Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 61–80 of 412 words

    ဇ

    ဇန်တူ

    [zàɴtù]
    အသွင်အပြင်၊ အရောင် အသွီး အစဟိစွာ့ တမျိုးတည်း ပိုင် ဖြစ်တေ။ ကားနန့်၊ ဇန်တ၊ မိမာထားကေ၊ ခွာညှင်းဖြူ (တေး)
    အသွင်အပြင်၊ အရောင် အသွေး စသည့် တစ်မျိုးတည်း ကဲ့သို့ ဖြစ်သည်။ ကားနှင့်၊ ဇန်တ၊ မိမှာထားကေ၊ ခွာညှင်းဖြူ (တေး)
    similar
    ကြိယာ

    ဇန်တူ၂

    [zàɴtù၂]
    အသွင်အပြင်၊ အရောင် အသွီး အစဟိစွာ့ တမျိုးတည်း ဖြစ်ရေ အရာ
    အသွင်အပြင်၊ အရောင် အသွေး စသည့် တစ်မျိုးတည်း ဖြစ်သော အရာ
    similar
    နာမ်

    ဇန်တူဆင်

    [zàɴtùsʰɪ̀ɴ]
    အသွင်အပြင်၊ အရောင် အသွီး အစဟိစွာ့ တမျိုးတည်း ပိုင် ဖြစ်တေ
    အသွင်အပြင်၊ အရောင် အသွေး စသည့် တစ်မျိုးတည်း ကဲ့သို့ ဖြစ်သည်
    similar
    နာမ်

    ဇန်တူဆင်၂

    [zàɴtùsʰɪ̀ɴ၂]
    အသွင်အပြင်၊ အရောင် အသွီး အစဟိစွာ့ တမျိုးတည်း ဖြစ်ရေ အရာ
    အသွင်အပြင်၊ အရောင် အသွေး စသည့် တစ်မျိုးတည်း ဖြစ်သော အရာ
    similar
    နာမ်

    ဇန်တူရိုးမှား

    [zàɴtùɹóm̥á]
    အလွန်တူသော အဖြစ်
    အလွန်တူသော အဖြစ်
    similar
    နာမ်

    ဇံဘလောင်

    [zံbʱlàʊɴ]
    ထန်းပင်၊ အုန်းပင် မျိုးအဝင် အသီး ပြွတ်သီးပြီးကေ သီးသည့် အပင် တမျိုး။ စွံပလွံပင်။ လောက်ထိုနောင်၊ ဇံဘလောင်လည်း၊ တောတောင်မြိုင်ဖျား၊ လွန်ပေါများဗျာယ် (ထွန်းတိ)
    ထန်းပင်၊ အုန်းပင် မျိုးအဝင် အသီး ပြွတ်သီး၍ သီးသည့် အပင် တစ်မျိုး။ စွံပလွံပင်။ ပြည့်ဝထိုနောင်၊ ဇံဘလောင်လည်း၊ တောတောင်မြိုင်ဖျား၊ လွန်ပေါများလျက် (ထွန်းတိ)
    date plant
    နာမ်

    ဇမ္ဗုသပြီ

    [zm္boʊθpɹì]
    ၁၊ စားရရေ အသီး တမျိုး။ ၂၊ တောင်ကျွန်း၏ အမှတ်အသား ဖြစ်ရေ အပင်ကြီး
    ၁၊ စားရသော အသီး တစ်မျိုး။ ၂၊ တောင်ကျွန်း၏ အမှတ်အသား ဖြစ်သော သစ်ပင်ကြီး
    rose apple
    နာမ်

    ဇမ္ဗူဒိပ်

    [zm္bùdìaʔ]
    မြင့်မိုရ်တောင်၏ တောင်ဖက်မာ ဟိရေ ဇမ္ဗုသဗြီပင် ပေါက်ရောက်ရာ အရပ်။ ပေါက်ရောက်ရာ ကျွန်း။ တောင်ကျွန်း
    မြင့်မိုရ်တောင်၏ တောင်ဘက်တွင် ရှိသော ဇမ္ဗုသပြေပင် ပေါက်ရောက်ရာ အရပ်။ ပေါက်ရောက်ရာ ကျွန်း။ တောင်ကျွန်း
    south island
    နာမ်

