Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 821–840 of 913 words

    ဆ

    ဆွတ်၃

    [sʰwaʔ၃]
    တပ်အပ်။ သီသီ ချာချာ။ ထင်ထင် ရှားရှား။ တရံစကား၊ မောင်နားဝမာ၊ ဆွတ်မျှကြားရေ (ဓမ္မက)
    တပ်အပ်။ သေသေ ချာချာ။ ထင်ထင် ရှားရှား။ တရံစကား၊ မောင်နားဝမှာ၊ ဆွတ်မျှကြားရေ (ဓမ္မက)
    assuredly
    ကြိယာဝိသေသန

    ဆွတ်ခူး

    [sʰwaʔkʰùး]
    (သစ်သီး) ကြွီစီသည်
    (သစ်သီး) ကြွေစေသည်
    pluck
    ကြိယာ

    ဆွတ်ဆွတ်

    [sʰwaʔsʰwaʔ]
    တစာစာ။ မပြတ်မလပ်
    တစာစာ။ မပြတ်မလပ်
    persistently
    ကြိယာဝိသေသန

    ဆွတ်ဆွတ်၂

    [sʰwaʔsʰwaʔ၂]
    မဖြူလွန်း မမဲလွန်းသော
    မဖြူလွန်း မမဲလွန်းသော
    Off-white
    နာမဝိသေသန

    ဆွတ်ဆွတ်၃

    [sʰwaʔsʰwaʔ၃]
    ယင်းပိုင်သော အသားအရီာင်
    ယင်းသို့သော အသားအရောင်
    Off-white
    နာမ်

    ဆွတ်ဆွတ်နာ

    [sʰwaʔsʰwaʔnà]
    အလွန် နာကြင်ရေ။ အခံရ ဆင်းရဲရေ။ မေသက်ဝီမာ၊ ခြီဖဝါးနှင့်၊ နင်သွားမတက်၊ ကျောက်သရစ်နှင့်၊ ထိခိုက်လတ်က၊ ဆွတ်ဆွတ်လည်းနာ၊ မိပမာမာ၊ ရိ့ကာပင်ပန်း (ဓမ္မသာ)။ ၂၊ ကိုယ်စိတ် ပင်ပန်းရေ။ ၃၊ ကိုယ့်အား ထိပါးလာရေ် မခံမရပ် နှိုင်ယောင် နာကျည်းစိတ် ဖြစ်လှာရေ။ မခံချိ မခံသာ
    အလွန် နာကျင်သည်။ အခံရ ဆင်းရဲသည်။ မယ်သက်ဝီမှာ၊ ခြီဖဝါးနှင့်၊ နင်သွားမတက်၊ ကျောက်သရစ်နှင့်၊ ထိခိုက်လတ်က၊ ဆွတ်ဆွတ်လည်းနာ၊ မိပမာမှာ၊ ရိ့ကာပင်ပန်း (ဓမ္မသာ)။ ၂၊ ကိုယ်စိတ် ပင်ပန်းသည်။ ၃၊ မိမိအား ထိပါးလာသော် မခံမရပ် နိုင်အောင် နာကျည်းစိတ် ဖြစ်လာသည်။ မခံချိ မခံသာ
    irksomely
    ကြိယာ

