Dictionary Entries
Showing 121–140 of 412 words
ဇ
ဇဝက်သာမြီ
[zwɛʔθàmɹì]
Arakanese:
သွိခြောက်ပနာ ဩဇာဓါတ် ပျောက်ရားကေအငန်ဓါတ် ပေါက်သော မြေတမျိုး (ယင်း မြီမျိုးမာ စပါး အသီးအနှံ အစဟိစွာ စိုက်ပျိုးပြီးကေလည်း မဖြစ်ရေ မြီမျိုး)
Burmese:
သွေ့ခြောက်၍ ဩဇာဓါတ် ကင်းမဲ့ပြီး အငန်ဓါတ် ပေါက်သော မြေတစ်မျိုး (ယင်း မြေမျိုးတွင် စပါး အသီးအနှံ စသည် စိုက်ပျိုး၍လည်း မဖြစ်သော မြေမျိုး)
English:
salammoniac
Grammar Note:
နာမ်
ဇဝီဇဝါ
[zwízwà]
Arakanese:
ဝီခွဲပြီးကေ မရ နှိုင်လောက်ယောင်။ စိတ် နှစ်လုံး နှစ်ခွ မဆုံးဖြတ်နိုင် ဖြစ်လျှက်။ ‘ရာဇာမင်းလည်း၊ အိမ်မက်ထင်ပျာ၊ ဖြစ်ခါကပင်၊ ဇဝဲဇဝေါ၊ စိတ်အားမကောင်း၊ ကြောင့်ကြမပြတ်၊ ပုဏ္ဏားကျော်လျှင်၊ လာတုံလတ်က’ (နာရဒ)
Burmese:
ဝေခွဲ၍ မရ နိုင်လောက်အောင်။ စိတ် နှစ်လုံး နှစ်ခွ မဆုံးဖြတ်နိုင် ဖြစ်လျှက်။ ‘ရာဇာမင်းလည်း၊ အိမ်မက်ထင်ပျာ၊ ဖြစ်ကတည်းက၊ ဇဝဲဇဝေါ၊ စိတ်အားမကောင်း၊ ကြောင့်ကြမပြတ်၊ ပုဏ္ဏားကျော်လျှင်၊ လာတုံလတ်က’ (နာရဒ)
English:
vaguely
Grammar Note:
ကြိယာဝိသေသန
ဇဝဲဇဝံ
[zwɛzwံ]
Arakanese:
အသံမကွဲမပြား။ မတောင်မကျ။ မပြတ်မသား။ မသေမချာ
Burmese:
အသံမကွဲမပြား။ မတင်မကျ။ မပြတ်မသား။ မသေမချာ
English:
vaguely
Grammar Note:
ကြိယာဝိသေသန
ဇဝဲဇဝေါ
[zwɛzwèà]
Arakanese:
ဝီခွဲပြီးကေမရနှိုင်လောက်ယောင်။ စိတ်နှစ်လုံးနှစ်ခွ မဆုံးဖြတ်နိုင်ဖြစ်လျှက်။ ‘ရာဇာမင်းလည်း၊ အိမ်မက်ထင်ပျာ၊ ဖြစ်ခါကပင်၊ ဇဝဲဇဝေါ၊ စိတ်အားမကောင်း၊ ကြောင့်ကြမပြတ်၊ ပုဏ္ဏားကျော်လျှင်၊ လာတုံလတ်က’ (နာရဒ)
Burmese:
ဝေခွဲ၍မရနိုင်လောက်အောင်။ စိတ်နှစ်လုံးနှစ်ခွ မဆုံးဖြတ်နိုင်ဖြစ်လျှက်။ ‘ရာဇာမင်းလည်း၊ အိမ်မက်ထင်ပျာ၊ ဖြစ်ကတည်းက၊ ဇဝဲဇဝေါ၊ စိတ်အားမကောင်း၊ ကြောင့်ကြမပြတ်၊ ပုဏ္ဏားကျော်လျှင်၊ လာတုံလတ်က’ (နာရဒ)
English:
vaguely
Grammar Note:
ကြိယာဝိသေသန
ဇဝဲဇဝါ
[zwɛzwà]
Arakanese:
၁၊ တစုံ တခု အံ့ဩ ဖွယ်ရာ။ အထူး အဆန်း မြင်ရ လိုရေအခါ၊ ကြောက်လန့် တကြား ဖြစ်ရေအခါ အစဟိစွာရို့မာ အဗြီး အလွှား လားရလျှက်။ အိမ်မာသားမြေး၊ နို့စို့သူကို၊ လူကိုအပ်ပျာ၊ လက်လွတ်ပြေးလို့၊ ဇဝဲဇဝါ’ (ဒွေး)။ ၂၊ ခြီမကိုင်မိ လက်မကိုင်မိ၊ ကြံရာမရဖြစ်ဗျာယ်။ ‘အနေဆိုးကေ၊
Burmese:
၁၊ တစ်စုံ တစ်ခု အံ့ဩ ဖွယ်ရာ။ အထူး အဆန်း မြင်ရ လိုသောအခါ၊ ကြောက်လန့် တကြား ဖြစ်သောအခါ စသည်တို့၌ အပြေး အလွှား သွားရလျှက်။ အိမ်မှာသားမြေး၊ နို့စို့သူကို၊ လူကိုအပ်ပျာ၊ လက်လွတ်ပြေးလို့၊ ဇဝဲဇဝါ’ (ဒွေး)။ ၂၊ ခြေမကိုင်မိ လက်မကိုင်မိ၊ ကြံရာမရဖြစ်လျက်။ ‘အနေဆိုးကေ၊
English:
vaguely
Grammar Note:
ကြိယာဝိသေသန
ဇဝဲမရဇဝါမရ
[zwɛmɹzwàmɹ]
Arakanese:
ခြီမကိုင်မိ လက်မကိုင်မိ။ အရီးတကြီး။ အပူတပြင်း။ ကြောက်လန့်တကြီး။ ‘ဓါးမြတိုက်ခံရလို့ လက်မကျခြီမကျ ဇဝဲမရဇဝါမရ ပြီးလတ်ရရေ’
Burmese:
ခြေမကိုင်မိ လက်မကိုင်မိ။ အရေးတကြီး။ အပူတပြင်း။ ကြောက်လန့်တကြီး။ ‘ဓါးမြတိုက်ခံရလို့ လက်မကျခြီမကျ ဇဝဲမရဇဝါမရ ပြီးလတ်ရရေ’
English:
vaguely
Grammar Note:
ကြိယာဝိသေသန
ဇဝါ
[zwà]
Arakanese:
ရွှီဝါရောင် ပိုင် တောက်ပြောင်သော အရောင် မျိုး။ ‘မီးပေါက်ဇဝါ လှိုင်စရာနှင့်’ (ရခိုင်ကာ)
Burmese:
ရွှေဝါရောင် ကဲ့သို့ တောက်ပြောင်သော အရောင် မျိုး။ ‘မီးပေါက်ဇဝါ လှိုင်စရာနှင့်’ (ရခိုင်ကာ)
English:
yellowish
Grammar Note:
နာမ်
ဇဝါပြောင်း
[zwàpɹáʊɴ]
Arakanese:
ရွှီရောင် ပိုင် တောက်ပြောင်သော သတ္တုနန့် ပြုလုပ် ထားရေ အဝီးပစ် လက်နက်ကြီး တမျိုး။ ‘ဇဝါပြောင်းကြီး ဟိ.ကဆီး၍- ပစ်လိမ့်မည်’ (တဘောင်)။ ‘နှစ်ပါးဆိုင်၍၊ သူနိုင်ငါတင်း၊ ပြောင်းဇဝါသံ၊ သောင်းသောင်းညံမျှ’ (ရခိုင်ကာ)
Burmese:
ရွှေရောင် ကဲ့သို့ တောက်ပြောင်သော သတ္တုဖြင့် ပြုလုပ် ထားသော အဝေးပစ် လက်နက်ကြီး တစ်မျိုး။ ‘ဇဝါပြောင်းကြီး ရှိ.ကဆီး၍- ပစ်လိမ့်မည်’ (တဘောင်)။ ‘နှစ်ပါးဆိုင်၍၊ သူနိုင်ငါတင်း၊ ပြောင်းဇဝါသံ၊ သောင်းသောင်းညံမျှ’ (ရခိုင်ကာ)
English:
big gun
Grammar Note:
နာမ်
ဇာ
[zà]
Arakanese:
ဇာချင့် (ဖြစ်ရေ)၊ ဇာဟင့် (ဖြစ်ရေ)။ ကာလာမည်းကျီ၊ နင့်ဗရီကား ငါ့ပါးပါးကာ၊ ဇာပြုလာလိမ့် (ကင်းမဟော်)
