Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 161–180 of 412 words

    ဇ

    ဇာတိသွီး

    [zàtìθwï]
    ကိုယ့် တိုင်းပြည်နှင့် လူမျိုးအတွက် အသက် သီဖို့စွာကိုပင် ထည့်မတွက်ဘဲ ပြုလုပ် ဆောင်ရွက် တတ်ရေ စွမ်းရည်၊ သတ္တိ
    မိမိ၏ တိုင်းပြည်နှင့် လူမျိုးအတွက် အသက် သေမည်ကိုပင် မကြောက်ရွံ့ပဲ ပြုလုပ် ဆောင်ရွက် တတ်သော စွမ်းရည်၊ သတ္တိ
    ability
    နာမ်

    ဇာတိအနာ

    [zàtìʔnà]
    မွီးရာပါ အလိဝါသနာ
    မွေးရာပါ အလေ့ဝါသနာ
    habit
    နာမ်

    ဇာတိအနာ၂

    [zàtìʔnà၂]
    မွီးဖွားလာရေခါကပင် ပါလာရေ အနာ။ ရောဂါ။ ဇာတိအနာ၊ မောင်ဖြူလှမာ၊ ဝမ်းထဲပါ (ရိုး)
    မွေးဖွားစကပင် ပါလာသော အနာ။ ရောဂါ။ ဇာတိအနာ၊ မောင်ဖြူလှမှာ၊ ဝမ်းထဲပါ (ရိုး)
    inbuilt
    နာမ်

    ဇာတို့

    [zàto̰]
    ဇာရက်ပ်၊ ဇာရွာ၊ ဇာဌာနသို့ အစဟိစွာနန့် (လားဖို့ ဟိလဲ) ဟု မီးမြန်းသော အမီး စကားလုံး။ ငါ့မာညီချစ် - ကတိုးနှစ်၊ ဇာရို့ဟိလီရုံ (ဓမ္မက)
    ဘယ်ရပ်၊ ဘယ်ရွာ၊ ဘယ်ဌာနသို့ စသည်ဖြင့် (သွားရန် ရှိပါသလဲ) ဟု မေးမြန်းသော အမေး စကားလုံး။ ငါ့မှာညီချစ် - ကတိုးနှစ်၊ ဇာတို့ဟိလီရုံ (ဓမ္မက)
    where
    နာမ်

    ဇာတ်

    [zàaʔ]
    ၁၊ သတ္တဝါရို့၏ ရောက်ဟိရာ ရဟိရာ ဘဝ။ ၂၊ ဘိုးဖီး ဘီဘင်ရို့မှ ဆက်ပြီးကေ ဆင်းသက် လာရေ ဆွီမျိုး အစိုင် အဆက်။ အမျိုး အနွယ်။ (မင်းမျိုး၊ သူကြွယ်မျိုး၊ သူဆင်းရဲမျိုး၊ ပုဏ္ဏားမျိုး စရေ။
    ၁၊ သတ္တဝါတို့၏ ရောက်ရှိရာ ရရှိရာ ဘဝ။ ၂၊ ဘိုးဘေး ဘီဘင်တို့မှ ဆက်၍ ဆင်းသက် လာသော ဆွေမျိုး အစဉ် အဆက်။ အမျိုး အနွယ်။ (မင်းမျိုး၊ သူကြွယ်မျိုး၊ သူဆင်းရဲမျိုး၊ ပုဏ္ဏားမျိုး စသည်။
    kind
    နာမ်

    ဇာတ်၂

    [zàaʔ၂]
    ဘုရားလောင်း အတိတ်ဘဝက ဖြစ်ပျက်ခသော အကြောင်းအရာ (ဝတ္တုဇာတ်လမ်း အစဟိစွာ ကပြရေ။
    ဘုရားလောင်း အတိတ်ဘဝက ဖြစ်ပျက်ခဲ့သော အကြောင်းအရာ (ဝတ္တုဇာတ်လမ်း စသည် ကပြသည်။
    drama-play
    နာမ်

    ဇာတ်က

    [zàaʔk]
    အငြိမ့်၊ ဝတ္တု ဇာတ်လမ်း အစဟိစွာ ကပြရေ
    အငြိမ့်၊ ဝတ္တု ဇာတ်လမ်း စသည် ကပြသည်
    perform a play
    ကြိယာ

    ဇာတ်ကောင်

    [zàaʔkàʊɴ]
    ဇာတ်၊ ဝတ္တု ဘိုင်းစကူးအစဟိစွာရို့မာ သရုပ်ဆောင် ပါဝင်သူ
    ဇာတ်၊ ဝတ္တု ရုပ်ရှင် စသည်တို့တွင် သရုပ်ဆောင် ပါဝင်သူ
    character
    နာမ်

    ဇာတ်ကြမ်း

    [zàaʔt͡ɕáɴ]
    ဇာတ်ကရာမာ မဖွယ်မရာ အမြင်မတော် ပါဝင်ရေ အခန်း
    ဇာတ်ကရာတွင် မဖွယ်မရာ အမြင်မတော် ပါဝင်သော အခန်း
    rough and tough story
    နာမ်

    ဇာတ်ကြီး

    [zàaʔt͡ɕï]
    အမျိုးအနိန်နန့် မြင့်မြတ်သူ
    အမျိုးအားဖြင့် မြင့်မြတ်သူ
    High-born
    နာမ်

    ဇာတ်ကြီး၂

    [zàaʔt͡ɕï၂]
    အမျိုးအနိန်နန့် မြင့်မြတ်သည်
    အမျိုးအားဖြင့် မြင့်မြတ်သည်
    High-born
    ကြိယာ

