Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 121–140 of 913 words

    ဆ

    ဆင်ဝလောက်မုန့်

    [sʰɪ̀ɴwlɔ́ɛʔmòʊɴ့]
    ဆန်မုန့်် ညက်ကို ကြက်တက်ရည် သင့်တော်ပိုင် ထည့်ပြီး သကြားရည်နန့် ဖျော်ကာ၊ ခန့််အောင် ကြိုချက်၍ အအီးခံ ထားရေ စားဖွယ် မုန့်တမျိုး။ ဆင်ဝလောက်မုန့်၊ ထမင်မဲကေ၊ ကျွဲသည်းမုန့််နန့် (ပဒုမ္မာ)
    ဆန်မုန့်် ညက်ကို ထုံးကြက်တက်ရည် သင့်တော်သလို ထည့်ပြီး သကြားရည်နှင့် ဖျော်ကာ၊ ခန့််အောင် ကျိုချက်၍ အအေးခံ ထားသော စားဖွယ် မုန့်တစ်မျိုး။ ဆင်ဝလောက်မုန့်၊ ထမင်မဲကေ၊ ကျွဲသည်းမုန့််နှင့် (ပဒုမ္မာ)
    Arakanese snack
    နာမ်

    ဆင်ဝီပန်း

    [sʰɪ̀ɴwípáɴ]
    အရွက် သပြီရွက်နှင့် ဆင်တူ၍ အပွင့်ဝါဝါ (ကဆုန်လ မကုန်မီ) ပွင့်သော တောပန်းငယ် တမျိုး။ မိုးပန်း ပေါက်ပန်း၊ ဆင်ဝီပန်း၊ နတ်ပန်းပွင့်ရေ၊ ဂနိုင်တောမာ၊ ဇောင်ပင် ဝမ်းနည်းဖွယ် (ဓမ္မက)
    အရွက် သပြေရွက်နှင့် ဆင်တူ၍ အပွင့်ဝါဝါ (ကဆုန်လ မကုန်မီ) ပွင့်သော တောပန်းငယ် တစ်မျိုး။ မိုးပန်း ပေါက်ပန်း၊ ဆင်ဝီပန်း၊ နတ်ပန်းပွင့်ရေ၊ ဂနိုင်တောမှာ၊ ဇောင်ပင် ဝမ်းနည်းဖွယ် (ဓမ္မက)
    wild flower
    နာမ်

    ဆင်ဝါ

    [sʰɪ̀ɴwà]
    ၁၊ အိမ်မကိုယ်၏ ရှေ့ဘက်မှ ဆက်ပြီးကေ ထုတ်ထားရေ အဆောင်။ ၂၊ အိမ်မာ လှဂ နှစ်ခု အစပ်ကြား၌ ဆက်သွယ် ထုတ်ထားရေ အဆောင်
    ၁၊ အိမ်မကိုယ်၏ ရှေ့ဘက်မှ ဆက်၍ ထုတ်ထားသော အဆောင်။ ၂၊ အိမ်တွင် လှေကား နှစ်ခု အစပ်ကြား၌ ဆက်သွယ် ထုတ်ထားသော အဆောင်
    none
    နာမ်

    ဆင်းဝါ

    [sʰɪ́ɴwà]
    အဆင်းနှင့် ဆိုင်ရေ အရည်အခြင်း။ ရုပ်ရည်
    အဆင်းနှင့် ပတ်သက်သော အရည်အချင်း။ ရုပ်ရည်
    aspect
    နာမ်

    ဆင်းသက်

    [sʰɪ́ɴθɛʔ]
    ၁၊ အမြင့်မှ အနိမ့်သို့ ရွိရေ။ ၂၊ တဆင့်မှ တဆင့်သို့ သက်လျောရေ။ ဖိုးဖီး စဉ်ဆက် မြီး လက်ထက် ထိတောင် ဆင်းသက်၍ လာရေ (ဒိဌာ)
    ၁၊ အမြင့်မှ အနိမ့်သို့ ရွေ့သည်။ ၂၊ တစ်ဆင့်မှ တစ်ဆင့်သို့ သက်လျောသည်။ ဖိုးဖီး စဉ်ဆက် မြီး လက်ထက် တိုင်အောင် ဆင်းသက်၍ လာသော (ဒိဌာ)
    land-descend
    ကြိယာ

