Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 412 words

    ဇ

    ဇင်ရော်

    [zɪ̀ɴɹɔ̀]
    ပင်လယ် မြစ်ဝရို့မာ လားလာ ကျက်စားသော ရေငှက်။ ဂင်္ဂါမြစ်ဝ၊ လင်မင်းကျော်ကို၊ ရှာကာလမာ၊ ငှက်မဇင်ရော်၊ သားနှင့်လင်လေ၊ ကြင်ဖက်ကွဲလို့ အသည်းဆာပျာ (ထာနု)
    ပင်လယ် မြစ်ဝတို့တွင် သွားလာ ကျက်စားသော ရေငှက်။ ဂင်္ဂါမြစ်ဝ၊ လင်မင်းကျော်ကို၊ ရှာကာလ၌၊ ငှက်မဇင်ရော်၊ သားနှင့်လင်လေ၊ ကြင်ဖက်ကွဲလို့ အသည်းဆာပျာ (ထာနု)
    gull
    နာမ်

    ဇင်ရွေး

    [zɪ̀ɴɹwé]
    အသီးတောင့်မှကျကျိုင်းပြောင်ချောသော အစိငယ်များ ထွက်သည့် ခြုံနွယ်ပင် တမျိုး။ ချင်ရွေး
    အသီးတောင့်မှ မာကျော ပြောင်ချောသော အစေ့ငယ်များ ထွက်သည့် ချုံနွယ်ပင် တစ်မျိုး။ ချင်ရွေး
    none
    နာမ်

    ဇင်လိပ်

    [zɪ̀ɴlìaʔ]
    အိမ်မျှောင်နှင့် တူ၍ ချောပြောင်သော ကိုယ်ထည်ဟိရေ့ မြေတွားကောင် တမျိုး။ ဂျင်လိပ်
    အိမ်မြှောင်နှင့် တူ၍ ချောပြောင်သော ကိုယ်ထည်ရှိသည့် မြေတွားကောင် တစ်မျိုး။ ကင်းလိပ်ချော
    grass lizard
    နာမ်

    ဇင်လိပ်ညို

    [zɪ̀ɴlìaʔɲÒ]
    အိမ်မျှောင်နှင့် တူ၍ ချောပြောင်သော ကိုယ်ထည်ဟိရေ့ မြေတွားကောင် တမျိုး။ ဂျင်လိပ်
    အိမ်မြှောင်နှင့် တူ၍ ချောပြောင်သော ကိုယ်ထည်ရှိသည့် မြေတွားကောင် တစ်မျိုး။ ကင်းလိပ်ချော
    grass lizard
    နာမ်

    ဇင်လွှာ

    [zɪ̀ɴlW̯à]
    မြစ်နား ကမ်းစမာ အစုလိုက် လားလာ ကျက်စား နီတတ်ရေ နှုတ်သီး ခရှရှည်နှင့် ရေငှက် တမျိုး။ ရီကြက်ဟင်္သာ၊ ငှက်ဇင်လွှာရို့၊ ဘာသာဘာဝ၊ တကျော်ကျော်လီ၊ တွန်ကာကျူးကေ၊ မြူးပျော်ကတ်လို့ (ပဒုမ္မ)
    မြစ်နား ကမ်းစပ်တွင် အစုလိုက် သွားလာ ကျက်စား နေတတ်သော နှုတ်သီး ခပ်ရှည်ရှည်နှင့် ရေငှက် တစ်မျိုး။ ရီကြက်ဟင်္သာ၊ ငှက်ဇင်လွှာတို့၊ ဘာသာဘာဝ၊ တကျော်ကျော်လေ၊ တွန်ကာကျူးကေ၊ မြူးပျော်ကြလို့ (ပဒုမ္မ)
    gull
    နာမ်

    ဇင်္ကြန်

    [zŋ̇kaɹàɴ]
    ၁၊ အပြန်ပြန် အလှန်လှန် လားလာ လမ်းလျှောက်ခြင်း။ ၂၊ အညောင်းပြေစီရန် လမ်းလျှောက်ရာ ရှည်သော အဆောင်
    ၁၊ အပြန်ပြန် အလှန်လှန် သွားလာ လမ်းလျှောက်ခြင်း။ ၂၊ အညောင်းပြေစေရန် လမ်းလျှောက်ရာ ရှည်သော အဆောင်
    side walk
    နာမ်

