Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 881–900 of 913 words

    ဆ

    ဆွီမကင်းမျိုးမကင်း

    [sʰwímkɪ́ɴmrómkɪ́ɴ]
    အနည်း အပါး ဆွီမျိုး တော်စပ်သူ
    အနည်း အပါး ဆွေမျိုး တော်စပ်သူ
    relative
    နာမ်

    ဆွီမျိုး

    [sʰwímró]
    အိမ်ထောင် ပြုပနာ ဖြစ်စီ၊ သွီးစပ်၍ ဖြစ်စီ တော်စပ်သော သားချင်း
    အိမ်ထောင် ပြု၍ ဖြစ်စေ၊ သွေးစပ်၍ ဖြစ်စေ တော်စပ်သော သားချင်း
    relative
    နာမ်

    ဆွီမျိုးနီးစပ်

    [sʰwímrónïsaʔ]
    အနည်း အပါး ဆွီမျိုး တော်စပ်သူ
    အနည်း အပါး ဆွေမျိုး တော်စပ်သူ
    relative
    နာမ်

    ဆွီမျိုးသားချင်း

    [sʰwímróθáɕɪ́ɴ]
    အိမ်ထောင် ပြုပနာ ဖြစ်စီ၊ သွီးစပ်၍ ဖြစ်စီ တော်စပ်သော သားချင်း
    အိမ်ထောင် ပြု၍ ဖြစ်စေ၊ သွေးစပ်၍ ဖြစ်စေ တော်စပ်သော သားချင်း
    relative
    နာမ်

    ဆွီရပ်မျိုးရိပ်မကင်း

    [sʰwíɹaʔmróɹìaʔmkɪ́ɴ]
    အနည်း အပါး ဆွီမျိုး တော်စပ်သူ
    အနည်း အပါး ဆွေမျိုး တော်စပ်သူ
    relative
    နာမ်

    ဆွီဝါ

    [sʰwíwà]
    ဆွီမျိုး တော်စပ်သူ
    ဆွေမျိုး တော်စပ်သူ
    relative
    နာမ်

    ဆွေး

    [sʰwé]
    ကွဲကွာသူ တစုံ တဦးအတွက် စိတ်ထဲမာ ထိခိုက် ခံစားရရေ။ အောက်မိ တသည်
    ကွဲကွာသူ တစ်စုံ တစ်ဦးအတွက် စိတ်ထဲတွင် ထိခိုက် ခံစားရသည်။ အောက်မေ့ တသည်
    grieve
    ကြိယာ

    ဆွေးနွေး

    [sʰwénwé]
    အယူအဆ လိုအင် ဆန္ဒကို (ဆွေးနွေး) လက်သပ်ရေ။ အပြန်အလှန် ပြောဆို ညှိနှိုင်းသည်
    အယူအဆ လိုအင် ဆန္ဒကို (ဆွေးနွေး) တိုင်ပင်သည်။ အပြန်အလှန် ပြောဆို ညှိနှိုင်းသည်
    discuss
    ကြိယာ

    ဆွဲ

    [sʰwɛ]
    ၁၊ ကိုယ့်ဘက်ကို ပါအောင် လုပ်ရေ။ ငင်ရေ။ အောက်ကို မကျအောင် တွဲချိတ် ထားရေ။ ၂၊ တွဲလောင်း ကျနီအောင် ပြုလုပ်ရေ။ ၃၊ ကိုက်ရွက်ရေ။ ငါးကို ဆွဲယူ လားခဗျာယ်။ ၄၊ ကြာရေ။ ဆိုင်းရေ။ အချိန်ကို ကြာစီရေ့ပင် အချိန်ကို ကြာအောင် ဆွဲထားရေ။ ၅၊ အရှည် အလျား၊ အရီး အကြောင်း ရေ
    ၁၊ မိမိဘက်သို့ ပါအောင် လုပ်သည်။ ငင်သည်။ အောက်သို့ မကျအောင် တွဲချိတ် ထားသည်။ ၂၊ တွဲလျား ကျနေအောင် ပြုလုပ်သည်။ ၃၊ ကိုက်ချီသည်။ ငါးကို ဆွဲယူ လားခဗျာယ်။ ၄၊ ကြာသည်။ ဆိုင်းသည်။ အချိန်ကို ကြာစေသည့်ပင် အချိန်ကို ကြာအောင် ဆွဲထားရေ။ ၅၊ အရှည် အလျား၊ အရေး အကြောင်း ရေ
    await
    ကြိယာ

    ဆွဲကြိုး

    [sʰwɛt͡ɕó]
    ပုတီး။ လိုင်ဖင်းမာ ဝတ်ဆင်ရရေ ကြိုး
    ပုတီး။ လည်ပင်းတွင် ဝတ်ဆင်ရသော ကြိုး
    necklace
    နာမ်

    ဆွဲကြိုးချ

    [sʰwɛt͡ɕóɕ]
    ကြိုးကွင်းကို လိုင်ဖင်းမာ စွပ်ပြီးကေ ကိုယ့်အသက်ကို သီယောင် လုပ်ရေ
    ကြိုးကွင်းကို လည်ပင်းတွင် စွပ်ပြီးလျှင် မိမိအသက်ကို သေအောင် လုပ်သည်
    commit suicide by hanging
    ကြိယာ

    ဆွဲခရင်း

    [sʰwɛkʰɹɪ́ɴ]
    လက်ဖြင့် ဆွဲပနာ ယူဆောင် ရရေ ခြင်း
    လက်ဖြင့် ဆွဲ၍ ယူဆောင် ရသော ခြင်း
    Hand-basket
    နာမ်

