Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 781–800 of 913 words

    ဆ

    ဆောင်းလမ်း

    [sʰáʊɴláɴ]
    ဆောင်းရာသီမာ ညိအခါ၌ အာကာမာ တောင် မြောက် အဖြူရောင် တန်းဗျာယ် ပေါ်နိန်ရေ နဂါးငွီ့လမ်းကြောင်း
    ဆောင်းရာသီတွင် ညဉ့်အခါ၌ ကောင်းကင်တွင် တောင် မြောက် အဖြူရောင် တန်းလျက် ပေါ်နေသော နဂါးငွေ့လမ်းကြောင်း
    milky way
    နာမ်

    ဆောင်းလိုက်

    [sʰáʊɴlaɪʔ]
    ‘ဆောင်း’ ဟုခေါ်သော တဖက်ဖွင့် စည်မာ မီးထွန်းပနာ ညိအခါမှ တော ခြုံ နံဖီးသို့ လားပြီးကေ မီးရောင်ကို ပြကာ သား၊ ငှက်တိကို လိုက်လံ ဖမ်းဆီးသော နည်းတမျိုး
    ‘ဆောင်း’ ဟုခေါ်သော တစ်ဖက်ဖွင့် စည်တွင် မီးထွန်း၍ ညဉ့်အခါတွင် တော ချုံ အနီးသို့ သွားပြီးလျှင် မီးရောင်ကို ပြကာ သား၊ ငှက်များကို လိုက်လံ ဖမ်းဆီးသော နည်းတစ်မျိုး
    conical basket for fishing
    ကြိယာ

    ဆောင်းလိုက်၂

    [sʰáʊɴlaɪʔ၂]
    ‘ဆောင်း’ ဟုခေါ်သော တဖက်ဖွင့် စည်မာ မီးထွန်းပနာ ညိအခါမှ တော ခြုံ နံဖီးသို့ လားပြီးကေ မီးရောင်ကို ပြကာ သား၊ ငှက်တိကို လိုက်လံ ဖမ်းဆီးသည်
    ‘ဆောင်း’ ဟုခေါ်သော တစ်ဖက်ဖွင့် စည်တွင် မီးထွန်း၍ ညဉ့်အခါတွင် တော ချုံ အနီးသို့ သွားပြီးလျှင် မီးရောင်ကို ပြကာ သား၊ ငှက်များကို လိုက်လံ ဖမ်းဆီးသည်
    catch
    ကြိယာ

    ဆောင်းဝင်

    [sʰáʊɴwɪ̀ɴ]
    ဆောင်းဥတု၏ အစကာလ
    ဆောင်းဥတု၏ အစကာလ
    autumn
    နာမ်

    ဆောင်းအက

    [sʰáʊɴʔk]
    ‘ဆောင်း’ ဟုခေါ်သော တဖက်ဖွင့် စည်မာ မီးထွန်းပနာ ညဇာအခါ တောတောင်သို့ လားပြီးကေ သာယာသော ချူဆွဲလွဲသံဖြင့် ဟန်ကွက်က၍ မမားယောင် ချူသံ ပီးရရေ။ (မီးရောင်နှင့် တကွ ချူဆွဲလွဲသံကို ကြားရရေ ချေ၊ ဆတ်၊ သမင်၊ တော တိရိစ္ဆာန်ရို့စွာ ချူသံကို ကြားရသနန့် နားစိုက်ကာ မ
    ‘ဆောင်း’ ဟုခေါ်သော တစ်ဖက်ဖွင့် စည်တွင် မီးထွန်း၍ ညအခါ တောတောင်သို့ သွားပြီး သာယာသော ချူဆွဲလွဲသံဖြင့် သိုင်းကွက်က၍ မမှားအောင် ချူသံ ပေးရသည်။ (မီးရောင်နှင့် တကွ ချူဆွဲလွဲသံကို ကြားရသော ချေ၊ ဆတ်၊ သမင်၊ တော တိရိစ္ဆာန်တို့သည် ချူသံကို ကြားရသဖြင့် နားစိုက်ကာ မ
    none
    ကြိယာ

    ဆောင်းအက၂

    [sʰáʊɴʔk၂]
    ယင်းပိုင် ချူဆွဲလွဲသံ ပီးပြီးကေ ကသော နည်းတမျိုး
    ယင်းကဲ့သို့ ချူဆွဲလွဲသံ ပေး၍ ကသော နည်းတစ်မျိုး
    none
    နာမ်

