Dictionary Entries
Showing 901–913 of 913 words
ဆ
ဆွဲပွဲသဘင်
[sʰwɛpwɛθbʱɪ̀ɴ]
Arakanese:
၁၊ ဟိးရက္ခိုင် ဘုရင်ရို့ လက်ထက်မာ ဆင်တပ်သားရို့ စွမ်းရည်ပြ အခမ်း အနား။ ဆင်ခင်း ပွဲတော်။ ၂၊ စစ်တိုင်၊ စစ်ချီ ရာမာ အတိုး အဆုတ်၊ အရှောင် အတိမ်း၊ အကော်အဝှေ့၊ အထိုး အစဟိစွာရို့ကို လေ့ကျင့် ပြသသော ပွဲ။ (ယင်းပွဲကို နံတော်လ၌ ကျင်းပလေ့ ဟိရေ။
Burmese:
၁၊ ရှေးရခိုင် ဘုရင်တို့ လက်ထက်တွင် ဆင်တပ်သားတို့ စွမ်းရည်ပြ အခမ်း အနား။ ဆင်ခင်း ပွဲတော်။ ၂၊ စစ်တိုင်၊ စစ်ချီ ရာ၌ အတိုး အဆုတ်၊ အရှောင် အတိမ်း၊ အကော်အဝှေ့၊ အထိုး စသည်တို့ကို လေ့ကျင့် ပြသသော ပွဲ။ (၎င်းပွဲကို နတ်တော်လ၌ ကျင်းပလေ့ ရှိသည်။
English:
festival
Grammar Note:
နာမ်
ဆွဲမှန်အိမ်
[sʰwɛm̥àɴʔèɪɴ]
Arakanese:
လက်ကိုင် ကိုင်းပါရေ မှန်အိမ်
Burmese:
လက်ကိုင် ကိုင်းပါသော မီးအိမ်
English:
lamp
Grammar Note:
နာမ်
ဆွဲရထား
[sʰwɛɹtʰá]
Arakanese:
ဘုန်းကြီး ပျံမာ ဘုန်းကြီး အလောင်းကို တင်ပနာ သဂြိုလ်ရာသို့ ဆွဲငင် ယူရရေ စက်သီး လေးလုံးဖြင့် ပြုလုပ် ထားရေ ရထား
Burmese:
ဘုန်းကြီး ပျံတွင် ဘုန်းကြီး အလောင်းကို တင်၍ သဂြိုလ်ရာသို့ ဆွဲငင် ယူရသော စက်သီး လေးလုံးဖြင့် ပြုလုပ် ထားသော ရထား
English:
troller
Grammar Note:
နာမ်
ဆွဲလား
[sʰwɛlá]
Arakanese:
၁၊ ဒေါက်ထောက်၍ ဖွင့်ရရေ တန်းခါး တမျိုး။ ၂၊ ထရံ။ အကာ။ ဆွဲလား။ သုံးဆောင်ပြောင်သည်၊ တောင်ယောင်ပြတင်း၊ မြဆွဲလားနှင့် (စောမွန်ဘွဲ့)။ မျက်ပျိုင်းကျပနာ၊ ကိုင်ကြတံမြောက်၊ ဆွဲလားကိုဟန်၊ ဝါးနှင့်ကန်ပနာ (ရာမ)
Burmese:
၁၊ ဒေါက်ထောက်၍ ဖွင့်ရသော တံခါး တစ်မျိုး။ ၂၊ ထရံ။ အကာ။ ကဲလား။ သုံးဆောင်ပြောင်သည်၊ တောင်ယောင်ပြတင်း၊ မြဆွဲလားနှင့် (စောမွန်ဘွဲ့)။ မျက်ပျိုင်းကျ၍၊ ကိုင်ကြတံမြောက်၊ ဆွဲလားကိုဟန်၊ ဝါးနှင့်ကန်၍ (ရာမ)
