Dictionary Entries
Showing 761–780 of 913 words
ဆ
ဆောင့်ဆောင့်အောင့်အောင့်
[sʰa̰ʊɴsʰa̰ʊɴʔa̰ʊɴʔɔ́ɪ̰ɴ]
Arakanese:
မကျီနပ်ခြင်း၊ ပြန်လှန် ခုခံလိုခြင်း၊ စိတ်ကောက်ခြင်း၊ စိတ်ဆတ်ခြင်း၊ မာန်ပါခြင်း အစဟိစွာရို့ကို ပြုသည်
Burmese:
မကျေနပ်ခြင်း၊ ပြန်လှန် ခုခံလိုခြင်း၊ စိတ်ကောက်ခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်ဆိုးခြင်း စသည်တို့ကို ပြုသည်
English:
angry
Grammar Note:
ကြိယာ
ဆောင်းတန်း
[sʰáʊɴtáɴ]
Arakanese:
ဆောင်းရာသီမာ ညိအခါ၌ အာကာမာ တောင် မြောက် အဖြူရောင် တန်းဗျာယ် ပေါ်နိန်ရေ နဂါးငွီ့လမ်းကြောင်း
Burmese:
ဆောင်းရာသီတွင် ညဉ့်အခါ၌ ကောင်းကင်တွင် တောင် မြောက် အဖြူရောင် တန်းလျက် ပေါ်နေသော နဂါးငွေ့လမ်းကြောင်း
English:
milky way
Grammar Note:
နာမ်
ဆောင့်တောင့်အောင့်တောင့်
[sʰa̰ʊɴta̰ʊɴʔa̰ʊɴta̰ʊɴ]
Arakanese:
စိတ်ဆတ်ခြင်း၊ စိတ်တိုခြင်း အစဟိစွာရို့ကို အမျက်ထွက်ခြင်း၊ မာန်ပါ ခြင်းနန့် လုပ်ဆောင်ရေ့ မျက်နှာ မူဟန်။ အမူအရာ
Burmese:
စိတ်ဆတ်ခြင်း၊ စိတ်တိုခြင်း စသည်တို့ကို အမျက်ထွက်ခြင်း၊ စိတ်ဆိုး ခြင်းဖြင့် လုပ်ဆောင်သည့် မျက်နှာ မူဟန်။ အမူအရာ
English:
angry
Grammar Note:
နာမ်
ဆောင်းတွင်း
[sʰáʊɴtwɪ́ɴ]
Arakanese:
ဆောင်းရာသီ အချိန် ကာလ
Burmese:
ဆောင်းရာသီ အချိန် ကာလ
English:
winter
Grammar Note:
နာမ်
ဆောင်းဒူ
[sʰáʊɴdù]
Arakanese:
သစ်သား ပျိုင်ချပ် တိနန့် ပြုလုပ် ထားရေ ဆောင်းဒူ။ ထင်းရူး ဆောင်းဒူ
Burmese:
သစ်သား ပျဉ်ချပ် များဖြင့် ပြုလုပ် ထားသော သေတ္တာ။ ထင်းရူး သေတ္တာ
English:
pine box
Grammar Note:
နာမ်
ဆောင်နှင်း
[sʰàʊɴn̥ɪ́ɴ]
Arakanese:
၁၊ လင်မယား နစပ်ရေ။ ၂၊ လွှဲပြောင်း ပီးအပ်ရေ
Burmese:
၁၊ လင်မယား ပေးစားသည်။ ၂၊ လွှဲပြောင်း ပေးအပ်သည်
English:
give away in marriage
Grammar Note:
ကြိယာ
ဆောင်းပန်း(မ)
[sʰáʊɴpáɴ(m)]
Arakanese:
၁၊ ဆောင်းပန်း။ ၂၊ ခသျှေကို သိပ်ရန် ယိုင်း
Burmese:
၁၊ ဆောင်းပန်း။ ၂၊ ခလေးကို သိပ်ရန် ပုခက်
English:
cradle-ham-mock
Grammar Note:
နာမ်
ဆောင်ပန်းခွင်
[sʰàʊɴpáɴkʰwɪ̀ɴ]
Arakanese:
မီးဖွားရန်နှင့် ပြုစု စောင့်ရှောက်ရန် သီးသန့်အခန်း၊ မိန်းမားခန်း
Burmese:
မီးဖွားရန်နှင့် ပြုစု စောင့်ရှောက်ရန် သီးသန့်အခန်း၊ မီးနေခန်း
English:
confinement
Grammar Note:
နာမ်
ဆောင်ပုဒ်
[sʰàʊɴpoʊʔ]
Arakanese:
၁၊ အလွယ်ချေ ကျက်မှတ် နိုင်ဖို့ အကျိုင်းခြုံး၍ စီကုံးထားရေ စာ။ ၂၊ နှုတ်တက် ကျက်မှတ် ထားသင့် အပ်ရေ စကား
Burmese:
၁၊ အလွယ်တကူ ကျက်မှတ် နိုင်ရန် အကျဉ်းချုံး၍ စီကုံးထားသော စာ။ ၂၊ နှုတ်တက် ကျက်မှတ် ထားသင့် အပ်သော စကား
English:
motto-slogan
Grammar Note:
နာမ်
ဆောင်ပါ
[sʰàʊɴpà]
Arakanese:
ကိုယ်နှင့်မကွာ သယ်ယူရရေ အရာ
Burmese:
