Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 341–360 of 412 words

    ဇ

    ဇူးဝေဝေ--ဇူးဇူး

    [zùးwèwè--zùးzùး]
    အဘုချေ အငိုတိတ်အောင် အိပ်အောင် မိခင်က သားကို ချော့မော်သော အခြင်းအရာ။ (ချော့ပုံ ချော့နည်း အမျိုးမျိုး ဟိရေ ဇု ဇု ဇု။ ဇုဇု ဝေ။ ဇုဝေ။ ဇုဝေဝေ။ ဇုဝေဝေဇု။ ဇူးဇူး။ ဇူးဇူးဝေ။ ဇူးဝေ။ ဇူးဝေဝေ။ ဇူးဝေဝေ- ဇူး။ ဤစွာကို အစချီ၍ ပင်ဖြစ်ဖြစ် အကောင်း ဆုံး၌ ပင်ဖြစ်ဖြစ် ထည့်၍ ဆ
    ခလေး အငိုတိတ်အောင် အိပ်အောင် မိခင်က သားကို ချော့မော့သော အခြင်းအရာ။ (ချော့ပုံ ချော့နည်း အမျိုးမျိုး ရှိသည် ဇု ဇု ဇု။ ဇုဇု ဝေ။ ဇုဝေ။ ဇုဝေဝေ။ ဇုဝေဝေဇု။ ဇူးဇူး။ ဇူးဇူးဝေ။ ဇူးဝေ။ ဇူးဝေဝေ။ ဇူးဝေဝေ- ဇူး။ ဤသည်ကို အစချီ၍ လည်းကောင်း အကောင်း ဆုံး၌ လည်းကောင်း ထည့်၍ ဆ
    none
    နာမ်

    ဇေ

    [zè]
    ဖေသာ အကြွီစိ
    ပိုက်ဆံ အကြွေစေ့
    coin
    နာမ်

    ဇေးကပ်

    [zékaʔ]
    ၁၊ ကြံရ ခက်ရေ။ အကြံ အိုက်ရေ။ ၂၊ နောက်ဆံ တင်းရေ။ ငဲ့ညှာ ထောက်ထား စရာ တစုံ တခုအတွက် စိုးရိမ် ကြောင့်ကတ်တေ။ ပူပင် သောက ရောက်ရေ။ မသင့်အကယ်၊ ထားခပြန်သော်၊ မိခင်ဇေးကပ်၊ နောက်မလွတ်တည်း (ထွန်းတိ)
    ၁၊ ကြံရ ခက်သည်။ အကြံ အိုက်သည်။ ၂၊ နောက်ဆံ တင်းသည်။ ငဲ့ညှာ ထောက်ထား စရာ တစ်စုံ တစ်ခုအတွက် စိုးရိမ် ကြောင့်ကြသည်။ ပူပင် သောက ရောက်သည်။ မသင့်အကယ်၊ ထားခဲ့ပြန်သော်၊ မိခင်ဇေးကပ်၊ နောက်မလွတ်တည်း (ထွန်းတိ)
    be in a fix
    ကြိယာ

    ဇေတဝန်

    [zètwàɴ]
    ပြာသာဒ် အဆောင် ဆောင်နန့် ဆောက်လုပ် ထားရေ ကျောင်း။ ဇေတဝန်- မြတ်မွန်ကျောင်းမာ၊ သတင်းသုံးလို့ (ထွန်းတိ)
    ပြာသာဒ် အဆောင် ဆောင်ဖြင့် ဆောက်လုပ် ထားသော ကျောင်း။ ဇေတဝန်- မြတ်မွန်ကျောင်းမှာ၊ သတင်းသုံးလို့ (ထွန်းတိ)
    monastery with a tree – tiered roof
    နာမ်

