Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 361–380 of 412 words

    ဇ

    ဇောင်းခြမ်းပဲ့

    [záʊɴkʰɹáɴpé]
    မြီအိုး ခြမ်းကွဲ အပိုင်း အစများ
    မြေအိုး ခြမ်းကွဲ အပိုင်း အစများ
    potaherd
    နာမ်

    ဇောင်းထ

    [záʊɴtʰ]
    ၁၊ ထက်မြက်ရေ (သင်းဓုန်းဓါး ပိုင်) အနား စောင်းဟိရေ ကျောက်၊ ဓါး၊ ဝါး စရေ။ ကျောက်ဇောင်း၊ ဓါးဇောင်း၊ ဝါးခြမ်း ဇောင်း
    ၁၊ ထက်မြက်သော (သင်းဓုန်းဓါး ကဲ့သို့) အနား စောင်းရှိသော ကျောက်၊ ဓါး၊ ဝါး စသည်။ ကျောက်ဇောင်း၊ ဓါးဇောင်း၊ ဝါးခြမ်း ဇောင်း
    bevel
    နာမဝိသေသန

    ဇောင်းထက်

    [záʊɴtʰɛʔ]
    မတုံးသော ပိုင်။ မြသော ပိုင် ဟိရေ။ (မြား၊ ဓါးစရေ။
    မတုံးသော အသွား။ မြသော အသွား ရှိသော။ (မြား၊ ဓါးစသည်။
    sharp
    နာမဝိသေသန

    ဇောင်ဒန်း

    [zàʊɴdáɴ]
    ဆန့်ကျင်ဘက် စကား။ အတိုက်အခံ ပြုရေ စကား။ ပဋိပက္ခ။ သူမည်း ငါဖြူ ဆိုရေ စကားမျိုး။ မောင်ဖြူက ဇောင်လို့ ဆိုကေ၊ မောင်လှက ဒန်းလို့ ပြောရေ
    ဆန့်ကျင်ဘက် စကား။ အတိုက်အခံ ပြုသော စကား။ ပဋိပက္ခ။ သူမည်း ငါဖြူ ဆိုသော စကားမျိုး။ မောင်ဖြူက ဇောင်လို့ ဆိုကေ၊ မောင်လှက ဒန်းလို့ ပြောရေ
    opposite
    နာမ်

    ဇောင်နှင့်ပင်

    [zàʊɴn̥ɪ̀ɴ့pɪ̀ɴ]
    တခုခုကို ထပ်ဆင့် ပြန်ပနာ ညွှန်ပြရေ။ ယေဇုနန့် ပင်လျှင်။ ငါလျှင်မိုက်လို့၊ ဖြစ်ရတုံကျင်၊ ဇောင်နှင့်ပင်လေ၊ ငါ့လင်ဆုံးမည်၊ ဆိုတုံပေ၍ (ရာမ)
    တစ်စုံ တစ်ရာကို ထပ်ဆင့် ပြန်လည် ညွှန်ပြသည်။ ယင်းအတွက်ကြောင့် ပင်လျှင်။ ငါလျှင်မိုက်လို့၊ ဖြစ်ရတုံကျင်၊ ဇောင်နှင့်ပင်လေ၊ ငါ့လင်ဆုံးမည်၊ ဆိုတုံပေ၍ (ရာမ)
    point
    ကြိယာ

    ဇောင်ပင်

    [zàʊɴpɪ̀ɴ]
    (ကိုယ့်ကိုယ်ကို) ညံ့ဖျင်းမှု စိတ်အား တက်ကြွမှု အားထုတ်မှု အားသွန် ကြိုးပမ်းမှု တက်ကြွ နိုးကြားမှု အစဟိစွာရို့မာ အရင်းခံ၍ တွဲဘက် သုံးသော စကားလုံး။ မမာ့ကိုပင်၊ မဆင်ခြင်ကေ၊ အထင်မားလို့၊ ယောက်ျားမြင်ကေ၊ ဇောင်ပင်လည်းမွဲ၊ အပိုင်ကေ၊ ရာမဝင်ပဲ (ဓမ္မသာ)။ ယောက်ျားတ
    (မိမိကိုယ်ကို) ညံ့ဖျင်းမှု စိတ်အား တက်ကြွမှု အားထုတ်မှု အားသွန် ကြိုးပမ်းမှု တက်ကြွ နိုးကြားမှု စသည်တို့၌ အရင်းခံ၍ တွဲဘက် သုံးသော စကားလုံး။ မိန်းမကိုပင်၊ မဆင်ခြင်ကေ၊ အထင်မှားလို့၊ ယောက်ျားမြင်ကေ၊ ဇောင်ပင်လည်းမွဲ၊ အလိုလိုလျှင်၊ ရာမဝင်ပဲ (ဓမ္မသာ)။ ယောက်ျားတ
    none
    နာမ်

