Dictionary Entries
Showing 221–240 of 412 words
ဇ
ဇာပင်ပျင်
[zàpɪ̀ɴprɪ̀ɴ]
Arakanese:
ကိုယ့် အလို ဆန္ဒ စိတ်တိုင်းကျ ကြိုက်ပိုင်။ သဖောဟိတိုင်း ပြုလုပ် ဆောင်ရွက် နိုင်ဖို့ ခွင့်ပြုရေ။ သိင်္ဂပုလွဲ၊ တပြောင်ပြောင်လေ၊ ကြောင်မျက်ရွဲကို၊ ဆွဲဆွဲဝတ်ဝတ်၊ ချွတ်ချွတ်ဆင်ဆင်၊ ဇာပင်ပျင်လည်း၊ အသျှင်မင်းမြတ် မေ့ကိုမူလီ၊ အပုံလိုက်အပ်လို့ (ဥဒိန်သာ)။ ငါ့ကိုဖြစ်လျှင
Burmese:
မိမိ အလို ဆန္ဒ စိတ်တိုင်းကျ ကြိုက်သလို။ သဘော ရှိတိုင်း ပြုလုပ် ဆောင်ရွက် နိုင်ရန် ခွင့်ပြုသည်။ သိင်္ဂပုလွဲ၊ တပြောင်ပြောင်လေ၊ ကြောင်မျက်ရွဲကို၊ ဆွဲဆွဲဝတ်ဝတ်၊ ချွတ်ချွတ်ဆင်ဆင်၊ ဇာပင်ပျင်လည်း၊ အသျှင်မင်းမြတ် မေ့ကိုမူလေ၊ စုပုံအပ်လို့ (ဥဒိန်သာ)။ ငါ့ကိုဖြစ်လျှင
English:
as desired
Grammar Note:
ကြိယာ
ဇာပင်ပျင်၂
[zàpɪ̀ɴprɪ̀ɴ၂]
Arakanese:
ယင်းပိုင် အမိန့် အာဏာနန့် ခွင့်ပြု လိုက်သော စကား
Burmese:
ယင်းသို့ အမိန့် အာဏာဖြင့် ခွင့်ပြု လိုက်သော စကား
English:
allow
Grammar Note:
နာမ်
ဇာပင်ဖြစ်
[zàpɪ̀ɴpʰɹɪʔ]
Arakanese:
တိကျ မှန်ကန်မှု မဟိ အဖြစ် အနေ ပီသ ပြည့်စုံ အရာမာခြင်း မဟိသိမ့်ရေ အရာ။ မထူးလီရေ့ အနေနန့်။ (ဇာပင်ဖြစ်ဖြစ်) ကိုကြီးမာပင်၊ ဤသမင်နှင့်၊ မြိုင်ခွင်တောတိုက်၊ မငဲ့စသာ၊ ယနိခါမာ၊ ဇာပင်ဖြစ်ဟု၊ လိုက်ပါဖို့ရာ (ရာမ)
Burmese:
တိကျ မှန်ကန်မှု မရှိ အဖြစ် အနေ ပီသ ပြည့်စုံ ပြီးမြောက်ခြင်း မရှိသေးသော အရာ။ မထူးတော့သည့် အနေဖြင့်။ (ဘာပဲဖြစ်ဖြစ်) ကိုကြီးမှာပင်၊ ဤသမင်နှင့်၊ မြိုင်ခွင်တောတိုက်၊ မငဲ့စသာ၊ ယနေ့ခါတွင်၊ ဇာပင်ဖြစ်ဟု၊ လိုက်ပါတော့မည် (ရာမ)
English:
incomplete
Grammar Note:
နာမ်
ဇာပင်မသိ
[zàpɪ̀ɴmθì]
Arakanese:
ထိုဟင့် ဒေဟင့် အတိအကျ မဖော်ပြ နှိုင်ရေ၏ အဖြစ်။ (ဇာမှန်းမသိ)။ လူဖြစ်ကျင်ဗျာယ် ဇာပင်မသိ ဘိန်းဘင်းရှူလို့ ကွမ်းပုံခြောင်ပင် မသောက်မိဟု (ဥဒိန်သာ)
Burmese:
ဘာဘာ ညာညာ အတိအကျ မဖော်ပြ နိုင်သည်၏ အဖြစ်။ (ဘာမှန်းမသိ)။ လူဖြစ်ကျင်လျက် ဇာပင်မသိ ဘိန်းဘင်းရှူလို့ ကွမ်းပုံခြောင်ပင် မသောက်မိဟု (ဥဒိန်သာ)
English:
incomplete
