Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 101–120 of 913 words

    ဆ

    ဆင်ပြောင်ကြီး

    [sʰɪ̀ɴpɹàʊɴt͡ɕï]
    ဆင်ပြောင်ထက် စိကေချေ ခန္ဓာကိုယ် ကြီးရေ ဆင်။ နာဂဝင်လေ၊ ဆင်ပြောင်ကြီးနှင့်၊ စီးလို့လာပျာ (ပန်း)
    ဆင်ပြောင်ထက် အနည်းငယ် ခန္ဓာကိုယ် ကြီးသော ဆင်။ နာဂဝင်လေ၊ ဆင်ပြောင်ကြီးနှင့်၊ စီးလို့လာပျာ (ပန်း)
    elephant
    နာမ်

    ဆင့်ပွား

    [sʰɪ̀ɴ့pWà]
    အစိုင်ဆက်ပြီးကေ တိုးပွား များပြား လာရေ
    အစဉ်ဆက်၍ တိုးပွား များပြား လာသည်
    reproduce
    ကြိယာ

    ဆင်ဖဲ

    [sʰɪ̀ɴpʰɛ]
    ဖဲ ကစပ်ရာမာ ဉာဏ်လိမ် ဉာဏ်ကောက်ဖြင့် ပြုပျင် ထားရေ ဖဲ
    ဖဲ ကစားရာတွင် ဉာဏ်လိမ် ဉာဏ်ကောက်ဖြင့် ပြုပြင် ထားသော ဖဲ
    card
    နာမ်

    ဆင်ဖြူ

    [sʰɪ̀ɴpʰɹù]
    အရီပြား ဖြူသော အရောင် ဟိရေ ဆင်
    အရေပြား ဖြူသော အရောင် ရှိသော ဆင်
    white elephant
    နာမ်

    ဆင်မယဉ်သာ

    [sʰɪ̀ɴmjɪ̀ɴθà]
    ဖမ်းရရေ ဆင်ရိုင်း တိကို ယိုင်ပါးအောင် ပြုလုပ်ပီးသော ဆင်ယဉ်မ
    ဖမ်းရသော ဆင်ရိုင်း များကို ယဉ်ပါးအောင် ပြုလုပ်ပေးသော ဆင်ယဉ်မ
    elephant
    နာမ်

    ဆင်မျက်ကွင်းထရံ

    [sʰɪ̀ɴmrɛʔkwɪ́ɴtʰɹံ]
    အကွက်ကျဲကျဲ ဖော်ပနာ ရက်ထားရေ ထရံ တမျိုး၏ အမည်
    အကွက်ကျဲကျဲ ဖော်၍ ရက်ထားသော ထရံ တစ်မျိုး၏ အမည်
    bamboo wall
    နာမ်

    ဆင်မြန်း

    [sʰɪ̀ɴmɹáɴ]
    အဝတ်အစား ဆင်ယင်သည်
    အဝတ်အစား ဆင်ယင်သည်
    wear
    ကြိယာ

    ဆင်မှတ်မှတ်

    [sʰɪ̀ɴm̥aʔm̥aʔ]
    လူများ ပျက်စီးရာ ပျက်စီးကြောင်းကို တိတ်တိတ် ကြိတ်ပနာ ကြံစည်သည်
    သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းကို တိတ်တိတ် ကြိတ်၍ ကြံစည်သည်
    tactical
    ကြိယာ

    ဆင်ယင်

    [sʰɪ̀ɴjɪ̀ɴ]
    ၁၊ စီစိုင် ခင်းကျင်းရေ။ မင်းခမ်း မင်းနားရို့ကို ဆင်ယင် ခင်းကျင်းဗျာယ် (တောင်)။ ၂၊ တင့်ရေ လှပအောင် စီစိုင် ပြုပျင်ရေ။ ဘယက် တန်ဆာ၊ ဒွါဒရာကို၊ ဆင်ယင် ဝတ်စားပြုပနာ (ကုသတု)
    ၁၊ စီစဉ် ခင်းကျင်းသည်။ မင်းခမ်း မင်းနားတို့ကို ဆင်ယင် ခင်းကျင်းလျက် (တောင်)။ ၂၊ တင့်တယ် လှပအောင် စီစဉ် ပြုပြင်သည်။ ဘယက် တန်ဆာ၊ ဒွါဒရာကို၊ ဆင်ယင် ဝတ်စားပြု၍ (ကုသတု)
    wear
    ကြိယာ

