Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 741–760 of 913 words

    ဆ

    ဆောင်း၂

    [sʰáʊɴ၂]
    နွေ၊ မိုး၊ ဆောင်းအနိန်နန့် ဥတု သုံးပါး ဟိရေမာ ချမ်းအီးသော (ဆောင်း)လ။ တန်ဆောင်မုန်း လပြည့်ကျော် တရက်နိမှ တပေါင်း လပြည့်နိအထိ လေးလရာသီ
    နွေ၊ မိုး၊ ဆောင်း အားဖြင့် ဥတု သုံးပါး ရှိသည်တွင် ချမ်းအေးသော (ဆောင်း)လ။ တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့မှ တပေါင်း လပြည့်နေ့အထိ လေးလရာသီ
    winter
    နာမ်

    ဆောင်း၃

    [sʰáʊɴ၃]
    အဂေါင်းထက်မာ မိုးကာရေ။ ၂၊ ဘိသိက်သွန်းရေ။ ရာဇဘိသိက်၊ ခတ်တံဆိပ်ဖြင့်၊ ဖြူရိပ်ဆောင်းကာ (ရခိုင်ကာ)
    ဦးခေါင်းပေါ်တွင် မိုးကာသည်။ ၂၊ ဘိသိက်သွန်းသည်။ ရာဇဘိသိက်၊ ခတ်တံဆိပ်ဖြင့်၊ ဖြူရိပ်ဆောင်းကာ (ရခိုင်ကာ)
    consecrate
    နာမ်

    ဆောင့်ကန်အောင့်ကန်

    [sʰa̰ʊɴkàɴʔa̰ʊɴkàɴ]
    စိတ်ဆတ်ခြင်း၊ စိတ်တိုခြင်း အစဟိစွာရို့ကို အမျက်ထွက်ခြင်း၊ မာန်ပါခြင်းနန့် လုပ်ဆောင်ရေ့ မျက်နှာမူဟန်။ အမူအရာ
    စိတ်ဆတ်ခြင်း၊ စိတ်တိုခြင်း စသည်တို့ကို အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်းဖြင့် လုပ်ဆောင်သည့် မျက်နှာမူဟန်။ အမူအရာ
    show dissatisfaction
    နာမ်

    ဆောင့်ကာအောင့်ကာ

    [sʰa̰ʊɴkàʔa̰ʊɴkà]
    စိတ်ဆတ်ခြင်း၊ စိတ်တိုခြင်း အစဟိစွာရို့ကို အမျက်ထွက်ခြင်း၊ မာန်ပါခြင်းနန့် လုပ်ဆောင်ရေ့ မျက်နှာ မူဟန်။ အမူအရာ
    စိတ်ဆတ်ခြင်း၊ စိတ်တိုခြင်း စသည်တို့ကို အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်းဖြင့် လုပ်ဆောင်သည့် မျက်နှာ မူဟန်။ အမူအရာ
    show dissatisfaction
    ကြိယာဝိသေသန

    ဆောင်ကြွားမောက်ကြွား

    [sʰàʊɴt͡ɕWàmɔ́ɛʔt͡ɕWà]
    မာန ခက်ထန် ထောင်လွှားသည့် အမူအရာ
    မာန ခက်ထန် ထောင်လွှားသည့် အမူအရာ
    haughty person
    နာမ်

    ဆောင့်ကြွားအောင့်ကြွား

    [sʰa̰ʊɴt͡ɕWàʔa̰ʊɴt͡ɕWà]
    မာန ခက်ထန် ထောင်လွှားရေ အမူအရာ
    မာန ခက်ထန် ထောင်လွှားသည့် အမူအရာ
    haughty person
    နာမ်

    ဆောင်ခန်းငယ်

    [sʰàʊɴkʰáɴŋɛ̀]
    ဆောင်မကြီးနှင့် တွဲကပ်၍ ဆောက်လုပ် ထားရေ အဆောင်ငယ်
    ဆောင်မကြီးနှင့် တွဲကပ်၍ ဆောက်လုပ် ထားသော အဆောင်ငယ်
    cubicle
    နာမ်

    ဆောင်းခါ

    [sʰáʊɴkʰà]
    ဆောင်းရာသီ။ ဆောင်းဥတု အချိန်အခါ
    ဆောင်းရာသီ။ ဆောင်းဥတု အချိန်အခါ
    winter
    နာမ်