Grammar Note:
နာမ်
ဇာပင်ရောက်ရောက်
[zàpɪ̀ɴɹɔ́ɛʔɹɔ́ɛʔ]
Arakanese:
(ဇာရက်ပ် ဇာရွာ ဇာဌာနဟု) ပိုင်းခြား ကန့်သတ် ထားခြင်း မဟိဘဲ။ ရည်ရွယ်ချက် မဟိဘဲ။ ရောက်တတ် ရာရာ လားလာ နိန်ရေအနိန်နန့်။ သီသီရှင်ရှင်၊ တောမြိုင်ခွင်မာ၊ ဇာပင်ရောက်ရောက်၊ ဖီးတန်တန်ကို၊ ရွံ့မထီဟု (ပဒုမ္မ)
Burmese:
(ဘယ်ရပ် ဘယ်ရွာ ဘယ်ဌာနဟု) ပိုင်းခြား ကန့်သတ် ထားခြင်း မရှိဘဲ။ ရည်ရွယ်ချက် မရှိပဲ။ ရောက်တတ် ရာရာ သွားလာ နေသောအားဖြင့်။ သီသီရှင်ရှင်၊ တောမြိုင်ခွင်မှာ၊ ဇာပင်ရောက်ရောက်၊ ဘေးတန်တန်ကို၊ ရွံ့မကြောက်ဟု (ပဒုမ္မ)
English:
activity without aim or purpose
Grammar Note:
ကြိယာဝိသေသန
ဇာပတိသျှစ်သောင်း
[zàptìʃɪʔθáʊɴ]
Arakanese:
၁၊ ကကောင်း ဝီးကွာလားရေ ရှေးရှီးကာလ ရှည်လျားသော အခါ ကာလ။ ၂၊ လွန်လားဗျာယ်ဖြစ်တေ အတီတာ ကာလ။ လာအံ့သော အနာဂါတ် ကာလကို ရည်ညွှန်း၍ ပြောသော စကား။ ဇာပတိ သျှစ်သောင်း ဟိကံကြောင့် (ဟိကံဟောင်း) (ပုံ)
Burmese:
၁၊ အလွန် ဝေးကွာသော ရှေးရှေးကာလ ရှည်လျားသော အခါ ကာလ။ ၂၊ လွန်လေ ပြီးသော အတီတာ ကာလ။ လာလတ္တံ့သော အနာဂါတ် ကာလကို ရည်ညွှန်း၍ ပြောသော စကား။ ဇာပတိ သျှစ်သောင်း ရှိကံကြောင့် (ရှိကံဟောင်း) (ပုံ)
English:
long long ago
Grammar Note:
နာမ်
ဇာပိုင်
[zàpàɪɴ]
Arakanese:
ဇာပိုင်၊ ဇာမျိုး ဇာပုံဆိုပနာ မီးရေအမီးစကားလုံး။ မလိုက်နိုင်ယောင်၊ ဇာပိုင်ခက်လည်း၊ မပျက်ကောင်းတုံ (ဒွေး)
Burmese:
မည်ကဲ့သို့၊ မည်သို့ မည်ပုံဟူ၍ မေးသော အမေးစကားလုံး။ မလိုက်နိုင်ယောင်၊ ဇာပိုင်ခက်လည်း၊ မပျက်ကောင်းတုံ (ဒွေး)
English:
how
Grammar Note:
ပစ္စည်း
ဇာပိုင်ခါ
[zàpàɪɴkʰà]
Arakanese:
ဇာအချိန် အခါဆိုပနာ ကာလကို ရည်ညွှန်း၍ မီးမြန်းသည့် အမီးစကားလုံး။ ငါးခူစူးကေ၊ အီးလိမ့်မေ၊ ဇာပိုင်ဇာခါ၊ ပြေလတ်ပျာလေ (တေး)
Burmese:
မည်သည့် အချိန် အခါဟူ၍ ကာလကို ရည်ညွှန်း၍ မေးမြန်းသည့် အမေးစကားလုံး။ ငါးခူစူးကေ၊ အီးလိမ့်မေ၊ ဇာပိုင်ဇာခါ၊ ပြေလတ်ပျာလေ (တေး)
English:
when
Grammar Note:
ပစ္စည်း
ဇာပိုင်ချင့်
[zàpàɪɴɕɪ̀ɴ့]
Arakanese:
ခဲယဉ်းမှု၊ ခက်ခဲမှု၊ ငြိုငြင်ဖွယ်ဖြစ်မှု၊ အစဟိစွာရို့မာ သုံးသော စကားလုံး။ လိုက်လို့မနိုင်၊ ချီးမပျိုင်၊ ဇာပိုင်ချင့်ဟိုင်၊ သမီးလိုင်၊ စာစောက်ချိုင်ကို၊ နှင်လိုက်လီ (တေး)
Burmese:
ခဲယဉ်းမှု၊ ခက်ခဲမှု၊ ငြိုငြင်ဖွယ်ဖြစ်မှု၊ စသည်တို့၌ သုံးသော စကားလုံး။ လိုက်လို့မနိုင်၊ ချီးမပျိုင်၊ ဇာပိုင်ချင့်ဟိုင်၊ သမီးလိုင်၊ စာစောက်ချိုင်ကို၊ နှင်လိုက်လေ (တေး)
English:
hard
Grammar Note:
ပစ္စည်း
ဇာပိုင်စွာ
[zàpàɪɴswà]
Arakanese:
ဇာအရာ ဖြစ်ကတ်ောင်း၊ ဇာပိုင် အမျိုးအစား ဖြစ်ကတ်ောင်း စစွာကို မီးရေအမီးစကားလုံး။ (ဇာ့နှယ်ဟာမျိုးလဲ အစဟိစွာနန့်)
Burmese:
မည်သည့်အရာ ဖြစ်ကြောင်း၊ ဘယ်လို အမျိုးအစား ဖြစ်ကြောင်း စသည်ကို မေးသော အမေးစကားလုံး။ (ဘယ့်နှယ်ဟာမျိုးလဲ စသည်ဖြင့်)
English:
which
Grammar Note:
ပစ္စည်း
ဇာပိုင်ပင်ဖြစ်
[zàpàɪɴpɪ̀ɴpʰɹɪʔ]
Arakanese:
တိကျ မှန်ကန်မှုမဟိ အဖြစ်အနေ ပီသ ပြည့်စုံ အရာမာခြင်း မဟိသိမ့်ရေ အရာ။ မထူး လီရေ့ အနေနန့်။ (ဇာပင်ဖြစ်ဖြစ်) ကိုကြီးမာပင်၊ ဤသမင်နှင့်၊ မြိုင်ခွင်တောတိုက်၊ မငဲ့စသာ၊ ယနိခါမာ၊ ဇာပင်ဖြစ်ဟု၊ လိုက်ပါဖို့ရာ (ရာမ)။ သီသီရှင်ရှင်၊ သားမိခင်မာ၊ ဇာပိုင်ပင်ဖြ
Burmese:
တိကျ မှန်ကန်မှုမရှိ အဖြစ်အနေ ပီသ ပြည့်စုံ ပြီးမြောက်ခြင်း မရှိသေးသော အရာ။ မထူး တော့သည့် အနေဖြင့်။ (ဘာပဲဖြစ်ဖြစ်) ကိုကြီးမှာပင်၊ ဤသမင်နှင့်၊ မြိုင်ခွင်တောတိုက်၊ မငဲ့စသာ၊ ယနေ့ခါတွင်၊ ဇာပင်ဖြစ်ဟု၊ လိုက်ပါတော့မည် (ရာမ)။ သီသီရှင်ရှင်၊ သားမိခင်မှာ၊ ဇာပိုင်ပင်ဖြ
English:
not excitedly
Grammar Note:
နာမ်
ဇာပျင်နိုင်ဖို့
[zàprɪ̀ɴnàɪɴpʰo̰]
Arakanese:
အကြောင်း မသင့်လျော်၍ မတော်တဆ ဖြစ်ခလို့သိကေ (ဇာတတ်နှိုင်ဖို့လဲ) ဆိုရေ အမီးကို မီးရေခါ သုံးသော အမီး စကားလုံး။ အကြောင်းမတော်၊ သေရပါမူ၊ ဇာပျင်နှိုင်ဖို့ (ဒွေး)
Burmese:
အကြောင်း မသင့်လျော်၍ မတော်တဆ ဖြစ်ခဲ့သည် ရှိသော် (ဘာတတ်နိုင်မှာလဲ) ဟူသော အမေးကို မေးရာ၌ သုံးသော အမေး စကားလုံး။ အကြောင်းမတော်၊ သေရပါမူ၊ ဇာပျင်နိုင်ဖို့ (ဒွေး)
English:
what
Grammar Note:
ပစ္စည်း
ဇာပျင်ဖို့
