Dictionary Entries
Showing 801–820 of 913 words
ဆ
ဆွ.၂
[sʰw.၂]
Arakanese:
၁၊ မတည်မငြိမ် ဖြစ်တေ။ လှုပ်ရှားရေ။ ဣန္ဒြေ မရယောင် ပြုလုပ်ရေ။ ၂၊ ကြွရွစီရေ။ မြှောက်ပင့်ပီးရေ။ ယုတ်ညံ့သော စေတနာနှင့် မြှောက်ပင့် ပီးရေ။ အရာ သူရို့အား ဆန့်ကျင်ဖက် ပြိုင်စီရန် မြှောက်ပင့် ပီးရေ။ မြှောက်ထိုး ပင့်ကော်သည်
Burmese:
၁၊ မတည်မငြိမ် ဖြစ်သည်။ လှုပ်ရှားသည်။ ဣန္ဒြေ မရအောင် ပြုလုပ်သည်။ ၂၊ ကြွရွစေသည်။ လှုံ့ဆော်သည်။ ယုတ်ညံ့သော စေတနာနှင့် မြှောက်ပင့် ပေးသည်။ အခြား သူတို့အား ဆန့်ကျင်ဖက် ပြိုင်စေရန် မြှောက်ပင့် ပေးသည်။ မြှောက်ထိုး ပင့်ကော်သည်
English:
cajolery
Grammar Note:
ကြိယာ
ဆွ.၃
[sʰw.၃]
Arakanese:
၁၊ ယုတ်ညံ့သော စေတနာနှင့် မြှောက်ပင့်သော။ ရန်တိုက် လိုစိတ်ဖြင့် မြှောက်ပင့် ပီးရေ။ မြှောက်ထိုး ပင့်ကော်သော။ ၂၊ ဖြူဖွေးသော
Burmese:
၁၊ ယုတ်ညံ့သော စေတနာနှင့် မြှောက်ပင့်သော။ ရန်တိုက် လိုစိတ်ဖြင့် မြှောက်ပင့် ပေးသော။ မြှောက်ထိုး ပင့်ကော်သော။ ၂၊ ဖြူဖွေးသော
English:
cajolery
Grammar Note:
နာမဝိသေသန
ဆွ.၄
[sʰw.၄]
Arakanese:
၁၊ တစုံ တခု ပြုလုပ်ဖို့ စိတ် ပြင်းပြ လာရေ။ စိတ် စောရေ။ ၂၊ နှိုးဆော် ပီးရေ။ ထ လှုပ်ရှားအောင် လုပ်ရေ။ ရဟန်းခံဖို့အတွက် စိတ်က ဆွ.ပီးနီရေ (စကား)
Burmese:
၁၊ တစ်စုံ တစ်ခု ပြုလုပ်ရန် စိတ် ပြင်းပြ လာသည်။ စိတ် စောသည်။ ၂၊ နှိုးဆော် ပေးသည်။ ထကြွ လှုပ်ရှားအောင် လုပ်သည်။ ရဟန်းခံဖို့အတွက် စိတ်က ဆွ.ပီးနီရေ (စကား)
English:
urge-remind
Grammar Note:
ကြိယာ
ဆွ.၅
[sʰw.၅]
Arakanese:
လိုချင် ရမ္မက် ဟိအောင် တဏှာစိတ် ဖြစ်ပေါ်ယောင် ပြုရေ။ တဏှာ အာရုံ၊ ကာမ ဂုဏ်မာ၊ အာရုံမိလို့၊ ဆိတ်ယောင် ဆွ.ယောင် (ဓမ္မသာ)
Burmese:
လိုချင် ရမ္မက် ရှိအောင် တဏှာစိတ် ဖြစ်ပေါ်အောင် ပြုသည်။ တဏှာ အာရုံ၊ ကာမ ဂုဏ်မှာ၊ အာရုံမိလို့၊ ဆိတ်ယောင် ဆွ.ယောင် (ဓမ္မသာ)
English:
incite for lust
Grammar Note:
ကြိယာ
ဆွ.၆
[sʰw.၆]
Arakanese:
ဖြူစင်စွာ။ သန့်ရှင်း စင်ကြယ်စွာ။ စေတနာ သန့်သန့်ဖြင့်။ ဖြူဆွ.သဒ္ဓါ၊ စေတနာဖြင့်၊ လှူစွာကောင်းမှု၊ အစုစုကို (ရခိုင်ကာ)
Burmese:
ဖြူစင်စွာ။ သန့်ရှင်း စင်ကြယ်စွာ။ စေတနာ သန့်သန့်ဖြင့်။ ဖြူဆွ.သဒ္ဓါ၊ စေတနာဖြင့်၊ လှူတာကောင်းမှု၊ အစုစုကို (ရခိုင်ကာ)
English:
be clean-be pure
Grammar Note:
ကြိယာဝိသေသန
ဆွ.ကွပ်
[sʰw.kwaʔ]
Arakanese:
ဣန္ဒြေမရ ဖြစ်တေ။ မငြိမ်မသက် ဖြစ်တေ
Burmese:
ဣန္ဒြေမရ ဖြစ်သည်။ မငြိမ်မသက် ဖြစ်သည်
English:
inquietude
Grammar Note:
ကြိယာ
ဆွ.ချင်တို့ချင်
[sʰw.ɕɪ̀ɴto̰ɕɪ̀ɴ]
Arakanese:
ကိုယ့်အလိုသို့ ပါအောင် သိမ်းသွင်းရေ။ အလို ရမ္မက် ကြွအောင် လုံ့လ ထုတ်ရေ။ မြူဆွယ်ရေ။ လပျိုဘဝ၊ ကညာပျိုနှင့်၊ နှစ်ကိုယ်ကျက၊ ဆွ.ချင်ရို့ချင်၊ စကားငင်ဗျာ (ဓမ္မသာ)
Burmese:
မိမိအလိုသို့ ပါအောင် ဆွဲဆောင်သည်။ အလို ရမ္မက် ကြွအောင် လုံ့လ ထုတ်သည်။ မြူဆွယ်သည်။ လူပျိုဘဝ၊ ကညာပျိုနှင့်၊ နှစ်ကိုယ်ကျက၊ ဆွ.ချင်တို့ချင်၊ စကားငင်ဗျာ (ဓမ္မသာ)
English:
entice
Grammar Note:
ကြိယာ
ဆွ.ဆွ.