    ဇောင်ပင်၂

    [zàʊɴpɪ̀ɴ၂]
    ၁၊ စိတ်အား ထက်သန် တက်ကြွစွာနန့်။ တက်တက်ကြွကြွ။ ပြင်တန်းခါးကို၊ ဖြူထွားယေမောင်၊ ဆီးဂုဏ်ရောင်ကေ၊ ဇောင်ပင်ရာလား၊ တချက်လွှားကေ၊ ခြီဖျားယေမာ၊ မထိခပဲ (မိုး)။ ၂ အလွန်တရာ။ အထူး ပိုပြီးကေ လွန်ကဲစွာ။ ဇာဝေယောက်ဖ၊ ဇောင်ပင်ရာလေ၊ လှပေစွာ့ကေ၊ ဇာကပင်ဟူ၊ မင်းဘုန်းတူမာ၊ ယ
    ၁၊ စိတ်အား ထက်သန် တက်ကြွစွာဖြင့်။ တက်တက်ကြွကြွ။ ပြင်တံခါးကို၊ ဖြူထွားယေမောင်၊ ဆေးဂုဏ်ရောင်ကေ၊ ဇောင်ပင်ရာလား၊ တချက်လွှားကေ၊ ခြီဖျားယေမှာ၊ မထိခပဲ (မိုး)။ ၂ အလွန့်အလွန်။ အထူး ပိုမို လွန်ကဲစွာ။ ဇာဝေယောက်ဖ၊ ဇောင်ပင်ရာလေ၊ လှပေစွာ့ကေ၊ ဇာကပင်ဟူ၊ မင်းဘုန်းတူမှာ၊ ယ
    extreme
    ကြိယာ

    ဇောင်ပင်သပင်

    [zàʊɴpɪ̀ɴθpɪ̀ɴ]
    စိတ်အား ထက်သန် စွာနန့်။ အားသွန် ကြိုးပမ်းဗျာယ်
    စိတ်အား ထက်သန် စွာဖြင့်။ အားသွန် ကြိုးပမ်းလျက်
    be eager
    ကြိယာ

    ဇောင်ပင်သရော

    [zàʊɴpɪ̀ɴθɹɔ́]
    ၁၊ အထူး ကြိုးစား အားထုတ်ဗျာယ်။ ၂၊ ကြိုးစားပမ်းစား၊ လုံ့လ ကြီးစွာနန့်
    ၁၊ အထူး ကြိုးစား အားထုတ်လျက်။ ၂၊ ကြိုးစားပမ်းစား၊ လုံ့လ ကြီးစွာဖြင့်
    try
    ကြိယာဝိသေသန

    ဇောင်ဖြစ်

    [zàʊɴpʰɹɪʔ]
    ဧပိုင် တစုံ တရာ ဖြစ်နှိုင်ဖွယ်ရာ အကြောင်း ဟိရေဟု နောင် အနာဂါတ် ကာလကို ညွှန်ပြရာမာ သုံးသော စကားလုံး။ မွီးရေ့ ပီတာ၊ ဖန်ခါခါလေ၊ တားကေလည်းပင်၊ ဇောင်ဖြစ်လီဖို့ကို၊ ဆံခြည်ရိပ်မျှ၊ စိတ်မထင်လို့ (ပန်း)။ ယာဉ်ကျော်မြင်းရွှီ၊ အလီလီကေ၊ ဟန့်လီဗျာယ်ပင်၊ ဇောင်ဖြစ်ဖို့ကိ
    ဤသို့ တစ်စုံ တစ်ရာ ဖြစ်နိုင်ဖွယ်ရာ အကြောင်း ရှိသည်ဟု နောင် အနာဂါတ် ကာလကို ညွှန်ပြရာ၌ သုံးသော စကားလုံး။ မွေးသည့် ပီတာ၊ ဖန်ခါခါလေ၊ တားပါလျက်ပင်၊ ဇောင်ဖြစ်မည်ကို၊ ဆံခြည်ရိပ်မျှ၊ စိတ်မထင်လို့ (ပန်း)။ ယာဉ်ကျော်မြင်းရွှေ၊ အလီလီကေ၊ ဟန့်လီလျက်ပင်၊ ဇောင်ဖြစ်ဖို့ကိ
    pronouncement made by rayalty
    နာမ်