[zàprɪ̀ɴpʰo̰]
Arakanese:
ဇာမျိုး ဇာပုံ လုပ်ဆောင် ရဖို့ကို သိလိုရေတွက်နန့် မီးမြန်းသော အမီးစကားလုံး
Burmese:
မည်သို့ မည်ပုံ လုပ်ဆောင် ရမည်ကို သိလို၍ မေးမြန်းသော အမေးစကားလုံး
English:
how
Grammar Note:
ပစ္စည်း
ဇာဖို့
[zàpʰo̰]
Arakanese:
တစုံ တခု အကြောင်း ဟိသလော (အလိုဟိသလော) ဟု သိလိုရေတွက်နန့် ပြန်လှန်ပနာ မီးရေစကား
Burmese:
တစ်စုံ တစ်ခု အကြောင်း ရှိသလော (အလိုရှိသလော) ဟု သိလို၍ ပြန်လှန်၍ မေးသော စကား
English:
what
Grammar Note:
ပစ္စည်း
ဇာမထီ
[zàmtʰí]
Arakanese:
၁၊ ရိုသေ လေးစားမှု မဟိဘဲ မထီလေးစား ပြုမူသော အနိန်နန့်။၂၊ တခုကိုလေ့ ရွံ့ကောက်ခြင်း မဟိရေ အနိန်နန့်
Burmese:
၁၊ ရိုသေ လေးစားမှု မရှိပဲ မထီလေးစား ပြုမူသော အားဖြင့်။၂၊ ဘာကိုမျှ ရွံ့ကောက်ခြင်း မရှိသော အားဖြင့်
English:
disrespectfully
Grammar Note:
ကြိယာဝိသေသန
ဇာမထီ၂
[zàmtʰí၂]
Arakanese:
(တခုတရီ) ဘာစွာကိုမှ မထီ မရွံ့သော
Burmese:
(တစ်စုံတစ်ခု) ဘာဟာကိုမှ မကြောက် မရွံ့သော
English:
daredevil
Grammar Note:
နာမဝိသေသန
ဇာမထီ၃
[zàmtʰí၃]
Arakanese:
ရဲကေ့ သတ္တိကောင်းသူ။ (တခုတရီ) ဇာဟင့်ကိုလေ့ မထီ မရွံ့သူ
Burmese:
ရဲရင့် သတ္တိရှိသူ။ (တစ်စုံတစ်ခု) ဘာဟာကိုမျှ မကြောက် မရွံ့သူ
English:
daredevil
Grammar Note:
နာမ်
ဇာမရီ
[zàmɹí]
Arakanese:
ဘော်စင်ငွီပိုင် ဖြူစင်သော သတ္တုတမျိုး
Burmese:
ဘော်စင်ငွေကဲ့သို့ ဖြူစင်သော သတ္တုတစ်မျိုး
English:
metal
Grammar Note:
နာမ်
ဇာမရီ၂
[zàmɹí၂]
Arakanese:
ဒါးမြတ်၊ လှံပြတ် ရာမာ အရွက်ကို ထောင်းထုပြီး အရည် ညှစ်ထည့်၍သော် ပင်ဖြစ်ဖြစ်၊ အုံထားပနာသော် ပင်ဖြစ်ဖြစ် ထည့်ရရေ ဆီးဖက်ဝင်ရေ ခြုံပျစ်ပင် တမျိုး
Burmese:
ဓါးရှ၊ လှံရှ ရာတွင် အရွက်ကို ထောင်းထုပြီး အရည် ညှစ်ထည့်၍သော် လည်းကောင်း၊ အုံထား၍သော် လည်းကောင်း ထည့်ရသော ဆေးဖက်ဝင်သည့် ချုံပျစ်ပင် တစ်မျိုး
English:
herbal plant
Grammar Note:
နာမ်
ဇာမရီ၃
[zàmɹí၃]
Arakanese:
ပင်လယ်ငါး တမျိုး
Burmese:
ပင်လယ်ငါး တစ်မျိုး
English:
sea fish
Grammar Note:
နာမ်