    ဇမ္ဗူဒီပါ

    [zm္bùdípà]
    မြင့်မိုရ်တောင်၏ တောင်ဖက်မာ ဟိရေ ဇမ္ဗုသဗြီပင် ပေါက်ရောက်ရာ အရပ်။ ပေါက်ရောက်ရာ ကျွန်း။ တောင်ကျွန်း
    မြင့်မိုရ်တောင်၏ တောင်ဘက်တွင် ရှိသော ဇမ္ဗုသပြေပင် ပေါက်ရောက်ရာ အရပ်။ ပေါက်ရောက်ရာ ကျွန်း။ တောင်ကျွန်း
    south island
    နာမ်

    ဇမ္ဗူရစ်

    [zm္bùɹɪʔ]
    ဇမ္ဗုသဗြီသီး မှည့်ပိုင် ရဲလို့တွီးပနာ ညိုမိုက်သော အရောင် ဟိရေ ရွှီတမျိုး
    ဇမ္ဗုသပြေသီး မှည့်သကဲ့သို့ နီထွေး ညိုမှောင်သော အရောင် ရှိသော ရွှေတစ်မျိုး
    gold
    နာမ်

    ဇမ်း

    [záɴ]
    ၁၊ အကြောင်းအရာ တခုခုကို ကဗျာ၊ လင်္ကာ အစဟိစွာရို့နန့် စိတ်ဝင် စားဖွယ် ဖြစ်ယောင် ပရုန်းနရုန်း အာဝဇ္ဇန်း ဉာဏ်နန့် မဆိုင်းမတွ (စကားကို) စီကာပတ်ကုံး ပြောဆို နိုင်စွမ်း။ ၂၊ ကာရန်နန့် စပ်ဆိုရေ လင်္ကာ တမျိုး။ အဖွဲ့အနွဲ့တမျိုး။ ၃၊ အပျို၊ လပျိုရို့ ချစ်တင်း နှော
    ၁၊ အကြောင်းအရာ တစ်ခုခုကို ကဗျာ၊ လင်္ကာ စသည်တို့ဖြင့် စိတ်ဝင် စားဖွယ် ဖြစ်အောင် လတ်တလော အာဝဇ္ဇန်း ဉာဏ်ဖြင့် မဆိုင်းမတွ (စကားကို) စီကာပတ်ကုံး ပြောဆို နိုင်စွမ်း။ ၂၊ ကာရန်ဖြင့် စပ်ဆိုသော လင်္ကာ တစ်မျိုး။ အဖွဲ့အနွဲ့တစ်မျိုး။ ၃၊ အပျို၊ လူပျိုတို့ ချစ်တင်း နှော
    be able to express thoughts and feelings clearly
    နာမ်

    ဇမ်းခြင်း

    [záɴkʰɹɪ́ɴ]
    အကြောင်းအရာ တခုခုကို အခံ၊ အအုပ် ကာရံရို့နန့် ကိုယ်ရို့၏ လိုလားချက်ကို ဖွဲ့နွဲ့ကာ (မမာ့ - ယောက်ျား) အချက်အတင်၊ အပြိုင်အဆိုင် သီဆိုခြင်း။ ၂၊ ဇမ်း၊ လင်္ကာ စစွာတိနန့် ဖွဲ့နွဲ့ သီဆိုခြင်း အစဟိစွာ
    အကြောင်းအရာ တစ်ခုခုကို အခံ၊ အအုပ် ကာရံတို့ဖြင့် မိမိတို့၏ လိုလားချက်ကို ဖွဲ့နွဲ့ကာ (မိန်းမ - ယောက်ျား) အချေအတင်၊ အပြိုင်အဆိုင် သီဆိုခြင်း။ ၂၊ ဇမ်း၊ လင်္ကာ စသည်တို့ဖြင့် ဖွဲ့နွဲ့ သီဆိုခြင်း စသည်
    alternate
    နာမ်

