Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 301–320 of 412 words

    ဇ

    ဇီးစောင်းပြာသာဒ်

    [zïsáʊɴpɹàθàd်]
    အရွက်အလက်များ အဆင့်ဆင့် ဖြာထွက်ပြီးကေ ကြီးပွား တတ်ရေ ယှားစောင်း တမျိုး
    အရွက်အလက်များ အဆင့်ဆင့် ဖြာထွက်၍ ကြီးပွား တတ်သော ရှားစောင်း တစ်မျိုး
    aloe
    နာမ်

    ဇီးစောင်းလက်ဆစ်

    [zïsáʊɴlɛʔsʰɪʔ]
    ပင်မကြီးမာ လုံးပြီး (လူ လက်ဆစ်ပိုင်) အဆစ်ဆစ် ဟိနိန်ရေ ဇီးစောင်း တမျိုး
    ပင်စည်မှာ လုံးပြီး (လူ လက်ဆစ်ကဲ့သို့) အဆစ်ဆစ် ရှိနေသော ဇီးစောင်း တစ်မျိုး
    aloe
    နာမ်

    ဇီးစောင်းလက်ညှိုး

    [zïsáʊɴlɛʔɲ̯ó]
    ပင်မကြီးမာ လုံး၍ ခပ်သွယ်သွယ် ဟိပြီးး အဆင့်ဆင့် ဖြာထွက်လီ့ ဟိရေ ဇီးစောင်း (ယှားစောင်း) တမျိုး
    ပင်စည်မှာ လုံး၍ ခပ်သွယ်သွယ် ရှိပြီး အဆင့်ဆင့် ဖြာထွက်လေ့ ရှိသော ဇီးစောင်း (ရှားစောင်း) တစ်မျိုး
    aloe
    နာမ်

    ဇီးစောင်းလက်ပတ်

    [zïsáʊɴlɛʔpaʔ]
    လုံးချော၍ အရွက် မဟိဘဲ အောက်ခြီမှ အလက်များ ဖြာထွက်လီ့ ဟိရေ ဇီးစောင်း(ယှားစောင်း) တမျိုး (ယင်း၏ အလက်ကို မီးမာ အုံပြီး အရည်ညှစ်ကာ အားလျှော့သော သူရို့အား အားတိုးဆီး အဖြစ် အသုံး ပြုရေ။
    လုံးချော၍ အရွက် မရှိဘဲ အောက်ခြေမှ အလက်များ ဖြာထွက်လေ့ ရှိသော ဇီးစောင်း(ရှားစောင်း) တစ်မျိုး (ယင်း၏ အလက်ကို မီးတွင် အုံပြီး အရည်ညှစ်ကာ အားလျှော့သော သူတို့အား အားတိုးဆေး အဖြစ် အသုံး ပြုသည်။
    aloe
    နာမ်

    ဇီဇာကျယ်

    [zízàt͡ɕɛ̀]
    ဂျိများရေ။ အဆာကျယ်ရေ။ အဆာ ကျယ်ရေ။ အလုပ် ကိစ္စ ထွေပြားသည်
    ချေးများသည်။ အလို များသည်။ အဆာ ကျယ်သည်။ အလုပ် ကိစ္စ ထွေပြားသည်
    be fussy
    ကြိယာ

    ဇီတင်

    [zítɪ̀ɴ]
    ဟိခိုးရေ။ ကန်လီရေ
    ရှိခိုးသည်။ ကန်တော့သည်
    pay homage
    ကြိယာ

    ဇီးတင်

    [zïtɪ̀ɴ]
    တိရိစ္ဆာန်မ ရို့၏ ဝမ်း၌ ကိုယ်ဝန် တည်ရေ။ ပဋိသန္ဓ ဟိရေ
    တိရိစ္ဆာန်မ တို့၏ ဝမ်း၌ ကိုယ်ဝန် တည်သည်။ ပဋိသန္ဓ ရှိသည်
    conceive
    ကြိယာ

    ဇီတည့်

    [zítɛ့̀]
    မျက်နှာမရာ။ တည့်တည့်။ တူရူ။ မြို့ပြည်ကိုခွာ၊ ထွက်လီရာလည်းမြောက်၊ ဝဖြီးချပ်ကို၊ ဇီတေ့ရောက်တေ (စန္ဒြားဖွဲ့
    မျက်နှာမရာ။ တည့်တည့်။ တူရူ။ မြို့ပြည်ကိုခွာ၊ ထွက်လီရာလည်းမြောက်၊ ဝဖြီးချပ်ကို၊ ဇီတေ့ရောက်တေ (စန္ဒြားဖွဲ့
    in front of
    ကြိယာဝိသေသန

    ဇီးတည်

    [zïtɛ̀]
    တိရိစ္ဆာန်မ ရို့၏ ဝမ်း၌ ကိုယ်ဝန် တည်ရေ။ ပဋိသန္ဓ ဟိရေ
    တိရိစ္ဆာန်မ တို့၏ ဝမ်း၌ ကိုယ်ဝန် တည်သည်။ ပဋိသန္ဓ ရှိသည်
    conceive
    ကြိယာ

    ဇီတည့်ကျ

    [zítɛ့̀t͡ɕ]
    ထက်ပက်တွိရေ။ ကြုံတွိရေ။ ဟိဆိုင် တွိရေ
    ပက်ပင်းတွေ့သည်။ ကြုံတွေ့သည်။ ရင်ဆိုင် တွေ့သည်
    face to face
    ကြိယာ