[sʰw.sʰw.]
Arakanese:
၁၊ ဖြူစင်စွာ။ ဖြူဖွေးဗျာယ်။ ဖြူဆောင်းဆွ.ဆွ.၊ ရငြားရတနာ၊ ထီးဖြူကာကေ၊ ရာဇာလူထွတ်၊ အိုမင်းမြတ်လေ (စန္ဒြားဖွဲ့)။ ၂၊ စေတနာ ထထက် သသန်နန့်။ သဒ္ဓါဗလဝ၊ ဖြူဆွ.ဆွ.ဖြင့်၊ နိညမဟူ၊ အယူသီလ၊ မြဲကြဆောက်တည် (ရခိုင်ကာ)
Burmese:
၁၊ ဖြူစင်စွာ။ ဖြူဖွေးလျက်။ ဖြူဆောင်းဆွ.ဆွ.၊ ရငြားရတနာ၊ ထီးဖြူကာကေ၊ ရာဇာလူထွတ်၊ အိုမင်းမြတ်လေ (စန္ဒြားဖွဲ့)။ ၂၊ စေတနာ ထက်သန်စွာ။ သဒ္ဓါဗလဝ၊ ဖြူဆွ.ဆွ.ဖြင့်၊ နေ့ညမဟူ၊ အယူသီလ၊ မြဲကြဆောက်တည် (ရခိုင်ကာ)
English:
eager
Grammar Note:
ကြိယာဝိသေသန
ဆွ.ဆွ.၂
[sʰw.sʰw.၂]
Arakanese:
နာမ်၊ ကြိယာ ရို့ကို အထူး ပြုရေ တွဲဖက်သုံး စကားလုံး။ (ဆွ.ဆွ.လုပ်၊ ဆွ.ဆွ.လား၊ ဆွ.ဆွ.ဖြူ စရေ။
Burmese:
နာမ်၊ ကြိယာ တို့ကို အထူး ပြုသော တွဲဖက်သုံး စကားလုံး။ (ဆွ.ဆွ.လုပ်၊ ဆွ.ဆွ.လား၊ ဆွ.ဆွ.ဖြူ စသည်။
English:
adjectivaladverb
Grammar Note:
ပစ္စည်း
ဆွ.ဆွ.ဖြူ
[sʰw.sʰw.pʰɹù]
Arakanese:
ဆဆွတ်ဖြူသော။ အရောင် ဖွေးစင်သော။ အားလုံး ဖြူသော။ ဆွ.ဆွ.ဖြူကေ၊ တိုက်ဂူပြောင်ညီး၊ သူဌီးစံသည်၊ ဗိမာန်ကြီးမာ (ပဋါ)။ ကျွန်းမလ္လာမာ၊ ပဖာပျိုဖြန်း၊ ဆွ.ဆွ.ဖြူဖြူကေ၊ တိုက်ဂူနန်း၌ (ဓမ္မသာ)
Burmese:
ဖွေးဖွေးဖြူသော။ အရောင် ဖွေးစင်သော။ အလုံးစုံ ဖြူသော။ ဆွ.ဆွ.ဖြူကေ၊ တိုက်ဂူပြောင်ညီး၊ သူဌီးစံသည်၊ ဗိမာန်ကြီးမှာ (ပဋါ)။ ကျွန်းမလ္လာတွင်၊ ပဖာပျိုဖြန်း၊ ဆွ.ဆွ.ဖြူဖြူကေ၊ တိုက်ဂူနန်း၌ (ဓမ္မသာ)
English:
whiteley
Grammar Note:
နာမဝိသေသန
ဆွ.ဆွ.ရရွ.
[sʰw.sʰw.ɹɹw.]
Arakanese:
ပကတိ အဖြူရောင်ထက် ဖြူဖွေး ဟောက်ပြောင်သော
Burmese:
ပကတိ အဖြူရောင်ထက် ဖြူဖွေး ဟောက်ပြောင်သော
English:
snow
Grammar Note:
နာမဝိသေသန
ဆွ.ရွ.ရွ.
