Dictionary Entries
Showing 21–40 of 54 words
ဉ
ဉာဏ်တော်
[ɲàn်tɔ̀]
Arakanese:
စာတီ ပုထိုး ဘုရား ဆင်းတုတော် ရို့၏ ထက်အောက် အတိုင်းအရှည် ပမာဏ
Burmese:
စေတီ ပုထိုး ဘုရား ဆင်းတုတော် တို့၏ ထက်အောက် အတိုင်းအရှည် ပမာဏ
English:
amount
Grammar Note:
နာမ်
ဉာဏ်ထက်
[ɲàn်tʰɛʔ]
Arakanese:
သဖောပေါက်လွယ်၊ အသိဉာဏ် ပေါ်လွယ်၊ တွေးခေါ် ကြံဆ လွယ်ရေ
Burmese:
သဘော ပေါက်လွယ်၊ အသိဉာဏ် ပေါ်လွယ်၊ တွေးခေါ် ကြံဆ လွယ်သည်
English:
educe
Grammar Note:
ကြိယာ
ဉာဏ်ထိုင်း
[ɲàn်tʰáɪɴ]
Arakanese:
အသိတရား ကြာရေ။ ထုံထိုင်းရေ။ အသိတရား ဖြတ်လတ်ခြင်း မဟိ
Burmese:
အသိတရား နှေးကွေးသည်။ ထုံထိုင်းသည်။ အသိတရား ဖျတ်လတ်ခြင်း မရှိ
English:
ignorant
Grammar Note:
ကြိယာ
ဉာဏ်ထုတ်
[ɲàn်tʰoʊʔ]
Arakanese:
တွေးခေါ် စိတ်ကူးရေ။ ဆင်ခြင် အောင်းမေ့။ စိုင်းစားရေ။ စိတ်ကူး ကြံစည်ရေ။ ‘တွေးခေါ်ဉာဏ်ထုတ်၊ တမုဟုတ်မျှ၊ ဆိုင်းမတိရာ’ (ဓမ္မဒိ)
Burmese:
တွေးတော စိတ်ကူးသည်။ ဆင်ခြင် အောက်မေ့သည်။ စဉ်းစားသည်။ စိတ်ကူး ကြံစည်သည်။ ‘တွေးတောဉာဏ်ထုတ်၊ တမုဟုတ်မျှ၊ ဆိုင်းမတွေပဲ’ (ဓမ္မဒိ)
English:
reflective
Grammar Note:
ကြိယာ
ဉာဏ်ထွင်
[ɲàn်tʰwɪ̀ɴ]
Arakanese:
တမျိုးတဖုံ အသစ် အဆန်းကို စတင် ပြုလုပ်ရေ။ အသစ်အဆန်း ဖန်တီးရေ
Burmese:
တစ်မျိုးတစ်ဖုံ အသစ် အဆန်းကို စတင် ပြုလုပ်သည်။ အသစ်အဆန်း ဖန်တီးသည်
English:
create
Grammar Note:
ကြိယာ
ဉာဏ်နက်
[ɲàn်nɛʔ]
Arakanese:
အသိတရား အလွန် လီးနက်ရေ။ အသိတရား နက်နဲသော
Burmese:
အသိတရား အလွန် လေးနက်သော။ အသိတရား နက်နဲသော
English:
conscience
Grammar Note:
နာမဝိသေသန
ဉာဏ်နည်း
[ɲàn်nɛ́]
Arakanese:
အသိတရား မပြည့်စုံ၊ လိုနိန်ရေ။ အသိတရား ခေါင်းပါးသည်
Burmese:
အသိတရား မပြည့်စုံ၊ လိုနေသည်။ အသိတရား ခေါင်းပါးသည်
English:
nitwit
Grammar Note:
ကြိယာ
ဉာဏ်နီဉာဏ်နက်
[ɲàn်níɲàn်nɛʔ]
Arakanese:
မှန်ကန် ဖြောင့်မတ်ခြင်း မဟိရေ ဆင်ခြင် တွေးခေါ်မှု။ မရိုးမသား ကောက်ကျစ်သော အကြံအစည်
Burmese:
မှန်ကန် ဖြောင့်မတ်ခြင်း မရှိသော ဆင်ခြင် တွေးတောမှု။ မရိုးမသား စဉ်းလဲသော အကြံအစည်
English:
insensate
Grammar Note:
ကြိယာ
ဉာဏ်နုပ်
[ɲàn်noʊʔ]
Arakanese:
အသိတရား သိမ်ငယ်ရေ။ ညံ့ဖျင်းသော။ နိမ့်ကျသော။ ‘ဉာဏ်သိမ်ဉာဏ်နုပ်၊ အဂေါင့်အသိ၊ ဇာမဟိပဲ’ (ထွန်းတိ)
Burmese:
အသိတရား သေးသိမ်သော။ ညံ့ဖျင်းသော။ နိမ့်ကျသော။ ‘ဉာဏ်သိမ်ဉာဏ်နုပ်၊ အဟုတ်အသိ၊ ဇာမဟိပဲ’ (ထွန်းတိ)
English:
subnormal
Grammar Note:
နာမဝိသေသန
ဉာဏ်ပညာ
[ɲàn်pɲà]
Arakanese:
ဉာဏ။ သိမြင် တတ်ရေ တရား။ အသိတရား
Burmese:
ဉာဏ။ သိမြင် တတ်သော တရား။ အသိတရား
English:
conscience
