Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 841–860 of 913 words

    ဆ

    ဆွမ်းစားကျောင်း

    [sʰʊ̀ɴsát͡ɕáʊɴ]
    ရဟန်း သံဃာတော်ရို့ ဆွမ်း သုံးဆောင်ရန် သီးသန့် ဆောက်လုပ် ထားရေ ကျောင်း
    ရဟန်း သံဃာတော်တို့ ဆွမ်း သုံးဆောင်ရန် သီးခြား ဆောက်လုပ် ထားသော ကျောင်း
    mealing hall in a monastery
    နာမ်

    ဆွမ်းစိမ်း

    [sʰʊ̀ɴséɪɴ]
    ဥပစ္ဆေဒကကံ (ဓါးလက်နက်) ဖြင့် သီရေ သူအား ရည်မှန်း၍ လှူဒါန်းသော ဆွမ်းဆန်၊ ငါးဟင်း အစဟိစွာ
    ဥပစ္ဆေဒကကံ (ဓါးလက်နက်) ဖြင့် သေသော သူအား ရည်မှန်း၍ လှူဒါန်းသော ဆွမ်းဆန်၊ ငါးဟင်း စသည်
    provisions for monks
    နာမ်

    ဆွမ်းစိမ်းခံ

    [sʰʊ̀ɴséɪɴkʰံ]
    ဘုန်းတော်ကြီး ကျောင်းရို့မာ ရဟန်း သံဃာတော်များ သုံးဆောင်ရန် အတွက် မြို့ရွာထဲမာ စီတန်း၍ သပိတ်ဖြင့် ဆွမ်း ဆန်နှင့် အခြား လှူဖွယ် ဝတ္တုတိကို ခံသည်
    ဘုန်းတော်ကြီး ကျောင်းတို့တွင် ရဟန်း သံဃာတော်များ သုံးဆောင်ရန် အတွက် မြို့ရွာထဲတွင် စီတန်း၍ သပိတ်ဖြင့် ဆွမ်း ဆန်နှင့် တခြား လှူဖွယ် ဝတ္တုများကို ခံသည်
    go around to accept offering
    ကြိယာ

    ဆွမ်းဆန်

    [sʰʊ̀ɴsʰàɴ]
    ရဟန်း၊ သံဃာများ အတွက် သုံးဆောင်ရန် ဆန်
    ရဟန်း၊ သံဃာများ အတွက် သုံးဆောင်ရန် ဆန်
    rice offered to monks
    နာမ်

    ဆွမ်းညွန်း

    [sʰʊ̀ɴɲʊ́ɴ]
    ဆွမ်းစား ကတ်ရန် အလှည့်ကျ စီစိုင် ခန့်ခွဲသည်
    ဆွမ်းစား ကြရန် အလှည့်ကျ စီစဉ် ခန့်ခွဲသည်
    offer food to Buddha and monks
    ကြိယာ

    ဆွမ်းတင်

    [sʰʊ̀ɴtɪ̀ɴ]
    ဘုရားအား ရည်မှန်း၍ သိမ်၊ ပုထိုး၊ စာတီ၌ အမြဲတမ်း ဆွမ်းတော် တင်ရသူ ဆွမ်းတင်စည်တီး၊ မျက်နှာတော်သုတ်၊ တင်းခွန်ဆွဲ၊ တံမြက်ခတ်၊ ကျီးနှင်စာခြောက် (တောင်)
    ဘုရားအား ရည်မှန်း၍ သိမ်၊ ပုထိုး၊ စေတီ၌ အမြဲတမ်း ဆွမ်းတော် တင်ရသူ ဆွမ်းတင်စည်တီး၊ မျက်နှာတော်သုတ်၊ တံခွန်ဆွဲ၊ တံမြက်ခတ်၊ ကျီးနှင်စာခြောက် (တောင်)
    offer food to Buddha and monks
    ကြိယာ

    ဆွမ်းတော်

    [sʰʊ̀ɴtɔ̀]
    ကျွန်းကမ်း ရပ်ရွာရို့မာ ဆွမ်းခံသည့် အခါ ဆွမ်းခံ ကြွလှာကြောင်း သိစီရန် ကျောင်းသား တိက ဆွမ်းတော် ဆိုပနာ ဟစ်အော်သော အသံကို ပြုကတ်ခြင်း
    ကျွန်းကမ်း ရပ်ရွာတို့တွင် ဆွမ်းခံသည့် အခါ ဆွမ်းခံ ကြွလာကြောင်း သိစေရန် ကျောင်းသား များက ဆွမ်းတော် ဟူ၍ ဟစ်အော်သော အသံကို ပြုကြခြင်း
    none
    နာမ်

    ဆွမ်းတော်ကြီးလောင်း

    [sʰʊ̀ɴtɔ̀t͡ɕïláʊɴ]
    လူအများ ဝိုင်းဝန်း၍ ရဟန်း သံဃာတော် တိအား ဆွမ်းအစဟိရေ သစ်သီး ခဲဖွယ် ရို့ကို လောင်းလှူသည်
    လူအများ ဝိုင်းဝန်း၍ ရဟန်း သံဃာတော် များအား ဆွမ်းစသော သစ်သီး ခဲဖွယ် တို့ကို လောင်းလှူသည်
    offer food to Buddha and monks
    ကြိယာ

    ဆွမ်းတော်တင်

    [sʰʊ̀ɴtɔ̀tɪ̀ɴ]
    ဘုရားအား ရည်မှန်း၍ ဆွမ်း သစ်သီး အစဟိရေ လှူဖွယ် ဝတ္တုရို့ကို ကပ်လှူသည်
    ဘုရားအား ရည်မှန်း၍ ဆွမ်း သစ်သီး စသော လှူဖွယ် ဝတ္တုတို့ကို ကပ်လှူသည်
    offer food to Buddha and monks
    ကြိယာ

