆောက် အဦး တစ်ခုခုကို ဖွဲ့စည်း ပြုလုပ်သည်
    build
    ကြိယာ

    ဆောင်

    [sʰàʊɴ]
    ၁၊ တနီရာမှ တနီရာသို့ ခေါ်ယူလာရေ။ တပါတည်း လိုက်ပါစီရေ။ ၂၊ အသွင်၊ အယောင်၊ အကွန်ဆောင်၊ တုပ၊ ပြုမူခြင်း အစဟိစွာရို့ကို ပြုလုပ်ရေ။ တပည့်သည် သမင်ယောင် ဆောင်ပနာ ပြေးလေလျှင် ဆရာကကျား ယောင်ဆောင်ပနာ လိုက်လီ၏ (နက္ခတ္တ)။ ၃၊ အသီးအပွင့် ဖြစ်ထွန်းရေ။ အပင်၊ ဝါးပင် ရို့သ
    ၁၊ တစ်နေရာမှ တစ်နေရာသို့ ခေါ်ယူလာသည်။ တပါတည်း လိုက်ပါစေသည်။ ၂၊ အသွင်၊ အယောင်၊ ဟန်ဆောင်၊ တုပ၊ ပြုမူခြင်း စသည်တို့ကို ပြုလုပ်သည်။ တပည့်သည် သမင်ယောင် ဆောင်၍ ပြေးလေလျှင် ဆရာကကျား ယောင်ဆောင်၍ လိုက်လေ၏ (နက္ခတ္တ)။ ၃၊ အသီးအပွင့် ဖြစ်ထွန်းသည်။ သစ်ပင်၊ ဝါးပင် တို့သ
    carry
    ကြိယာ

    ဆောင့်

    [sʰa̰ʊɴ]
    ၁၊ အဟိန်ဖြင့် နင်လားငါလား တွန်းလိုက်ရေ။ တန်းခါးကို သိမ်းသွင်း့ပြီး ပိတ်လိုက်တေ။ ၂၊ အဟိန်ဖြင့် နင်လားငါလားထိရေ။ သစ်ငုတ်မာ ဆောင့်မိလို့ လားကျိုး လားခရေ။ ၃၊ မြေ မညီ မညွတ်သည့် အတွက်နန့် ကား၊ ရထား ခုန်ထွက်ရေ။ ၄၊ ကိုယ့် သဖောမလောင်းာက်ပနာ ပြန်လှန် ပြောဆိုခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ
    ၁၊ အရှိန်ဖြင့် တအား တွန်းလိုက်သည်။ တံခါးကို ဆွဲဆောင့်ပြီး ပိတ်လိုက်တေ။ ၂၊ အရှိန်ဖြင့် တအားထိသည်။ သစ်ငုတ်မှာ ဆောင့်မိလို့ သွားကျိုး လားခရေ။ ၃၊ မြေ မညီ မညွတ်သည့် အတွက်ကြောင့် ကား၊ ရထား ခုန်ထွက်သည်။ ၄၊ မိမိ သဘော မမျှ၍ ပြန်လှန် ပြောဆိုခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ
    collide-bang
    ကြိယာ

    ဆောင်း

    [sʰáʊɴ]
    မီးခွက်ကို တဖက်ဖွင့် စည်မာ ထည့်ပနာ ညည့်အခါ သား၊ ငှက်၊ တိရိစ္ဆာန် အစဟိစွာရို့ကို ဖမ်းသော ကိရိယာတမျိုး
    မီးခွက်ကို တစ်ဖက်ဖွင့် စည်တွင် ထည့်၍ ညည့်အခါ သား၊ ငှက်၊ တိရိစ္ဆာန် စသည်တို့ကို ဖမ်းသော ကိရိယာတစ်မျိုး
    conical basket for fishing
    နာမ်

    ဆောင်၂

    [sʰàʊɴ၂]
    ကျောင်းဆောင်၊ နန်းဆောင် အစဟိစွာရို့ကို ရွီတွက်ရာမာ သုံးရရေ စကားလုံး
    ကျောင်းဆောင်၊ နန်းဆောင် စသည်တို့ကို ရေတွက်ရာတွင် သုံးရသော စကားလုံး
    counting school
    နာမ်