Burmese:
အဘယ်အရာ (ဖြစ်သော)၊ ဘယ်ဟာ (ဖြစ်သော)။ ကာလာမည်းကျီ၊ နင့်ဗရီကား ငါ့ဆီထံမှာ၊ ဇာပြုလာလိမ့် (ကင်းမဟော်)
English:
what
Grammar Note:
နာမ်
ဇာ၂
[zà၂]
Arakanese:
၁၊ အမျိုး အမည် မကွဲပြားသော နာမ် တခုခုကို တက်စားပြုပနာ သုံးသော စကားလုံး။ ၂၊ မည်သည့် အရာဖြစ်ကတ်ောင်း အမီးစကား ဇာ့နှယ်ဟာ၊ ဇာ့နှာ
Burmese:
၁၊ အမျိုး အမည် မကွဲပြားသော နာမ် တစ်ခုခုကို ကိုယ်စားပြု၍ သုံးသော စကားလုံး။ ၂၊ မည်သည့် အရာဖြစ်ကြောင်း အမေးစကား ဘယ့်နှယ်ဟာ၊ ဘယ့်နှာ
English:
how
Grammar Note:
ပစ္စည်း
ဇာ၃
[zà၃]
Arakanese:
၁၊ ဘာ ဇာလေ့ ဟု မီးရေအမီး စကားလုံး။ တချို့လာပျာ၊ ဇာနန့်စားဖို့၊ စကားမိန်းလို့ (ကော်)။ ၂၊ ပြောရေ့ စကား မသဲကွဲပနာ တဖန် မီးမြန်းသော စကားလုံး။ ဇာပြောရေ
Burmese:
၁၊ ဘာ ဘာလဲ ဟု မေးသော အမေး စကားလုံး။ တချို့လာပျာ၊ ဇာနန့်စားမည်၊ စကားမိန်းလို့ (ကော်)။ ၂၊ ပြောသည့် စကား မသဲကွဲ၍ တစ်ဖန် မေးမြန်းသော စကားလုံး။ ဇာပြောရေ
English:
what
Grammar Note:
နာမ်
ဇာက
[zàk]
Arakanese:
ဇာအရပ် ဇာရွာက အစဟိစွာနန့် ပင်ဖြစ်ဖြစ်၊ (အတိတ် ကာလကို ညွှန်၍) မီးမြန်းသည့် အမီး စကားလုံး။ ဇာကအငြို မနာလိုရေတွက်နန့် ပြောဆို လိမ့်မည် (ဒွေး)
Burmese:
ဘယ်အရပ် ဘယ်ရွာက စသည်ဖြင့် လည်းကောင်း၊ (အတိတ် ကာလကို ညွှန်၍) မေးမြန်းသည့် အမေး စကားလုံး။ ဇာကအငြို မနာလို၍ ပြောဆို လိမ့်မည် (ဒွေး)
English:
where
Grammar Note:
နာမ်
ဇာကစီရီ
[zàksíɹí]
Arakanese:
အကျိုး အကြောင်း စုံလင်စွာ
Burmese:
အကျိုး အကြောင်း စုံလင်စွာ
English:
event
Grammar Note:
ကြိယာဝိသေသန
ဇာကစီရီ၂
[zàksíɹí၂]
Arakanese:
တစုံ တခု၏ ဖြစ်ပျက်မှု အခြင်းအရာ၏။ အဖြစ်အပျက်။ အကြောင်းအရာ။ ဇာပြည်နီငြား၊ ဇာယောက်ျား၊ ဇာကစီရီ၊ နင်ယောက်ျားကို ၊ ငါဇာမိန်းရစီ (ဓမ္မက)
Burmese:
တစ်စုံ တစ်ခု၏ ဖြစ်ပျက်မှု အခြင်းအရာ၏။ အဖြစ်အပျက်။ အကြောင်းအရာ။ ဇာပြည်နီငြား၊ ဇာယောက်ျား၊ ဇာကစီရီ၊ နင်ယောက်ျားကို ၊ ငါဇာမိန်းရစီ (ဓမ္မက)