    ဆောင်းဦးပိုင်း

    [sʰáʊɴʔúpáɪɴ]
    ဆောင်းဥတု၏ အစကာလ
    ဆောင်းဥတု၏ အစကာလ
    autumn
    နာမ်

    ဆောင်းဦးပေါက်စ

    [sʰáʊɴʔúpaʊʔs]
    ဆောင်းဥတု၏ အစကာလ
    ဆောင်းဥတု၏ အစကာလ
    autumn
    နာမ်

    ဆောင်းဦးပျိုးစ

    [sʰáʊɴʔúprós]
    ဆောင်းဥတုအစ ပြုရေ။ ဆောင်းဦး ပေါက်စ ဖြစ်တေ
    ဆောင်းဥတုအစ ပြုသည်။ ဆောင်းဦး ပေါက်စ ဖြစ်သည်
    autumn
    ကြိယာ

    ဆောင်းဦးပျိုးစ၂

    [sʰáʊɴʔúprós၂]
    ဆောင်းဥတု အစ ကာလ။ ဆောင်းဦး ပေါက်စ
    ဆောင်းဥတု အစ ကာလ။ ဆောင်းဦး ပေါက်စ
    autumn
    နာမ်

    ဆော်

    [sʰɔ̀]
    ၁၊ အော်မြည်ရေ။ အသံမြည်ရေ။ တွန်ရေ။ သစ်ကိုင်းထက်က၊ တောကြက်တွန်ကာ၊ ကောက်ကကား်ဟု၊ နွှဲဆော်မှုတ်ထ (ပဒုမ္မ)။ ၂၊ တီးခတ်ရေ။ ဗဟိုစည်တော်၊ ဆော်ရွန်းလေသော် (ရခိုင်ကာ)။ ၃၊ (တခုနှင့် တခု ဂဟေဖြင့်) ဆက်စပ်ရေ။ ၄၊ စုံဖက် ထိမ်းမြားရေ။ သားတော် သမီးတော်၊ တူနှစ်ဖော်
    ၁၊ အော်မြည်သည်။ အသံမြည်သည်။ တွန်သည်။ သစ်ကိုင်းထက်က၊ တောကြက်တွန်ကာ၊ ကောက်ကရော်ဟု၊ နွှဲဆော်မှုတ်ထ (ပဒုမ္မ)။ ၂၊ တီးခတ်သည်။ ဗဟိုစည်တော်၊ ဆော်ရွန်းလေသော် (ရခိုင်ကာ)။ ၃၊ (တစ်ခုနှင့် တစ်ခု ဂဟေဖြင့်) ဆက်စပ်သည်။ ၄၊ ထိမ်းမြား လက်ထပ်သည်။ သားတော် သမီးတော်၊ တူနှစ်ဖော်
    reprove-speak words of anger or blame
    ကြိယာ

    ဆော်ဩ

    [sʰɔ̀ʔɔ́]
    အောက်မိယောင် မြှောက်ပင့်ပီး ပီးရေ။ လှုပ်ရှား တက်ကြွအောင် စိဆော် ရေ။ တိုက်တွန်း ခိုင်းစီသည်
    သတိရအောင် လှုံ့ဆော် ပေးသည်။ လှုပ်ရှား တက်ကြွအောင် စေ့ဆော် သည်။ တိုက်တွန်း ခိုင်းစေသည်
    urge
    ကြိယာ

    ဆဲ

    [sʰɛ]
    ရုန်ရင်း ခက်ထန် ယုတ်မာသော စကားရို့နန့် ပုတ်ခတ် ပြောဆိုရေ
    ရုန်ရင်း ခက်ထန် ယုတ်မာသော စကားတို့ဖြင့် ပုတ်ခတ် ပြောဆိုသည်
    vituperate
    ကြိယာ

    ဆဲ၂

    [sʰɛ၂]
    လက်ငင်း ကာလ အခိုက် အတန့်မာ ပြုနေခြင်း၊ ဖြစ်နီခြင်းကို ပြသော စကားလုံး။ လုပ်ဆဲကိုင်ဆဲ (စကား)
    လက်ငင်း ကာလ အခိုက် အတန့်တွင် ပြုနေခြင်း၊ ဖြစ်နေခြင်းကို ပြသော စကားလုံး။ လုပ်ဆဲကိုင်ဆဲ (စကား)
    imperfect
    ပစ္စည်း