    ဆွဲချ

    [sʰwɛɕ]
    အထက်မှ အောက်ကို ငင်၍ ချယူရေ
    အထက်မှ အောက်သို့ ငင်၍ ချယူသည်
    pull
    ကြိယာ

    ဆွဲခြင်သိုက်

    [sʰwɛkʰɹɪ̀ɴθaɪʔ]
    သိုက်ကြီး။ လက်ဖြင့် ဆွဲပနာ ချိတ်တွယ် ရရေ သိုက် တမျိုး။ (ထည့်စရာ ခွင်တခုရာ ပါ၍ ယင်းခွင်မာ သစ်သားရိုး တပ်ကာ လက်တံရိုးဟိ ဆွဲကြိုး အလီးစီကို ဆွဲကိုင်ကေလျှင် တသိုက်၊ သိုက်ခွဲ (နှစ်သိုက်ခွဲ၊ နှစ်သိုက်ခွဲခွဲ) အစဟိစွာအနိန်နန့် ခြင်တွယ် ရရေ။
    ချိန်ခွင်ကြီး။ လက်ဖြင့် ဆွဲ၍ ချိတ်တွယ် ရသော ချိန်ခွင် တစ်မျိုး။ (ထည့်စရာ ခွင်တစ်ခုသာ ပါ၍ ၎င်းခွင်တွင် သစ်သားရိုး တပ်ကာ လက်တံရိုးရှိ ဆွဲကြိုး အလေးစီကို ဆွဲကိုင်ပြီးလျှင် တစ်သိုက်၊ သိုက်ခွဲ (တစ်ပိဿာ၊ တစ်ပိဿာခွဲ) စသည်ဖြင့် ချိန်တွယ် ရသည်။
    pair of scales
    နာမ်

    ဆွဲခြိုင့်

    [sʰwɛkʰɹàɪɴ့]
    ထမင်း၊ ဟင်း အစဟိရေ စားသောက်ဖွယ် ရို့ကို ထည့်ကာ လက်ဖြင့် ဆွဲကိုင် သယ်ယူ အသုံး ပြုရရေ ဝန်
    ထမင်း၊ ဟင်း စသော စားသောက်ဖွယ် တို့ကို ထည့်ကာ လက်ဖြင့် ဆွဲကိုင် သယ်ယူ အသုံး ပြုရသော ပစ္စည်း
    food carrier
    နာမ်

    ဆွဲငင်

    [sʰwɛŋɪ̀ɴ]
    ၁၊ ကိုယ့်ဖက်သို့ ပါအောင် သိမ်းသွင်းရေ။ ၂၊ ကိုယ့်အလိုသို့ ပါအောင် လှည့်ပတ် ပြောဆိုရေ။ ၃၊ ဆိုင်းရေ။ ကြာရေ။ အချိန်ကို ကြန့်ကြာ စီရေ
    ၁၊ မိမိဖက်သို့ ပါအောင် ဆွဲဆောင်သည်။ ၂၊ မိမိအလိုသို့ ပါအောင် လှည့်ပတ် ပြောဆိုသည်။ ၃၊ ဆိုင်းသည်။ ကြာသည်။ အချိန်ကို ကြန့်ကြာ စေသည်
    pull
    နာမ်

    ဆွဲဆောင်

    [sʰwɛsʰàʊɴ]
    စိတ် ပါဝင်စား လာယောင် ပြုလုပ်ရေ
    စိတ် ပါဝင်စား လာအောင် ပြုလုပ်သည်
    attract
    ကြိယာ

    ဆွဲတလား

    [sʰwɛtlá]
    ဘုန်းကြီး ပျံမာ ဘုန်းကြီး အလောင်းကို တင်ပနာ သဂြိုလ် ရာသို့ ဆွဲငင် ယူရရေ စက်သီး လေးလုံးဖြင့် ပြုလုပ် ထားရေ ရထား
    ဘုန်းကြီး ပျံတွင် ဘုန်းကြီး အလောင်းကို တင်၍ သဂြိုလ် ရာသို့ ဆွဲငင် ယူရသော စက်သီး လေးလုံးဖြင့် ပြုလုပ် ထားသော ရထား
    troller
    နာမ်

    ဆွဲနပန်း

    [sʰwɛnpáɴ]
    ရခိုင်ရို့၏ (ကျင်ကိုင်) နပန်းလုံးပုံ နည်းတမျိုး
    ရခိုင်တို့၏ (ကျင်ကိုင်) နပန်းလုံးပုံ နည်းတစ်မျိုး
    wrestle
    နာမ်

    ဆွဲပိုက်

    [sʰwɛpaɪʔ]
    ဖြားဆန် လောင်းာ်ခတ် နိန်ရေ လောင်းနှစ်စင်း ကြား၌ ပိုက်ကို ဆွဲထားပနာ ပိုက်ချ ရရေ ပိုက် တမျိုး။ ၂၊ ရီအောက် မြီပြင်ကို ဒရွတ် ဆွဲငင်၍ ပိုက်ချရရေ ပိုက်တမျိုး
    ရေဆန် လှော်ခတ် နေသော လှေနှစ်စင်း ကြား၌ ပိုက်ကို ဆွဲထား၍ ငါးဖမ်း ရသော ပိုက် တစ်မျိုး။ ၂၊ ရေအောက် မြေပြင်ကို ဒရွတ် ဆွဲငင်၍ ငါးဖမ်းရသော ပိုက်တစ်မျိုး
    fishing net
    နာမ်