Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–54 of 54 words

    ဉ

    ဉာဏ်လင်း

    [ɲàn်lɪ́ɴ]
    ဉာဏ်။ လူမှုရီးရာမာ အကောင်း အဆိုး နှစ်မျိုးဟိရာ အကောင်းကိုရာ ဆောင်ရွက် လုပ်ကိုင်ရန် နားလည် သဖောပေါက်သော စိတ်။ ဉာဏဖြင့် ဆင်ခြင်၍ သဖောပေါက် နားလည်သော စိတ်။ သိမြင်တတ်ရေ တရား။ (ပါ
    ဉာဏ်။ လူမှုရေးရာတွင် အကောင်း အဆိုး နှစ်မျိုးရှိရာ အကောင်းကိုသာ ဆောင်ရွက် လုပ်ကိုင်ရန် နားလည် သဘော ပေါက်သော စိတ်။ ဉာဏဖြင့် ဆင်ခြင်၍ သဘောပေါက် နားလည်သော စိတ်။ သိမြင်တတ်သော တရား။ (ပါ
    comprehension
    ကြိယာ

    ဉာဏ်လိမ်ဉာဏ်ကောက်

    [ɲàn်lèɪɴɲàn်kɔ́ɛʔ]
    အထဲလား အထဲလားရေအကြံအစည်။ မဖြောင့် မမှန်သော အကြံအစည်။ ‘ဉာဏ်လိမ်ဉာဏ်ကောက်၊ အထဲသွားရင်ာက်ကျစ်၊ ဉာဏ်မွဲကြံ မဖြောင့်မှန်ပဲ’ (ရှီးထုံး)
    ကောက်ကျစ် စဉ်းလဲသော အကြံအစည်။ မဖြောင့် မမှန်သော အကြံအစည်။ ‘ဉာဏ်လိမ်ဉာဏ်ကောက်၊ ကောက်ကျစ်စဉ်းလဲ၊ ဉာဏ်မွဲကြံ မဖြောင့်မှန်ပဲ’ (ရှေးထုံး)
    wily
    နာမ်

    ဉာဏ်လီး

    [ɲàn်lï]
    အသိ တရား ထုံထိုင်းရေ။ သွက်လက်မှု မဟိ၊ ကြာရေ
    အသိ တရား ထုံထိုင်းသည်။ သွက်လက်မှု မရှိ၊ နှေးကွေးသည်
    nitwit
    ကြိယာ

    ဉာဏ်လုံးထုတ်

    [ɲàn်lóʊɴtʰoʊʔ]
    ၁၊ တတိန်းချေ ပုန်းဝှက် မကောင်း ကြံစည် တတ်သူ။ ဉာဏ်သမား။ ၂၊ တွေးခေါ် ကြံဆ တတ်သူ
    ၁၊ တိတ်တိတ်ပုန်း မကောင်း ကြံစည် တတ်သူ။ ဉာဏ်သမား။ ၂၊ တွေးတော ကြံဆ တတ်သူ
    brainy
    နာမ်

    ဉာဏ်သစ်

    [ɲàn်θɪʔ]
    အသစ်ဖြစ်ရေ အသိအမြင် တရား
    အသစ်ဖြစ်သော အသိအမြင် တရား
    conscience
    နာမ်

    ဉာဏ်သာ

    [ɲàn်θà]
    တွေးခေါ် ကြံစည် စိတ်ကူးရာမာ နှိုင်းဖက်ရို့ထက် ပိုသာနိန်ရေ
    တွေးတော ကြံစည် စိတ်ကူးရာတွင် နှိုင်းဖက်တို့ထက် ပိုကဲသည်
    clever
    ကြိယာ

    ဉာဏ်သျှင်

    [ɲàn်ʃɪ̀ɴ]
    အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံသူ
    အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံသူ
    integrity
    နာမ်

    ဉာဏ်သွား

    [ɲàn်θWà]
    တွေးခေါ် ဆင်ခြင် တွက်ဖော်ဉာဏ် ထက်မြက်မှု ဟိရေ
    တွေးတော ဆင်ခြင် စဉ်းစားဉာဏ် ထက်မြက်မှု ရှိသည်
    geniuses
    ကြိယာ