    ဆောင်းခါဆီး

    [sʰáʊɴkʰàsʰï]
    (ဥပစာ) ကြမ်းတမ်း ခက်မာရေ။ ၂၊ ရိုင်းစိုင်းရေ။ ၃၊ ငေါက်ဆတ်သည်
    (ဥပစာ) ကြမ်းတမ်း ခက်မာသည်။ ၂၊ ရိုင်းစိုင်းသည်။ ၃၊ ငေါက်ဆတ်သည်
    rude
    ကြိယာ

    ဆောင်းခါဆီး၂

    [sʰáʊɴkʰàsʰï၂]
    (ဥပစာ) ၁၊ ကြမ်းတမ်း ခက်မာသော။ ၂၊ ရိုင်းစိုင်းသော။ ၃၊ ငေါက်ဆတ်သော
    (ဥပစာ) ၁၊ ကြမ်းတမ်း ခက်မာသော။ ၂၊ ရိုင်းစိုင်းသော။ ၃၊ ငေါက်ဆတ်သော
    rude
    နာမဝိသေသန

    ဆောင်းခါဆီး၃

    [sʰáʊɴkʰàsʰï၃]
    (ဥပစာ) ၁၊ ကြမ်းတမ်း ခက်မာသော သူ။ ၂၊ ရိုင်းစိုင်းသော သူ။ ၃၊ ငေါက်ဆတ်တတ် သူ
    (ဥပစာ) ၁၊ ကြမ်းတမ်း ခက်မာသော သူ။ ၂၊ ရိုင်းစိုင်းသော သူ။ ၃၊ ငေါက်ဆတ်တတ် သူ
    rude
    နာမ်

    ဆောင်ခြောင်ထိုင်

    [sʰàʊɴkʰɹàʊɴtʰàɪɴ]
    ခြေဖဝါးကို မြီမာ ချပနာ တင်သားကို မြီမာ မထိစီပဲ ဒူးနှစ်ဖက်ကို ထောင်ဗျာယ် ထိုင်သည်
    ခြေဖဝါးကို မြေမှာ ချ၍ တင်ပါးကို မြေမှာ မထိစေပဲ ဒူးနှစ်ဖက်ကို ထောင်လျက် ထိုင်သည်
    squat
    ကြိယာ

    ဆောင်ခြောင်ထိုင်၂

    [sʰàʊɴkʰɹàʊɴtʰàɪɴ၂]
    (ဥပစာ) ဝန်ဥစ္စာ နစ်နာ ဆုံးယှုံးခြင်း ခံရရေ။ ပျက်စီး ယိုယွင်း ဆုံးပါးခြင်းသို့ ရောက်ရေ
    (ဥပစာ) ပစ္စည်းဥစ္စာ နစ်နာ ဆုံးရှုံးခြင်း ခံရသည်။ ပျက်စီး ယိုယွင်း ဆုံးပါးခြင်းသို့ ရောက်သည်
    suffer
    ကြိယာ

    ဆောင်ခြောင်ထိုင်၃

    [sʰàʊɴkʰɹàʊɴtʰàɪɴ၃]
    လင် မရလိုက်ခြင်း၌ ပင်ဖြစ်ဖြစ်၊ အလွန် ညောင်းညာနိန်ပနာ ပင်ဖြစ်ဖြစ် တင်စားပနာ သုံးနှုန်းသော စကားလုံး။ လင်မရလို့ သမီးမှိုင်၊ အမိ ဆောင့်ခြောင် ထိုင်လဲဗျာ (သင်္ကြန်)
    လင် မရလိုက်ခြင်း၌ လည်းကောင်း၊ အလွန် မောပန်းနေ၍ လည်းကောင်း တင်စား၍ သုံးနှုန်းသော စကားလုံး။ လင်မရလို့ သမီးမှိုင်၊ အမိ ဆောင့်ခြောင် ထိုင်သလဲဗျာ (သင်္ကြန်)
    lose
    ကြိယာ

    ဆောင်းငွိ.နာ

    [sʰáʊɴŋwì.nà]
    နှာစီးသော အနာ။ နှာပိတ်သော အနာ။ ဆောင်းမွီရရေ အနာ
    နှာစေးသော အနာ။ နှာပိတ်သော အနာ။ နှာရည်ယိုသော အနာ
    catch cold turn a blind eye
    နာမ်

    ဆောင်းငွိ.ရ

    [sʰáʊɴŋwì.ɹ]
    အအီးမိ၍ နှာစီးရေ။ နခေါင်းပိတ်ခြင်း။ ဆောင်းမွီရခြင်း ဖြစ်တေ
    အအေးမိ၍ နှာစေးသည်။ နှာခေါင်းပိတ်ခြင်း။ နှာရည်ယိုခြင်း ဖြစ်သည်
    catch cold turn a blind eye
    ကြိယာ

