Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 141–160 of 913 words

    ဆ

    ဆစ်၄

    [sʰɪʔ၄]
    ဈီးနှုန်း လျော့နည်းယောင် စိဆော် ပြောဆိုရေ
    ဈေးနှုန်း လျော့နည်းအောင် စေ့ဆော် ပြောဆိုသည်
    bargain
    ကြိယာ

    ဆစ်ကျ

    [sʰɪʔt͡ɕ]
    ၁၊ အကွက် အကွင်း ကျရေ။ အချက် ကျရေ။ ၂၊ ထိထိကိုယ့် ဖြစ်တေ။ ၃၊ ပဓါန ဖြစ်တေ
    ၁၊ အကွက် အကွင်း ကျသည်။ အချက် ကျသည်။ ၂၊ ထိထိမိမိ ဖြစ်သည်။ ၃၊ ပဓါန ဖြစ်သည်
    be exact
    ကြိယာ

    ဆစ်ဆီ

    [sʰɪʔsʰí]
    သတ္တဝါ သီပြီးကေ ဖြစ်တေဆိုရေ မကောင်း ဆိုးဝါး။ ဆစ္ဆီ၊ သဆီ
    သတ္တဝါ သေ၍ ဖြစ်သည် ဆိုသော မကောင်း ဆိုးဝါး။ တစ္ဆေ
    ghost
    နာမ်

    ဆစ်ဆီကိုင်

    [sʰɪʔsʰíkàɪɴ]
    အစိမ်း၊ ဆစ္ဆီ၊ ဆစ္ဆီ၊ သဆီ အစဟိစွာ မကောင်း ဆိုးဝါး ပူးဝင်ရေ။ ပယောဂနှင့် နိူင်းသည်
    အစိမ်း၊ သရဲ၊ တစ္ဆေ စသည် မကောင်း ဆိုးဝါး ပူးဝင်သည်။ ပယောဂနှင့် ယှဉ်သည်
    possess
    ကြိယာ

    ဆစ်ဆီမျှောင်

    [sʰɪʔsʰímr̯àʊɴ]
    အစိမ်း၊ ဆစ္ဆီ၊ ဆစ္ဆီ၊ သဆီ အစဟိရေ မကောင်း ဆိုးဝါး ရို့စွာ လှည့်ပတ်၍ တော တောင် ဆိတ်ငြိမ် ရာသို့ ခေါ်ဆောင် ယူလားရေ
    အစိမ်း၊ သရဲ၊ တစ္ဆေ စသော မကောင်း ဆိုးဝါး တို့သည် လှည့်ပတ်၍ တော တောင် ဆိတ်ငြိမ် ရာသို့ ခေါ်ဆောင် ယူသွားသည်
    possess
    ကြိယာ

    ဆဆွန်

    [sʰsʰʊ̀ɴ]
    လူရို့ နီထိုင်စရာ ဝါး (တနည်း) ပျိုင် အစဟိစွာ ရို့နန့် ပြုလုပ် ထားရေ နိမ့်ရေ ခုံကျယ် ခုံပြန့်။ စင်ချေ
    လူတို့ နေထိုင်စရာ ဝါး (သို့မဟုတ်) ပျဉ် စသည် တို့ဖြင့် ပြုလုပ် ထားသော နိမ့်သည့် ခုံကျယ် ခုံပြန့်။ ကွပ်ပျစ်
    wooden or bamboo bedstead
    နာမ်

    ဆည်

    [sʰɛ̀]
    ရီတိ စီးမဆင်းရယောင် မြေ၊ ကျောက်တိနန့် ဖို့လုပ်ထားရေ ရေတည် ဟိရေ နီရာ
    ရေများ စီးမဆင်းရအောင် မြေ၊ ကျောက်များဖြင့် ဖို့လုပ်ထားသော ရေတည် ရှိသော နေရာ
    dam
    နာမ်

