Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 181–200 of 412 words

    ဇ

    ဇာတ်စကား

    [zàaʔská]
    ပြတ်ပြတ် သားသား တိကျရေ မဟုတ်ရေ စကားလုံး။ အတည်မပြု လောက်သော စကား
    ပြတ်ပြတ် သားသား တိကျသည် မဟုတ်သော စကားလုံး။ အတည်မပြု လောက်သော စကား
    traditional dialogues
    နာမ်

    ဇာတ်စင်

    [zàaʔsɪ̀ɴ]
    ပွဲလမ်း သဘင် ကပြရေ စင်မြင့်
    ပွဲလမ်း သဘင် ကပြရာ စင်မြင့်
    stage
    နာမ်

    ဇာတ်စီး

    [zàaʔsï]
    ၁၊ ဇာတ်၊ ဝတ္တု၊ သဘင် အစဟိစွာ့ ကပြစွာတိမာအခန်း အလိုက် ပါဝင်ပြီးကေ ဦးစီး ဂေါင်းဆောင်သူ။ ၂၊ ဇာတ် ဝတ္တု ကပြရာမာ အပူအဆွီး အလွမ်း ခန်းရို့မာ ပါဝင်ရေ နောက်ပိုင်း မင်းသား မင်းသမီး အစဟိစွာ
    ၁၊ ဇာတ်၊ ဝတ္တု၊ သဘင် စသည့် ကပြရာ တို့တွင် အခန်း အလိုက် ပါဝင်၍ ဦးစီး ခေါင်းဆောင်သူ။ ၂၊ ဇာတ် ဝတ္တု ကပြရာ၌ အပူအဆွေး အလွမ်း ခန်းတို့တွင် ပါဝင်သော နောက်ပိုင်း မင်းသား မင်းသမီး စသည်
    actor-actress
    နာမ်

    ဇာတ်စုံခင်း

    [zàaʔsòʊɴkʰɪ́ɴ]
    ဖြစ်ပျက် ခသရွီး အကြောင်း အရာ အစဟိစွာရို့ကို ကျန်လိုက်စွာတိ မဟိအောင် ပြောပြရေ။ ဇာတ်စုံတွေ ခင်းလိုက်ပါလို့၊ ပဘာ လက်မား သွင်းဆက် လိုက်ပြရေ (ကုချင်း)
    ဖြစ်ပျက် ခဲ့သမျှသော အကြောင်း အရာ စသည်တို့ကို ကြွင်းကျန်ခြင်း မရှိအောင် ပြောပြသည်။ ဇာတ်စုံတွေ ခင်းလိုက်ပါလို့၊ ပဘာ လက်တွင်း သွင်းဆက် လိုက်ပြတယ် (ကုချင်း)
    stage or present a play
    ကြိယာ

    ဇာတ်ဆင်

    [zàaʔsʰɪ̀ɴ]
    တစုံ တရာ ဖြစ်ပျက် သည်နှင့် တူယောင် ဖန်တီး ပြုလုပ် ပြရေ
    တစ်စုံ တစ်ရာ ဖြစ်ပျက် သည်နှင့် တူအောင် ဖန်တီး ပြုလုပ် ပြသည်
    perform a play
    ကြိယာ

    ဇာတ်ဆွဲ

    [zàaʔsʰwɛ]
    ၁၊ တယောက် နှစ်ယောက် အစဟိစွာနန့် တာဝန် ယူဗျာယ် ကပြစီရေ။ ၂၊ ဇာတ် သဘင်ကို လေလံစနစ်နန့် ဈီးပြိုင်ပီးပြီးကေ (ဆွဲ) ယူရေ
    ၁၊ တစ်ယောက် နှစ်ယောက် စသည်ဖြင့် တာဝန် ယူကာ ကပြစေသည်။ ၂၊ ဇာတ် သဘင်ကို လေလံစနစ်ဖြင့် ဈေးပြိုင်ပေး၍ (ဆွဲ) ယူသည်
    auction sale
    ကြိယာ

    ဇာတ်ညွှန်း

    [zàaʔɲW̯áɴ]
    အခန်း ကဏ္ဍ အလိုက် ကပြ နိုင်ဖို့ အနုစိတ် ရီးသား ထားချက်
    အခန်း ကဏ္ဍ အလိုက် ကပြ နိုင်ရန် အနုစိတ် ရေးသား ထားချက်
    scenario
    နာမ်

    ဇာတ်တိုက်

    [zàaʔtaɪʔ]
    ဇာတ် အစဟိစွာ ကပြဖို့ အတွက် ဇာတ်သမားရို့ ကြိုတင် လေ့ကျင့်သည်
    ဇာတ် စသည် ကပြရန် အတွက် ဇာတ်သမားတို့ ကြိုတင် လေ့ကျင့်သည်
    rehearse
    ကြိယာ

    ဇာတ်တီ

    [zàaʔtí]
    မျိုးရိုး ဇာတိ။ အမျိုး ဇာတ်။ အမျိုး အနွယ်။ (ဇာတိ=ပါ
    မျိုးရိုး ဇာတိ။ အမျိုး ဇာတ်။ အမျိုး အနွယ်။ (ဇာတိ=ပါ
    nationality
    နာမ်

    ဇာတ်တီကောင်း

    [zàaʔtíkáʊɴ]
    မျိုးရိုး ဇာတိ ကောင်းမြတ်သော။ အမျိုး ကောင်းသား ဖြစ်ရေ
    မျိုးရိုး ဇာတိ ကောင်းမြတ်သော။ အမျိုး ကောင်းသား ဖြစ်သော
    big born
    နာမဝိသေသန

