Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 381–400 of 412 words

    ဇ

    ဇောစော

    [zɔ́sɔ́]
    အထူး စိတ်ဝင် စားရေ။ အထူး အာရုံ စိုက်သည်
    အထူး စိတ်ဝင် စားသည်။ အထူး အာရုံ စိုက်သည်
    interest
    ကြိယာ

    ဇောထုတ်

    [zɔ́tʰoʊʔ]
    ၁၊ အထူး ကြိုးပမ်း လုပ်ဆောင်ရေ။ အားစိုက် ထုတ်ရေ။ ၂၊ ကြိုးစား ဆောင်ရွက်ရေ။ ၃၊ တခုခုကို စစွဲမမြဲ လုပ်ရေ
    ၁၊ အထူး ကြိုးပမ်း လုပ်ဆောင်သည်။ အားစိုက် ထုတ်သည်။ ၂၊ ကြိုးစား ဆောင်ရွက်သည်။ ၃၊ တစ်စုံ တစ်ရာကို စွဲစွဲမြဲမြဲ လုပ်သည်
    be ardent
    ကြိယာ

    ဇောနန့်မောနန့်

    [zɔ́nàɴ့mɔ́nàɴ့]
    အားအင် ကြိုးကြုတ် လုံ့လ ထုတ်လျှက်။ ပြင်းထန်သော ဇွဲလုံ့လနန့် အားမလျော့ဘဲ။ ဇွဲလုံ့လနန့် ခွန်အား စိုက်ထုတ်လျှက်
    အားအင် ကြိုးကြုတ် လုံ့လ ထုတ်လျှက်။ ပြင်းထန်သော ဇွဲလုံ့လဖြင့် အားမလျော့ဘဲ။ ဇွဲလုံ့လဖြင့် ခွန်အား စိုက်ထုတ်လျှက်
    be ardent
    ကြိယာဝိသေသန

    ဇောရိပ်ကေသျှေ

    [zɔ́ɹìaʔkèʃè]
    ဖြတ်လတ်သော။ မထုံမထိုင်း သွက်လက် တက်ကြွသော
    ဖျတ်လတ်သော။ မထုံမထိုင်း သွက်လက် တက်ကြွသော
    active
    နာမဝိသေသန

    ဇောရိပ်ကေသျှေ၂

    [zɔ́ɹìaʔkèʃè၂]
    မထုံမထိုင်း သွက်လက် တက်ကြွသူ
    မထုံမထိုင်း သွက်လက် တက်ကြွသူ
    active
    နာမ်

    ဇောလီထောင်အိမ်

    [zɔ́lítʰàʊɴʔèɪɴ]
    ယင်းဇလီထရံ အကာ အရံနန့် ဆောက်လုပ် ထားရေ အိမ်
    ယင်းဇလီထရံ အကာ အရံဖြင့် ဆောက်လုပ် ထားသော အိမ်
    bamboo house
    နာမ်

    ဇောသန်

    [zɔ́θàɴ]
    ထက်သန်သော စိတ်အား ဟိရေ။ ပြင်းထန်သော စိတ်အား ဟိရေ
    ထက်သန်သော စိတ်အား ရှိသည်။ ပြင်းထန်သော စိတ်အား ရှိသည်
    be ardent
    ကြိယာ

    ဇော်

    [zɔ̀]
    ၁၊ အထွတ် အထိပ်သို့ ရောက်ရေ။ ဂုဏ် အရည်အခြင်း ထူးချွန် ထင်ရှားရေ။ ၂၊ အကျော် အဇော ဖြစ်တေ။ မောင်ဖြူကောင်း၊ ကောင်းလူဟော်၊ ထိပ်တန်းက၊ ဇော်ကျနီဗျာယ်
    ၁၊ အထွတ် အထိပ်သို့ ရောက်သည်။ ဂုဏ် အရည်အချင်း ထူးချွန် ထင်ရှားသည်။ ၂၊ အကျော် အဇော ဖြစ်သည်။ မောင်ဖြူကောင်း၊ ကောင်းလူဟော်၊ ထိပ်တန်းက၊ ဇော်ကျနီဗျာယ်
    clever
    ကြိယာ

