Dictionary Entries
Showing 241–260 of 412 words
ဇ
ဇာမသိ
[zàmθì]
Arakanese:
ထိုဟင့် ဒေဟင့် ရယ်လို့ အတိအကျ မဖော်ပြ နှိုင်ရေ အရာများ
Burmese:
ဘာဘာ ညာညာ ရယ်လို့ အတိအကျ မဖော်ပြ နိုင်သော အရာများ
English:
confusion
Grammar Note:
နာမ်
ဇာမဟောက်စွာ
[zàmhɔ́ɛʔswà]
Arakanese:
အရီး မပါရေ ဂရုမပြု လောက်သော၊ အကြောင်းအရာ။ အဖြစ်အပျက်။ အမူ မပြုလောက် ဇာမဟောက်စွာ တိကိုလေ့ ပြောနီ ကတ်တေဗျာယ်လား
Burmese:
အရေး မပါသော ဂရုမပြု လောက်သော၊ အကြောင်းအရာ။ အဖြစ်အပျက်။ အမူ မပြုလောက် ဇာမဟောက်စွာ တိကိုလည်း ပြောနီ ကတ်တေဗျာယ်လား
English:
insignificance
Grammar Note:
နာမ်
ဇာမှန်းတစိ.
[zàm̥áɴtsì.]
Arakanese:
တစုံ တခုသော အကြောင်းအရာကိုမျှ တစိုးတစိ့မျှ ထိုဟင့် ဒေဟင့် ရယ်လို့ (မသိ)။ အဆန်းကာ၊ မင်းသရမ်းမာ၊ ဇာမှန်းတစိ.၊ ယမ်းမသိပဲ (ပန်း)
Burmese:
တစ်စုံ တစ်ခုသော အကြောင်းအရာကိုမျှ တစိုးတစိ့မျှ ဘာဘာ ညာညာ ရယ်လို့ (မသိ)။ ထူးထူးဆန်းဆန်း၊ မင်းသရမ်းမှာ၊ ဇာမှန်းတစိ.၊ ယမ်းမသိပဲ (ပန်း)
English:
not know
Grammar Note:
နာမ်
ဇာမှန်းမသိ
[zàm̥áɴmθì]
Arakanese:
ဖော်ထုတ် ပြောဆိုအောင် မသိမမြင် မထင်ရှားသော အရာ။ တချို့မာမူ၊ ဇာမှန်းမသိ၊ လူလျှင်ခေါ်ကေ၊ ထလှာဘိသို့ (ဒွေး)
Burmese:
ထုတ်ဖော် ပြောဆိုအောင် မသိမမြင် မထင်ရှားသော အရာ။ တချို့မှာမူ၊ ဇာမှန်းမသိ၊ လူလျှင်ခေါ်ကေ၊ ထလာဘိသို့ (ဒွေး)
English:
not know
Grammar Note:
နာမ်
ဇာရုံ
[zàɹòʊɴ]
Arakanese:
ဘာ၊ ဇာလေ့။ ဇာအရာ ဖြစ်ကတ်ောင်းကို မီးရေအမီး စကားလုံး။ ဇာနှယ့်ဟာ
Burmese:
ဘာ၊ ဘာလဲ။ မည်သည့်အရာ ဖြစ်ကြောင်းကို မေးသော အမေး စကားလုံး။ ဘယ်နှယ့်ဟာ
English:
what
Grammar Note:
ပစ္စည်း
ဇာရောင်
[zàɹàʊɴ]
Arakanese:
ဘာ၊ ဇာလေ့။ ဇာအရာ ဖြစ်ကတ်ောင်းကို မီးရေအမီး စကားလုံး။ ဇာနှယ့်ဟာ
Burmese:
ဘာ၊ ဘာလဲ။ မည်သည့်အရာ ဖြစ်ကြောင်းကို မေးသော အမေး စကားလုံး။ ဘယ်နှယ့်ဟာ
English:
what
Grammar Note:
ပစ္စည်း
ဇာလတ်ဇာလတ်
[zàlaʔzàlaʔ]
Arakanese:
ဇကန်းငှက် မြည်တွန်သော အသံ။ ငှက်မာငှက်ယုတ်၊ မိဖပါးကာ၊ ဇာလတ်ဇာလတ်၊ မြည်တတ်တေ (တေး)
Burmese:
ကျီးကန်းငှက် မြည်တွန်သော အသံ။ ငှက်မှာငှက်ယုတ်၊ မိဖထံမှာ၊ ဇာလတ်ဇာလတ်၊ မြည်တတ်တေ (တေး)
English:
crow
Grammar Note:
နာမ်
ဇာလဲ
[zàlɛ]
Arakanese:
(အမျိုးအမည်ကို မဖော်ထုတ်ပဲ) တစုံ တခုသော အကြောင်းအရာကို သိလိုရေတွက်နန့် မီးမြန်းသော စကားလုံး
Burmese:
(အမျိုးအမည်ကို မဖော်ထုတ်ပဲ) တစ်စုံ တစ်ခုသော အကြောင်းအရာကို သိလို၍ မေးမြန်းသော စကားလုံး
English:
what
Grammar Note:
နာမ်
ဇာလဲ၂
[zàlɛ၂]
Arakanese:
အမျိုးအမည် မကွဲပြားသော နာမ် တခုခုကို တက်စားပြုပနာ သုံးသော စကားလုံး
Burmese:
အမျိုးအမည် မကွဲပြားသော နာမ် တစ်ခုခုကို ကိုယ်စားပြု၍ သုံးသော စကားလုံး
English:
what