    ဇင်္ကြန်လယောက်

    [zŋ̇kaɹàɴljɔ́ɛʔ]
    အပြန်ပြန် အလှန်လှန် လမ်းလျှောက်သည်
    အပြန်ပြန် အလှန်လှန် လမ်းလျှောက်သည်
    side walk
    ကြိယာ

    ဇင်္ဃာ

    [zŋ̇ɡʰaà]
    လမ်း။ လမ်းခရီး။ လမ်းမကြီး။ လမ်းရှည်။ ကြောင်ဇင်းခါလေ၊ ဒွါရာလမ်းကို၊ မလျောက်နိုင် (နတ်ခြင်း)။ ဇာညာစောင်းလှည့်- ဝန်းရို့ကြည့်၊ ကြည့်ငြားတသွယ်၊ ရွှီဇင်းခါနန့်၊ မြဇင်းခါကို၊ ငါဇာမြင်လတ်တေ (ဓမ္မက)။ (တေဇာရာမ ကျောက်စာ စတုတ္ထ ချပ်မာ ရွှီဇင်နန့် မြဇင်းခါကို ငါဇာ
    လမ်း။ လမ်းခရီး။ လမ်းမကြီး။ လမ်းရှည်။ ကြောင်ဇင်းခါလေ၊ ဒွါရာလမ်းကို၊ မလျောက်နိုင် (နတ်ခြင်း)။ ဘယ်ညာစောင်းလှည့်- ဝန်းရို့ကြည့်၊ ကြည့်ငြားတသွယ်၊ ရွှီဇင်းခါနန့်၊ မြဇင်းခါကို၊ ငါဇာမြင်လတ်တေ (ဓမ္မက)။ (တေဇာရာမ ကျောက်စာ စတုတ္ထ ချပ်တွင် ရွှီဇင်နန့် မြဇင်းခါကို ငါဇာ
    village name
    နာမ်

    ဇတာ

    [ztà]
    ၁၊ လမ်း။ လမ်းခရီး။ ၂၊ တော။ တောကြောင်း ခရီး။ ‘လားလီရာ၊ ရက်ချုပ် တောမာ၊ ခြဲခြဲမွိန့်လို့’ (တေး)
    ၁၊ လမ်း။ လမ်းခရီး။ ၂၊ တော။ တောလမ်း ခရီး။ ‘လားလီရာ၊ ဇာတာ တောမှာ၊ ခြဲခြဲမွိန့်လို့’ (တေး)
    route
    နာမ်

    ဇတ်ကနဲ

    [zaʔknɛ]
    ဗြုန်းခနဲ။ ဖြုတ်ခြည်း။ အမြမြန်ဆဆန်။ တမုဟုတ်ချင်း။ ဗြုန်းကနဲ အနိန်နန့်။ အမှတ်မထင် ဖြစ်ပေါ်သော အနိန်နန့်။ မှောက်သွန်ဖတ်လတ်၊ ဝတ်အထည်မာ၊ ရီလျှင်စွတ်ကေ၊ ဇတ်ကနဲသာ၊ ထပြီးခါမှ (ထာနု)
    ရုတ်တရက်။ ဖြုတ်ချည်း။ အဆောတလျင်။ တမုဟုတ်ချင်း။ ဗြုန်းကနဲ အားဖြင့်။ အမှတ်မထင် ဖြစ်ပေါ်သော အားဖြင့်။ မှောက်သွန်ဖတ်လတ်၊ ဝတ်အထည်မှာ၊ ရီလျှင်စွတ်ကေ၊ ဇတ်ကနဲသာ၊ ထပြီးခါမှ (ထာနု)
    suddenly-quickly
    ကြိယာဝိသေသန

    ဇတ်ကရက်

    [zaʔkɹɛʔ]
    ရုတ်ကနဲ။ တနားချေနန့် အနိန်နန့်။ မမျှော်လင့်ပဲ အနိန်နန့်
    ရုတ်ကနဲ။ ခဏချင်း အားဖြင့်။ မမျှော်လင့်ပဲ အားဖြင့်
    suddenly-quickly
    ကြိယာဝိသေသန

    ဇတ်တတ်

    [zaʔtaʔ]
    တချက်ချေ။ အဂု
    တခဏချင်း။ ချက်ချင်း
    immediately
    ကြိယာဝိသေသန