    ဆင့်ရင့်ရင့်

    [sʰɪ̀ɴ့ɹɪ̀ɴ့ɹɪ̀ɴ့]
    ကြီးငယ် အလျောက် (သွယ်တန်းဗျာယ်)။ တခုနှင့် တခု ဆက်တည်ဗျာယ်။ ကြီးငယ် နိမ့်မြင့်၊ ဆင့်ကရင့်ဇေ၊ လှတောင့် လှရေ မြင်၍ (ဗျာရတု)
    ကြီးငယ် အလျောက် (သွယ်တန်းလျက်)။ တစ်ခုနှင့် တစ်ခု ဆက်တည်လျက်။ ကြီးငယ် နိမ့်မြင့်၊ ဆင့်ကရင့်ဇေ၊ လှတောင့် လှတယ် မြင်၍ (ဗျာရတု)
    descending
    ကြိယာဝိသေသန

    ဆင်းရုပ်

    [sʰɪ́ɴɹoʊʔ]
    လူရို့၏ ပုံသဏ္ဍာန်၊ ရုပ်ဆင်း သွင်ပြင်
    လူတို့၏ ပုံသဏ္ဍာန်၊ ရုပ်ဆင်း သွင်ပြင်
    aspect
    နာမ်

    ဆင်းရဲ

    [sʰɪ́ɴɹɛ]
    ၁၊ ဝန်ဥစ္စာ နည်းလျော့ ခေါင်းပါးရေ။ မွဲတေရေ။ ၂၊ ပင်ပန်းရေ။ ဒုက္ခ ရောက်ရေ။ ၃၊ ကိုယ်စိတ် နွမ်းရိသည်
    ၁၊ ပစ္စည်းဥစ္စာ နည်းလျော့ ခေါင်းပါးသည်။ မွဲတေသည်။ ၂၊ ပင်ပန်းသည်။ ဒုက္ခ ရောက်သည်။ ၃၊ ကိုယ်စိတ် နွမ်းနယ်သည်
    poor
    ကြိယာ

    ဆင်းရဲ၂

    [sʰɪ́ɴɹɛ၂]
    ၁၊ ဝန်ဥစ္စာ နည်းလျော့ ခေါင်းပါးခြင်း။ ၂၊ မွဲတေခြင်း။ ၃၊ ဒုက္ခ ရောက်ခြင်း
    ၁၊ ပစ္စည်းဥစ္စာ နည်းလျော့ ခေါင်းပါးခြင်း။ ၂၊ မွဲတေခြင်း။ ၃၊ ဒုက္ခ ရောက်ခြင်း
    poor
    နာမ်

    ဆင်းရဲတွင်းနက်

    [sʰɪ́ɴɹɛtwɪ́ɴnɛʔ]
    ဝန်ဥစ္စာ ပင်ပန်း နွမ်းရိသော အခြီအရဲ။ (ဆင်းရဲမား နက်၍) နလန် မထူနှိုင်ယောင် ဖြစ်နီခြင်း
    ပစ္စည်းဥစ္စာ ပင်ပန်း နွမ်းနယ်သော အခြေအနေ။ (ဆင်းရဲတွင်း နက်၍) နလန် မထူနိုင်အောင် ဖြစ်နေခြင်း
    poor
    နာမ်