    ဆွတ်ဆွတ်ဖြူ

    [sʰwaʔsʰwaʔpʰɹù]
    ၁၊ ဖွေးဖွေး ဖြူသော။ အရောင် ဖွေးစင်သော။ အားလုံး ဖြူသော။ ဆွ.ဆွ.ဖြူကေ၊ တိုက်ဂူပြောင်ညီး၊ သူဌီးစံသည်၊ ဗိမာန်ကြီးမာ (ပဋါ)။ ကျွန်းမလ္လာမာ၊ ပဖာပျိုဖြန်း၊ ဆွ.ဆွ.ဖြူဖြူကေ၊ တိုက်ဂူနန်း၌ (ဓမ္မသာ)။ ၂၊ (ဥပစာ) အလွန် စင်ကြယ် သန့်ယှင်းရေ
    ၁၊ ဖွေးဖွေး ဖြူသော။ အရောင် ဖွေးစင်သော။ အလုံးစုံ ဖြူသော။ ဆွ.ဆွ.ဖြူကေ၊ တိုက်ဂူပြောင်ညီး၊ သူဌီးစံသည်၊ ဗိမာန်ကြီးမှာ (ပဋါ)။ ကျွန်းမလ္လာတွင်၊ ပဖာပျိုဖြန်း၊ ဆွ.ဆွ.ဖြူဖြူကေ၊ တိုက်ဂူနန်း၌ (ဓမ္မသာ)။ ၂၊ (ဥပစာ) အလွန် စင်ကြယ် သန့်ရှင်းသည်
    clean
    ကြိယာ

    ဆွတ်ဆွတ်လွတ်လွတ်

    [sʰwaʔsʰwaʔlwaʔlwaʔ]
    လတ်ဆတ်သော။ မသိုးမပုပ် မညှိုး နွမ်းသော။ သစ်လွင် ကောင်းမွန်ဆဲ ဟိရေ
    လတ်ဆတ်သော။ မသိုးမပုပ် မညှိုး နွမ်းသော။ သစ်လွင် ကောင်းမွန်ဆဲ ရှိသော
    fresh
    နာမဝိသေသန

    ဆွတ်ဆွတ်လွတ်လွတ်၂

    [sʰwaʔsʰwaʔlwaʔlwaʔ၂]
    ပျူငှာ ချိုသာစွာ ပဇာယန ပြုရေ။ ဖော်ရွေရေ။ အယဉ်အကျေး ပြုရေ။ အာဂန္တု ရောက်ကေ မမလှမေက ဆွတ်ဆွတ်လွတ်လွတ် ပဇာယန သဗရဏံ အားလုံး ပြီးရေ
    ပျူငှာ ချိုသာစွာ လောကဝတ် ပြုသည်။ ဖော်ရွေသည်။ အယဉ်အကျေး ပြုသည်။ အာဂန္တု ရောက်ကေ မမလှမေက ဆွတ်ဆွတ်လွတ်လွတ် လောကဝတ် သဗရဏံ အားလုံး ပြီးရေ
    affability
    ကြိယာ

    ဆွတ်ဆွတ်သျှေ

    [sʰwaʔsʰwaʔʃè]
    မဖြူလွန်း မမဲလွန်းသော
    မဖြူလွန်း မမဲလွန်းသော
    none
    နာမဝိသေသန

    ဆွမ်း

    [sʰʊ̀ɴ]
    ရဟန်းရို့အား လူရို့က လှူသော ထမင်း၊ ဟင်း၊ သစ်သီး ဝလံ အစဟိရေ စားဖွယ် သောက်ဖွယ်
    ရဟန်းတို့အား လူတို့က လှူသော ထမင်း၊ ဟင်း၊ သစ်သီး ဝလံ စသော စားဖွယ် သောက်ဖွယ်
    food offered to Buddha or monks
    နာမ်

    ဆွမ်းကပ်

    [sʰʊ̀ɴkaʔ]
    ရဟန်းရို့အား လှူဒါန်းသော ဆွမ်းကို ဘုဉ်းပေး စီရေ
    ရဟန်းတို့အား လှူဒါန်းသော ဆွမ်းကို ဘုဉ်းပေး စေသည်
    offer food to Buddha and monks
    ကြိယာ

    ဆွမ်းကျွေး

    [sʰʊ̀ɴt͡ɕwé]
    သံဃာတော် ရို့အား ဆွမ်းကပ် လှူသည်
    သံဃာတော် တို့အား ဆွမ်းကပ် လှူသည်
    invite monks to meal at one’s home
    ကြိယာ