ကိုယ်နှင့်မကွာ သယ်ယူရသော အရာ
English:
carry
Grammar Note:
နာမ်
ဆောင်းပါး
[sʰáʊɴpàး]
Arakanese:
၁၊ လူကြုံဖြင့် ဖြစ်စီ၊ လူလွှတ်ပနာ ဖြစ်စီ၊ ဝေး၊ နီး အရပ်သို့ ပီးပို့သော အကြောင်းကြား စာ။ ဝန်၊ ဝတ္တု စရေ။ ၂၊ အသိ၊ အလိမ္မာ တိုးပွား နိုင်စီရန် သတင်းစာ၊ စာစောင် အစဟိစွာရို့မာ ထည့်သွင်းရေ့ ဗဟုသုတ စာတမ်း
Burmese:
၁၊ လူကြုံဖြင့် ဖြစ်စေ၊ လူလွှတ်၍ ဖြစ်စေ၊ ဝေး၊ နီး အရပ်သို့ ပေးပို့သော အကြောင်းကြား စာ။ ပစ္စည်း၊ ဝတ္တု စသည်။ ၂၊ အသိ၊ အလိမ္မာ တိုးပွား နိုင်စေရန် သတင်းစာ၊ စာစောင် စသည်တို့တွင် ထည့်သွင်းသည့် ဗဟုသုတ စာတမ်း
English:
article
Grammar Note:
နာမ်
ဆောင်းပွဲ
[sʰáʊɴpwɛ]
Arakanese:
ဆောင်းရာသီ ကုန်ဆုံးရေ။ လွန်မြောက်သည်
Burmese:
ဆောင်းရာသီ ကုန်ဆုံးသည်။ လွန်မြောက်သည်
English:
winter
Grammar Note:
ကြိယာ
ဆောင်းပွဲချိန်
[sʰáʊɴpwɛɕèɪɴ]
Arakanese:
ဆောင်းရာသီ ကုန်ခါနီး အချိန်
Burmese:
ဆောင်းရာသီ ကုန်ခါနီး အချိန်
English:
winter
Grammar Note:
နာမ်
ဆောင်းဖျား
[sʰáʊɴpʰrá]
Arakanese:
ဆောင်းရာသီမာ ဖျားတတ်ရေ အဖျား တမျိုး
Burmese:
ဆောင်းရာသီတွင် ဖျားတတ်သော အဖျား တစ်မျိုး
English:
fever
Grammar Note:
နာမ်
ဆောင်းဖြား
[sʰáʊɴpʰɹá]
Arakanese:
နိအခါမှ ဖြားရီ ကျပနာ ညိအခါမှ ဖြားရီ တိုးလာရေ၏ အဖြစ်
Burmese:
နေ့အခါတွင် ဒီရေ ကျ၍ ညဉ့်အခါတွင် ဒီရေ တိုးလာသည်၏ အဖြစ်
English:
tide
Grammar Note:
နာမ်
ဆောင်ဖြူ
[sʰàʊɴpʰɹù]
Arakanese:
တခုခုသော အဆောက်အအုံကို ဆောင်လုပ်ဖို့ အတွက် ပုံကြမ်း ဖော်သည်
Burmese:
တစ်ခုခုသော အဆောက်အအုံကို ဆောင်လုပ်ရန် အတွက် ပုံကြမ်း ဖော်သည်
English:
sketch-outline
Grammar Note:
ကြိယာ
ဆောင်မကြီး
[sʰàʊɴmt͡ɕï]
Arakanese:
(အဆောင်ငယ်များမာ) အကြီးဆုံးသော အဆောင်။ အဆောင်ကြီး
Burmese:
(အဆောင်ငယ်များတွင်) အကြီးဆုံးသော အဆောင်။ အဆောင်ကြီး
English:
main building
Grammar Note:
နာမ်
ဆောင်ယပ်
[sʰàʊɴjaʔ]
Arakanese:
အဆောင်နှင့် တွဲဆက် ဆောက်လုပ် ထားရေ အဆောင်ငယ်
Burmese:
အဆောင်နှင့် တွဲဆက် ဆောက်လုပ် ထားသော အဆောင်ငယ်
English:
small building
Grammar Note:
နာမ်
ဆောင်ယူ
[sʰàʊɴjù]
Arakanese:
၁၊ သယ်ဆောင်ရေ။ ၂၊ ခေါ်ယူ လာရေ။ (ရဟန်း၊ သံဃာတော် ရို့အား) ကြွလှာရန် ပင့်ဖိတ်သည်
Burmese:
၁၊ သယ်ဆောင်သည်။ ၂၊ ခေါ်ယူ လာသည်။ (ရဟန်း၊ သံဃာတော် တို့အား) ကြွလာရန် ပင့်ဖိတ်သည်
English:
invite respectfully
Grammar Note:
ကြိယာ
ဆောင်ရွက်
[sʰàʊɴɹwɛʔ]
Arakanese:
၁၊ တနီရာမှ တနီရာသို့ ရွိ့ပြောင်း ယူဆောင်ရေ။ ၂၊ ထမ်းဆောင်ရေ။ ၃၊ ခေါ်ယူ လားရေ။ ခေါ်ယူ လာရေ
Burmese:
၁၊ တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်း ယူဆောင်သည်။ ၂၊ ထမ်းဆောင်သည်။ ၃၊ ခေါ်ယူ သွားသည်။ ခေါ်ယူ လာသည်
English:
serve
Grammar Note:
ကြိယာ