Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 201–220 of 412 words

    ဇ

    ဇာတ်ပွဲ၂

    [zàaʔpwɛ၂]
    ဇာတ်သမား ရို့က ပြရာ အခန်းအနား ပြီးဆုံးရေ။ ဇာတ်သိမ်းသည်
    ဇာတ်သမား တို့က ပြရာ အခန်းအနား ပြီးဆုံးသည်။ ဇာတ်သိမ်းသည်
    end
    ကြိယာ

    ဇာတ်ရည်လည်

    [zàaʔɹɛ̀lɛ̀]
    ဇာတ်၊ ဝတ္တု၌ ပါဝင်ရေ အဖြစ်အပျက် အစဟိစွာ အခန်း၊ ကဏ္ဍတိကို ကောင်းစွာ နားလည်ရေ။ သိဟိရေ
    ဇာတ်၊ ဝတ္တု၌ ပါဝင်သော အဖြစ်အပျက် စသည် အခန်း၊ ကဏ္ဍများကို ကောင်းစွာ နားလည်သည်။ သိရှိသည်
    comprehend
    ကြိယာ

    ဇာတ်ရည်ဝ

    [zàaʔɹɛ̀w]
    ဇာတ်သဘင်၌ အတွိအကြုံ တိစွာ
    ဇာတ်သဘင်၌ အတွေ့အကြုံ များသည်
    have many practice
    ကြိယာ

    ဇာတ်ရုံ

    [zàaʔɹòʊɴ]
    ဇာတ် ကပြရာ နီရာ။ အဆောက် အအုံ
    ဇာတ် ကပြရာ နေရာ။ အဆောက် အအုံ
    theater
    နာမ်

    ဇာတ်ရွဲ့

    [zàaʔɹwé]
    ဇာတ်လမ်း၏ အနှစ်သာရကို ဖော်ထုတ် သီကုံး ရီးသား ထားရေ သာခြင်း၊ လင်္ကာ၊ ရတု၊ ရန်၊ တေးခြင်း၊ စစွာတိ။ ဇာတ်ရွေ့ကေညံညံ၊ သာခြင်းသံကို၊ ကြားပြန်လတ်ကေ
    ဇာတ်လမ်း၏ အနှစ်သာရကို ဖော်ထုတ် သီကုံး ရေးသား ထားသော သာချင်း၊ လင်္ကာ၊ ရတု၊ ရန်၊ သီချင်း၊ စသည်များ။ ဇာတ်ရွေ့ကေညံညံ၊ သာခြင်းသံကို၊ ကြားပြန်လတ်ကေ
    lyrics written for an episode in a classical Arakan drama
    နာမ်

    ဇာတ်ရွှင်

    [zàaʔɹW̯ɪ̀ɴ]
    ၁၊ ရယ်ရွှင်ဖွယ်ရာ ကပြသော ဇာတ်။ ၂၊ ဖြတ်လတ် ကူးလူး ဆက်သွယ်မှု ကကောင်းနန့် ကပြသော ဇာတ်
    ၁၊ ရယ်ရွှင်ဖွယ်ရာ ကပြသော ဇာတ်။ ၂၊ ဖျတ်လတ် ကူးလူး ဆက်သွယ်မှု ကောင်းကောင်းဖြင့် ကပြသော ဇာတ်
    comedy
    နာမ်

    ဇာတ်ရှုး

    [zàaʔʃoʊး]
    ဇာတ်ကို အလွန် အကျွံ ဝသီပါသူ
    ဇာတ်ကို အလွန် အကျွံ ဝါသနာပါသူ
    hobby in drama
    နာမ်

    ဇာတ်ရှုပ်

    [zàaʔʃoʊʔ]
    ဖြစ်ပျက်ပုံ၊ အကြောင်းအရာ၊ လုပ်ဆောင်ချက် အစဟိစွာရို့ အရောရော အနှောနှော၊ ထွီးရော ယှက်တင် ဟိရေ
    ဖြစ်ပျက်ပုံ၊ အကြောင်းအရာ၊ လုပ်ဆောင်ချက် စသည်တို့ အရောရော အနှောနှော၊ ထွေးရော ယှက်တင် ရှိသည်
    mix
    ကြိယာ

    ဇာတ်ရှုပ်၂

    [zàaʔʃoʊʔ၂]
    ယင်းပိုင် ထွီးရော ယှက်တင် ဟိ၏ အဖြစ်
    ယင်းသို့ ထွေးရော ယှက်တင် ရှိ၏ အဖြစ်
    mix
    နာမ်

    ဇာတ်လမ်း

    [zàaʔláɴ]
    ဇာတ်၊ ဝတ္တု အစဟိစွာရို့မာ ပါဝင်ရေ ဖြစ်ပျက်ပုံ အကြောင်းအရာ
    ဇာတ်၊ ဝတ္တု စသည်တို့တွင် ပါဝင်သော ဖြစ်ပျက်ပုံ အကြောင်းအရာ
    scenario
    နာမ်

    ဇာတ်လိုက်

    [zàaʔlaɪʔ]
    ရုပ်ရှင်၊ ဇာတ်၊ ဝတ္တု ရို့မာ လိုရင်းအဖြစ် သရုပ်ဆောင် ပါဝင်သူ
    ရုပ်ရှင်၊ ဇာတ်၊ ဝတ္တု တို့တွင် လိုရင်းအဖြစ် သရုပ်ဆောင် ပါဝင်သူ
    actor-actress
    နာမ်