    ဆင်းရဲမွဲတေ

    [sʰɪ́ɴɹɛmwɛtè]
    ၁၊ ဝန်ဥစ္စာ အလွန် နည်းပါစွာ။ ၂၊ ကိုယ်စိတ် နှစ်ဖြာ ပင်ပန်းစွာ
    ၁၊ ပစ္စည်းဥစ္စာ အလွန် နည်းပါစွာ။ ၂၊ ကိုယ်စိတ် နှစ်ဖြာ ပင်ပန်းစွာ
    poor
    ကြိယာဝိသေသန

    ဆင်းရဲသား

    [sʰɪ́ɴɹɛθá]
    ၁၊ ဝန်ဥစ္စာ ကြွယ်ဝခြင်း မဟိသူ။ ချမ်းသာခြင်း မဟိသူ။ ၂၊ သဌီး၊ သူကြွယ်၊ မင်းမျိုး မဟုတ်သူ
    ၁၊ ပစ္စည်းဥစ္စာ ကြွယ်ဝခြင်း မယှိသူ။ ချမ်းသာခြင်း မယှိသူ။ ၂၊ သူဌေး၊ သူကြွယ်၊ မင်းမျိုး မဟုတ်သူ
    poor
    နာမ်

    ဆင်လယောက်မုန့်

    [sʰɪ̀ɴljɔ́ɛʔmòʊɴ့]
    ဆန်မုန့်် ညက်ကို ကြက်တက်ရည် သင့်တော်ပိုင် ထည့်ပြီး သကြားရည်နန့် ဖျော်ကာ၊ ခန့်အောင် ကြိုချက်၍ အအီးခံ ထားရေ စားဖွယ် မုန့်တမျိုး။ ဆင်ဝလောက်မုန့်၊ ထမင်မဲကေ၊ ကျွဲသည်းမုန့််နန့် (ပဒုမ္မာ)
    ဆန်မုန့်် ညက်ကို ထုံးကြက်တက်ရည် သင့်တော်သလို ထည့်ပြီး သကြားရည်နှင့် ဖျော်ကာ၊ ခန့်အောင် ကျိုချက်၍ အအေးခံ ထားသော စားဖွယ် မုန့်တစ်မျိုး။ ဆင်ဝလောက်မုန့်၊ ထမင်မဲကေ၊ ကျွဲသည်းမုန့််နှင့် (ပဒုမ္မာ)
    none
    နာမ်

    ဆင်လားကေလမ်းမလို

    [sʰɪ̀ɴlákèláɴmlÒ]
    ဇာသူ တဦး တယောက်ကိုမှ ဂရုထူစရာ၊ အရီး စိုက်စရာ မလိုတော့ မူပြီးကေ
    မည်သူ တစ်ဦး တစ်ယောက်ကိုမှ ဂရုစိုက်စရာ၊ အရေး စိုက်စရာ မလိုတော့ မူ၍
    neglet
    ကြိယာဝိသေသန

    ဆင်လုံး

    [sʰɪ̀ɴlóʊɴ]
    များရေ ဗိုလ်ပါ အစုအဝီး။ ဆင်လုံး မြင်းရံနှင့် တကွ ချီတက်လီသော် (တောင်)
    များပြားသော ဗိုလ်ပါ အစုအဝေး။ ဆင်လုံး မြင်းရံနှင့် တကွ ချီတက်လေသော် (တောင်)
    troops
    နာမ်

    ဆင်ဝင်

    [sʰɪ̀ɴwɪ̀ɴ]
    ၁၊ အိမ်မကိုယ်၏ ရှေ့ဘက်မှ ဆက်ပြီးကေ ထုတ်ထားရေ အဆောင်။ ၂၊ အိမ်မာ လှဂ နှစ်ခု အစပ် ကြား၌ ဆက်သွယ် ထုတ်ထားရေ အဆောင်
    ၁၊ အိမ်မကိုယ်၏ ရှေ့ဘက်မှ ဆက်၍ ထုတ်ထားသော အဆောင်။ ၂၊ အိမ်တွင် လှေကား နှစ်ခု အစပ် ကြား၌ ဆက်သွယ် ထုတ်ထားသော အဆောင်
    none
    နာမ်