    ဆင်သမနွယ်

    [sʰɪ̀ɴθmnwɛ̀]
    အပွီးဖြူဖြူ၊ ခါးသော အရသာဟိပြီးကေ လုံးချောချော ဆီးဖက် ဝင်သော နွယ်ပင် တမျိုး
    အပွေးဖြူဖြူ၊ ခါးသော အရသာရှိ၍ လုံးချောချော ဆေးဖက် ဝင်သော နွယ်ပင် တစ်မျိုး
    moonseed vine
    နာမ်

    ဆင်ဟိုင်း

    [sʰɪ̀ɴháɪɴ]
    အစွယ် မထွက်သော ကိုယ်လုံး ကိုယ်ထည်နှင့် အခေါင်း ကြီးထွားရေ့ ဆင်ထီးမျိုး
    အစွယ် မထွက်သော ကိုယ်လုံး ကိုယ်ထည်နှင့် အခေါင်း ကြီးထွားသည့် ဆင်ထီးမျိုး
    elephant
    နာမ်

    ဆင်ဟိုင်း၂

    [sʰɪ̀ɴháɪɴ၂]
    အရွက် ဝိုင်းဝိုင်း အပွီးပါ၍ လူထိ မိလျှင် များစွာ ယားယံ စီတတ်ရေ နွယ်ပင် တမျိုး
    အရွက် ဝိုင်းဝိုင်း အပွေးပါ၍ လူထိ မိလျှင် များစွာ ယားယံ စေတတ်သော နွယ်ပင် တစ်မျိုး
    creeper
    နာမ်

    ဆင်အံနပျိုး

    [sʰɪ̀ɴʔံnpró]
    ဒေါဗလာ နပျိုးသီး တမျိုး
    အလုံးကြီးသော ငှက်ပျောသီး တစ်မျိုး
    banana
    နာမ်

    ဆင်အိုး

    [sʰɪ̀ɴʔó]
    ဆင်ရိုင်းကို ဖမ်းရန် သွင်းလောင်းာင်၍ ယိုင်ပါးအောင် ပြုလုပ်ရာ သစ်တပ်
    ဆင်ရိုင်းကို ဖမ်းရန် သွင်းလှောင်၍ ယဉ်ပါးအောင် ပြုလုပ်ရာ သစ်တပ်
    lure-entice
    နာမ်

    ဆင်အောင်းမ

    [sʰɪ̀ɴʔáʊɴm]
    တော ဆင်ရိုင်းတိကို ကျုံးမားသို့ သွီးဆောင် ပီးရေ ဆင်မ။ အောင်းမ
    တော ဆင်ရိုင်းများကို ကျုံးတွင်းသို့ သွေးဆောင် ပေးသော ဆင်မ။ အောင်းမ
    elephant
    နာမ်

    ဆင်အောင်းမအသင်း

    [sʰɪ̀ɴʔáʊɴmʔθɪ́ɴ]
    တော ဆင်ရိုင်းတိကို ဖမ်းရန် ဖွဲ့ထားရေ အမှုထမ်း အသင်း
    တော ဆင်ရိုင်းများကို ဖမ်းရန် ဖွဲ့ထားသော အမှုထမ်း အသင်း
    none
    နာမ်

    ဆင်အော်မြက်

    [sʰɪ̀ɴʔɔ̀mɹɛʔ]
    အမြစ် အလွန် ခိုင်မြဲသော မြက်တမျိုး
    အမြစ် အလွန် ခိုင်မြဲသော မြက်တစ်မျိုး
    elephant grass
    နာမ်