    ဇော်၂

    [zɔ̀၂]
    ၁၊ အထွတ်အထိပ်သို့ ရောက်သူ။ ဂုဏ် အရည်အခြင်း ထူးချွန် ထင်ရှားသူ။ ၂၊ ထင်ရှား ကျော်ကြားသူ။ ဂုဏ်သတင်း ပျံ့နှံ့သူ
    ၁၊ အထွတ်အထိပ်သို့ ရောက်သူ။ ဂုဏ် အရည်အချင်း ထူးချွန် ထင်ရှားသူ။ ၂၊ ထင်ရှား ကျော်ကြားသူ။ ဂုဏ်သတင်း ပျံ့နှံ့သူ
    famous
    နာမ်

    ဇော်က

    [zɔ̀k]
    ဇာတ်၊ ရုပ်သေး များမာ ဇော်ဂျီ၏ ကကွက်တခု
    ဇာတ်၊ ရုပ်သေး များတွင် ဇော်ဂျီ၏ ကကွက်တစ်ခု
    yogi: dance
    ကြိယာ

    ဇော်ဂနာ

    [zɔ̀ɡnà]
    ငယ်ရေ အရာဝတ္တုကို ဖိညှပ် ကိုင်တွယ်ရာမာ အသုံးပြုသည့် ညှပ် တမျိုး
    သေးငယ်သော အရာဝတ္တုကို ဖိညှပ် ကိုင်တွယ်ရာတွင် အသုံးပြုသည့် ညှပ် တစ်မျိုး
    tweezer-pincr
    နာမ်

    ဇော်ဂနီပင်

    [zɔ̀ɡnípɪ̀ɴ]
    မိုဃ်းသီးကျ ကျချိန် အဝါ တနည်း အရဲပွင့်များ ပွင့်သော အပင်ကြီး တမျိုး။ ဇော်ကနီပင်
    မိုးဦး ကျတွင် အဝါ သို့မဟုတ် အနီပွင့်များ ပွင့်သော သစ်ပင်ကြီး တစ်မျိုး။ စိန်ပန်းပင်
    diamond flower tree
    နာမ်

    ဇော်ဂျီ

    [zɔ̀dʑí]
    မြီလျှိုး မိုးပျံ အတတ် ဆီးဝါး မန္တရား ရို့မာ အထူး တတ်သိ လိမ္မာသူ
    မြေလျှိုး မိုးပျံ အတတ် ဆေးဝါး မန္တရား တို့တွင် အထူး တတ်သိ လိမ္မာသူ
    person with supernatural powers
    နာမ်

    ဇော်ဂျီမံ

    [zɔ̀dʑímံ]
    အဂ္ဂရိတ် သမားရို့ ဖိုထိုးရေအခါ အပူဟိန် ခံနိုင်စီရန်နှင့် ဓါတ်သားတိ ထွက်မလား စီရန် လုံအိုးကိုကျုတ်မန်း၊ အဝတ် အစဟိစွာရို့နန့် အထပ်ထပ် အုပ်သည်
    အဂ္ဂရိတ် သမားတို့ ဖိုထိုးသောအခါ အပူရှိန် ခံနိုင်စေရန်နှင့် ဓါတ်သားများ ထွက်မသွား စေရန် လုံအိုးကို ရွံ့စေး၊ အဝတ် စသည်တို့ဖြင့် အထပ်ထပ် အုပ်သည်
    cover with plaster
    ကြိယာ

    ဇော်ပီး

    [zɔ̀pï]
    (တစုံ တယောက်အား မလိုလားဖွယ်) တစုံ တခုကို ပြုလုပ်ဖို့ ယုတ်ညံ့သော စေတနာနန့် မြှောက်ပင့် ပီးရေ။ ရန်တိုက် လိုရေ စိတ်ဖြင့် မြှောက်ထိုး ပင့်ကော် ပီးရေ
    (တစ်စုံ တစ်ယောက်အား မလိုလားဖွယ်) တစ်စုံ တစ်ခုကို ပြုလုပ်ရန် ယုတ်ညံ့သော စေတနာဖြင့် မြှောက်ပင့် ပေးသည်။ ရန်တိုက် လိုသော စိတ်ဖြင့် မြှောက်ထိုး ပင့်ကော် ပေးသည်
    cover with plaster
    ကြိယာ