    ဆဲဆို

    [sʰɛsʰÒ]
    ရုန်ရင်း ခက်ထန် ယုတ်မာသော စကားရို့နန့် ပုတ်ခတ် ပြောဆိုရေ
    ရုန်ရင်း ခက်ထန် ယုတ်မာသော စကားတို့ဖြင့် ပုတ်ခတ် ပြောဆိုသည်
    vituperate
    ကြိယာ

    ဆဲဆဲ

    [sʰɛsʰɛ]
    အခိုက် အတန့်။ လက်ငင်း ကာလ။ ကျောင်းကိုလာဖို့ ဆဲဆဲမာ
    အခိုက် အတန့်။ လက်ငင်း ကာလ။ ကျောင်းကိုလာဖို့ ဆဲဆဲမှာ
    moment
    နာမ်

    ဆဲတိုင်း

    [sʰɛtáɪɴ]
    ကော်ဆဲရေ စကားလုံး။ ဆဲတိုင်း ဆဲတိုင်း အမီးနန့် အသီးနန့် ပါရေ
    ဆဲဆိုသော စကားလုံး။ ဆဲတိုင်း ဆဲတိုင်း အမီးနန့် အသီးနန့် ပါရေ
    vituperate
    နာမ်

    ဆွ

    [sʰw]
    ၁၊ အမြမြန်ဆဆန်။ မဆိုင်းမတွ။ မနှောင့်မနှေး။ အယင်ထက်ထက်။ ကြွကြွဆွလျင်း၊ ဗြီးခကျင်သည်၊ လွင့်စင်မြေမှုန့်၊ ဆောင်းဆောင်းတည်း (ရခိုင်ကာ)။ ၂၊ ဆိုင်းတွချင်း မဟိဘဲ။ မြန်စွာ။ နှောင်းနှေးခြင်း မဟိဘဲ။ မဆိုင်းမငံ့။ ယာဉ်သျှင်မလီက၊ ဇာနည်ယသည်၊ လျင်ဆွမနေ၊ ဆောင်းယူလ
    ၁၊ အဆောတလျင်။ မဆိုင်းမတွ။ မနှောင့်မနှေး။ မြန်မြန်ထက်ထက်။ ကြွကြွဆွလျင်း၊ ပြေးခဲ့ကျင်သည်၊ လွင့်စင်မြေမှုန့်၊ ဆောင်းဆောင်းတည်း (ရခိုင်ကာ)။ ၂၊ ဆိုင်းတွချင်း မရှိပဲ။ မြန်စွာ။ နှောင်းနှေးခြင်း မရှိပဲ။ မဆိုင်းမငံ့။ ယာဉ်သျှင်မလေက၊ ဇာနည်ယသည်၊ လျင်ဆွမနေ၊ ဆောင်းယူလ
    immediate
    ကြိယာဝိသေသန

    ဆွံ့

    [sʰwံ့]
    ခြေလက် ကာနာ ဖြစ်တေ။ ခြီဆွံ့၊ လက်ဆွံ့ရေ လူ ဇာကို လားနိုင် ကိုင်နှိုင်ဖို့လဲ
    ခြေလက် မသန်စွမ်း ဖြစ်သည်။ ခြီဆွံ့၊ လက်ဆွံ့ရေ လူ ဇာကို လားနိုင် ကိုင်နိုင်ဖို့လဲ
    crippled
    ကြိယာ

    ဆွ.

    [sʰw.]
    လောင်းးကြိုးအား လက်တောက်နှင့် အခေါက်ခေါက် ဆွဲခြည် လွှတ်ခြည်ဖြင့် ဝါခင်းထဲက ဝါကြမ်းတိကို ပွရွအောင် ပြုရေ။ အလှပိုးဝါ၊ မောက်တော်သျှင်မ၊ တောင်တန်းပျင်မာ၊ ဝါဂွမ်းဆွ.ရေ (ပိုးဝါဖွဲ့)
    လေးကြိုးအား လက်တောက်နှင့် အကြိမ်ကြိမ် ဆွဲချည် လွှတ်ချည်ဖြင့် ဝါခင်းထဲမှ ဝါကြမ်းများကို ပွရွအောင် ပြုသည်။ အလှပိုးဝါ၊ မောက်တော်သျှင်မ၊ တောင်တန်းပျင်မှာ၊ ဝါဂွမ်းဆွ.ရေ (ပိုးဝါဖွဲ့)
    none
    ကြိယာ