    ဇာတ်ဝင်

    [zàaʔwɪ̀ɴ]
    လူမျိုး ဇာတ်တခုမှ အရာ လူမျိုး ဇာတ်တခုသို့ ကူးပြောင်းရေ။ ကုလားဇာတ်က ဟိန္ဒုဇာတ်ကို ဝင်ရေ
    လူမျိုး ဇာတ်တစ်ခုမှ အခြား လူမျိုး ဇာတ်တစ်ခုသို့ ကူးပြောင်းသည်။ ကုလားဇာတ်က ဟိန္ဒုဇာတ်ကို ဝင်ရေ
    none
    ကြိယာ

    ဇာတ်သမား

    [zàaʔθmá]
    ဇာတ် ဇာတ်သမာ့။ သီဆို ကခုန် ခုန်မှုနန့် အသက်မွီးသူ
    ဇာတ် သဘင်သည်။ သီဆို ကခုန် ခုန်မှုဖြင့် အသက်မွေးသူ
    performer
    နာမ်

    ဇာတ်သိမ်း

    [zàaʔθéɪɴ]
    ၁၊ သီဆုံးရေ။ ခန္ဓာ ဇာတ်သိမ်း အီးငြိမ်းခြင်းကို ရောက်လီသတည်း။ ၂၊ ဇာတ်ပွဲ သဘင် အစဟိစွာရို့ ပြီးဆုံးရေ။ ၃၊ သျှင်ပြုပွဲ နားဖောက်ပွဲ တခုခု အစဟိစွာ ပြီးဆုံးရေ
    ၁၊ သေဆုံးသည်။ ခန္ဓာ ဇာတ်သိမ်း အေးငြိမ်းခြင်းကို ရောက်လေသတည်း။ ၂၊ ဇာတ်ပွဲ သဘင် စသည်တို့ ပြီးဆုံးသည်။ ၃၊ တစ်စုံ တစ်ခုသော ရှင်ပြုပွဲ နားထွင်းပွဲ စသည် ပြီးဆုံးသည်
    end-finish
    ကြိယာ

    ဇာတ်သွင်း

    [zàaʔθwɪ́ɴ]
    ယုံကြည် သက်ဝင်မှု အစဟိစွာရို့နန့် တစုံ တခုသော အမျိုး ဇာတ်ထဲကို သိမ်းသွင်းသည်
    ယုံကြည် သက်ဝင်မှု စသည်တို့ဖြင့် တစ်စုံ တစ်ခုသော အမျိုး ဇာတ်ထဲသို့ သိမ်းသွင်းသည်
    none
    ကြိယာ

    ဇာတ်သွမ်း

    [zàaʔθʊ̀ɴ]
    ရယ်ရွှင်ဖွယ်ရာ ကပြ တတ်ရေ ဇာတ်။ ဟာသ
    ရယ်ရွှင်ဖွယ်ရာ ကပြ တတ်သော ဇာတ်။ ဟာသ
    comedy
    နာမ်

    ဇာတ်သွား

    [zàaʔθWà]
    ဇာတ်၊ ဝတ္တု အစဟိစွာရို့မာ ပါဝင်ရေ ဖြစ်ပျက်ပုံ၊ အကြောင်း ခြင်းရာ ရို့၏ အနုစိတ် ခန့်ခွဲမှု အစီအစိုင်
    ဇာတ်၊ ဝတ္တု စသည်တို့တွင် ပါဝင်သော ဖြစ်ပျက်ပုံ၊ အကြောင်း ခြင်းရာ တို့၏ အနုစိတ် ခန့်ခွဲမှု အစီအစဉ်
    scenario
    နာမ်

    ဇာနည်

    [zànɛ̀]
    လူသာမာန် ရို့ထက် ရဲကေ့ ထူးကဲစွာ ဆောင်စွမ်း နိုင်သူ
    လူသာမာန် တို့ထက် ရဲရင့် ထူးကဲစွာ ဆောင်စွမ်း နိုင်သူ
    ability
    နာမ်

    ဇာနည်းဇာဟန်

    [zànɛ́zàhàɴ]
    ဇာပိုင်၊ ဇာမျိုး ဇာပုံ ဆိုပနာ မီးရေအမီးစကား
    မည်ကဲ့သို့၊ မည်သို့ မည်ပုံ ဟူ၍ မေးသော အမေးစကား
    how
    ပစ္စည်း

    ဇာနိ.ဇာရက်

    [zànì.zàɹɛʔ]
    ဇာနိ၊ ဇာရက်၊ ဇာချိန် ကာလ အစဟိစွာနန့် မီးမြန်းသော စကားလုံး။ ဇာနိ.ဇာရက်၊ ဖူးပါဖို့၊ သခွားသျှေပွင့်မုံ၊ ဖရုံသျှေပွင့်စ၊ နှင်းစွတ်စိုကေ၊ ပြာသိုလမာ၊ ဖူးရမေလေ(တေး)
    ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန် ကာလ စသည်ဖြင့် မေးမြန်းသော စကားလုံး။ ဇာနိ.ဇာရက်၊ ဖူးပါမည်၊ သခွားသျှေပွင့်မုံ၊ ဖရုံသျှေပွင့်စ၊ နှင်းစွတ်စိုကေ၊ ပြာသိုလမှာ၊ ဖူးရမေလေ(တေး)
    which
    နာမ်