    ဇောင်မချိ

    [zàʊɴmɕì]
    အလွန်တရာ။ နွားငယ် ရီသောက်ငတ် ပိုင် မြင်ချင်စိတ် ပြင်းပြသော အနိန်နန့်။ ကိုယ်ပိုင် ဆင်းရုပ်ဝါကို၊ မြင်ချင်ပါ ဇောင်မချိ (ကုသတု)
    အလွန့်အလွန်။ နွားငယ် ရေသောက်ငတ် သကဲ့သို့ မြင်ချင်စိတ် ပြင်းပြသော အားဖြင့်။ ကိုယ်ပိုင် ဆင်းရုပ်ဝါကို၊ မြင်ချင်ပါ ဇောင်မချိ (ကုသတု)
    extreme
    ကြိယာဝိသေသန

    ဇောင်မဟောက်

    [zàʊɴmhɔ́ɛʔ]
    မကန်မဝှန်။ မည်ရွေ့ ဇာလောက် ဆိုပနာ မရွီတွက် နှိုင်ယောင် များပြားစွာ။ မောင်ဖြူမာ တန်းကား ဇောင်မဟောက် ရခရေ
    အများအပြား။ မည်ရွေ့ မည်မျှ ဟူ၍ မရေတွက် နိုင်အောင် များပြားစွာ။ မောင်ဖြူမှာ တန်းကား ဇောင်မဟောက် ရခရေ
    many
    ကြိယာဝိသေသန

    ဇောင်မဟောက်ကေ

    [zàʊɴmhɔ́ɛʔkè]
    သို့တည်း မဟုတ်ရင်။ (ရှေး) နာမ်ကို တားမြစ်၍ နောက်နာမ်ကို ဖော်ညွှန်းလိုရေ စကား။ ဇောင်မဟောက်ကေ၊ ဝဲခြုတ်ရာလား (ထာနု)။ ခူနာ မဟောက်က၊ ရီယုန်နာလား။
    သို့တည်း မဟုတ်လျှင်။ (ရှေး) နာမ်ကို တားမြစ်၍ နောက်နာမ်ကို ဖော်ညွှန်းလိုသော စကား။ ဇောင်မဟောက်ကေ၊ ဝဲခြုတ်ရာလား (ထာနု)။ ခူနာ မဟောက်က၊ ရီယုန်နာလား။
    or
    သမ္ဗန္တ

    ဇောင်ရာလား

    [zàʊɴɹàlá]
    ၁၊ စိတ်အား ထက်သန် တက်ကြွစွာနန့်။ တက်တက်ကြွကြွ။ ပြင်တန်းခါးကို၊ ဖြူထွားယေမောင်၊ ဆီးဂုဏ်ရောင်ကေ၊ ဇောင်ပင်ရာလား၊ တချက်လွှားကေ၊ ခြီဖျားယေမာ၊ မထိခပဲ (မိုး)။ ၂ အလွန်တရာ။ အထူး ပိုပြီးကေ လွန်ကဲစွာ။ ဇာဝေယောက်ဖ၊ ဇောင်ပင်ရာလေ၊ လှပေစွာ့ကေ၊ ဇာကပင်ဟူ၊ မင်းဘုန်းတူမာ၊
    ၁၊ စိတ်အား ထက်သန် တက်ကြွစွာဖြင့်။ တက်တက်ကြွကြွ။ ပြင်တံခါးကို၊ ဖြူထွားယေမောင်၊ ဆေးဂုဏ်ရောင်ကေ၊ ဇောင်ပင်ရာလား၊ တချက်လွှားကေ၊ ခြီဖျားယေမှာ၊ မထိခပဲ (မိုး)။ ၂ အလွန့်အလွန်။ အထူး ပိုမို လွန်ကဲစွာ။ ဇာဝေယောက်ဖ၊ ဇောင်ပင်ရာလေ၊ လှပေစွာ့ကေ၊ ဇာကပင်ဟူ၊ မင်းဘုန်းတူမှာ၊
    extreme
    ကြိယာဝိသေသန

    ဇောင်လည်း

    [zàʊɴlɛ́]
    နောက်ကြိယာကို ပဓါန ထားပနာ ဟိကြိယာ ပုဒ်ကို ဝိသေသန သဖောသုံးသော စကားလုံး။ ကြည့်ချီတမူ၊ ဆရာမြတ်ကို၊ ဇောင်လည်းမြင်းချီ (ဓမ္မက)
    နောက်ကြိယာကို ပဓါန ထား၍ ရှေ့ကြိယာ ပုဒ်ကို ဝိသေသန သဘော သုံးသော စကားလုံး။ ကြည့်ချီတမူ၊ ဆရာမြတ်ကို၊ ဇောင်လည်းမြင်းချီ (ဓမ္မက)
    none
    နာမ်