    ဇေရ

    [zèɹ]
    ၁၊ ပီးဆပ်ဖို့ ဟိစွာနန့် ရဖို့ ဟိစွာချင်း ညီမျှရေ။ မင်းကို ပီးဖို့ ဟိစွာနန့် မင်းပါးက ရဖို့ ဟိစာ(မပိုမလို) ဇရဇရာ။ ၂၊ တဖက်နှင့် တဖက် တမျိုးနှင့် တမျိုး ညီတူ ညီမျှ ဖြစ်တေ။ မပိုမလို ဖြစ်တေ။ သက်ဆိုင်သူ အချင်းချင်း အပီးအယူ အကျေအလည် ကျီနပ် လက်ခံရေ
    ၁၊ ပေးဆပ်ရန် ရှိသည်နှင့် ရရန် ရှိသည်ချင်း ညီမျှသည်။ မင်းကို ပီးဖို့ ဟိစွာနန့် မင်းပါးက ရဖို့ ဟိစာ(မပိုမလို) ဇရဇရာ။ ၂၊ တစ်ဖက်နှင့် တစ်ဖက် တစ်မျိုးနှင့် တစ်မျိုး ညီတူ ညီမျှ ဖြစ်သည်။ မပိုမလို ဖြစ်သည်။ သက်ဆိုင်သူ အချင်းချင်း အပေးအယူ အကျေအလည် ကျေနပ် လက်ခံသည်
    fair
    ကြိယာ

    ဇေရဇေရေ

    [zèɹzèɹè]
    ၁၊ ပီးဆပ်ဖို့ ဟိစွာနန့် ရဖို့ ဟိစွာချင်း ညီမျှရေ။ မင်းကို ပီးဖို့ ဟိစွာနန့် မင်းပါးက ရဖို့ဟိစာ (မပိုမလို) ဇရဇရာ။ ၂၊ တဖက်နှင့် တဖက် တမျိုးနှင့် တမျိုး ညီတူ ညီမျှ ဖြစ်တေ။ မပိုမလို ဖြစ်တေ။ သက်ဆိုင်သူ အချင်းချင်း အပီးအယူ အကျေအလည် ကျီနပ် လက်ခံရေ
    ၁၊ ပေးဆပ်ရန် ရှိသည်နှင့် ရရန် ရှိသည်ချင်း ညီမျှသည်။ မင်းကို ပီးဖို့ ဟိစွာနန့် မင်းပါးက ရဖို့ဟိစာ (မပိုမလို) ဇရဇရာ။ ၂၊ တစ်ဖက်နှင့် တစ်ဖက် တစ်မျိုးနှင့် တစ်မျိုး ညီတူ ညီမျှ ဖြစ်သည်။ မပိုမလို ဖြစ်သည်။ သက်ဆိုင်သူ အချင်းချင်း အပေးအယူ အကျေအလည် ကျေနပ် လက်ခံသည်
    fair
    ကြိယာ

    ဇော

    [zɔ́]
    တစုံ တခု၌ တက်ကြွ လှုပ်ရှားခြင်း ဖြစ်ပေါ် နိန်ရေ စိတ်
    တစ်စုံ တစ်ခု၌ တက်ကြွ လှုပ်ရှားခြင်း ဖြစ်ပေါ် နေသော စိတ်
    eagerness
    နာမ်

    ဇောကုန်

    [zɔ́kòʊɴ]
    ၁၊ အားအင် ကုန်ခန်း ဆုတ်ယုတ်ရေ။ တက်ကြွ လှုပ်ယှားမှု စိတ်မဟိ ဖြစ်တေ။ ၂၊ သေမည့် ဟန်ပိုင် ဖြစ်တေ
    ၁၊ အားအင် ကုန်ခန်း ဆုတ်ယုတ်သည်။ တက်ကြွ လှုပ်ရှားမှု စိတ်မရှိ ဖြစ်သည်။ ၂၊ သေမည့် ဟန်ကဲ့သို့ ဖြစ်သည်
    be in a coma
    ကြိယာ

    ဇောချွီးပြန်

    [zɔ́ɕwïpɹàɴ]
    တစုံ တခုသော အကြောင်း အရာကြောင့် စိတ်လှုပ် ချောက်ချားမှု ဖြစ်ရေ အချာမျိုး၌ ချွေးပြပြိုက် ထွက်တေ
    တစ်စုံ တစ်ခုသော အကြောင်း အရာကြောင့် စိတ်လှုပ် ချောက်ချားမှု ဖြစ်သော အချာမျိုး၌ ချွေးပန်း ထွက်သည်
    sweat in terror
    ကြိယာ