    ဆည်၂

    [sʰɛ̀၂]
    ၁၊ ရီစီး ကြောင်းကို အိုင်ဖြစ် လာယောင် ကျောက်၊ မြေရို့နန့် ဖို့လုပ် ဆီးဟန့်ရေ။ ၂၊ ဣန္ဒြေ အစဟိစွာရို့ တိုင်း စီရန် ကိုယ်၊ နှုတ်ကို စောင့်ထိန်းရေ။ ငါကမောင်လှ အရှက်မရယောင် ဣန္ဒြေဆည်လို့ ပီးစွာရာ။ ၃၊ ဟန့်ဟန့်ရေ။ ဝမ်းနည်း လာကေ မျက်ရည်ကို ဆည်လို့ မရဗျာယ်။ သတိကို
    ၁၊ ရေစီး ကြောင်းကို အိုင်ဖြစ် လာအောင် ကျောက်၊ မြေတို့ဖြင့် ဖို့လုပ် ဆီးတားသည်။ ၂၊ ဣန္ဒြေ စသည်တို့ တည်ငြိမ် စေရန် ကိုယ်၊ နှုတ်ကို စောင့်ထိန်းသည်။ ငါကမောင်လှ အရှက်မရအောင် ဣန္ဒြေဆည်လို့ ပီးစွာရာ။ ၃၊ တားဆီးသည်။ ဝမ်းနည်း လာကေ မျက်ရည်ကို ဆည်လို့ မရဗျာယ်။ သတိကို
    prevent
    နာမ်

    ဆည်းကပ်

    [sʰɛ́kaʔ]
    ၁၊ ခစားရေ။ ပူဇော်ရေ။ အားကိုး အားထား ပြုရေ။ ရတနာ သုံးပါး၊ မြတ်တရားကို၊ ခစားပူဇော်၊ ဆည်းကပ်ပါရေ် (ဓမ္မဒီ)။ ၂၊ အဆက် အဆံ ပြုသည်
    ၁၊ ခစားသည်။ ပူဇော်သည်။ အားကိုး အားထား ပြုသည်။ ရတနာ သုံးပါး၊ မြတ်တရားကို၊ ခစားပူဇော်၊ ဆည်းကပ်ပါသော် (ဓမ္မဒီ)။ ၂၊ အဆက် အဆံ ပြုသည်
    take refuge
    ကြိယာ

    ဆည်ကြီး

    [sʰɛ̀t͡ɕï]
    ၁၊ ကျယ်ဝန်းသော ကာရီရိုး။ ၂၊ ရေတင်အောင် မြေ၊ ကျောက်ရို့နန့် ဖို့လုပ် ထားရေ ကျယ်ဝန်းသော ရေတည်ဟိရာ နီရာ
    ၁၊ ကျယ်ဝန်းသော တမံရိုး။ ၂၊ ရေတင်အောင် မြေ၊ ကျောက်တို့ဖြင့် ဖို့လုပ် ထားသော ကျယ်ဝန်းသော ရေတည်ရှိရာ နေရာ
    dam
    နာမ်

    ဆည်ခုံ

    [sʰɛ̀kʰòʊɴ]
    အင်းအိုင်၊ ချောင်း၊ မြောင်း စစွာကို ဆည်ဖို့ ထားရေ မြေမြင့်တန်း ဆည်ရိုး။ ကာရီရိုး
    အင်းအိုင်၊ ချောင်း၊ မြောင်း စသည်ကို ဆည်ဖို့ ထားသော မြေမြင့်တန်း ဆည်ရိုး။ တမံရိုး
    dam
    နာမ်

    ဆည်းဆာ

    [sʰɛ́sʰà]
    နီဝင်ပနာ အမိုက် ပျိုးစ။ (၁၊ မိုးထ ဆည်းဆာ။ ၂၊ မွန်းစောင်း ဆည်းဆာ။ ၃၊ ညဆည်းဆာဟု၍ ဆည်းဆာ သုံးပါး ဟိရေ။) တရက်အထဲ အချိန် သုံးရပ် ဟိရေ။ မိုးထဆည်းဆာ၊ ညဆည်းဆာလျှင် (ရခိုင်ကာ)
    နေဝင်၍ အမှောင် ပျိုးစ။ (၁၊ နံနက် ဆည်းဆာ။ ၂၊ မွန်းတည့် ဆည်းဆာ။ ၃၊ ညဆည်းဆာဟု၍ ဆည်းဆာ သုံးပါး ရှိသည်။) တစ်နေ့အတွင်း အချိန် သုံးရပ် ရှိသည်။ နံနက်ဆည်းဆာ၊ ညဆည်းဆာလျှင် (ရခိုင်ကာ)
    twilight
    နာမ်