    ဆင်ဦးနှောက်မုန့်

    [sʰɪ̀ɴʔún̥ɔ́ɛʔmòʊɴ့]
    ဆန်မုန့်် ညက်ကို ကြက်တက်ရည် သင့်တော်ပိုင် ထည့်ပြီး သကြားရည်နန့် ဖျော်ကာ၊ ခန့်အောင် ကြိုချက်၍ အအီးခံ ထားရေ စားဖွယ် မုန့်တမျိုး။ ဆင်ဝလောက်မုန့်၊ ထမင်မဲကေ၊ ကျွဲသည်းမုန့််နန့် (ပဒုမ္မာ)
    ဆန်မုန့်် ညက်ကို ထုံးကြက်တက်ရည် သင့်တော်သလို ထည့်ပြီး သကြားရည်နှင့် ဖျော်ကာ၊ ခန့်အောင် ကျိုချက်၍ အအေးခံ ထားသော စားဖွယ် မုန့်တစ်မျိုး။ ဆင်ဝလောက်မုန့်၊ ထမင်မဲကေ၊ ကျွဲသည်းမုန့််နှင့် (ပဒုမ္မာ)
    none
    နာမ်

    ဆံစ

    [sʰံs]
    နဖူးပြင်၊ လည်ကုတ်ဆက်၊ နားပန်းစွန်း အစဟိစွာရို့မာ ဆံပင် စပြီးကေ ပေါက်ရောက်ရာ အရပ်
    နဖူးပြင်၊ လည်ကုတ်ဆက်၊ နားပန်းစွန်း စသည်တို့တွင် ဆံပင် စ၍ ပေါက်ရောက်ရာ အရပ်
    hairline
    နာမ်

    ဆံစည်း

    [sʰံsɛ́]
    ထုံးဖွဲ့ပြီးကေ မရရေ ဆံပင် အတိုကို စုစည်းပနာ လံထားရေ ဆံပင်စု
    ထုံးဖွဲ့၍ မရသော ဆံပင် အတိုကို စုစည်း၍ ချည်ထားသော ဆံပင်စု
    switch of hair
    နာမ်

    ဆံစု

    [sʰံsoʊ]
    (ဆံထုံးထုံးရန်) အရင်းက စုစည်း ပေါင်းထားရေ ဆံပင် အစု
    (ဆံထုံးထုံးရန်) အရင်းက စုစည်း ပေါင်းထားသော ဆံပင် အစု
    switch of hair
    နာမ်

    ဆစ်

    [sʰɪʔ]
    ကြံပင်၊ ဝါးပင် အစဟိစွာရို့ကို ဓါးဖြင့် အပိုင်းပိုင်း ခုတ်ဖြတ်ရေ
    ကြံပင်၊ ဝါးပင် စသည်တို့ကို ဓါးဖြင့် အပိုင်းပိုင်း ခုတ်ဖြတ်သည်
    cut
    ကြိယာ

    ဆစ်၂

    [sʰɪʔ၂]
    ၁၊ ကြံဆစ်၊ ဝါးဆစ် အစဟိစွာရို့၏ အဆစ်ကို ရွီတွက်သော စကားလုံး။ ၂၊ အပိုင်း။ အကန့်
    ၁၊ ကြံဆစ်၊ ဝါးဆစ် စသည်တို့၏ အဆစ်ကို ရေတွက်သော စကားလုံး။ ၂၊ အပိုင်း။ အကန့်
    counting bamboo sugar cane
    နာမ်

    ဆစ်၃

    [sʰɪʔ၃]
    ၁၊ ကျောက်တုံး၊ ကျောက်သီးရို့ကို ကိုယ့်လိုရာ ပုံဖြစ်ယောင် ပြုလုပ်ရေ။ ၂၊ မီးတောက် ရယောင် ပျိုးရေ။ ထင်းနန့် မီးဆစ်တေ
    ၁၊ ကျောက်တုံး၊ ကျောက်ခဲတို့ကို မိမိလိုရာ ပုံဖြစ်အောင် ပြုလုပ်သည်။ ၂၊ မီးတောက် ရအောင် ပျိုးသည်။ ထင်းနန့် မီးဆစ်တေ
    chisel
    ကြိယာ