    ဇောင်

    [zàʊɴ]
    ကြိယာကို လီးနက်စီရန် တွဲပြီးကေ သုံးသော စကားလုံး။ တရားနာဇောင်၊ ထမင်းစားဇောင်၊ ရီချိုးဇောင်လားကတ်မေ အစဟိစွာ
    ကြိယာကို လေးနက်စေရန် တွဲ၍ သုံးသော စကားလုံး။ တရားနာဇောင်၊ ထမင်းစားဇောင်၊ ရီချိုးဇောင်လားကတ်မေ စသည်
    room
    ပစ္စည်း

    ဇောင်း

    [záʊɴ]
    ၁၊ ဖီးဖက် အရပ်။ ၂၊ အလျားလိုက် ထောင့်ဖြစ် နိန်ရေ နံချင်းပြိုင်သား
    ၁၊ ဘေးဖက် အရပ်။ ၂၊ အလျားလိုက် ထောင့်ဖြစ် နေသော နံဘေးသား
    horizontal
    နာမ်

    ဇောင်၂

    [zàʊɴ၂]
    ဇာပိုင် ဇာပိုင် အခြီအရဲ ဟိလဲ အစဟိစွာနန့် သိလိုရေတွက်နန့် မီးရေကြိယာ၌ တွဲပြီးကေ သုံးသော စကားလုံး။ ဇောင်လဲ၊ ဘဇောင်လဲ စရေ။ သူမာ ဘဇောင် အခြီအရဲ ဟိရေလဲ
    ဘယ်လို ဘယ်လို အခြေအနေ ရှိသလဲ စသည်ဖြင့် သိလို၍ မေးသော ကြိယာ၌ တွဲ၍ သုံးသော စကားလုံး။ ဇောင်လဲ၊ ဘဇောင်လဲ စသည်။ သူမှာ ဘဇောင် အခြီအနီ ဟိရေလဲ
    how
    နာမ်

    ဇောင်၃

    [zàʊɴ၃]
    ၁၊ တက်ကြွ နိုးကြားမှု။ မဆုတ်မနစ် အားထုတ်မှု။ ဝိရီယ။ ၂၊ မဖြစ်မနီ ပိုပြီးကေ အားသွန် ကြိုးပမ်းမှု။ ဇောင်ပင် မဖြစ်နှိုင်လား၊ လုပ်ကေဖြစ်ရဖို့ နှင့်ရာ၊ လူရာ မဟောက်လား
    ၁၊ တက်ကြွ နိုးကြားမှု။ မဆုတ်မနစ် အားထုတ်မှု။ ဝိရီယ။ ၂၊ မဖြစ်မနေ ပို၍ အားသွန် ကြိုးပမ်းမှု။ ဇောင်ပင် မဖြစ်နိုင်လား၊ လုပ်ကေဖြစ်ရဖို့ နှင့်ရာ၊ လူရာ မဟောက်လား
    effort
    နာမ်

    ဇောင်၄

    [zàʊɴ၄]
    မဖြစ်မနီ ပိုပြီးကေ အားသွန် ကြိုးပမ်းသည်
    မဖြစ်မနေ ပို၍ အားသွန် ကြိုးပမ်းသည်
    strive
    ကြိယာ

    ဇောင်၅

    [zàʊɴ၅]
    တဦး တယာက်တည်းကို ရည်၍ ပြဆိုညွန်းရာမာ အရင်းခံ တွဲပြီးကေ သုံးသော စကားလုံး။ ယောက်ျားဆိုကေ ဇောင် တယာက်တည်း။ မမဆိုကေ ဇောင်တယာက်လည်း မပါ။ လပျိုမောင်လေ၊ ဇောင်တယောက်လောင်းာက်၊ မပေါက်မပေါ် (ပန်း)
    တစ်ဦး တစ်ယာက်တည်းကို ရည်၍ ပြဆိုညွန်းရာ၌ အရင်းခံ တွဲ၍ သုံးသော စကားလုံး။ ယောက်ျားဆိုကေ ဇောင် တစ်ယာက်တည်း။ မမဆိုကေ ဇောင်တစ်ယာက်လည်း မပါ။ လူပျိုမောင်လေ၊ ဇောင်တစ်ယောက်မျှ၊ မပေါက်မပေါ် (ပန်း)
    none
    နာမ်

