Dictionary Entries
Showing 21–40 of 412 words
ဇ
ဇက်ကြော
[zɛʔt͡ɕɔ́]
Arakanese:
ကြောရိုးနှင့် လည်ကုပ်ရိုး ဆက် အကြော
Burmese:
ကျောရိုးနှင့် လည်ကုပ်ရိုး ဆက် အကြော
English:
nape of he neck
Grammar Note:
နာမ်
ဇက်ချောင်း
[zɛʔɕáʊɴ]
Arakanese:
၁၊ လူများ မမြင်လိုက်၊ မသိလိုက်၊ သတိ မမူလိုက်ရေ့ အခိုက် အတန့် ကာလကို တတိန်းချေနှင့် စောင့်မျှော် နိန်ရေ။ ၂၊ ချက်ကောင်းကို တတိန်းချေ ငံ့လင့် စောင့်မျှော် နိန်ရေ။ ပုန်းအောင်း စောင့်ဆိုင်း နိန်ရေ
Burmese:
၁၊ သူတစ်ပါး မမြင်လိုက်၊ မသိလိုက်၊ သတိ မမူလိုက်သည့် အခိုက် အတန့် ကာလကို တိတ်တဆိတ်နှင့် စောင့်မျှော် နေသည်။ ၂၊ ချက်ကောင်းကို တိတ်တဆိတ် ငံ့လင့် စောင့်မျှော် နေသည်။ ပုန်းအောင်း စောင့်ဆိုင်း နေသည်
English:
wait
Grammar Note:
ကြိယာ
ဇက်ခွ
[zɛʔkʰw]
Arakanese:
ဇက်လားရေ့ နီရာ မြင်း၏ ပစ
Burmese:
ဇက်သွားသည့် နေရာ မြင်း၏ ပါးစပ်
English:
horse mouth
Grammar Note:
နာမ်
ဇက်ဆွဲ
[zɛʔsʰwɛ]
Arakanese:
တဆတ်ဆတ် နှေးလားလီရန် ဇက်ကြိုးကို ဆွဲကိုင်သည်
Burmese:
ဖြည်းဖြည်း နှေးသွားစေရန် ဇက်ကြိုးကို ဆွဲကိုင်သည်
English:
pull to a stop
Grammar Note:
ကြိယာ
ဇက်ဆွဲလက်ဆွဲ
[zɛʔsʰwɛlɛʔsʰwɛ]
Arakanese:
ဖီးရန်၊ အပြစ် အစဟိစွာရို့ကို အမှု မထားပဲ။ ရဲဝံ့စွာ။ တွန့်ဆုတ်ခြင်း မဟိဘဲ။ မဆင်မခြင် စွန့်စား ပြုလုပ်ရေ အနိန်နန့်
Burmese:
ဘေးရန်၊ အပြစ် စသည်တို့ကို အမှု မထားပဲ။ ရဲဝံ့စွာ။ တွန့်ဆုတ်ခြင်း ကင်းမဲ့စွာ။ မဆင်မခြင် စွန့်စား ပြုလုပ်သော အားဖြင့်
English:
daringly
Grammar Note:
ကြိယာဝိသေသန
ဇက်တန်ဆာ
[zɛʔtàɴsʰà]
Arakanese:
မြင်း၏ ပစထဲမာ ထည့်ရရေ ဇာတ်ကြိုး အစဟိစွာ
Burmese:
မြင်း၏ ပါးစပ်ထဲတွင် ထည့်ရသော ဇာတ်ကြိုး စသည်
English:
rens
Grammar Note:
နာမ်
ဇက်တိုက်
[zɛʔtaɪʔ]
Arakanese:
ရက်ပြတ်။ တစပ်တည်း။ တဆက်တည်း။ တောက်လျောက်။ အစိုင်တစိုက်
Burmese:
အဆက်မပြတ်။ တစပ်တည်း။ တစ်ဆက်တည်း။ တောက်လျောက်။ အစဉ်တစိုက်