    ဆည်တား

    [sʰɛ̀tá]
    ဣန္ဒြေ၊ သိက္ခာ အစဟိစွာရို့ကို တိုင်းယောင် ထိန်းချုပ် ထားရေ။ တခုတရီသို့ စိတ် မပျံ့လွင့် ရယောင် ချုပ်ထိန်း ထားရေ
    ဣန္ဒြေ၊ သိက္ခာ စသည်တို့ကို တည်ငြိမ်အောင် ထိန်းချုပ် ထားသည်။ တစ်စုံတစ်ခုသို့ စိတ် မပျံ့လွင့် ရအောင် ချုပ်ထိန်း ထားသည်
    control
    ကြိယာ

    ဆည်တား၂

    [sʰɛ̀tá၂]
    ရီထွက် ရေဝင် မရယောင် ပိတ်ဆီး ဆည်ဖို့ပြုလုပ် ထားရေ မြေတန်းရှည်
    ရေထွက် ရေဝင် မရအောင် ပိတ်ဆီး ဆည်ဖို့ပြုလုပ် ထားသော မြေတန်းရှည်
    dam
    နာမ်

    ဆည်းပူး

    [sʰɛ́pùး]
    စုသိမ်းဆည်းရေ။ ယှာမှီးရေ။ စုဆောင်းရေ။ ဂရုထူခါ၊ ဥစ္စာ ဆည်းပူး၊ အထူးပြုပနာ (ထွန်းတိ)
    စုသိမ်းဆည်းသည်။ ရှာမှီးသည်။ စုဆောင်းသည်။ ဂရုစိုက်ခါ၊ ဥစ္စာ ဆည်းပူး၊ အထူးပြု၍ (ထွန်းတိ)
    collect
    ကြိယာ

    ဆည်ပေါင်

    [sʰɛ̀pèàɪ̀ɴ]
    မြစ်၊ ချောင်း အစဟိစွာရို့ကို အမြင့်ဖို့ထားရေ မြေတန်း ဆည်ရိုး၊ ကာရီရိုး
    မြစ်၊ ချောင်း စသည်တို့ကို အမြင့်ဖို့ထားသော မြေတန်း ဆည်ရိုး၊ တမံရိုး
    dam
    နာမ်

    ဆည်မြောင်း

    [sʰɛ̀mɹáʊɴ]
    မြစ်၊ ချောင်း စကပင် ရေကို လိုရာသို့ သယ်ယူ ပို့ဆောင်နိုင်ဖို့ ဆည်ထားရေ မြောင်း
    မြစ်၊ ချောင်း စသည်မှ ရေကို လိုရာသို့ သယ်ယူ ပို့ဆောင်နိုင်ရန် ဆည်ထားသော မြောင်း
    dam
    နာမ်

    ဆည်ရိုး

    [sʰɛ̀ɹó]
    ဆည်ဖို့ထားရေ မြေတန်းရိုး
    ဆည်ဖို့ထားသော မြေတန်းရိုး
    dam
    နာမ်

    ဆည်ရီ

    [sʰɛ̀ɹí]
    မြစ်၊ ချောင်း စစွာကို မြေ၊ ကျောက်ရို့နန့် ဖို့လုပ် ထားရေ ဆည် အထဲဟိ ရေ
    မြစ်၊ ချောင်း စသည်ကို မြေ၊ ကျောက်တို့ဖြင့် ဖို့လုပ် ထားသော ဆည် အတွင်းရှိ ရေ
    irrigated cultivation
    နာမ်

    ဆံညှက်

    [sʰံɲ̯ɛʔ]
    ဆံထုံး အောက်ခြီမှ လွတ်ထွက် နိန်ရေ ဆံပင်
    ဆံထုံး အောက်ခြေမှ လွတ်ထွက် နေသော ဆံပင်
    none
    နာမ်