Dictionary Entries
Showing 61–80 of 913 words
ဆ
ဆင့်ခေါ်
[sʰɪ̀ɴ့kʰɔ̀]
Arakanese:
လာရောက် လိုက်နာ ဆောင်ရွက်ရန် (အမိန့် အာဏာဖြင့်) ခေါ်ယူရေ။ ရပ်ကွက် စာကိုင်ရို့နန့် တကွ လယ်သမား ရို့အား ဆင့်ခေါ်တော် မူပြီးကေ (ဓညသစ်)
Burmese:
လာရောက် လိုက်နာ ဆောင်ရွက်ရန် (အမိန့် အာဏာဖြင့်) ခေါ်ယူသည်။ ရပ်ကွက် စာကိုင်တို့နှင့် တကွ လယ်သမား တို့အား ဆင့်ခေါ်တော် မူပြီးလျှင် (ဓညသစ်)
English:
summon
Grammar Note:
ကြိယာ
ဆင်ချဆိပ်
[sʰɪ̀ɴɕsʰìaʔ]
Arakanese:
၁၊ ဆင်များ ရီသောက်၊ ရီချိုးရန် ချသော ဆိပ်။ (ဟိးရက္ခိုင် ဘုရင်များ လက်ထက် ဆင်တိကို ရေချ ရီချိုးရန် ချသော ဆိပ်သည် မြောက်ဦးမြို့မာ ‘ဆင်ချဆိပ်’ ဆိုပနာ ဂုအထိ အမည် မာဗျာယ် ဟိနီသိမ့်၏။) ၂၊ ယင်းဆင်တိကို ရေဆိပ်သို့ ချသောသူ
Burmese:
၁၊ ဆင်များ ရေသောက်၊ ရေချိုးရန် ချသော ဆိပ်။ (ရှေးရခိုင် ဘုရင်များ လက်ထက် ဆင်များကို ရေချ ရေချိုးရန် ချသော ဆိပ်သည် မြောက်ဦးမြို့တွင် ‘ဆင်ချဆိပ်’ ဟူ၍ ယခုအထိ အမည် တွင်လျက် ရှိနေသေး၏။) ၂၊ ယင်းဆင်များကို ရေဆိပ်သို့ ချသောသူ
English:
elephant habour
Grammar Note:
နာမ်
ဆင်ချီတုံး
[sʰɪ̀ɴɕítóʊɴ]
Arakanese:
အပြာရောင် ဟိရေ ငါးရံ တမျိုး
Burmese:
အပြာရောင် ရှိသော ငါးရံ တစ်မျိုး
English:
fish
Grammar Note:
နာမ်
ဆင်ချီတုံးနွယ်
[sʰɪ̀ɴɕítóʊɴnwɛ̀]
Arakanese:
အတုံးကြီး ဥသည့် နွယ်ပင် တမျိုး
Burmese:
အတုံးကြီး ဥသည့် နွယ်ပင် တစ်မျိုး
English:
moonseed vine
Grammar Note:
နာမ်
ဆင်ချီးတုံးသပုန်
[sʰɪ̀ɴɕïtóʊɴθpòʊɴ]
Arakanese:
အဝတ် လျှော်ဖတ်သော ဆင်ပြာကြမ်း (ဘောလုံးပိုင် လုံးဝိုင်းသော) အတုံး တမျိုး
Burmese:
အဝတ် လျှော်ဖတ်သော ဆင်ပြာကြမ်း (ဘောလုံးကဲ့သို့ လုံးဝိုင်းသော) အတုံး တစ်မျိုး
English:
soap
Grammar Note:
နာမ်
ဆင်ခြင်
[sʰɪ̀ɴkʰɹɪ̀ɴ]
Arakanese:
၁၊ သုံးသပ်ရေ။ စိုင်းစားရေ။ ၂၊ ထောက်ဆရေ။ ၃၊ နှလုံးသွင်းရေ။ သတိပြုသည်
Burmese:
၁၊ သုံးသပ်သည်။ စဉ်းစားသည်။ ၂၊ ထောက်ဆသည်။ ၃၊ နှလုံးသွင်းသည်။ သတိပြုသည်
English:
betake
Grammar Note:
ကြိယာ
ဆင်ခြင်မှုတရား
[sʰɪ̀ɴkʰɹɪ̀ɴm̥oʊtɹá]
Arakanese:
မားရေ မှန်စွာကို အသီးစိတ် လိလာပြီးကေ သိဟိရယားမှ ဆုံးဖြတ်ခြင်း
Burmese:
မှားသည် မှန်သည်ကို အသေးစိတ် လေ့လာ၍ သိရှိရပြီးမှ ဆုံးဖြတ်ခြင်း
English:
decide
Grammar Note:
နာမ်
ဆင်ခြီ
[sʰɪ̀ɴkʰɹì]
Arakanese:
၁၊ ကိုယ်ရို့၏ ဖြစ်ပျက်ပုံ အကြောင်း အရာ။ သားဖလေးယောက်၊ တယောက် တလှည့်၊ လွမ်းခြမ်းစီကေ၊ ဆင်ခြီဖွဲ့လို့ (ပန်း)။ ၂၊ တရားလို တရားခံရို့ အမှု၏ ဖြစ်ပျက်ပုံကို တင်ပြသော အကြောင်း အရာ။ ၃၊ ကိုယ့် ရို့၏ စကားကို ခိုင်မြဲအောင် ဖြစ်ပျက်ပုံ အကြောင်းအရာ တိကို ပြောဆို တင
Burmese:
၁၊ မိမိတို့၏ ဖြစ်ပျက်ပုံ အကြောင်း အရာ။ သားဖလေးယောက်၊ တစ်ယောက် တစ်လှည့်၊ လွမ်းခြမ်းစီကေ၊ ဆင်ခြီဖွဲ့လို့ (ပန်း)။ ၂၊ တရားလို တရားခံတို့ အမှု၏ ဖြစ်ပျက်ပုံကို တင်ပြသော အကြောင်း အရာ။ ၃၊ မိမိ တို့၏ စကားကို ခိုင်မြဲအောင် ဖြစ်ပျက်ပုံ အကြောင်းအရာ များကို ပြောဆို တင
English:
reason
Grammar Note:
နာမ်
ဆင်ခြီခံ
[sʰɪ̀ɴkʰɹìkʰံ]
Arakanese:
မရွေ့မရှား ရယောင် အောက်က ခံရရေ တုံး
Burmese:
မရွေ့မရှား ရအောင် အောက်က ခံရသော တုံး
English:
block of wood
Grammar Note:
နာမ်
ဆင်ခြီငင်
[sʰɪ̀ɴkʰɹìŋɪ̀ɴ]
Arakanese:
ဆင်ခြီ တက်ရေ
Burmese:
ဆင်ခြေ တက်သည်
English:
sophist
Grammar Note:
ကြိယာ
ဆင်ခြီဆင်လက်
[sʰɪ̀ɴkʰɹìsʰɪ̀ɴlɛʔ]
Arakanese:
၁၊ ကိုယ်ရို့၏ ဖြစ်ပျက်ပုံ အကြောင်း အရာ။ သားဖလေးယောက်၊ တယောက် တလှည့်၊ လွမ်းခြမ်းစီကေ၊ ဆင်ခြီဖွဲ့လို့ (ပန်း)။ ၂၊ တရားလို တရားခံရို့ အမှု၏ ဖြစ်ပျက်ပုံကို တင်ပြသော အကြောင်း အရာ။ ၃၊ ကိုယ်ရို့၏ စကားကို ခိုင်မြဲအောင် ဖြစ်ပျက်ပုံ အကြောင်း အရာတိကို ပြောဆို တင်
Burmese:
၁၊ မိမိတို့၏ ဖြစ်ပျက်ပုံ အကြောင်း အရာ။ သားဖလေးယောက်၊ တစ်ယောက် တစ်လှည့်၊ လွမ်းခြမ်းစီကေ၊ ဆင်ခြီဖွဲ့လို့ (ပန်း)။ ၂၊ တရားလို တရားခံတို့ အမှု၏ ဖြစ်ပျက်ပုံကို တင်ပြသော အကြောင်း အရာ။ ၃၊ မိမိတို့၏ စကားကို ခိုင်မြဲအောင် ဖြစ်ပျက်ပုံ အကြောင်း အရာများကို ပြောဆို တင်
English:
reason
Grammar Note:
နာမ်
ဆင်ခြီတက်
[sʰɪ̀ɴkʰɹìtɛʔ]
Arakanese:
ကိုယ့် ပြောဆို လိုရင်းကို နောင်းနောင်း ဖြစ်ယောင် နောက်ထပ် နောက်ထပ် ပြောဆိုရေ
Burmese:
မိမိ၏ ပြောဆို လိုရင်းကို ခိုင်ခိုင်မာမာ ဖြစ်အောင် နောက်ထပ် တဖန် ပြောဆိုသည်
English:
sophist
Grammar Note:
ကြိယာ
