Dictionary Entries
Showing 201–220 of 364 words
ည
ညီအည်းကို
[ɲíʔɛ́kÒ]
Arakanese:
မိတူဖတူ တနည်း မိတူဖကွဲ တနည်း ဖတူမိကွဲမှ ပေါက်သော ညီအစ်ကိုများ။ ညီနန့်ဝကို- တရားဆို၊ ဝကို- မျက်ရည်ယို (ပုံ)။ ရေသီစွာကို၊ ရုပ်ဝါပုံပြင်၊ ရှုကာမြင်သော်၊ ကြင်ချင်စိတ်ရစ်၊ ညီအည်းကိုလေ၊ ထိုသုံးယောက်ရို့၊ နောက်ပိုးကြိုက်၍ (ကော်)
Burmese:
မိတူဖတူ သို့မဟုတ် မိတူဖကွဲ သို့မဟုတ် ဖတူမိကွဲမှ ပေါက်သော ညီအစ်ကိုများ။ ညီနန့်ဝကို- တရားဆို၊ ဝကို- မျက်ရည်ယို (ပုံ)။ ရေသီတာကို၊ ရုပ်ဝါပုံပြင်၊ ရှုကာမြင်သော်၊ ကြင်ချင်စိတ်ရစ်၊ ညီအည်းကိုလေ၊ ထိုသုံးယောက်တို့၊ နောက်ပိုးကြိုက်၍ (ကော်)
English:
brother
Grammar Note:
နာမ်
ညီအည်းကိုရင်း
[ɲíʔɛ́kÒɹɪ́ɴ]
Arakanese:
တမိတည်း တဖတည်းမှ ပေါက်ဖွား လာရေ ညီနှင့်အစ်ကို
Burmese:
တစ်မိတည်း တစ်ဖတည်းမှ ပေါက်ဖွား လာသော ညီနှင့်အစ်ကို
English:
brother
Grammar Note:
နာမ်
ညီအည်းမ
[ɲíʔɛ́m]
Arakanese:
မိတူဖတူ တနည်း မိတူဖကွဲ တနည်း ဖတူမိကွဲမှ ပေါက်သော ညီအေးမများ။ ညီနန့်အည်းမ- တရားချ၊ ညီမ -မျက်ရည်ကျ (ပုံ)။ (အည်းမတော် ဟု စောနန်းမင်းဖြူ ကောင်းမှု အုဠ်ခွက်စာ၌ ရီးထိုး ထားရေ။ ) ငွီတောင်သူလေ၊ ခုနှစ်သွယ်ကေ၊ ညီအည်းမရို့၊ ချစ်ကြစနိုး (ဒွေး)
Burmese:
မိတူဖတူ သို့မဟုတ် မိတူဖကွဲ သို့မဟုတ် ဖတူမိကွဲမှ ပေါက်သော ညီအစ်မများ။ ညီနန့်အည်းမ- တရားချ၊ ညီမ -မျက်ရည်ကျ (ပုံ)။ (အည်းမတော် ဟု စောနန်းမင်းဖြူ ကောင်းမှု အုဠ်ခွက်စာ၌ ရေးထိုး ထားသည်။ ) ငွေတောင်သူလေ၊ ခုနှစ်သွယ်ကေ၊ ညီအည်းမတို့၊ ချစ်ကြစနိုး (ဒွေး)
English:
sister
Grammar Note:
နာမ်
ညေ
[ɲè]
Arakanese:
အရွယ် ပမာဏ မကြီးရေ။ သိမ့်ရေ။ ငယ်ရေ
Burmese:
အရွယ် ပမာဏ မကြီးသော။ သေးသော။ သေးငယ်သော
English:
small
Grammar Note:
နာမဝိသေသန
ညေ၂
[ɲè၂]
Arakanese:
နိူင်းဘက် တစုံ တရာထက် အရွယ်ပမာဏ သိမ့်ရေ၊ မကြီးရေ အရာ
Burmese:
ယှဉ်ဘက် တစ်စုံ တစ်ရာထက် အရွယ်ပမာဏ သေးသော၊ မကြီးသော အရာ
English:
small
Grammar Note:
နာမ်
ညေ့က
[ɲḛk]
Arakanese:
ဒေနိ၏ နီထွက်စ ကာလမှ မွန်းစောင်း အထိ။ မိုးထပိုင်း ကာလ
Burmese:
ယနေ့၏ နေထွက်စ ကာလမှ မွန်းတည့် အထိ။ နံနက်ပိုင်း ကာလ
English:
morning
Grammar Note:
နာမ်
ညေ့ကခါ
[ɲḛkkʰà]
Arakanese:
ယနိမှ အရာတရက်နိ။ နက်ဖြန် မိုးထကာလ
Burmese:
ယနေ့မှ နောက်တစ်နေ့။ နက်ဖြန် နံနက်ကာလ
English:
tomorrow
Grammar Note:
နာမ်
ညေကလင်
[ɲèklɪ̀ɴ]
Arakanese:
အပျို လပျို ဘဝကပင် ပေါင်းသင်း လာခရေ လင်။ ဦးထိပ်ကတင်၊ ညေကလင်၊ အသျှင်မင်းမြတ်၊ လောကနတ်၊ ကျွန်ဇာပြောမည်၊ ကျွန့်စကားက၊ သောတရွီနားတည်း (ဓမ္မက)