[sʰw.ɹw.ɹw.]
Arakanese:
ဖြူဖွေးသော အရောင် ဟိရေ။ သန့်စင်စွာ ဖြူသော။ စူးလေမြတ်စစ်၊ ဧကရာဇ်တင်းခွန်၊ ဆဒ္ဒန်ဖြူလွ၊ ဆွ.ရွ.ရွ.နန့် (မှောက်တော်)
Burmese:
ဖြူဖွေးသော အရောင် ရှိသော။ သန့်စင်စွာ ဖြူသော။ ဆူးလေမြတ်စစ်၊ ဧကရာဇ်တံခွန်၊ ဆဒ္ဒန်ဖြူလွ၊ ဆွ.ရွ.ရွ.နှင့် (မှောက်တော်)
English:
snow
Grammar Note:
နာမဝိသေသန
ဆွ.လွ.လွ.
[sʰw.lw.lw.]
Arakanese:
ဖြူဖွေးသော အရောင် ဟိရေ။ သန့်စင်စွာ ဖြူသော။ စူးလေမြတ်စစ်၊ ဧကရာဇ်တင်းခွန်၊ ဆဒ္ဒန်ဖြူလွ၊ ဆွ.ရွ.ရွ.နန့် (မှောက်တော်)
Burmese:
ဖြူဖွေးသော အရောင် ရှိသော။ သန့်စင်စွာ ဖြူသော။ ဆူးလေမြတ်စစ်၊ ဧကရာဇ်တံခွန်၊ ဆဒ္ဒန်ဖြူလွ၊ ဆွ.ရွ.ရွ.နှင့် (မှောက်တော်)
English:
snow
Grammar Note:
နာမဝိသေသန
ဆွ၂
[sʰw၂]
Arakanese:
ကောက်ရိုးနှင့် စပါးစိများ တခြားစီ ဖြစ်ယောင် ကောက်ဆွဖြင့် လှုပ်ခါဖွပီးရေ
Burmese:
ကောက်ရိုးနှင့် စပါးစေ့များ တစ်ခြားစီ ဖြစ်အောင် ကောက်ဆွဖြင့် လှုပ်ခါဖွပေးသည်
English:
curved stick for stirring paddy stalks while threshing
Grammar Note:
ကြိယာ
ဆွ၃
[sʰw၃]
Arakanese:
မထုံမထိုင်း။ ဖြတ်လတ် သွက်လက် တက်ကြွသော။ (ပိုင်ဆွ၊ အစားဆွ၊ အလုပ်ဆွ၊ အပြောဆွ စရေ။
Burmese:
မထုံမထိုင်း။ ဖျတ်လတ် သွက်လက် တက်ကြွသော။ (အလားဆွ၊ အစားဆွ၊ အလုပ်ဆွ၊ အပြောဆွ စသည်။
English:
active
Grammar Note:
နာမဝိသေသန
ဆွဆွ
[sʰwsʰw]
Arakanese:
အယင့်အယင်။ အမြမြန်ဆဆန်
Burmese:
အလျင်အမြန်။ အဆောတလျင်
English:
quick
Grammar Note:
ကြိယာဝိသေသန
ဆွဆွခုန်
[sʰwsʰwkʰòʊɴ]
Arakanese:
၁၊ တဖြတ်ဖြတ် ခုန်ရေ။ ၂၊ တုန်လှုပ် ချောက်ချားသည်
Burmese:
၁၊ တဖျတ်ဖျတ် ခုန်သည်။ ၂၊ တုန်လှုပ် ချောက်ချားသည်
English:
jump up and down in excitement
Grammar Note:
နာမ်
ဆွဆွယင်ယင်
[sʰwsʰwjɪ̀ɴjɪ̀ɴ]
Arakanese:
ကကောင်းလျင် ဆော့စွာ။ အမြမြန်ဆဆန်။ မဆိုင်းမတွ
Burmese:
လျင်မြန် ဆော့စွာ။ အဆောတလျင်။ မဆိုင်းမတွ
English:
quick
Grammar Note:
ကြိယာဝိသေသန
ဆွတ်
[sʰwaʔ]
Arakanese:
၁၊ စိုစေ စွတ်စီရေ။ ၂၊ (ဥပစာ) ရယူရေ။ အောင်ပွဲကို ဆွတ်ခူး လိုက်တေ
Burmese:
၁၊ စိုစေ စွတ်စေသည်။ ၂၊ (ဥပစာ) ရယူသည်။ အောင်ပွဲကို ဆွတ်ခူး လိုက်တေ
English:
wet
Grammar Note:
ကြိယာ
ဆွတ်၂
[sʰwaʔ၂]
Arakanese:
(အသီး၊ အပွင့်၊ အငုံ၊ အရွက် စစွာကို) ခူးသည်
Burmese:
(အသီး၊ အပွင့်၊ အငုံ၊ အရွက် စသည်ကို) ခူးသည်
English:
pluck
Grammar Note:
ကြိယာ