Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 101–120 of 412 words

    ဇ

    ဇရာကျ

    [zɹàt͡ɕ]
    အိုမင်းခြင်း။ ရင့်ရောင်ခြင်း။ ကြီးရင့်ခြင်း။ ဟောင်းနွမ်းခြင်း အစဟိစွာ
    အိုမင်းခြင်း။ ရင့်ရောင်ခြင်း။ ကြီးရင့်ခြင်း။ ဟောင်းနွမ်းခြင်း စသည်
    old age
    နာမ်

    ဇရားကြီး

    [zɹát͡ɕï]
    စည်းကမ်း ဟိရေ။ စနစ် ကြီးရေ
    စည်းကမ်း ရှိသည်။ စနစ် ကြီးသည်
    have discipline
    ကြိယာ

    ဇရာထောင်း

    [zɹàtʰáʊɴ]
    အိုခြင်း တရား၏ ဖိစီး နှိပ်စက်ခြင်းကို ခံရရေ
    အိုခြင်း တရား၏ ဖိစီး နှိပ်စက်ခြင်းကို ခံရသည်
    suffer the ills of old age
    ကြိယာ

    ဇရာနာ

    [zɹànà]
    အိုခြင်း တရား၏ ဖိစီး နှိပ်စက်ခြင်းကို ခံရရေ
    အိုခြင်း တရား၏ ဖိစီး နှိပ်စက်ခြင်းကို ခံရသည်
    suffer the ills of old age
    ကြိယာ

    ဇရာပိုင်း

    [zɹàpáɪɴ]
    အိုမင်း ရင့်ရော်သော အရွယ်
    အိုမင်း ရင့်ရော်သော အရွယ်
    old age
    နာမ်

    ဇရာလွန်

    [zɹàlʊ̀ɴ]
    အသက် အရွယ် အနိန်နန့် အလွန် ကြီးရင့်သူ
    အသက် အရွယ် အားဖြင့် အလွန် ကြီးရင့်သူ
    aged person
    နာမ်

    ဇရာအို

    [zɹàʔÒ]
    အသက် အရွယ်အနိန်နန့် ကြီးရင့်သူ
    အသက် အရွယ်အားဖြင့် ကြီးရင့်သူ
    aged person
    နာမ်

    ဇရိုက်

    [zɹaɪʔ]
    အလိ။ အကျင့်။ အထုံ ထုံးစံ။ အပြုအမူ
    အလေ့။ အကျင့်။ အထုံ ထုံးစံ။ အပြုအမူ
    character
    နာမ်

    ဇရိုင်

    [zɹàɪɴ]
    ဝယ်ယူဖို့ဝန် အတွက် ကြိုတင်ပနာ ပီးထား ရရေ ငွီ
    ဝယ်ယူမည့် ပစ္စည်း အတွက် ကြိုတင်၍ ပေးထား ရသော ငွေ
    pre paid
    နာမ်

    ဇရိုင်ကျ

    [zɹàɪɴt͡ɕ]
    ဝန်တခုခုကိုဝယ်ယူဖို့ အတွက် တချို့ အဝက် ငွီ ကြိုတင် ပီးထား ပြီးသားဝန်ဝန်
    တစ်စုံ တစ်ခု ပစ္စည်းကို ဝယ်ယူရန် အတွက် အချို့ အဝက် ငွေ ကြိုတင် ပေးထား ပြီးသော ဝန်ပစ္စည်း
    pre paid
    နာမ်

    ဇရုံ

    [zɹòʊɴ]
    အဝ ကျယ်ပနာ စောက် တိမ်းပြီး အထဲကို စောင်း လားရေ ခွက်
    အဝ ကျယ်၍ စောက် တိမ်းပြီး အတွင်းသို့ စောင်း သွားသော ခွက်
    bowl
    နာမ်

    ဇရုံကြီး

    [zɹòʊɴt͡ɕï]
    ငါး၊ ဟင်း ထည့်ထားရေ ခွက်ကြီး တမျိုး။ ‘အေငါးကိုလေ့ ကင်-ကင် ဒေငါးကိုလဲ ချက်- ချက်၊ တခွက်ပီးလို့- မသင့်သာ၊ နှစ်ခွက်ပီးလို့- မသင့်သာ ဇရုံကြီးနန့် သုံးခွက်ပီးမေ- တန်-တန်’ (တေး)
    ငါး၊ ဟင်း ထည့်ထားသော ခွက်ကြီး တစ်မျိုး။ ‘အေငါးကိုလည်း ကင်-ကင် ဒေငါးကိုလဲ ချက်- ချက်၊ တခွက်ပီးလို့- မသင့်သာ၊ နှစ်ခွက်ပီးလို့- မသင့်သာ ဇရုံကြီးနန့် သုံးခွက်ပီးမေ- တန်-တန်’ (တေး)
    bowl
    နာမ်