    ဇော်မံ

    [zɔ̀mံ]
    အဂ္ဂရိတ် သမားရို့ ဖိုထိုးရေအခါ အပူဟိန် ခံနိုင်စီရန်နှင့် ဓါတ်သားတိ ထွက်မလား စီရန် လုံအိုးကိုကျုတ်မန်း၊ အဝတ် အစဟိစွာရို့နန့် အထပ်ထပ် အုပ်သည်
    အဂ္ဂရိတ် သမားတို့ ဖိုထိုးသောအခါ အပူရှိန် ခံနိုင်စေရန်နှင့် ဓါတ်သားများ ထွက်မသွား စေရန် လုံအိုးကို ရွံ့စေး၊ အဝတ် စသည်တို့ဖြင့် အထပ်ထပ် အုပ်သည်
    cover with plaster
    ကြိယာ

    ဇော်မှော်ပန်း

    [zɔ̀m̥ɔ̀páɴ]
    အပွင့်အုံမှ အမျှင်တံ များနန့် ပွင့်ဖတ် အလိုက် ဖြာထွက်ပြီးကေ ခရမ်းနုရောင်နှင့် အဖြူရောင် ပွင့်တတ်သည့် ပန်းတမျိုး။ ဘိသိက်ပန်း
    အပွင့်အုံမှ အမျှင်တံ များဖြင့် ပွင့်ဖတ် အလိုက် ဖြာထွက်၍ ခရမ်းနုရောင်နှင့် အဖြူရောင် ပွင့်တတ်သည့် ပန်းတစ်မျိုး။ ဘိသိက်ပန်း
    carnation dianthus
    နာမ်

    ဇော်အုပ်

    [zɔ̀ʔoʊʔ]
    အဂ္ဂရိတ် သမားရို့ ဖိုထိုးရေအခါ အပူဟိန် ခံနိုင်စီရန်နှင့် ဓါတ်သားတိ ထွက်မလား စီရန် လုံအိုးကိုကျုတ်မန်း၊ အဝတ် အစဟိစွာရို့နန့် အထပ်ထပ် အုပ်သည်
    အဂ္ဂရိတ် သမားတို့ ဖိုထိုးသောအခါ အပူရှိန် ခံနိုင်စေရန်နှင့် ဓါတ်သားများ ထွက်မသွား စေရန် လုံအိုးကို ရွံ့စေး၊ အဝတ် စသည်တို့ဖြင့် အထပ်ထပ် အုပ်သည်
    cover with plaster
    ကြိယာ

    ဇွတ်

    [zwaʔ]
    လူများ အလိုနှင့် ဖီလာ ဆန့်ကျင်ဗျာယ်။ နိုင်ထက်စီးနင်း။ မတရားသနန့်။ ဆီးတား မရပဲ
    သူတစ်ပါး အလိုနှင့် ဖီလာ ဆန့်ကျင်လျက်။ နိုင်ထက်စီးနင်း။ မတရားသဖြင့်။ ဆီးတား မရပဲ
    forcibly-stubbornly
    ကြိယာဝိသေသန

    ဇွတ်တိုး

    [zwaʔtó]
    ၁၊ အင်အား အဟိန်အဟုန်ကို များစွာ အသုံးပြုဗျာယ်။ တရကတ်မ်း။ ၂၊ ဟိကို အားဓမ တိုးဝင်ဗျယ်ဒေးကေ
    ၁၊ အင်အား အရှိန်အဟုန်ကို များစွာ အသုံးပြုလျက်။ တရကြမ်း။ ၂၊ ရှေ့သို့ အတင်း တိုးဝင်လျက်
    forcibly-stubbornly
    ကြိယာဝိသေသန