    ဇမ်းစကား

    [záɴská]
    ကဗျာ လင်္ကာ အစဟိစွာရို့နန့် ဖွဲ့နွဲ့ကာ မမာ့နှင့် ယောက်ျား (အပျိုနှင့် လပျို) ချစ်တင်းနှော၍ တလှည့်စီ အချီအချ ပြောဆိုရေ အရာ။ စကား။ ပျိုလပျိုလေ၊ ထိုဘဝနန့်၊ နှမတလှည့်၊ ညည့်သိုင်ခေါင်မာ၊ မောင်တလှည့်လျှင်၊ ဖွဲ့နွဲ့သံချို၊ တူနှစ်ကိုယ်လေ၊ လပျိုစကား၊ ပြေ
    ကဗျာ လင်္ကာ စသည်တို့ဖြင့် ဖွဲ့နွဲ့ကာ မိန်းမနှင့် ယောက်ျား (အပျိုနှင့် လူပျို) ချစ်တင်းနှော၍ တစ်လှည့်စီ အချီအချ ပြောဆိုသော အရာ။ စကား။ ပျိုလူပျိုလေ၊ ထိုဘဝဖြင့်၊ နှမတစ်လှည့်၊ ညည့်သန်ခေါင်မှာ၊ မောင်တစ်လှည့်လျှင်၊ ဖွဲ့နွဲ့သံချို၊ တူနှစ်ကိုယ်လေ၊ လူပျိုစကား၊ ပြေ
    slang
    နာမ်

    ဇမ်းဆင်ခြီ

    [záɴsʰɪ̀ɴkʰɹì]
    ဇမ်းဆင်ခြီသည် အချွဲအနွဲ့ ခနန့်ပဲုလည်း ပါသနန့် ပရိယာယ် မာယာဆင်ကာ အပျို လပျို တလှည့်စီ ဆင်ခြီ ဆင်လက် ထုတ်ပနာ အချီအချ ပြောဆိုမှု။ မေဖွဲ့မောင်ဖွဲ့၊ နှစ်ကိုယ်ချဲ့လို့၊ တလှည့်စီစီ၊ ဇမ်းဆင်ခြီနှင့် (ပန်း)
    ဇမ်းဆင်ခြီသည် အချွဲအနွဲ့ ခနဲ့မှုလည်း ပါသဖြင့် ပရိယာယ် မာယာဆင်ကာ အပျို လူပျို တစ်လှည့်စီ ဆင်ခြေ ဆင်လက် ထုတ်ကာ အချီအချ ပြောဆိုမှု။ မေဖွဲ့မောင်ဖွဲ့၊ နှစ်ကိုယ်ချဲ့လို့၊ တစ်လှည့်စီစီ၊ ဇမ်းဆင်ခြီနှင့် (ပန်း)
    alternate
    နာမ်

    ဇမ်းတတ်မ

    [záɴtaʔm]
    အကြောင်းအရာ တခုခုကို ကဗျာ၊ လင်္ကာ အစဟိစွာရို့နန့် စိတ်ဝင် စားဖွယ် ဖြစ်ယောင် ပရုန်းနရုန်း အာဝဇ္ဇန်း ဉာဏ်နန့် မဆိုင်းမတ စီကာပတ်ကုံး ပြောဆို နိုင်စွမ်း ဟိရေ။ (ယောက်ျား မမာ့စရေ။) ဒေမြို့ရွာမာ၊ မာယာပြွမ်းကေ၊ ဇမ်းတတ်မလေ (လွမ်း)
    အကြောင်းအရာ တစ်ခုခုကို ကဗျာ၊ လင်္ကာ စသည်တို့ဖြင့် စိတ်ဝင် စားဖွယ် ဖြစ်အောင် လတ်တလော အာဝဇ္ဇန်း ဉာဏ်ဖြင့် မဆိုင်းမတ စီကာပတ်ကုံး ပြောဆို နိုင်စွမ်း ရှိသော။ (ယောက်ျား မိန်းမစသည်။) ဤမြို့ရွာတွင်၊ မာယာပြွမ်းကေ၊ ဇမ်းတတ်မလေ (လွမ်း)
    be clever in conversation
    နာမဝိသေသန

    ဇမ်းတတ်မ၂

    [záɴtaʔm၂]
    ယင်းပိုင် စီကာပတ်ကုံး ပြောဆို နိုင်စွမ်း ဟိသူ။ (ဇမ်းကို အများအနိန်နန့် တောင်ယာ တောနန့် လယ်တော ရို့မာ ပြောလီ့ ဟိကတ်တေ။
    ယင်းသို့ စီကာပတ်ကုံး ပြောဆို နိုင်စွမ်း ရှိသူ။ (ဇမ်းကို များသော အားဖြင့် တောင်ယာ တောနှင့် လယ်တော တို့တွင် ပြောလေ့ ရှိကြသည်။
    be clever in conversation
    နာမ်