    ဆွမ်းတော်တင်၂

    [sʰʊ̀ɴtɔ̀tɪ̀ɴ၂]
    ဘုရားအား လှူဒါန်းသော ဆွမ်း၊ သစ်သီး၊ မုန့်၊ ပဲ အစဟိစွာရို့ကို ကပ်လှူခြင်း
    ဘုရားအား လှူဒါန်းသော ဆွမ်း၊ သစ်သီး၊ မုန့်၊ ပဲ စသည်တို့ကို ကပ်လှူခြင်း
    offer food to Buddha and monks
    နာမ်

    ဆွမ်းပန်း

    [sʰʊ̀ɴpáɴ]
    သစ်သီး ဝလံ၊ ထမင်း၊ ငါး၊ ဟင်း စစွာကို ခြုံ၍ ခေါ်သော စကားလုံး
    သစ်သီး ဝလံ၊ ထမင်း၊ ငါး၊ ဟင်း စသည်ကို ခြုံ၍ ခေါ်သော စကားလုံး
    offer food to Buddha and monks
    နာမ်

    ဆွမ်းဖိတ်

    [sʰʊ̀ɴpʰeɪʔ]
    ၁၊ နိစိုင် ဆွမ်း လောင်းလှူရန် ဒါယကာက ရဟန်းအား ပြောကြားရေ။ ၂၊ ဒါယကာက ရဟန်းအား ဆွမ်းစားကတ်ရန် ပင့်ခေါ်ရေ
    ၁၊ နေ့စဉ် ဆွမ်း လောင်းလှူရန် ဒါယကာက ရဟန်းအား ပြောကြားသည်။ ၂၊ ဒါယကာက ရဟန်းအား ဆွမ်းစားကြရန် ပင့်ခေါ်သည်
    invite monks to meal at one’s home
    ကြိယာ

    ဆွမ်းမွှီး

    [sʰʊ̀ɴmW̯ï]
    အရွက် ခပ်သွယ်သွယ် ဟိပြီးကေ ထမင်းမာ ထည့်ပနာ နှပ်လျှင် မွှီးစေ တတ်ရေ အပင် တမျိုး
    အရွက် ခပ်သွယ်သွယ် ရှိ၍ ထမင်းတွင် ထည့်၍ နှပ်လျှင် မွှေးစေ တတ်သော အပင် တစ်မျိုး
    plant
    နာမ်

    ဆွမ်းရပ်

    [sʰʊ̀ɴɹaʔ]
    ဆွမ်း အလှူ ခံသည်
    ဆွမ်း အလှူ ခံသည်
    go around to accept offering
    ကြိယာ

    ဆွမ်းလောင်း

    [sʰʊ̀ɴláʊɴ]
    ဆွမ်းခံသော ပုဂ္ဂိုလ်၏ သပိတ်ထဲမာ ဆွမ်း ဟင်း စစွာကို ထည့်ပနာ လောင်းလှူသည်
    ဆွမ်းခံသော ပုဂ္ဂိုလ်၏ သပိတ်ထဲတွင် ဆွမ်း ဟင်း စသည်ကို ထည့်၍ လောင်းလှူသည်
    offer food to Buddha and monks
    ကြိယာ

    ဆွမ်းဟင်း

    [sʰʊ̀ɴhɪ́ɴ]
    သံဃာတော် တိအား လှူဒါန်းရန် ဆွမ်း၊ ဟင်း အစဟိစွာ
    သံဃာတော် များအား လှူဒါန်းရန် ဆွမ်း၊ ဟင်း စသည်
    offer food to Buddha and monks
    နာမ်

    ဆွမ်းအုပ်

    [sʰʊ̀ɴʔoʊʔ]
    ဆွမ်းထည့်ရန် အုပ်
    ဆွမ်းထည့်ရန် အုပ်
    large bowl with stand and cover tooffer food to monks
    နာမ်

    ဆွယ်

    [sʰwɛ̀]
    ၁၊ ကိုယ့်အလိုသို့ ပါအောင် ကြိုးပမ်းရေ။ ကိုယ့်အလိုသို့ စိတ်ဝင်စားအောင် လှည့်ပတ် ပြောဆိုရေ။ နိူင်းစပ်ရေ။ ၂၊ (ဆက်သွယ်) စပ်မိအောင် ပြုသည်
    ၁၊ မိမိအလိုသို့ ပါအောင် ကြိုးပမ်းသည်။ မိမိအလိုသို့ စိတ်ပါအောင် လှည့်ပတ် ပြောဆိုသည်။ ယှဉ်စပ်သည်။ ၂၊ (ဆက်သွယ်) စပ်မိအောင် ပြုသည်
    persuade
    ကြိယာ

    ဆွယ်ခန်း

    [sʰwɛ̀kʰáɴ]
    ကိုယ့်အလိုသို့ ပါအောင် သိမ်းသွင်း ပြောဟောသော စကား
    မိမိအလိုသို့ ပါအောင် သိမ်းသွင်း ပြောဟောသော စကား
    persuade
    နာမ်

    ဆွီ

    [sʰwí]
    ဆွီမျိုး၊ မိတ်ဆွီ စစွာကို အတိုခြုံး၍ ခေါ်သော စကားလုံး
    ဆွေမျိုး၊ မိတ်ဆွေ စသည်ကို အတိုချုံး၍ ခေါ်သော စကားလုံး
    relative
    နာမ်