Dictionary Entries
Showing 81–100 of 913 words
ဆ
ဆင်ဆင်၂
[sʰɪ̀ɴsʰɪ̀ɴ၂]
Arakanese:
အသွင်အပြင်၊ အရောင် အသွီး အစဟိစွာ တမျိုးတည်း ပိုင်ဖြစ်ရေ အရာ
Burmese:
အသွင်အပြင်၊ အရောင် အသွေး စသည် တစ်မျိုးတည်း ကဲ့သို့ဖြစ်သော အရာ
English:
similar
Grammar Note:
နာမ်
ဆင့်ဆို
[sʰɪ̀ɴ့sʰÒ]
Arakanese:
လိုက်နာ ဆောင်ရွက် လုပ်ဆောင်ရန် (အာဏာဖြင့်) ညွှန်ကြားရေ။ ဆိုခိုင်း စီရေ
Burmese:
လိုက်နာ ဆောင်ရွက် လုပ်ဆောင်ရန် (အာဏာဖြင့်) ညွှန်ကြားသည်။ ဆိုခိုင်း စေသည်
English:
summon
Grammar Note:
ကြိယာ
ဆင်ညှင်း
[sʰɪ̀ɴɲ̯ɪ́ɴ]
Arakanese:
ကြီးရေအဖြစ် ကွက်ဟိရေ ညှင်း ရောဂါ တမျိုး
Burmese:
ကြီးသောအဖြစ် ကွက်ရှိသော ညှင်း ရောဂါ တစ်မျိုး
English:
none
Grammar Note:
နာမ်
ဆင်ညှင်းခူ
[sʰɪ̀ɴɲ̯ɪ́ɴkʰù]
Arakanese:
အရီထုကြီး ထလှာယား သွိခြောက်ခြောက် ဟိရေ ခူကျနား တမျိုး
Burmese:
အရေထုကြီး ထလာပြီး သွေ့ခြောက်ခြောက် ရှိသော နှင်းခူနား တစ်မျိုး
English:
eczema
Grammar Note:
နာမ်
ဆင်းတု
[sʰɪ́ɴtoʊ]
Arakanese:
မြတ်စွာ ဘုရား၏ ပုံတော်ကို တု၍ သွန်းလုပ် ထုထွင်း ထားရေ ရုပ်ပွားတော်။ ရုပ်ထု။ ထို ဆင်းတုတော် မဟာမုနိ ရုပ်ရှင်တော်ကို (တောင်)
Burmese:
မြတ်စွာ ဘုရား၏ ပုံတော်ကို တု၍ သွန်းလုပ် ထုထွင်း ထားသော ရုပ်ပွားတော်။ ရုပ်ထု။ ထို ဆင်းတုတော် မဟာမုနိ ရုပ်ရှင်တော်ကို (တောင်)
English:
image of buddha
Grammar Note:
နာမ်
ဆင်တူ
[sʰɪ̀ɴtù]
Arakanese:
ပုံပန်း သဏ္ဍာန်၊ မျက်စိ အာရုံမာ နီ၊ စိမ်း၊ ဝါ အစဟိစွာ ထင်မြင် လာရေ အရောင် အဆင်း တမျိုးတည်း ပိုင် ဖြစ်တေ
Burmese:
ပုံပန်း သဏ္ဍာန်၊ မျက်စိ အာရုံတွင် နီ၊ စိမ်း၊ ဝါ စသည် ထင်မြင် လာသော အရောင် အဆင်း တစ်မျိုးတည်း ကဲ့သို့ ဖြစ်သည်
English:
similar
Grammar Note:
ကြိယာ
ဆင်တူ၂
[sʰɪ̀ɴtù၂]
Arakanese:
ပုံပန်း သဏ္ဍာန်၊ မျက်စိ အာရုံမာ နီ၊ စိမ်း၊ ဝါ အစဟိစွာ ထင်မြင် လာရေ တမျိုးတည်းသော အရောင် အဆင်း
Burmese:
ပုံပန်း သဏ္ဍာန်၊ မျက်စိ အာရုံတွင် နီ၊ စိမ်း၊ ဝါ စသည် ထင်မြင် လာသော တစ်မျိုးတည်းသော အရောင် အဆင်း
English:
similar
Grammar Note:
နာမ်
ဆင်တူရိုးမှား
[sʰɪ̀ɴtùɹóm̥á]
Arakanese:
ပုံပန်း သဏ္ဍာန်၊ အမျိုးအစား၊ သဘောတရား အစဟိစွာရို့ မကွဲမပြား ဟိရေ၏ အဖြစ်
Burmese:
ပုံပန်း သဏ္ဍာန်၊ အမျိုးအစား၊ သဘောတရား စသည်တို့ မကွဲမပြား ရှိသည်၏ အဖြစ်
English:
similar
Grammar Note:
နာမ်
ဆင်ထိုးပုဇွန်
[sʰɪ̀ɴtʰópoʊzʊ̀ɴ]
Arakanese:
အရောင် ဖြူ၍ အဂေါင်းမာ ချွန်ထက်သော စူးရှည် ဟိရေ အချေစား ပုဇွန် တမျိုး
Burmese:
အရောင် ဖြူ၍ ဦးခေါင်းတွင် ချွန်ထက်သော ဆူးရှည် ရှိသော အငယ်စား ပုဇွန် တစ်မျိုး
English:
prawn
Grammar Note:
နာမ်
ဆင်ထူး
[sʰɪ̀ɴtʰùး]
Arakanese:
ခြီဂူဒေပိုင်က်ကို ချိုင်နှောင် ရရေ သံကြိုးကွင်း
Burmese:
ဆင်ခြေထောက်ကို ချည်နှောင် ရသော သံကြိုးကွင်း
English:
elephant’s fetters
Grammar Note:
နာမ်
ဆင်ထူးခတ်
[sʰɪ̀ɴtʰùးkʰaʔ]
Arakanese:
ခြီဂူဒေပိုင်က်ကို သံကြိုး ကွင်းဖြင့် ချိုင်နှောင် ထားရေ
Burmese:
ဆင်ခြေထောက်ကို သံကြိုး ကွင်းဖြင့် ချည်နှောင် ထားသည်
English:
binding
Grammar Note:
ကြိယာ
ဆင်နားစခန်း
[sʰɪ̀ɴnáskʰáɴ]
Arakanese:
ဆင်များ နားနိန်ရန် စခန်းချ ထားရာ အရပ်
Burmese:
ဆင်များ နားနေရန် စခန်းချ ထားရာ အရပ်
English:
elephant camp
Grammar Note:
နာမ်
ဆင်နားရွက်ငါး
[sʰɪ̀ɴnáɹwɛʔŋàး]
Arakanese:
ခပ်ဝိုင်းဝိုင်း ပါးလှပ်လှပ် ဟိရေ ငါး တမျိုး
Burmese:
ခပ်ဝိုင်းဝိုင်း ပါးလှပ်လှပ် ရှိသော ငါး တစ်မျိုး
English:
fish
Grammar Note:
နာမ်
ဆင်နှာမောင်း
[sʰɪ̀ɴn̥àmáʊɴ]
Arakanese:
ဗူး၊ ဖရုံ၊ သခွား အစဟိရေ အပင်ရို့မာ တွယ်ချိပ် ဆွဲဖို့ရာ အညွန့်ဖျား၌ ပါရေ အမျှင်တံ
Burmese:
ဗူး၊ ဖရုံ၊ သခွား စသော အပင်တို့၌ တွယ်ချိပ် ဆွဲဖို့ရာ အညွန့်ဖျား၌ ပါသော အမျှင်တံ
English:
tendril
Grammar Note:
နာမ်
ဆင်နှာမောင်း၂
[sʰɪ̀ɴn̥àmáʊɴ၂]
Arakanese:
(ဆင်၏ နှာမောင်းနှင့် ဆင်သော) အပွင့်ဖြူဖြူ ပွင့်ခိုင်တန် အရှည်ဟိရေ အပင်ငယ် တမျိုး။ (ယင်းအရွက်ကို နွားချီး အစိမ်းနှင့် ရော၍ ညက်အောင် ကြိတ်ပြီးကေ တက်နာ ဟိရေ အဘုချေ၏ ငယ်ထိပ်မာ အုံလျှင် ကောင်းရေဟု ဆီးနည်းမာ တွိရရေ။
Burmese:
(ဆင်၏ နှာမောင်းနှင့် ဆင်သော) အပွင့်ဖြူဖြူ ပွင့်ခိုင်တန် အရှည်ရှိသော အပင်ငယ် တစ်မျိုး။ (၎င်းအရွက်ကို နွားချေး အစိမ်းနှင့် ရော၍ ညက်အောင် ကြိတ်ပြီးလျှင် တက်နာ ရှိသော ခလေး၏ ငယ်ထိပ်တွင် အုံလျှင် ကောင်းသည်ဟု ဆေးနည်းတွင် တွေ့ရသည်။
English:
none
Grammar Note:
နာမ်
ဆင်ပေါက်
[sʰɪ̀ɴpaʊʔ]
Arakanese:
အရွယ် ရောက်ယားသော ဆင်
Burmese:
အရွယ် ရောက်ပြီးသော ဆင်
English:
elephant
Grammar Note:
နာမ်
ဆင်ပေါက်ကြီး
[sʰɪ̀ɴpaʊʔt͡ɕï]
Arakanese:
ဆင်ပေါက်ထက် စိကေချေ ခန္ဓာကိုယ် ကြီးရေ ဆင်
Burmese:
ဆင်ပေါက်ထက် အနည်းငယ် ခန္ဓာကိုယ် ကြီးသော ဆင်
English:
elephant
Grammar Note:
နာမ်
ဆင်ပေါင်ကြီး
[sʰɪ̀ɴpèàɪ̀ɴt͡ɕï]
Arakanese:
ဆင်ပေါက်ထက် စိကေချေ ခန္ဓာကိုယ် ကြီးရေ ဆင်
Burmese:
ဆင်ပေါက်ထက် အနည်းငယ် ခန္ဓာကိုယ် ကြီးသော ဆင်
English:
elephant
Grammar Note:
နာမ်
ဆင်ပြင်
[sʰɪ̀ɴpɹɪ̀ɴ]
Arakanese:
ဆင်ယင်စရာ၊ အဝတ်အထည် ဝတ်ဆင်ရေ။ တန်ဆာ ဆင်သည်
Burmese:
ဆင်ယင်စရာ၊ အဝတ်အထည် ဝတ်ဆင်သည်။ တန်ဆာ ဆင်သည်
English:
wear
Grammar Note:
ကြိယာ
ဆင်ပြောင်
[sʰɪ̀ɴpɹàʊɴ]
Arakanese:
အရွယ် ရောက်ယားသော ဆင်
Burmese:
အရွယ် ရောက်ပြီးသော ဆင်
English:
elephant
Grammar Note:
နာမ်