    ဇရောင်

    [zɹàʊɴ]
    တဆယ့် နှစ်ခု။ တဆယ့် နှစ်ခု၏ အပေါင်း ဒါဇင်။ တဒါဇင်။ (တဇရောင်၊ နှစ်ဇရောင်၊ တဒါဇင် နှစ်ဒါဇင် အစဟိစွာနန့် သင်္ချာ သဒ္ဒါနန့် တွဲပြီးကေ သုံးရေ။
    တစ်ဆယ့် နှစ်ခု။ တစ်ဆယ့် နှစ်ခု၏ အပေါင်း ဒါဇင်။ တစ်ဒါဇင်။ (တစ်ဇရောင်၊ နှစ်ဇရောင်၊ တစ်ဒါဇင် နှစ်ဒါဇင် စသည်ဖြင့် သင်္ချာ သဒ္ဒါဖြင့် တွဲ၍ သုံးသည်။
    dozen
    နာမ်

    ဇလားဇလာ

    [zlázlà]
    ဆန်ခါပေါက် ပိုင် အပေါက် အပေါက်များ ဖြစ်လှားခြင်း
    စကာပေါက် ကဲ့သို့ အပေါက် အပေါက်များ ဖြစ်သွားခြင်း
    grilles
    နာမ်

    ဇလားဇလား

    [zlázlá]
    သုံးနှုန်း၍ မရယောင် ပျက်စီး လားရေ
    သုံးနှုန်း၍ မရအောင် ပျက်စီး သွားသည်
    ravage
    ကြိယာ

    ဇလာပီ

    [zlàpí]
    ၁၊ အညှောက် ထွက်ပြီးသားစပါးကို ထောင်းပနာ မုန့်ညက် လုပ်ပြီး အချက်ချက် ပြုလုပ်ဗျာယ် ပေါင်းအိုးမာ ပေါင်းပနာ စားရရေ စားဖွယ် တမျိုး။ ၂၊ ယင်းပိုင် ပြုလုပ်ပနာ ရရေ မုန့်၏ အမည်
    ၁၊ အညှောက် ထွက်ပြီးသော စပါးကို ထောင်း၍ မုန့်ညက် လုပ်ပြီး အချက်ချက် ပြုလုပ်ကာ ပေါင်းအိုးတွင် ပေါင်း၍ စားရသော စားဖွယ် တစ်မျိုး။ ၂၊ ယင်းသို့ ပြုလုပ်၍ ရသော မုန့်၏ အမည်
    Arakanese snack
    နာမ်

    ဇလိပ်ချော

    [zlìaʔɕɔ́]
    အိမ်မျှောင်နှင့် တူ၍ ချောပြောင်သော ကိုယ်ထည် ဟိရေ့ မြေမာ တွား၍ လားတတ်ရေ အကောင် တမျိုး။ ဂျင်လိပ်
    အိမ်မြှောင်နှင့် တူ၍ ချောပြောင်သော ကိုယ်ထည် ရှိသည့် မြေတွင် တွား၍ သွားတတ်သော အကောင် တစ်မျိုး။ ကင်းလိပ်ချော
    grass lizard
    နာမ်

    ဇလီထရံ

    [zlítʰɹံ]
    အိမ်ရာခြံ ကာရံဖို့ အတွက် ဝါးကို ခြမ်းပြီးကေ အတိုင် အဖောက် သုံးချောင်းစီ ထည့်၍ သသိပ် ရက်တေ ထရံ တမျိုး၏ အမည်
    အိမ်ဝင်းခြံ ကာရံရန် အတွက် ဝါးကို ခြမ်းပြီးလျှင် အတိုင် အဖောက် သုံးချောင်းစီ ထည့်၍ စိပ်စိပ် ရက်သော ထရံ တစ်မျိုး၏ အမည်
    bamboo wall
    နာမ်

    ဇလီထောင်အိမ်

    [zlítʰàʊɴʔèɪɴ]
    ယင်း ဇလီထရံ အကာအရံနန့် ဆောက်လုပ် ထားရေ အိမ်
    ယင်း ဇလီထရံ အကာအရံဖြင့် ဆောက်လုပ် ထားသော အိမ်
    bamboo house
    နာမ်

    ဇလီသတ်

    [zlíθaʔ]
    ၁၊ ယင်း ဇလီထရံနန့် (အိမ်ခြံ ရာကို) ကာရံ ထားရေ။ ၂၊ ဇလီထရံ၏ အဆက် တိကို ပျိုင်နန့် ဖြစ်ဖြစ်၊ ဝါးခြမ်းနန့် ဖြစ်ဖြစ် ဖိကပ် ရိုက်ထားရေ
    ၁၊ ယင်း ဇလီထရံဖြင့် (အိမ်ခြံ ဝင်းကို) ကာရံ ထားသည်။ ၂၊ ဇလီထရံ၏ အဆက် များကို ပျဉ်ဖြင့် ဖြစ်စေ၊ ဝါးခြမ်းဖြင့် ဖြစ်စေ ဖိကပ် ရိုက်ထားသည်
    fence
    ကြိယာ