    ဇာတ်ကြီးဆယ်စောင်

    [zàaʔt͡ɕïsʰɛ̀sàʊɴ]
    ၁၊ တေမိ။ ၂၊ ဇနက။ ၃၊ သုဝဏ္ဏသာမ။ ၄၊ နေမိ။ ၅၊ မဟော်သဓါ။ ၆၊ ဘူရိဒတ် (နဂါးမင်း)။ ၇၊ စန္ဒကုမာရ။ ၈၊ နာရဒ။ ၉၊ ဝိဒူရ။ ၁၀၊ ဝေသန္တရာ ဆိုပနာ ဇာတ်ဝတ္တု ဆယ်ခု ပါဝင်ရေ စာအုပ်။ ၂၊ ယင်း ပုဂ္ဂိုလ် ဆယ်ဦးရို့၏ ဘွဲ့အမည်
    ၁၊ တေမိ။ ၂၊ ဇနက။ ၃၊ သုဝဏ္ဏသာမ။ ၄၊ နေမိ။ ၅၊ မဟော်သဓါ။ ၆၊ ဘူရိဒတ် (နဂါးမင်း)။ ၇၊ စန္ဒကုမာရ။ ၈၊ နာရဒ။ ၉၊ ဝိဒူရ။ ၁၀၊ ဝေသန္တရာ ဟူ၍ ဇာတ်ဝတ္တု ဆယ်ခု ပါဝင်သော စာအုပ်။ ၂၊ ယင်း ပုဂ္ဂိုလ် ဆယ်ဦးတို့၏ ဘွဲ့အမည်
    name of jataka stories relating ten of the previous lives of Gautama Buddha
    နာမ်

    ဇာတ်ကြောင်

    [zàaʔt͡ɕàʊɴ]
    လူဗိုလ်ထဲကို ရဲရဲဝံ့ဝံ့ မတိုးဝံ့ မဝင်ဝံ့ ဖြစ်နီသော အနိန်နန့်။ ကြောက်ပိုင်ယှောင် လန့်ပိုင်ယှောင် လန့်ထိတ် တွေဝေ၍
    လူဗိုလ်ထဲသို့ ရဲရဲဝံ့ဝံ့ မတိုးရဲ မဝင်ရဲ ဖြစ်နေသော အားဖြင့်။ ကြောက်သလိုလို လန့်သလိုလို လန့်ထိတ် တွေဝေ၍
    be indecisive
    နာမ်

    ဇာတ်ကြောင်း

    [zàaʔt͡ɕáʊɴ]
    ဇာတ်ဝတ္တု အစဟိစွာရို့မာ ပါဝင်ရေ အဖြစ်အပျက်။ ဇာတ်ဝတ္တု အစဟိစွာရို့မာ အစိုင်အတိုင်း ပါဝင်ရေ အကြောင်းအရာ
    ဇာတ်ဝတ္တု စသည်တို့တွင် ပါဝင်သော အဖြစ်အပျက်။ ဇာတ်ဝတ္တု စသည်တို့တွင် အစဉ်အတိုင်း ပါဝင်သော အကြောင်းအရာ
    scenario
    နာမ်

    ဇာတ်ကြောင်းတွိ.

    [zàaʔt͡ɕáʊɴtwì.]
    အဖြစ်အပျက် အကြောင်း အရာ အစဟိစွာတိကို အားလုံး သိဟိရေ
    အဖြစ်အပျက် အကြောင်း အရာ စသည်များကို အကုန် သိရှိသည်
    know about everything
    ကြိယာ

    ဇာတ်ကြောင်းပြန်

    [zàaʔt͡ɕáʊɴpɹàɴ]
    ဖြစ်ပျက် ခသရွီး အကြောင်းအရာ အစဟိစွာရို့ကို နောက်ထပ် နောက်ထပ် ပြောပြရေ
    ဖြစ်ပျက် ခဲ့သမျှသော အကြောင်းအရာ စသည်တို့ကို နောက်ထပ် တဖန် ပြောပြသည်
    scenario
    ကြိယာ

    ဇာတ်ကွက်

    [zàaʔkwɛʔ]
    ၁၊ ဇာတ်၊ ဝတ္တု အစဟိစွာရို့မာ ပါဝင်ရေ အပိုင်း။ ကဏ္ဍ။ ၂၊ အဖြစ် အပျက် အကြောင်းအရာ
    ၁၊ ဇာတ်၊ ဝတ္တု စသည်တို့တွင် ပါဝင်သော အပိုင်း။ ကဏ္ဍ။ ၂၊ အဖြစ် အပျက် အကြောင်းအရာ
    plot of play
    နာမ်

    ဇာတ်ခင်း

    [zàaʔkʰɪ́ɴ]
    ဝတ္တု ဇာတ်လမ်း တခုခုကို နီရာ တကျ စီစိုင် ပြရေ
    ဝတ္တု ဇာတ်လမ်း တစ်ခုခုကို နေရာ တကျ စီစဉ် ပြသည်
    stage or present a play
    ကြိယာ

    ဇာတ်ခင်း၂

    [zàaʔkʰɪ́ɴ၂]
    တစုံ တခု၏ အဖြစ်အပျက် အကြောင်းအရာ
    တစ်စုံ တစ်ခု၏ အဖြစ်အပျက် အကြောင်းအရာ
    present a play
    နာမ်

    ဇာတ်ခုံ

    [zàaʔkʰòʊɴ]
    အငြိမ့်ပွဲ သဘင် ကပြရေ စင်မြင့်
    အငြိမ့်ပွဲ သဘင် ကပြရာ စင်မြင့်
    stage
    နာမ်