Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 401–412 of 412 words

    ဇ

    ဇွတ်တိုက်

    [zwaʔtaɪʔ]
    တားမရ ဆီးမရ ကြမ်းကြုတ် ရက်စက်စွာ။ ဖိနှိပ် ညှဉ်းပန်းဗျာယ်။ နိုင်လို မတ်ထက်
    တားမရ ဆီးမရ ကြမ်းကြုတ် ရက်စက်စွာ။ ဖိနှိပ် ညှဉ်းပန်းလျက်။ နိုင်လို မင်းထက်
    forcibly-stubbornly
    ကြိယာဝိသေသန

    ဇွတ်ထိုး

    [zwaʔtʰó]
    မစဉ်းမစား။ မဆင် မခြင်ပဲဗျာယ်။ အားဓမ။ အဓမ္မ
    မစဉ်းမစား။ မဆင် မခြင်ပဲလျက်။ အတင်း။ အဓမ္မ
    forcibly-stubbornly
    ကြိယာဝိသေသန

    ဇွတ်နှိတ်

    [zwaʔn̥eɪʔ]
    ၁၊ ဆုံးယှုံး ပျက်စီးမှုကို သိပျားကေ မပြတ်မလပ် ပြုမှု လုပ်ဆောင်ရေ။ ၂၊ နောက်မဆုတ်ပဲ ဟိကို တိုးပြီးကေ လုပ်ရေ။ ၃၊ မားမှန်း သိပျားကေ ဇွတ်အားဓမ ပြောဆို ပြုမူသည်
    ၁၊ ဆုံးရှုံး ပျက်စီးမှုကို သိလျက် မပြတ်မလပ် ပြုမှု လုပ်ဆောင်သည်။ ၂၊ နောက်မဆုတ်ပဲ ရှေ့သို့ တိုး၍ လုပ်သည်။ ၃၊ မှားမှန်း သိလျက် ဇွတ်အတင်း ပြောဆို ပြုမူသည်
    go forward recklessly
    ကြိယာ

    ဇွန်

    [zʊ̀ɴ]
    အိန်းဂလိချ် တဆယ့်နှစ်လမာ ခြောက်လ မြောက်သော လ၏ အမည်
    အင်္ဂလိပ် တစ်ဆယ့်နှစ်လတွင် ခြောက်လ မြောက်သော လ၏ အမည်
    June
    နာမ်

    ဇွန်း

    [zʊ́ɴ]
    ထမင်း ဟင်း စားသောက်ဖွယ် ရို့ကို စားသောက်ရာမာ ခပ်ယူရရေ ချိုင့်၍ လက်ကိုင်တံ ပါရေ ခွက်
    ထမင်း ဟင်း စားသောက်ဖွယ် တို့ကို စားသောက်ရာ၌ ခပ်ယူရသော ချိုင့်၍ လက်ကိုင်တံ ပါသော ခွက်
    spoon
    နာမ်

    ဇွန်းဇာ

    [zʊ́ɴzà]
    ပိုက်ကွန်ကို ယက်သဲ့ ပိုင် သုံးထောင့် ပြုလုပ်ပနာ ယိုးယူ ရရေ ငါးရှာ ကိရိယာ တမျိုး
    ပိုက်ကွန်ကို ယက်သဲ့ သကဲ့သို့ သုံးထောင့် ပြုလုပ်၍ ယိုးယူ ရသော ငါးရှာ ကိရိယာ တစ်မျိုး
    fishing net
    နာမ်

    ဇွန်းတော

    [zʊ́ɴtɔ́]
    ပိုက်ကွန်ကို ယက်သဲ့ ပိုင် သုံးထောင့် ပြုလုပ်ပနာ ယိုးယူ ရရေ ငါးရှာ ကိရိယာ တမျိုး
    ပိုက်ကွန်ကို ယက်သဲ့ သကဲ့သို့ သုံးထောင့် ပြုလုပ်၍ ယိုးယူ ရသော ငါးရှာ ကိရိယာ တစ်မျိုး
    fishing net
    နာမ်

    ဇွဲ

    [zwɛ]
    အလုပ် တခုခုကို မြဲမြံ ခိုင်ခံ့စွာ စိတ်အား မလျော့ပဲ လုပ်ဆောင်ခြင်း
    တစ်စုံ တစ်ခုသော အလုပ်ကို မြဲမြံ ခိုင်ခံ့စွာ စိတ်အား မလျော့ပဲ လုပ်ဆောင်ခြင်း
    perseverance
    နာမ်

    ဇွဲကောင်းလက်ကောင်း

    [zwɛkáʊɴlɛʔkáʊɴ]
    စိတ်ရှည် လက်ရှည် စစွဲမြမြဲ မယုတ် မလျော့ပဲ စိတ်အား ထထက် သသန်နန့် လုပ်ဆောင်ရေ
    စိတ်ရှည် လက်ရှည် စွဲစွဲ မြဲမြဲ မယုတ် မလျော့ပဲ စိတ်အား ထက်သန်စွာ လုပ်ဆောင်သည်
    be persevering
    ကြိယာ

    ဇွဲနန့်ပဲနန့်

    [zwɛnàɴ့pɛnàɴ့]
    အလုပ် တခုခုကို မြဲမြံ ခိုင်ခံ့စွာ စိတ်အား မလျော့ပဲ လုပ်ဆောင်ခြင်း
    တစ်စုံ တစ်ခုသော အလုပ်ကို မြဲမြံ ခိုင်ခံ့စွာ စိတ်အား မလျော့ပဲ လုပ်ဆောင်ခြင်း
    zeal and zest
    နာမ်

    ဇွဲလုံ့လ

    [zwɛlo̰ʊɴl]
    တစုံ တခု လုပ်ဆောင်ရာမာ မဖြစ်မနီ မပြီးမနေ ပိုပြီးကေ အားသွန် ကြိုးပမ်းသည်
    တစ်စုံ တစ်ခု လုပ်ဆောင်ရာ၌ မဖြစ်မနေ မပြီးမနေ ပို၍ အားသွန် ကြိုးပမ်းသည်
    perseverance
    ကြိယာ

    ဇွဲသန်လက်သန်

    [zwɛθàɴlɛʔθàɴ]
    စိတ်ရှည် လက်ရှည် စစွဲမမြဲ မယုတ် မလျော့ပဲ စိတ်အား ထထက် သသန်နန့် လုပ်ဆောင်ရေ
    စိတ်ရှည် လက်ရှည် စွဲစွဲမြဲမြဲ မယုတ် မလျော့ပဲ စိတ်အား ထက်သန်စွာ လုပ်ဆောင်သည်
    be persevering
    ကြိယာ