English:
persistently
Grammar Note:
ကြိယာဝိသေသန
ဇက်မွီး
[zɛʔmwï]
Arakanese:
မြင်း အစဟိစွာရို့မာ အဂေါင်း နောက်ဘက် (လည်ဇက်)၌ ပေါက်သော၊ ထောင်နိန်ရေ မွေးရှည်
Burmese:
မြင်း စသည်တို့တွင် ဦးခေါင်း နောက်ဘက် (လည်ဇက်)၌ ပေါက်သော၊ ထောင်နေသော မွေးရှည်
English:
nape of the neck hair
Grammar Note:
နာမ်
ဇက်ရဲလက်ရဲ
[zɛʔɹɛlɛʔɹɛ]
Arakanese:
ဖီးရန်၊ အပြစ် အစဟိစွာရို့ကို အမှုမထားပဲ။ ရဲဝံ့စွာ။ တွန့်ဆုတ်ခြင်း မဟိဘဲ။ မဆင်မခြင် စွန့်စား ပြုလုပ်ရေ အနိန်နန့်
Burmese:
ဘေးရန်၊ အပြစ် စသည်တို့ကို အမှုမထားပဲ။ ရဲဝံ့စွာ။ တွန့်ဆုတ်ခြင်း ကင်းမဲ့စွာ။ မဆင်မခြင် စွန့်စား ပြုလုပ်သော အားဖြင့်
English:
brashly and audaciously
Grammar Note:
ကြိယာဝိသေသန
ဇကြမ်းပင်
[zt͡ɕáɴpɪ̀ɴ]
Arakanese:
ခွပ်ထစ်ကေ အပင်၊ အရွက်ရို့မှ အစီး ထွက်သော ပင်စောက်ပင် တမျိုး
Burmese:
ခုတ်ထစ်လျှင် အပင်၊ အရွက်တို့မှ အစေး ထွက်သော ပင်စောက်ပင် တစ်မျိုး
English:
none
Grammar Note:
နာမ်
ဇကွဲ
[zkwɛ]
Arakanese:
‘ဇ’ အက္ခရာ၏ အမည်
Burmese:
‘ဇ’ အက္ခရာ၏ အမည်
English:
th of Arakanese consonant
Grammar Note:
နာမ်
ဇကွဲ၂
[zkwɛ၂]
Arakanese:
အကွဲကွဲ အပြားပြား။ စိကေချေ အဖုံဖုံ။ အမျိုးမျိုး။ တသီး တခြားစီ။ ‘ဘုရား လူကြီး အချင်းချင်း ဇကွဲ ဖြစ်နီ ကတ်ဗျာယ်’
Burmese:
အကွဲကွဲ အပြားပြား။ အနည်းငယ် အဖုံဖုံ။ အမျိုးမျိုး။ တစ်သီး တစ်ခြားစီ။ ‘ဘုရား လူကြီး အချင်းချင်း ဇကွဲ ဖြစ်နီ ကတ်ဗျာယ်’
English:
many
Grammar Note:
ကြိယာဝိသေသန
ဇင်
[zɪ̀ɴ]
Arakanese:
ဖျာ ရက်လုပ်ရရေ သင်ပင်နှင့် တူသော အပင် တမျိုး
Burmese:
ဖျာ ရက်လုပ်ရသော သင်ပင်နှင့် တူသော အပင် တစ်မျိုး
English:
none
Grammar Note:
နာမ်
ဇင်ခံ
[zɪ̀ɴkʰံ]
Arakanese:
(လူများ ထိုင်နီရန်) ဝါး တနည်း ပျိုင် အစဟိစွာရို့နန့် ပြုလုပ် ထားရေ နိမ့်ရေ့ ခုံကျယ်၊ ခုံပြင်။ စင်ချေ
Burmese:
(လူများ ထိုင်နေရန်) ဝါး သို့မဟုတ် ပျဉ် စသည်တို့ဖြင့် ပြုလုပ် ထားသော နိမ့်သည့် ခုံကျယ်၊ ခုံပြင်။ ကွပ်ပျစ်