    ဇမ်းပွတ်

    [záɴpwaʔ]
    မီးသင်းတုံး ကျောက်နှင့် ဂျစ်ပဆမ် ဟုခေါ်သော မားထွက် ဝန်ရော ကြိတ်ထားရေ့ ကျောက်မှုန့်။ ဈီးတော်ထူးခြား၊ ဇမ်းပွတ်ကိုင်ကေ၊ တိုက်ဆိုင်များမာ၊ အဝတ်အစား၊ လိုချင်ရာကို၊ ဝယ်ကာဝတ်ကေ (ပဒ)
    မီးသင်းတုံး ကျောက်နှင့် ဂျစ်ပဆမ် ဟုခေါ်သော တွင်းထွက် ပစ္စည်းရော ကြိတ်ထားသည့် ကျောက်မှုန့်။ ဈေးတော်ထူးခြား၊ ဇမ်းပွတ်ကိုင်ကေ၊ တိုက်ဆိုင်များတွင်၊ အဝတ်အစား၊ လိုချင်ရာကို၊ ဝယ်ကာဝတ်ကေ (ပဒ)
    emery
    နာမ်

    ဇမ်းလင်္ကာ

    [záɴlŋ̇kaà]
    ဇမ်း ဖွဲ့နွဲ့ စပ်ဆိုမှုသည် လင်္ကာသွား သတ်သတ်ဂျီး မဟုတ်တော့ဘဲ လင်္ကာ ကာရန်လည်း မလွတ်လပ်သော သဖောဟိပါရေ။ ယင်းအတွက်နန့် ဇမ်း ဖွဲ့နွဲ့ စပ်ဆိုမှုကို လင်္ကာနှင့် တွဲဆက်ပြီးကေ ဇမ်းလင်္ကာ ဟု ခေါ်ဝေါ် သုံးစွဲ ခံခရရေ ကဗျာ တမျိုး။ ပြူပေါက်တန်းခါး၊ ဝဲလက်ျားမာ၊ မောင
    ဇမ်း ဖွဲ့နွဲ့ စပ်ဆိုမှုသည် လင်္ကာသွား သက်သက်ချည်း မဟုတ်တော့ဘဲ လင်္ကာ ကာရန်လည်း မလွတ်လပ်သော သဘော ရှိပါသည်။ ထို့ကြောင့် ဇမ်း ဖွဲ့နွဲ့ စပ်ဆိုမှုကို လင်္ကာနှင့် တွဲဆက်၍ ဇမ်းလင်္ကာ ဟု ခေါ်ဝေါ် သုံးစွဲ ခံခဲ့ရသည့် ကဗျာ တစ်မျိုး။ ပြူပေါက်တံခါး၊ ဝဲလက်ျားတွင်၊ မောင
    verse
    နာမ်

    ဇမ်းသာခြင်း

    [záɴθàkʰɹɪ́ɴ]
    အကြောင်း အရာ တစုံ တခုကို အခံအုပ် ကာရန်ရို့နန့် အရာ ကဗျာထက် သာလွန်ကြောင်း ဖေါ်ပြ ဖွဲ့ဆိုရေ့ ကဗျာ တမျိုး။ ဇမ်း သီဆိုမှုသည် ဂီတသံ ပါရေ သာခြင်း သီဆိုမှုနှင့်လည်း လုံးဝမတူ စေကာမှု၊ ထိုသာခြင်း စပ်ဆိုပုံ သဏ္ဍာန်နှင့်လည်း စပ်ဟပ်လေ ရာကား၊ ဇမ်းနှင့် သာချ
    အကြောင်း အရာ တစ်စုံ တစ်ခုကို အခံအုပ် ကာရန်တို့ဖြင့် အခြား ကဗျာထက် သာလွန်ကြောင်း ဖေါ်ပြ ဖွဲ့ဆိုသည့် ကဗျာ တစ်မျိုး။ ဇမ်း သီဆိုမှုသည် ဂီတသံ ပါသော သာချင်း သီဆိုမှုနှင့်လည်း လုံးဝမတူ စေကာမှု၊ ထိုသာချင်း စပ်ဆိုပုံ သဏ္ဍာန်နှင့်လည်း စပ်ဟပ်လေ ရာကား၊ ဇမ်းနှင့် သာချ
    be able to express thoughts and feelings clearly
    နာမ်

    ဇယား

    [zjá]
    စာရင်း မှတ်ဖို့မျှိုင်းမတ် ရီးဆွဲ ထားရေ အကွက်
    စာရင်း မှတ်ရန် မျဉ်းမတ် ရေးဆွဲ ထားသော အကွက်
    table
    နာမ်