English:
none
Grammar Note:
နာမ်
ဆွဲလားပေါ်
[sʰwɛlápɔ̀]
Arakanese:
နီရာတိုင်းမာ အမှု အခင်း အဖြစ် ဖြစ်ပေါ်တတ်သူ။ ငါ့သားမောင်ယေ၊ လာရာတိုင်းမာ၊ ဆွဲလားပေါ်ရေ (ပုံ)
Burmese:
နေရာတိုင်းမှာ အမှု အခင်း အဖြစ် ဖြစ်ပေါ်တတ်သူ။ ငါ့သားမောင်ယေ၊ လာရာတိုင်းမှာ၊ ဆွဲလားပေါ်ရေ (ပုံ)
English:
none
Grammar Note:
ကြိယာ
ဆွဲလားအိတ်
[sʰwɛláʔeɪʔ]
Arakanese:
ဂုန်နီလျှော်ဖြင့် ရက်လုပ် ထားရေ အိတ်ကြီး။ ဆာလာအိတ်
Burmese:
ဂုန်နီလျှော်ဖြင့် ရက်လုပ် ထားသော အိတ်ကြီး။ ဂုန်နီအိတ်
English:
gunny bag
Grammar Note:
နာမ်
ဆွဲလော
[sʰwɛlɔ́]
Arakanese:
၁၊ ဒေါက်ထောက်၍ ဖွင့်ရရေ တန်းခါး တမျိုး။ ၂၊ ထရံ။ အကာ။ ဆွဲလား။ သုံးဆောင်ပြောင်သည်၊ တောင်ယောင်ပြတင်း၊ မြဆွဲလားနှင့် (စောမွန်ဘွဲ့)။ မျက်ပျိုင်းကျပနာ၊ ကိုင်ကြတံမြောက်၊ ဆွဲလားကိုဟန်၊ ဝါးနှင့်ကန်ပနာ (ရာမ)
Burmese:
၁၊ ဒေါက်ထောက်၍ ဖွင့်ရသော တံခါး တစ်မျိုး။ ၂၊ ထရံ။ အကာ။ ကဲလား။ သုံးဆောင်ပြောင်သည်၊ တောင်ယောင်ပြတင်း၊ မြဆွဲလားနှင့် (စောမွန်ဘွဲ့)။ မျက်ပျိုင်းကျ၍၊ ကိုင်ကြတံမြောက်၊ ဆွဲလားကိုဟန်၊ ဝါးနှင့်ကန်၍ (ရာမ)
English:
none
Grammar Note:
နာမ်
ဆွဲလွဲ
[sʰwɛlwɛ]
Arakanese:
၁၊ လီထကေ လှုပ်ခပ်ရန် ညောင်ရွက်ဆွဲ အဆန် ထည့် တပ်ထားရေ့ ခေါင်းလောင်းငယ်။ နန်းခေါင်ထိပ်ဖျား၊ တုရိုဏ်သာကို၊ လေလာခတ်ကေ၊ ငှက်မြတ်နားက၊ မနားမစဲ၊ ဆွဲလွဲညံညံ၊ ညောင်ရွက်သံကို၊ လိုက်နာမညီး (နာရဒ)။ ၂၊ လှုပ်ခတ်ရန် အဆန် ထည့်တပ်ထားရေ့ ခေါင်းလောင်းငယ်။ ဆည်းလည်း
Burmese:
၁၊ လေတိုက်လျှင် လှုပ်ခပ်ရန် ညောင်ရွက်ဆွဲ အဆန် ထည့် တပ်ထားသည့် ခေါင်းလောင်းငယ်။ နန်းခေါင်ထိပ်ဖျား၊ တုရိုဏ်သာကို၊ လေလာခတ်ကေ၊ ငှက်မြတ်နားက၊ မနားမစဲ၊ ဆွဲလွဲညံညံ၊ ညောင်ရွက်သံကို၊ နာခံမညီး (နာရဒ)။ ၂၊ လှုပ်ခတ်ရန် အဆန် ထည့်တပ်ထားသည့် ခေါင်းလောင်းငယ်။ ဆည်းလည်း