    ဇနက်

    [znɛʔ]
    တစုံ တခုသော မကောင်းကျိုးကို ဖြစ်ပေါ် စီနှိုင်ရေ အကြောင်းရပ်။ ၂၊ ပေါက်ကွဲ စီတတ်ရေ အမြောက် ဗုံးဆန်သို့ ညို့ စီရေ့ ယမ်းကြိုးမျှင်
    တစ်စုံ တစ်ခုသော မကောင်းကျိုးကို ဖြစ်ပေါ် စေနိုင်သော အကြောင်းရပ်။ ၂၊ ပေါက်ကွဲ စေတတ်သည့် အမြောက် ဗုံးဆန်သို့ မီးကူး စေသည့် ယမ်းကြိုးမျှင်
    detonator
    နာမ်

    ဇနက်တံ

    [znɛʔtံ]
    တစုံ တခုသော မကောင်း ကျိုးကို ဖြစ်ပေါ် စီနှိုင်ရေ အကြောင်းရပ်။ ၂၊ ပေါက်ကွဲ စီတတ်ရေ အမြောက် ဗုံးဆန်သို့ ညို့ စီရေ ယမ်းကြိုးမျှင်
    တစ်စုံ တစ်ခုသော မကောင်း ကျိုးကို ဖြစ်ပေါ် စေနိုင်သော အကြောင်းရပ်။ ၂၊ ပေါက်ကွဲ စေတတ်သည့် အမြောက် ဗုံးဆန်သို့ မီးကူး စေသည့် ယမ်းကြိုးမျှင်
    detonator
    နာမ်

    ဇနက်သွယ်

    [znɛʔθwɛ̀]
    တစုံ တခုသော မကောင်းကျိုးကို ဖြစ်ပေါ် စီနှိုင်ရေ အကြောင်းရပ်။ ၂၊ ပေါက်ကွဲစေ တတ်ရေ အမြောက် ဗုံးဆန်သို့ ညို့ စီရေ ယမ်းကြိုးမျှင်
    တစ်စုံ တစ်ခုသော မကောင်းကျိုးကို ဖြစ်ပေါ် စေနိုင်သော အကြောင်းရပ်။ ၂၊ ပေါက်ကွဲစေ တတ်သည့် အမြောက် ဗုံးဆန်သို့ မီးကူး စေသည့် ယမ်းကြိုးမျှင်
    detonator
    ကြိယာ

    ဇနီး

    [znï]
    မယား။ (ဇာယာယတုဒံဇာနီပတိမှိ သုတ်နန့် ပတိ သဒ္ဒေချင့်ကြောင့် ဇာယ သဒ္ဒေချင့်ကို တုဒံပြု၊ ဇာနိ ပြုရေ။ ဇာနီ=ဇနီ=ဇနီး။ (သဒ္ဒေချင့်ကြီး)။
    မယား။ (ဇာယာယတုဒံဇာနီပတိမှိ သုတ်ဖြင့် ပတိ သဒ္ဒါကြောင့် ဇာယ သဒ္ဒါကို တုဒံပြု၊ ဇာနိ ပြုသည်။ ဇာနီ=ဇနီ=ဇနီး။ (သဒ္ဒါကြီး)။
    wife
    နာမ်

    ဇနီးမောင်နှံ

    [znïmàʊɴn̥ံ]
    လင်နှင့် မယား
    လင်နှင့် မယား
    married couple
    နာမ်

    ဇန္နဝါရီလ

    [zn̪a̰n̪n̪a̰wàɹíl]
    အိန်းဂလိချ်လ တဆယ့်နှစ်လ ရို့မာ ပထမဆုံး ဖြစ်ရေ လ။ (လိပ်
    အင်္ဂလိပ်လ တစ်ဆယ့်နှစ်လ တို့တွင် ပထမဆုံး ဖြစ်သော လ။ (လိပ်
    January
    နာမ်

    ဇန်

    [zàɴ]
    အသွင်အပြင် တူသယောင် ဟိရေ
    အသွင်အပြင် တူသယောင် ရှိသည်
    similar
    ကြိယာ

    ဇန်၂

    [zàɴ၂]
    အသွင်အပြင်၊ ပုံပန်းသဏ္ဍာန်၊ အရောင်အဆင်း၊ အရည် အသွီး အစဟိစွာ
    အသွင်အပြင်၊ ပုံပန်းသဏ္ဍာန်၊ အရောင်အဆင်း၊ အရည် အသွေး စသည်
    feature
    နာမ်