ဆင်ခြီထောက်
[sʰɪ̀ɴkʰɹìtʰɔ́ɛʔ]
Arakanese:
ရောဂါပိုး တမျိုးကြောင့် ခြီထောက် ကြီးထွား လာရေ ရောဂါမျိုး
Burmese:
ရောဂါပိုး တစ်မျိုးကြောင့် ခြေထောက် ကြီးထွား လာသော ရောဂါမျိုး
English:
elephantiasis
Grammar Note:
နာမ်
ဆင်ခြီဖုံး
[sʰɪ̀ɴkʰɹìpʰóʊɴ]
Arakanese:
မြို့၊ ရွာ၊ နယ်မြီနှင့် စပ်နိန်ရေ အရပ် ဒေသ
Burmese:
မြို့၊ ရွာ၊ နယ်မြေနှင့် စပ်နေသော အရပ် ဒေသ
English:
suburban area
Grammar Note:
နာမ်
ဆင်ခြီအိုး
[sʰɪ̀ɴkʰɹìʔó]
Arakanese:
ထမင်း၊ ဟင်း ချက်စား နိန်ရေ အိုး၏ အောက်ခြီမှ (လုံးချောချော မဟုတ်ဘဲ) ပြားပြား ဟိရေ အိုးမျိုး
Burmese:
ထမင်း၊ ဟင်း ချက်စား နေသော အိုး၏ အောက်ခြေမှ (လုံးချောချော မဟုတ်ပဲ) ပြားပြား ရှိသော အိုးမျိုး
English:
pot
Grammar Note:
နာမ်
ဆင်ဂေါင်း
[sʰɪ̀ɴɡèàɪ́ɴ]
Arakanese:
၁၊ အိမ်မကိုယ်၏ ရှေ့ဘက်မှ ဆက်ပြီးကေ ထုတ်ထားရေ အဆောင်။ ၂၊ အိမ်မာ လှဂနှစ်ခု အစပ်ကြား၌ ဆက်သွယ် ထုတ်ထားရေ အဆောင်
Burmese:
၁၊ အိမ်မကိုယ်၏ ရှေ့ဘက်မှ ဆက်၍ ထုတ်ထားသော အဆောင်။ ၂၊ အိမ်တွင် လှေကားနှစ်ခု အစပ်ကြား၌ ဆက်သွယ် ထုတ်ထားသော အဆောင်
English:
none
Grammar Note:
နာမ်
ဆင်ဂေါင်းလီ
[sʰɪ̀ɴɡèàɪ́ɴlí]
Arakanese:
၁၊ အိမ်မကိုယ်၏ ရှေ့ဘက်မှ ဆက်ပြီးကေ ထုတ်ထားရေ အဆောင်။ ၂၊ အိမ်မာ လှဂနှစ်ခု အစပ်ကြား၌ ဆက်သွယ် ထုတ်ထားရေ အဆောင်
Burmese:
၁၊ အိမ်မကိုယ်၏ ရှေ့ဘက်မှ ဆက်၍ ထုတ်ထားသော အဆောင်။ ၂၊ အိမ်တွင် လှေကားနှစ်ခု အစပ်ကြား၌ ဆက်သွယ် ထုတ်ထားသော အဆောင်
English:
none
Grammar Note:
နာမ်
ဆင်ငိုမြက်
[sʰɪ̀ɴŋÒmɹɛʔ]
Arakanese:
အမြစ် အလွန် ခိုင်မြဲသော မြက် တမျိုး
Burmese:
အမြစ် အလွန် ခိုင်မြဲသော မြက် တစ်မျိုး
English:
elephant grass
Grammar Note:
နာမ်
ဆင့်စာ
[sʰɪ̀ɴ့sà]
Arakanese:
လိုက်နာ ဆောင်ရွက်ရန် ခေါ်ယူသော စာ
Burmese:
လိုက်နာ ဆောင်ရွက်ရန် ခေါ်ယူသော စာ
English:
summon
Grammar Note:
နာမ်
ဆင်ဆင်
[sʰɪ̀ɴsʰɪ̀ɴ]
Arakanese:
အသွင်အပြင်၊ အရောင် အသွီး အစဟိစွာ တမျိုးတည်း ပိုင် ဖြစ်တေ။ ဆင်တူ ယိုးမား ဖြစ်တေ
Burmese:
အသွင်အပြင်၊ အရောင် အသွေး စသည် တစ်မျိုးတည်း ကဲ့သို့ ဖြစ်သည်။ ဆင်တူ ယိုးမှား ဖြစ်သည်
English:
similar
Grammar Note:
ကြိယာ