English:
event
Grammar Note:
နာမ်
ဇာကလာပါ
[zàklàpà]
Arakanese:
ကိုယ့် ကျီနပ် နှစ်သိမ့် အားရမှု ဖြစ်ရေအခါ မျိုး၌ ပြောသော စကားလုံး။ ယင်းပိုင်ဆိုကေ ဇာကလာပါ။ (အရပ်
Burmese:
မိမိ ကျေနပ် နှစ်သိမ့် အားရမှု ဖြစ်သောအခါ မျိုး၌ ပြောသော စကားလုံး။ ယင်းပိုင်ဆိုကေ ဇာကလာပါ။ (အရပ်
English:
feeling happy
Grammar Note:
နာမ်
ဇာကိုတွက်
[zàkÒtwɛʔ]
Arakanese:
(ကြောင့်ကြ စိုးရိမ်မှု ကင်းရှင်း စီရန်) အားကိုး အားမြှောက် အနေနန့် ကျီနပ် အားရ နှစ်သိမ့် စီရန် တိုက်တွန်း ပြောဆိုရေ စကားလုံး။ ဖမိမြာ၊ အရာရာမာ၊ နောင်တော်ဟိယက်၊ ညီမင်းကျော်မာ၊ ဇာကိုတွက်လေ (ပန်း)
Burmese:
(ကြောင့်ကြ စိုးရိမ်မှု ကင်းရှင်း စေရန်) အားကိုး အားမြှောက် အနေဖြင့် ကျေနပ် အားရ နှစ်သိမ့် စေရန် တိုက်တွန်း ပြောဆိုသော စကားလုံး။ ဖမိမြာ၊ အရာရာမှာ၊ နောင်တော်ဟိယက်၊ ညီမင်းကျော်မှာ၊ ဇာကိုတွက်လေ (ပန်း)
English:
none
Grammar Note:
နာမ်
ဇာကိုတွက်၂
[zàkÒtwɛʔ၂]
Arakanese:
ယင်းပိုင် တိုက်တွန်း ပြောဆိုရေ
Burmese:
ယင်းသို့ တိုက်တွန်း ပြောဆိုသည်
English:
urge
Grammar Note:
ကြိယာ
ဇာခါ
[zàkʰà]
Arakanese:
ဇာချိန်ဇာခါ ဆိုပနာ အတိတ်၊ အနာဂတ်၊ ပစ္စုပန်ကာလကို ရည်ညွှန်း မီးမြန်းသည့် အမီး စကားလုံး။ ဇာနံရောအခါ
Burmese:
မည်သည့်အခါ ဟူ၍ အတိတ်၊ အနာဂတ်၊ ပစ္စုပန်ကာလကို ရည်ညွှန်း မေးမြန်းသည့် အမေး စကားလုံး။ ဘယ်နံရောအခါ
English:
when
Grammar Note:
နာမ်
ဇာခါ၂
[zàkʰà၂]
Arakanese:
အချိန်ကာလ တခုခုကို ရည်ညွှန်း၍ မီးရေအမီး စကားလုံး။ ဇာနံရောအခါ
Burmese:
အချိန်ကာလ တစ်ခုခုကို ရည်ညွှန်း၍ မေးသော အမေး စကားလုံး။ ဘယ်နံရောအခါ
English:
when
Grammar Note:
ပစ္စည်း
ဇာခါက
[zàkʰàk]
Arakanese:
ဇာချိန်ဇာခါ ဆိုပနာ အတိတ် ကာလကို ရည်ညွှန်း၍ မီးမြန်းသည့် အမီး စကားလုံး။ ဇာခါက
Burmese:
မည်သည့်အခါ ဟူ၍ အတိတ် ကာလကို ရည်ညွှန်း၍ မေးမြန်းသည့် အမေး စကားလုံး။ ဘယ်တုံးက
English:
when
Grammar Note:
ပစ္စည်း