    ဇောင်၆

    [zàʊɴ၆]
    လုံးလုံး။ လုံးဝ။ အလျင်း(ပဋိသေဓ ကြိယာနှင့် တွဲစပ်ရေအခါ ဘာတခုလည်းမဟိ၊ မဖြစ်၊ မသိ အစဟိစွာနန့် အပြည့်အဝ ငြင်းတွယ်သော အချိတ် အနက်သာ ထင်ရေ။
    လုံးလုံး။ လုံးဝ။ အလျင်း(ပဋိသေဓ ကြိယာနှင့် တွဲစပ်သောအခါ ဘာမျှမရှိ၊ မဖြစ်၊ မသိ စသည်ဖြင့် အပြည့်အဝ ငြင်းတွယ်သော အချိတ် အနက်သာ ထင်သည်။
    absolutely
    ကြိယာဝိသေသန

    ဇောင်ကေ

    [zàʊɴkè]
    ဆက်ပနာပြီးကေ ပြောဖို့ ဖြစ်ရေ စကား။ စကားဆက်။ အဆက် အစပ် ဖြစ်ရေ စကား။ စစ်တွေမြို့က မြောက်ဦးမြို့ကို လားရေ။ ဇောင်ကေ ကျောက်တော်မြို့ကို လားရေ။ ဇောင်ကေ မဟာမြတ်မုနိ လားရေ အစဟိစွာတည်း
    ဆက်လက်၍ ပြောရန် ဖြစ်သော စကား။ စကားဆက်။ အဆက် အစပ် ဖြစ်သော စကား။ စစ်တွေမြို့က မြောက်ဦးမြို့ကို လားရေ။ ဇောင်ကေ ကျောက်တော်မြို့ကို လားရေ။ ဇောင်ကေ မဟာမြတ်မုနိ လားရေ စသည်တည်း
    conjunct
    နာမ်

    ဇောင်ကေ၂

    [zàʊɴkè၂]
    တစုံ တခုကို ထပ်ဆင့် ပြန်ပနာမကျဉ်းဖြစ်ပနာ ညွှန်ပြရာမာ သုံးသော စကားလုံး။ ယင်း။ ထို။ ယင်းပိုင် ဖြစ်တော် မူလျှင်။ ဇောင်ကေရာ ဖြစ်ကေ၊ တွက်စလည်း ကြည့်ချင်၊ ငါ့ထံလာကေ၊ ဆရာမြတ်ရိုး (စန္ဒြားဖွဲ့)
    တစ်စုံ တစ်ခုကို ထပ်ဆင့် ပြန်လည်၍ ညွှန်ပြရာ၌ သုံးသော စကားလုံး။ ၎င်း။ ထို။ ယင်းသို့ ဖြစ်တော် မူလျှင်။ ဇောင်ကေရာ ဖြစ်ကေ၊ တွက်စလည်း ကြည့်ချင်၊ ငါ့ထံလာကေ၊ ဆရာမြတ်ရိုး (စန္ဒြားဖွဲ့)
    conjunct
    နာမ်

    ဇောင်းကွဲ

    [záʊɴkwɛ]
    မြီအိုး ခြမ်းကွဲ အပိုင်း အစများ။
    မြေအိုး ခြမ်းကွဲ အပိုင်း အစများ။
    potaherd
    နာမ်

    ဇောင်းခြမ်းကွဲ

    [záʊɴkʰɹáɴkwɛ]
    မြီအိုး ခြမ်းကွဲ အပိုင်း အစများ
    မြေအိုး ခြမ်းကွဲ အပိုင်း အစများ
    potaherd
    နာမ်