    ဉာဏ်သွား၂

    [ɲàn်θWà၂]
    တွေးခေါ် ဆင်ခြင် တွက်ဖော်ဉာဏ် ထက်မြက်မှု ဟိခြင်း။ ‘ဝရစိန်လား၊ ဉာဏ်သွားထက်မြက်၊ ဓါးသန်ဗျာယ်ဖြင့်’ (ဓမ္မဒီ)
    တွေးတော ဆင်ခြင် စဉ်းစားဉာဏ် ထက်မြက်မှု ရှိခြင်း။ ‘ဝရစိန်လား၊ ဉာဏ်သွားထက်မြက်၊ ဓါးသန်လျက်ဖြင့်’ (ဓမ္မဒီ)
    geniuses
    ကြိယာ

    ဉာတကာ

    [ɲàtkà]
    သွီးသား တော်စပ်သော သားချင်း။ အဆွီအမျိုး။ မိကေး ဖရင်းမှ ပေါက်ဖွားသော သားချင်း။ (ပါ
    သွေးသား တော်စပ်သော သားချင်း။ အဆွေအမျိုး။ မိရင်း ဖရင်းမှ ပေါက်ဖွားသော သားချင်း။ (ပါ
    relative
    နာမ်

    ဉာတိ

    [ɲàtì]
    မိဖက် ဖ ဖက် အောက်ထက် နှစ်စုံမှ သွီးသား တော်စပ်သူ။ (ပါ
    မိဖက် ဖ ဖက် အောက်ထက် နှစ်စုံမှ သွေးသား တော်စပ်သူ။ (ပါ
    relative
    နာမ်

    ဉာတ်

    [ɲàaʔ]
    ရဟန်းခံခြင်း၊ သိမ်သမုတ်ခြင်း၊ ဥပုသ်ပြုခြင်း အစဟိရေ သံဃာ့ ကံဆောင်ရာမာ အလျင်တင်ကူး (ကြိုတင်) သိစီရေ အရာ။ စကား။ (ပါ
    ရဟန်းခံခြင်း၊ သိမ်သမုတ်ခြင်း၊ ဥပုသ်ပြုခြင်း စသော သံဃာ့ ကံဆောင်ရာတွင် အလျင်တင်ကူး (ကြိုတင်) သိစေသော အရာ။ စကား။ (ပါ
    ordination
    နာမ်

    ဉာတ်ခတ်

    [ɲàaʔkʰaʔ]
    ရဟန်းခံခြင်း၊ သိမ် သမုတ်ခြင်း အစဟိရေ သံဃာ့ကံကို ဆောင်ရွက်ရာမာ ဉာတ်ကမ္မဝါစာ ရွက်ဖတ်ရေ။ ရဟန်းတော်ရို့ ဉာတ်ကမ္မဝါစာနန့် ဝိနည်းကို ဆောင်ရွက်သည်
    ရဟန်းခံခြင်း၊ သိမ် သမုတ်ခြင်း စသော သံဃာ့ကံကို ဆောင်ရွက်ရာ၌ ဉာတ်ကမ္မဝါစာ ရွက်ဖတ်သည်။ ရဟန်းတော်တို့ ဉာတ်ကမ္မဝါစာဖြင့် ဝိနည်းကို ဆောင်ရွက်သည်
    incantation
    ကြိယာ

    ဉာတ်သင်္ကန်း

    [ɲàaʔθŋ̇kaáɴ]
    သံဃာက ဉာတ်ကမ္မဝါစာနန့် ရွတ်ဖတ်ပနာ ကထိန်ခင်း ထိုက်သော ရဟန်းအား ပီးရေ သင်္ကန်း။ ကထိန်သင်္ကန်း
    သံဃာက ဉာတ်ကမ္မဝါစာဖြင့် ရွတ်ဖတ်၍ ကထိန်ခင်း ထိုက်သော ရဟန်းအား ပေးသော သင်္ကန်း။ ကထိန်သင်္ကန်း
    robes
    နာမ်