English:
small bells
Grammar Note:
နာမ်
ဆွဲလွဲတံ
[sʰwɛlwɛtံ]
Arakanese:
တံဘက် အစဟိစွာ၏ အနား စွန်းမာ (ဆွဲလွဲပိုင်) အလှအပ အဖြစ် တန်ဆာ ဆင်ထားရေ ဆွဲလွဲ၏ အမြိတ်အရင်း။ လုံးတန်ဖေါက်တန်၊ ပထာပိုင်းမာ၊ ဆွဲလွဲတံ (တေး)
Burmese:
တံဘက် စသည်၏ အနား စွန်းတွင် (ဆွဲလွဲကဲ့သို့) အလှအပ အဖြစ် တန်ဆာ ဆင်ထားသော ဆွဲလွဲ၏ အမြိတ်အရင်း။ လုံးတန်ဖေါက်တန်၊ ပထာပိုင်းမှာ၊ ဆွဲလွဲတံ (တေး)
English:
none
Grammar Note:
နာမ်
ဆွဲလွဲသီး
[sʰwɛlwɛθï]
Arakanese:
တံဘက် အစဟိစွာ၏ နဘယံမာ အလှအပ အဖြစ် တန်ဆာ ဆင်ထားရေ တွဲလွဲပါရေ အသီးလုံး
Burmese:
တံဘက် စသည်၏ အနားစွန်းတွင် အလှအပ အဖြစ် တန်ဆာ ဆင်ထားသော တွဲလွဲပါသည့် အသီးလုံး
English:
none
Grammar Note:
နာမ်
ဆွဲလှ
[sʰwɛɬ]
Arakanese:
၁၊ ဒေါက်ထောက်၍ ဖွင့်ရရေ တန်းခါး တမျိုး။ ၂၊ ထရံ။ အကာ။ ဆွဲလား။ သုံးဆောင်ပြောင်သည်၊ တောင်ယောင်ပြတင်း၊ မြဆွဲလားနှင့် (စောမွန်ဘွဲ့)။ မျက်ပျိုင်းကျပနာ၊ ကိုင်ကြတံမြောက်၊ ဆွဲလားကိုဟန်၊ ဝါးနှင့်ကန်ပနာ (ရာမ)
Burmese:
၁၊ ဒေါက်ထောက်၍ ဖွင့်ရသော တံခါး တစ်မျိုး။ ၂၊ ထရံ။ အကာ။ ကဲလား။ သုံးဆောင်ပြောင်သည်၊ တောင်ယောင်ပြတင်း၊ မြဆွဲလားနှင့် (စောမွန်ဘွဲ့)။ မျက်ပျိုင်းကျ၍၊ ကိုင်ကြတံမြောက်၊ ဆွဲလားကိုဟန်၊ ဝါးနှင့်ကန်၍ (ရာမ)
English:
none
Grammar Note:
နာမ်
ဆွဲအံ
[sʰwɛʔံ]
Arakanese:
အတော်အသင့် လုပ်ထားရေ ဘောင်မာ တွန်းသွင်း ဆွဲထုတ်ရရေ ပျိုင်၊ သံခွက် အစဟိစွာ
Burmese:
အတော်အသင့် လုပ်ထားသော ဘောင်တွင် တွန်းသွင်း ဆွဲထုတ်ရသော ပျဉ်၊ သံခွက် စသည်
English:
drawer
Grammar Note:
နာမ်
ဆွဲအား
[sʰwɛá]
Arakanese:
တစုံ တခုကို ဆွဲငင်သော ခွန်အား
Burmese:
တစ်စုံ တစ်ခုကို ဆွဲငင်သော ခွန်အား
English:
acceleration
Grammar Note:
နာမ်