    ဇီတည့်ကျ၂

    [zítɛ့̀t͡ɕ၂]
    မျက်နှာချင်း ဆိုင်လျှက်။ မျက်နှာမူလျှက်။ ဦးတည်လျှက်
    မျက်နှာချင်း ဆိုင်လျှက်။ မျက်နှာမူလျှက်။ ဦးတည်လျှက်
    face to face
    ကြိယာဝိသေသန

    ဇီတည့်ခံ

    [zítɛ့̀kʰံ]
    နောက်မဆုတ်ပဲ ဟိဆိုင်ခုခံရေ။ ကြံ့ကြံ့ခံရေ။ တွန်းလှန်သည်
    နောက်မဆုတ်ပဲ ရင်ဆိုင်ခုခံသည်။ ကြံ့ကြံ့ခံသည်။ တွန်းလှန်သည်
    repel-revolt
    ကြိယာ

    ဇီတည့်အက်

    [zítɛ့̀ʔɛʔ]
    ၁၊ မျက်နှာချင်း ဆိုင်ရေ။ ထက်ပက် တွိရေ ဖြစ်ပနာ။ ၂၊ တပြိုင်တည်းတည်း။ ပြိုင်တူ ဖြစ်ရေ အနိန်နန့်
    ၁၊ မျက်နှာချင်း ဆိုင်သည်။ ပက်ပင်း တွေ့သည် ဖြစ်၍။ ၂၊ တပြိုင်နက်တည်း။ ပြိုင်တူ ဖြစ်သော အားဖြင့်
    face to face
    ကြိယာဝိသေသန

    ဇီတာဇီတည်

    [zítàzítɛ̀]
    ဆန့်ကျင်ဘက် ပြုလုပ်ရေ။ တဖက်နှင့် တဖက် အတိုက်အဆိုင်၊ အတိုက်အခံ ပြုရေ။ အပြိုင်အဆိုင် ပြုသည်
    ဆန့်ကျင်ဘက် ပြုလုပ်သည်။ တစ်ဘက်နှင့် တစ်ဘက် အတိုက်အဆိုင်၊ အတိုက်အခံ ပြုသည်။ အပြိုင်အဆိုင် ပြုသည်
    compete
    ကြိယာ

    ဇီးပိ

    [zïpì]
    ဇီးသီး ဂန်ဒူးကို အမှုန့် ထောင်းပြီး ထန်းလျှက်၊ သကာအစဟိစွာရို့နန့် ရော၍ အပြား လုပ်ထားရေ ဇီးပြား။ ဇီးယို
    ဇီးသီး အခြောက်ကို အမှုန့် ထောင်းပြီး ထန်းလျှက်၊ သကာစသည်တို့ဖြင့် ရော၍ အပြား လုပ်ထားသော ဇီးပြား။ ဇီးယို
    plum jam
    နာမ်

    ဇီးပေါင်း

    [zïpèàɪ́ɴ]
    ဇီးသီး အစိမား၌ ဟိရေ အဆံ။ ဇီးဆံ
    ဇီးသီး အစေ့တွင်း၌ ရှိသော အဆံ။ ဇီးဆံ
    plum
    နာမ်

    ဇီးပြက်

    [zïpɹɛʔ]
    ဇီးသီး အစိမား၌ ဟိရေ အဆံ။ ဇီးဆံ
    ဇီးသီး အစေ့တွင်း၌ ရှိသော အဆံ။ ဇီးဆံ
    plum
    နာမ်

    ဇီးဖြူ

    [zïpʰɹù]
    အသီး လုံးငယ် သီးပြီးကေ ချိုင်ဖန်သော အရသာမျိုး သီးသည့် ပင်စောက် တမျိုး။ ရှားဖြူပင်
    အသီး လုံးငယ် သီး၍ ချဉ်ဖန်သော အရသာမျိုး သီးသည့် ပင်စောက် တစ်မျိုး။ ရှားဖြူပင်
    gooseberry
    နာမ်

    ဇီရက်

    [zíɹɛʔ]
    ဇရက်ငှက်။ (ဇရက် အမျိုးမျိုး ဟိရေ။)။ ခြိုးညိုလင်းပြာ၊ ကျီးဇရက်ကေ၊ ငှက်ဟင်္သာနှင့် (ရာမ)။ တမာ ဖောင်းကား၊ ဗီမတီးကေ၊ ဇရက်များနှင့် (မျိုးက်)
    ဆက်ရက်ငှက်။ (ဆက်ရက် အမျိုးမျိုး ရှိသည်။)။ ခြိုးညိုလင်းပြာ၊ ကျီးဇရက်ကေ၊ ငှက်ဟင်္သာနှင့် (ရာမ)။ တမာ ဖောင်းကား၊ ဗီမတီးကေ၊ ဇရက်များနှင့် (မျောက်)
    starling
    နာမ်

    ဇီဝဇိုး

    [zíwzó]
    ရခိုင်မင်း လက်ထက် စစ်ထိုး စစ်ချီရာမာ လိမ္မာသော စီးချင်းတိုက် ဆင်ပြောင်ကြီး၏ အမည်။ (ဇီဝဇိုးဆင်)
    ရခိုင်မင်း လက်ထက် စစ်ထိုး စစ်ချီရာ၌ လိမ္မာသော စီးချင်းတိုက် ဆင်ပြောင်ကြီး၏ အမည်။ (ဇီဝဇိုးဆင်)
    elephant’s name
    နာမ်