Grammar Note:
နာမ်
ဉာဏ်ပုပ်
[ɲàn်poʊʔ]
Arakanese:
အမှတ်သညာ နည်းရေ။ စိတ်မာ အမှတ်အသား မဟိဖြစ်တေ။ အသိတရား ယှားပါးသည်
Burmese:
အမှတ်သညာ နည်းသည်။ စိတ်တွင် အမှတ်အသား မရှိဖြစ်သည်။ အသိတရား ရှားပါးသည်
English:
ignorant
Grammar Note:
ကြိယာ
ဉာဏ်ပူဇော်ခ
[ɲàn်pùzɔ̀kʰ]
Arakanese:
ဉာဏ်ကို အသုံးချပနာ သင်ကြား ပြသခြင်း၊ ရွတ်ပြခြင်း၊ ရီးသားခြင်း၊ ဟောပြောခြင်း အစဟိစွာရို့အတွက် ပီးရရေ အခကြီးငွီ
Burmese:
ဉာဏ်ကို အသုံးချ၍ သင်ကြား ပြသခြင်း၊ ရွတ်ပြခြင်း၊ ရေးသားခြင်း၊ ဟောပြောခြင်း စသည်တို့အတွက် ပေးရသော အခကြေးငွေ
English:
remuneration
Grammar Note:
နာမ်
ဉာဏ်ပွင့်
[ɲàn်pwɪ̀ɴ့]
Arakanese:
အသိတရား ပွင့်လင်း လာရေ။ အသိတရား သန့်စင် လာရေ။ သိရမြင်ရ ခက်ခဲခြင်းမဟိ ဖြစ်တေ
Burmese:
အသိတရား ပွင့်လင်း လာသည်။ အသိတရား သန့်စင် လာသည်။ သိရမြင်ရ ခက်ခဲခြင်းမရှိ ဖြစ်သည်
English:
conscience
Grammar Note:
ကြိယာ
ဉာဏ်မီ
[ɲàn်mí]
Arakanese:
တွေးခေါ် ဆင်ခြင်နိုင်စွမ်း၊ တွက်ဖော်နိုင်စွမ်း၊ စိတ်ကူး နိုင်စွမ်း ဟိရေ
Burmese:
တွေးတော ဆင်ခြင်နိုင်စွမ်း၊ စဉ်းစားနိုင်စွမ်း၊ စိတ်ကူး နိုင်စွမ်း ရှိသည်
English:
conscience
Grammar Note:
ကြိယာ
ဉာဏ်များ
[ɲàn်mrá]
Arakanese:
ပရိယာယ် ဆင်ကာ အမျိုးမျိုး စိတ်ကူး ကြံစည် တတ်ရေ။ ဝါ လှည့်ဖျား တတ်သည်
Burmese:
ပရိယာယ် ဆင်ကာ အမျိုးမျိုး စိတ်ကူး ကြံစည် တတ်သည်။ လိမ်လည် လှည့်ဖျား တတ်သည်
English:
deceptive
Grammar Note:
ကြိယာ
ဉာဏ်မွဲ
[ɲàn်mwɛ]
Arakanese:
အသိတရား ကင်းမဲ့သည်
Burmese:
အသိတရား ကင်းမဲ့သည်
English:
ignorant
Grammar Note:
ကြိယာ
ဉာဏ်မွဲ၂
[ɲàn်mwɛ၂]
Arakanese:
အသိတရား ကင်းမဲ့သူ။ ‘ဉာဏ်မွဲနားထူ၊ မိုက်သောသူ၊ တတူမပေါင်းရ’ (ပုံ)
Burmese:
အသိတရား ကင်းမဲ့သူ။ ‘ဉာဏ်မွဲနားထူ၊ မိုက်သောသူ၊ အတူမပေါင်းရ’ (ပုံ)
English:
ignorant
Grammar Note:
နာမ်
ဉာဏ်ရည်ချွန်
[ɲàn်ɹɛ̀ɕʊ̀ɴ]
Arakanese:
လူတိထက် အသိတရား ကျော်လွန်ရေ။ ပိုလွန်သော
Burmese:
သူတစ်ပါးထက် အသိတရား ကဲလွန်သော။ ပိုလွန်သော
English:
exceed
Grammar Note:
နာမဝိသေသန
ဉာဏ်ရည်တူ
[ɲàn်ɹɛ̀tù]
Arakanese:
ပြုလုပ် ဆောင်ရွက်မှု အသိ တရားချင်း တူညီသူ
Burmese:
ပြုလုပ် ဆောင်ရွက်မှု အသိ တရားချင်း တူညီသူ
English:
equal
Grammar Note:
နာမ်
ဉာဏ်ရွှင်
[ɲàn်ɹW̯ɪ̀ɴ]
Arakanese:
တွေးခေါ် ကြံစည်မှု၊ ဆင်ခြင် တွက်ဖော်မှု၊ အသိအမြင်၊ ဖြတ်လတ်မှု အစဟိစွာရို့ အားလုံး ရဟိရေ။ လောက်သည်
Burmese:
တွေးတော ကြံစည်မှု၊ ဆင်ခြင် စဉ်းစားမှု၊ အသိအမြင်၊ ဖျတ်လတ်မှု စသည်တို့ အလုံးစုံ ရရှိသည်။ ပြည့်ဝသည်
English:
overall
Grammar Note:
ကြိယာ