Grammar Note:
ပစ္စည်း
ဇာလဲချင့်
[zàlɛɕɪ̀ɴ့]
Arakanese:
ဇာအရာ ဖြစ်ကတ်ောင်း အမီးစကား
Burmese:
မည်သည့်အရာ ဖြစ်ကြောင်း အမေးစကား
English:
what
Grammar Note:
ပစ္စည်း
ဇာဝီ
[zàwí]
Arakanese:
မူလီချောင်းမာ လှည့်တပ် ရရေ ဝက်အူရစ် ပါရေ သတ္တုတုံး။ ဇာဝီ
Burmese:
မူလီချောင်းတွင် လှည့်တပ် ရသည့် ဝက်အူရစ် ပါသော သတ္တုတုံး။ ဇာဝီ
English:
Screw-driver
Grammar Note:
နာမ်
ဇာဝူ
[zàwù]
Arakanese:
မူလီချောင်းမာ လှည့်တပ် ရရေ ဝက်အူရစ် ပါရေ သတ္တုတုံး။ ဇာဝီ
Burmese:
မူလီချောင်းတွင် လှည့်တပ် ရသည့် ဝက်အူရစ် ပါသော သတ္တုတုံး။ ဇာဝီ
English:
Screw-driver
Grammar Note:
နာမ်
ဇာသူမဆို
[zàθùmsʰÒ]
Arakanese:
ချန်ထားခြင်း မဟိဘဲ ပုဂ္ဂိုလ် အားလုံးကို ညွှန်ပြသော အရာမာ သုံးသော စကားလုံး
Burmese:
ခြွင်းချန် ထားခြင်း မရှိပဲ ပုဂ္ဂိုလ် အားလုံးကို ညွှန်ပြသော အရာ၌ သုံးသော စကားလုံး
English:
all
Grammar Note:
ပစ္စည်း
ဇာသျှောင်
[zàʃàʊɴ]
Arakanese:
(အမျိုးအမည်ကို မဖော်ထုတ်ပဲ) အကြောင်းရာ တခုခုကို သိလိုရေတွက်နန့် မီးမြန်းသော စကား
Burmese:
(အမျိုးအမည်ကို မဖော်ထုတ်ပဲ) တစ်စုံ တစ်ခုသော အကြောင်း အရာကို သိလို၍ မေးမြန်းသော စကား
English:
what
Grammar Note:
နာမ်
ဇာသျှောင်လဲ
[zàʃàʊɴlɛ]
Arakanese:
ဇာပိုင် အကြောင်း အရာ မျိုးလဲဟု မီးမြန်းသော စကားလုံး
Burmese:
ဘယ်လို အကြောင်း အရာ မျိုးလဲဟု မေးမြန်းသော စကားလုံး
English:
which
Grammar Note:
နာမ်
ဇိ
[zì]
Arakanese:
ရိုသေ လေးမြတ်သော အမူအရာနန့် လက်အုပ်ချီကာ ကန်လီရေ။ ဟိခိုးရေ
Burmese:
ရိုသေ လေးမြတ်သော အမူအရာဖြင့် လက်အုပ်ချီကာ ကန်တော့သည်။ ရှိခိုးသည်
English:
pay homage
Grammar Note:
ကြိယာ
ဇိ၂
[zì၂]
Arakanese:
ဖေသာ အကြွီစိ
Burmese:
ပိုက်ဆံ အကြွေစေ့
English:
coin
Grammar Note:
နာမ်
ဇိခိုး
[zìkʰó]
Arakanese:
ဟိခိုးရေ။ ကန်လီရေ
Burmese:
ရှိခိုးသည်။ ကန်တော့သည်
English:
pay homage
Grammar Note:
ကြိယာ
ဇိခိုး၂
[zìkʰó၂]
Arakanese:
မိဖရို့က အချေ သူငယ်ရို့အား ဘုရား၊ ရဟန်း၊ သံဃာတော်ရို့အား ပင်ဖြစ်ဖြစ်၊ သက်ကြီး သူအိုရို့အား ပင်ဖြစ်ဖြစ်၊ ဟိခိုး စီရန်၊ ဦးချ ဂါရဝ ပြုစီရန် တိုက်တွန်း ပြောဆိုရေ စကား
Burmese:
မိဖတို့က ကလေး သူငယ်တို့အား ဘုရား၊ ရဟန်း၊ သံဃာတော်တို့အား လည်းကောင်း၊ သက်ကြီး သူအိုတို့အား လည်းကောင်း၊ ရှိခိုး စေရန်၊ ဦးချ ဂါရဝ ပြုစေရန် တိုက်တွန်း ပြောဆိုသော စကား
English:
homage
Grammar Note:
နာမ်
ဇိဇိ
[zìzì]
Arakanese:
ဟိခိုးရေ။ အရိုအသီ ဂါရဝ ပြုရေ။ ကန်လီရေ။ ဇိဇိလည်းတင်၊ မြတ်သျှင်ပင်ကို၊ ဟိကေလေ့ခိုး (တေး)
Burmese:
ရှိခိုးသည်။ အရိုအသေ ဂါရဝ ပြုသည်။ ကန်တော့သည်။ ဇိဇိလည်းတင်၊ မြတ်သျှင်ပင်ကို၊ ရှိလျှင်လည်းခိုး (တေး)
English:
pay homage
Grammar Note:
ကြိယာ