    ဆွမ်းကြီးလောင်း

    [sʰʊ̀ɴt͡ɕïláʊɴ]
    လူအများ ဝိုင်းဝန်း၍ ရဟန်း သံဃာတော် တိအား ဆွမ်းအစဟိရေ သစ်သီး ခဲဖွယ် ရို့ကို လောင်းလှူသည်
    လူအများ ဝိုင်းဝန်း၍ ရဟန်း သံဃာတော် များအား ဆွမ်းစသော သစ်သီး ခဲဖွယ် တို့ကို လောင်းလှူသည်
    food offered to Buddha or monks
    ကြိယာ

    ဆွမ်းကွမ်း

    [sʰʊ̀ɴkʊ̀ɴ]
    သစ်သီး ဝလံ၊ ထမင်း၊ ငါး၊ ဟင်း စစွာကို ခြုံ၍ ခေါ်သော စကားလုံး
    သစ်သီး ဝလံ၊ ထမင်း၊ ငါး၊ ဟင်း စသည်ကို ခြုံ၍ ခေါ်သော စကားလုံး
    food offered to Buddha or monks
    နာမ်

    ဆွမ်းခံ

    [sʰʊ̀ɴkʰံ]
    ရဟန်း သံဃာတော်ရို့ ဆွမ်းအတွက်ရာ မြို့ထဲကို ဝင်ပြီးကေ လှည့်လည်ကာ ထမင်း၊ ဟင်းရို့ကို အလှူ ခံသည်
    ရဟန်း သံဃာတော်တို့ ဆွမ်းအလို့ငှာ မြို့ထဲသို့ ဝင်၍ လှည့်လည်ကာ ထမင်း၊ ဟင်းတို့ကို အလှူ ခံသည်
    go around to accept offering
    ကြိယာ

    ဆွမ်းချိုင့်

    [sʰʊ̀ɴɕàɪɴ့]
    ထမင်း၊ ဟင်း အစဟိရေ စားသောက်ဖွယ် ရို့ကို ထည့်ကာ လက်ဖြင့် ဆွဲကိုင် သယ်ယူ အသုံး ပြုရရေ ဝန်
    ထမင်း၊ ဟင်း စသော စားသောက်ဖွယ် တို့ကို ထည့်ကာ လက်ဖြင့် ဆွဲကိုင် သယ်ယူ အသုံး ပြုရသော ပစ္စည်း
    food carrier
    နာမ်

    ဆွမ်းစဉ်

    [sʰʊ̀ɴsɪ̀ɴ]
    ၁၊ ဆွမ်း တနည်း အခြားသော လှူဖွယ် ဝတ္တုတိကို ရဟန်းရို့အား လှူဒါန်းရန် ကျရောက်သော အလှည့်။ ၂၊ ယင်းပိုင် လှူဒါန်းရန် ခွဲဝီ စီစိုင်ခြင်း
    ၁၊ ဆွမ်း သို့မဟုတ် တခြားသော လှူဖွယ် ဝတ္တုများကို ရဟန်းတို့အား လှူဒါန်းရန် ကျရောက်သော အလှည့်။ ၂၊ ယင်းသို့ လှူဒါန်းရန် ခွဲဝေ စီစဉ်ခြင်း
    food offered to Buddha or monks
    နာမ်

    ဆွမ်းစဉ်၂

    [sʰʊ̀ɴsɪ̀ɴ၂]
    ဆွမ်း တနည်း အခြားသော လှူဖွယ် ဝတ္တုတိကို ရဟန်းရို့အား လှူဒါန်းရန် ခွဲဝီ စီစိုင်သည်
    ဆွမ်း သို့မဟုတ် တခြားသော လှူဖွယ် ဝတ္တုများကို ရဟန်းတို့အား လှူဒါန်းရန် ခွဲဝေ စီစဉ်သည်
    food offered to Buddha or monks
    ကြိယာ

    ဆွမ်းစဉ်၃

    [sʰʊ̀ɴsɪ̀ɴ၃]
    ဆိုက်ရောက် လာရေ အခွင့် အကြိမ် အရ၊ တလှည့်စီ
    ဆိုက်ရောက် လာသော အခွင့် အကြိမ် အရ၊ တစ်လှည့်စီ
    food offered to Buddha or monks
    ကြိယာဝိသေသန