    ဇာတ်တီကောင်း၂

    [zàaʔtíkáʊɴ၂]
    (ကျွဲ၊ နွား) မျိုးကောင်း မျိုးသန့် ဖြစ်ရေ။ အမျိုးကောင်း ဖြစ်ရေ။ မင်းရို့ ကျွဲမ(နမ) ဇာတ်တီကောင်း ဖြစ်လို့ ကကောင်း သားထွန်းရေ၊ နို့လည်းရရေ
    (ကျွဲ၊ နွား) မျိုးကောင်း မျိုးသန့် ဖြစ်သော။ အမျိုးကောင်း ဖြစ်သော။ မင်းရို့ ကျွဲမ(နွားမ) ဇာတ်တီကောင်း ဖြစ်လို့ ကောင်းကောင်း သားထွန်းရေ၊ နို့လည်းရရေ
    pure
    နာမဝိသေသန

    ဇာတ်တူ

    [zàaʔtù]
    မျိုးရိုး ဇာတ် အစဟိစွာ တူသူ
    မျိုးရိုး ဇာတ် စသည် တူသူ
    one’s own kind
    နာမ်

    ဇာတ်တော်ကြီး

    [zàaʔtɔ̀t͡ɕï]
    ၁၊ (တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေ ဆိုရေ) ဇာတ်ကြီး တဆယ်မာ ပါဝင်ရေ ဇာတ်။ ဝတ္တု။ ၂၊ ယင်းဇာတ် ဝတ္တု ပါဝင်ရေ စာအုပ်
    ၁၊ (တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေ ဟူသော) ဇာတ်ကြီး တစ်ဆယ်တွင် ပါဝင်သော ဇာတ်။ ဝတ္တု။ ၂၊ ယင်းဇာတ် ဝတ္တု ပါဝင်သော စာအုပ်
    drama
    နာမ်

    ဇာတ်ထုတ်

    [zàaʔtʰoʊʔ]
    ကိုယ်ရို့၏ ဇာတ် အမျိုးအနွယ်မှ ပယ်ထုတ် ခံရရေ
    မိမိတို့၏ ဇာတ် အမျိုးအနွယ်မှ ပယ်ထုတ် ခံရသည်
    remove
    နာမ်

    ဇာတ်ထုပ်

    [zàaʔtʰoʊʔ]
    အဖြစ် အပျက်ကို နီရာတကျ ကပြသော ဇာတ်၊ ဝတ္တု အစဟိစွာ
    အဖြစ် အပျက်ကို နေရာတကျ ကပြသော ဇာတ်၊ ဝတ္တု စသည်
    story
    နာမ်

    ဇာတ်ထွက်

    [zàaʔtʰwɛʔ]
    ကိုယ်ရို့၏ အစိုင်အလာ အယူဝါဒကို စွန့်၍ အခြား လူမျိုးရို့၏ အယူဝါဒကို ခံယူ လိုက်ရေ
    မိမိတို့၏ အစဉ်အလာ အယူဝါဒကို စွန့်၍ တခြား လူမျိုးတို့၏ အယူဝါဒကို ခံယူ လိုက်သည်
    none
    ကြိယာ

    ဇာတ်ပေါင်း

    [zàaʔpèàɪ́ɴ]
    ဇာဟင့် ဖြစ်ခကြောင်း အစဟိစွာနန့် အတိတ် ပစ္စုပ္ပန် နှစ်တန်ရို့နန့် အပေါင်းစပ် ဟောကြားရေ။ ၂၊ နောက်ဆုံးမာ နောက်ထပ် ကြုံတွိရေ။ ဆုံမိရေ
    မည်ဝါ ဖြစ်ခဲ့ကြောင်း စသည်ဖြင့် အတိတ် ပစ္စုပ္ပန် နှစ်တန်တို့ဖြင့် အပေါင်းစပ် ဟောကြားသည်။ ၂၊ နောက်ဆုံးတွင် တဖန် ကြုံကြိုက်သည်။ ဆုံမိသည်
    meet
    ကြိယာ

    ဇာတ်ပျက်

    [zàaʔprɛʔ]
    ၁၊ ကိုယ်ရို့၏ ထုံးတမ်း ဓမ္မတာ အယူဝါဒကို လိုက်နာခြင်း မပြုပဲ နိန်ရေ။ ၂၊ ဇာတ်သမားရို့ မသင့်တင့်၍ တကွဲ တပြားစီ ဖြစ်လှားရေ
    ၁၊ မိမိတို့၏ ထုံးတမ်း ဓမ္မတာ အယူဝါဒကို လိုက်နာခြင်း မပြုပဲ နေသည်။ ၂၊ ဇာတ်သမားတို့ မသင့်တင့်၍ တစ်ကွဲ တစ်ပြားစီ ဖြစ်သွားသည်
    outcaste
    ကြိယာ

    ဇာတ်ပျက်၂

    [zàaʔprɛʔ၂]
    ကိုယ်ရို့၏ ထုံးတမ်း ဓမ္မတာ အယူဝါဒကို လိုက်နာခြင်း မပြုပဲ နီသူ
    မိမိတို့၏ ထုံးတမ်း ဓမ္မတာ အယူဝါဒကို လိုက်နာခြင်း မပြုပဲ နေသူ
    outcaste
    နာမ်

    ဇာတ်ပွဲ

    [zàaʔpwɛ]
    ဇာတ်သမား ရို့က ပြရာ အခန်းအနား။ သဘင်
    ဇာတ်သမား တို့က ပြရာ အခန်းအနား။ သဘင်
    theater
    နာမ်