    ဆောင်းငွိ.ရ၂

    [sʰáʊɴŋwì.ɹ၂]
    အအီးမိ၍ နခေါင်း ပိတ်ခြင်း၊ နှာရည် ယိုခြင်း၊ နှာစီးခြင်း အစဟိစွာ ဖြစ်တတ်ရေ အနာ
    အအေးမိ၍ နှာခေါင်း ပိတ်ခြင်း၊ နှာရည် ယိုခြင်း၊ နှာစေးခြင်း စသည် ဖြစ်တတ်သော အနာ
    catch cold turn a blind eye
    နာမ်

    ဆောင်းဆောင်း

    [sʰáʊɴsʰáʊɴ]
    အလွန်မြင့်သော ဖြိုးမောက်သော။ ညောင်မူရုက္ခ၊ မြင့်ရဆောင်းဆောင်း၊ သျှစ်သောင်းပါးပျိုင်း၊ ပြိုင်းရရိုင်းနှင့် (ဆဒ္ဒန်)။ ရွှီလှီရွှီလောင်း၊ တိုက်လှီပေါင်းနှင့်၊ ဆောင်းဆောင်းမြင့်မူ၊ ဂေါ်ဒူဟူသား (ရခိုင်ကာ)
    အလွန်မြင့်သော ဖြိုးမောက်သော။ ညောင်မူရုက္ခ၊ မြင့်ရဆောင်းဆောင်း၊ သျှစ်သောင်းပါးပျဉ်း၊ ပြိုင်းရရိုင်းနှင့် (ဆဒ္ဒန်)။ ရွှေလှီရွှေလောင်း၊ တိုက်လှီပေါင်းနှင့်၊ ဆောင်းဆောင်းမြင့်မူ၊ ဂေါ်ဒူဟူသား (ရခိုင်ကာ)
    highest
    နာမဝိသေသန

    ဆောင်းဆောင်း၂

    [sʰáʊɴsʰáʊɴ၂]
    ၁၊ မြေမှုန့်၊ ဖုံမှုန့် အစဟိစွာ လီထဲမာ လွင့်ပျံ့ နိန်ရေ။ ဗြီးခလျင်သည်၊ လွင့်စင်မြေမှုန့်၊ ဆောင်းဆောင်းတည်း (ရခိုင်ကာ)။ ၂၊ အခြည်းနှီး။ အကျိုးမဲ့ သတ်သတ်။ တခုတရီသော လုပ်ငန်း ဆောင်တာ အတွက် လားရာ အကြံ ယှူရေ သနန့် ပြန်လှည့် လာရရေ
    ၁၊ မြေမှုန့်၊ ဖုံမှုန့် စသည် လေထဲတွင် လွင့်ပျံ့ နေသည်။ ပြေးခဲ့လျင်သည်၊ လွင့်စင်မြေမှုန့်၊ ဆောင်းဆောင်းတည်း (ရခိုင်ကာ)။ ၂၊ အချည်းနှီး။ အကျိုးမဲ့ သက်သက်။ တစ်စုံတစ်ခုသော လုပ်ငန်း ဆောင်တာ အတွက် သွားရာ အကြံ မအောင်မြင် သဖြင့် ပြန်လှည့် လာရသည်
    unprofitable
    ကြိယာ

    ဆောင်းဆောင်း၃

    [sʰáʊɴsʰáʊɴ၃]
    တစုံ တခုသော လုပ်ငန်း ဆောင်တာ အတွက် လားရာ အကြံ ယှူရေ ခဲ့သနန့် အခြည်းအနှီး ပြန်လှည့် လာရာမာ သုံးသော စကားလုံး။ မောင်လှ နိုင်ငံခြားကို လားခွင့်မရလို့ အိမ်သို့ ဆောင်းဆောင်း ပြန်ရောက် တေ
    တစ်စုံ တစ်ခုသော လုပ်ငန်း ဆောင်တာ အတွက် သွားရာ အကြံ မအောင်မြင် ခဲ့သဖြင့် အချည်းအနှီး ပြန်လှည့် လာရာတွင် သုံးသော စကားလုံး။ မောင်လှ နိုင်ငံခြားကို လားခွင့်မရလို့ အိမ်ကို ဆောင်းဆောင်း ပြန်ရောက် တေ
    not success
    နာမ်