English:
wooden or bamboo bedstead
Grammar Note:
ကြိယာ
ဇင်းခင်
[zɪ́ɴkʰɪ̀ɴ]
Arakanese:
လမ်း။ လမ်းခရီး။ လမ်းမကြီး။ လမ်းရှည်။ ကြောင်ဇင်းခါလေ၊ ဒွါရာလမ်းကို၊ မလျောက်နိုင် (နတ်ခြင်း)။ ဇာညာစောင်းလှည့်- ဝန်းရို့ကြည့်၊ ကြည့်ငြားတသွယ်၊ ရွှီဇင်းခါနန့်၊ မြဇင်းခါကို၊ ငါဇာမြင်လတ်တေ (ဓမ္မက)။ (တေဇာရာမ ကျောက်စာ စတုတ္ထ ချပ်မာ ရွှီဇင်နန့် မြဇင်းခါကို ငါဇာ
Burmese:
လမ်း။ လမ်းခရီး။ လမ်းမကြီး။ လမ်းရှည်။ ကြောင်ဇင်းခါလေ၊ ဒွါရာလမ်းကို၊ မလျောက်နိုင် (နတ်ခြင်း)။ ဘယ်ညာစောင်းလှည့်- ဝန်းရို့ကြည့်၊ ကြည့်ငြားတသွယ်၊ ရွှီဇင်းခါနန့်၊ မြဇင်းခါကို၊ ငါဇာမြင်လတ်တေ (ဓမ္မက)။ (တေဇာရာမ ကျောက်စာ စတုတ္ထ ချပ်တွင် ရွှီဇင်နန့် မြဇင်းခါကို ငါဇာ
English:
village name
Grammar Note:
နာမ်
ဇင်းခါ
[zɪ́ɴkʰà]

ဇင်းခြာ
[zɪ́ɴkʰɹà]

ဇင်တော
[zɪ̀ɴtɔ́]
Arakanese:
ဇင်ပင်များ မကန်မဝှန် ပေါက်ရောက် နိန်ရေ နီရာအရပ်
Burmese:
ဇင်ပင်များ အများအပြား ပေါက်ရောက် နေသော နေရာအရပ်
English:
none
Grammar Note:
နာမ်
ဇင်ဖျာ
[zɪ̀ɴpʰrà]
Arakanese:
ဇင်ပင်၏ အကြောနှင့် နူး နီအောင် ရက်လုပ် ထားရေ ဖျာ။ လမုမေါ်ရွာ၊ ဇင်ဖျာရောင်းလို့၊ ရဂေါင်းချိန်ကျောင်း၊ လုမည်ကြံ (ပြဿနာ)
Burmese:
ဇင်ပင်၏ အကြောနှင့် ပျော့အိ နေအောင် ရက်လုပ် ထားသော ဖျာ။ လမုမေါ်ရွာ၊ ဇင်ဖျာရောင်းလို့၊ ရဂေါင်းချိန်ကျောင်း၊ လုမည်ကြံ (ပြဿနာ)
English:
mat
Grammar Note:
နာမ်
ဇင်ယော်
[zɪ̀ɴjɔ̀]
Arakanese:
ပင်လယ် မြစ်ဝရို့မာ လားလာ ကျက်စားသော ရေငှက်။ ဂင်္ဂါမြစ်ဝ၊ လင်မင်းကျော်ကို၊ ရှာကာလမာ၊ ငှက်မဇင်ရော်၊ သားနှင့်လင်လေ၊ ကြင်ဖက်ကွဲလို့ အသည်းဆာပျာ (ထာနု)။၂၊ စန္ဒြားမင်းခို
Burmese:
ပင်လယ် မြစ်ဝတို့တွင် သွားလာ ကျက်စားသော ရေငှက်။ ဂင်္ဂါမြစ်ဝ၊ လင်မင်းကျော်ကို၊ ရှာကာလ၌၊ ငှက်မဇင်ရော်၊ သားနှင့်လင်လေ၊ ကြင်ဖက်ကွဲလို့ အသည်းဆာပျာ (ထာနု)။၂၊ စန္ဒြားမင်းခို
English:
gull
Grammar Note:
နာမ်