    ဇောင်လည်းခက်

    [zàʊɴlɛ́kʰɛʔ]
    ရှေ့မတိုးသာ နောက်မဆုတ်သာ။ အခက်အခဲ များစွာနန့် ကြုံတွိ နိန်ရခြင်း။ ခဲယဉ်းခြင်း။ မလွယ်ကူခြင်း။ ငြိုငြင်ဖွယ် ဖြစ်ခြင်း။ နှမနှင့်မောင်၊ နောင်ဘုန်းခေါင်ကြောင့်၊ ထိုဇောင်လည်းခက်၊ မလားဖယ်ရှောင်၊ ဓါးငွီရောင်ကြောင့်၊ ဇောင်လည်းခက်လို့ (ပန်း)
    ရှေ့မတိုးသာ နောက်မဆုတ်သာ။ များစွာသော အခက်အခဲနှင့် ကြုံတွေ့ နေရခြင်း။ ခဲယဉ်းခြင်း။ မလွယ်ကူခြင်း။ ငြိုငြင်ဖွယ် ဖြစ်ခြင်း။ နှမနှင့်မောင်၊ နောင်ဘုန်းခေါင်ကြောင့်၊ ထိုဇောင်လည်းခက်၊ မသွားဖယ်ရှောင်၊ ဓါးငွေရောင်ကြောင့်၊ ဇောင်လည်းခက်လို့ (ပန်း)
    none
    နာမ်

    ဇောင်လားဇမ်းလား

    [zàʊɴlázáɴlá]
    ၁၊ ဇာဟင့်တခုကိုလေ့ တိကျ စွဲမြဲစွာ ဦးတည်ခြင်း မဟိဘဲ အလဲအလှယ် အနိန်နန့်။ ထိုဟင့် ဒေဟင့်။ ထိုပိုင်ယှောင် ဒေပိုင်ယှောင်။ ၂၊ အချက်အတင် ငြင်းခုံသော အနိန်နန့်
    ၁၊ မည်သည့် အရာကိုမျှ တိကျ စွဲမြဲစွာ ဦးတည်ခြင်း မရှိဘဲ အလဲအလှယ် အားဖြင့်။ ဟိုနှယ် သည်နှယ်။ ဟိုလိုလို သည်လိုလို။ ၂၊ အချေအတင် ငြင်းခုံသော အားဖြင့်
    without aim or purpose
    ကြိယာဝိသေသန

    ဇောင်လားဒန်းလား

    [zàʊɴládáɴlá]
    ၁၊ ဇာဟင့်တခုကိုလေ့ တိကျ စွဲမြဲစွာ ဦးတည်ခြင်း မဟိဘဲ အလဲအလှယ် အနိန်နန့်။ ထိုဟင့် ဒေဟင့်။ ထိုပိုင်ယှောင် ဒေပိုင်ယှောင်။ ၂၊ အချက်အတင် ငြင်းခုံသော အနိန်နန့်
    ၁၊ မည်သည့် အရာကိုမျှ တိကျ စွဲမြဲစွာ ဦးတည်ခြင်း မရှိဘဲ အလဲအလှယ် အားဖြင့်။ ဟိုနှယ် သည်နှယ်။ ဟိုလိုလို သည်လိုလို။ ၂၊ အချေအတင် ငြင်းခုံသော အားဖြင့်
    without aim or purpose
    ကြိယာဝိသေသန

    ဇောင်သာ

    [zàʊɴθà]
    ဆက်ပနာပြီးကေ ပြောဖို့ ဖြစ်ရေ စကား။ စကားဆက်။ အဆက်အစပ် ဖြစ်ရေ စကား။ စစ်တွေမြို့က မြောက်ဦးမြို့ကို လားရေ။ ဇောင်ကေ ကျောက်တော်မြို့ကို လားရေ။ ဇောင်ကေ မဟာမြတ်မုနိ လားရေ အစဟိစွာတည်း
    ဆက်လက်၍ ပြောရန် ဖြစ်သော စကား။ စကားဆက်။ အဆက်အစပ် ဖြစ်သော စကား။ စစ်တွေမြို့က မြောက်ဦးမြို့ကို လားရေ။ ဇောင်ကေ ကျောက်တော်မြို့ကို လားရေ။ ဇောင်ကေ မဟာမြတ်မုနိ လားရေ စသည်တည်း
    conjunct
    နာမ်

    ဇောင်းသိမ်း

    [záʊɴθéɪɴ]
    ဝန် တစုံ တခု၏ ချွန်ထက် နိန်ရေ အနားကို ချောမောယောင် လုပ်ရေ။ ထောင့်သိမ်းသည်
    ပစ္စည်း တစ်စုံ တစ်ခု၏ ချွန်ထက် နေသော အနားကို ချောမောအောင် လုပ်သည်။ ထောင့်သိမ်းသည်
    keep
    ကြိယာ