Burmese:
အပျို လူပျို ဘဝကပင် ပေါင်းသင်း လာခဲ့သော လင်။ ဦးထိပ်ကတင်၊ ညေကလင်၊ အသျှင်မင်းမြတ်၊ လောကနတ်၊ ကျွန်ဇာပြောမည်၊ ကျွန့်စကားက၊ သောတရွီနားတည်း (ဓမ္မက)
English:
husband since youth
Grammar Note:
နာမ်
ညေ့ကသား
[ɲḛkθá]
Arakanese:
နိအချိန်၏ ဟိပိုင်း။ မိုးထပိုင်း
Burmese:
နေ့အချိန်၏ ရှေ့ပိုင်း။ နံနက်ပိုင်း
English:
morning
Grammar Note:
နာမ်
ညေလင်ညေမယား
[ɲèlɪ̀ɴɲèmjá]
Arakanese:
ငယ်လင် ငယ်မယား။ အပျို လပျိုချင်း ပေါင်းသင်း နီထိုင် လာခရေ လင်နန့် မယား
Burmese:
ငယ်လင် ငယ်မယား။ အပျို လူပျိုချင်း ပေါင်းသင်း နေထိုင် လာခဲ့သော လင်နှင့် မယား
English:
husband and wife since youth
Grammar Note:
နာမ်
ညော
[ɲɔ́]
Arakanese:
၁၊ အလွန် ပင်ပန်း ညှိုးငယ်သော။ အလွန် မှေးမှိန် ညှိုးရော်သော။ ကိုယ်လက် လှုပ်ရှား တက်ကြွခြင်း မဟိရေ။ ၂၊ ခွန်အား နည်းပါးသော။ ခွန်အား ကုန်ခန်းသော။ ပမာဆိုကေ၊ သံမှိုခတ်သို့၊ ဆီသတ်ငါးနှယ်၊ ညောကာယိုင်ကေ၊ မှိုင်သိရလေ (ပဒုမ္မ)
Burmese:
၁၊ အလွန် ပင်ပန်း ညှိုးငယ်သော။ အလွန် မှေးမှိန် ညှိုးရော်သော။ ကိုယ်လက် လှုပ်ရှား တက်ကြွခြင်း မရှိသော။ ၂၊ ခွန်အား နည်းပါးသော။ ခွန်အား ကုန်ခန်းသော။ ပမာဆိုသော်၊ သံမှိုခတ်သို့၊ ဆီသတ်ငါးနှယ်၊ ညောကာယိုင်ကေ၊ မှိုင်သိရလေ (ပဒုမ္မ)
English:
little
Grammar Note:
နာမဝိသေသန
ညောခြင်း
[ɲɔ́kʰɹɪ́ɴ]
Arakanese:
ကိုယ်လက် ရောင်းသီရောင်းဖတ်၊ နီထိုင် မကောင်း ဖြစ်ဗျာယ်။ နွမ်းရိ ပင်ပန်းဗျာယ်။ ကျမ္မာရီး ထိခိုက် ပျက်ပြားဗျာယ်
Burmese:
ကိုယ်လက် မအီမသာ၊ နေထိုင် မကောင်း ဖြစ်လျက်။ နွမ်းနယ် ပင်ပန်းလျက်။ ကျန်းမာရေး ထိခိုက် ပျက်ပြားလျက်
English:
tired
Grammar Note:
ကြိယာဝိသေသန
ညောင်
[ɲàʊɴ]
Arakanese:
အသီးချေ၍ အပင်ကြီးပြီး အစီးပျောင်းသည့် အပင်။ (ညောင် အမျိုးအစား မကန်မဝှန် ဟိရေ။) ညောင်ကိုမနိုင်၊ ပုထိုးကိုဖျက် (ပုံ)
Burmese:
အသီးငယ်၍ အပင်ကြီးပြီး အစေးထန်းသည့် သစ်ပင်။ (ညောင် အမျိုးအစား အများအပြား ရှိသည်။) ညောင်ကိုမနိုင်၊ ပုထိုးကိုဖျက် (ပုံ)
English:
banyan tree
Grammar Note:
နာမ်
ညောင်း
[ɲáʊɴ]
Arakanese:
၁၊ ကာလ ကြာမြင့်ရေ။ တာရှည်ရေ။ ကာလကြာညောင်း၊ ရှည်လျား သျှောင်းသော် (တောင်)။ လင်မင်းကျော်နှင့်၊ မြင့်ကြာညောင်းအောင်၊ မပေါင်းရပဲ (ထာနု)။ ၂၊ ပင်ပန်းလောက်ရုံရာ ဖြစ်တေ။ နင်လျှင်ငမိုက်၊ ဆန်ဖြစ်စီကြောင်း၊ ဖွဲကိုထောင်းသော်၊ အကြောင်းမလှ၊ ညောင်းလောက်ရုံရာ (ဓမ္မိက)။ ၃၊
Burmese:
၁၊ ကာလ ကြာမြင့်သည်။ တာရှည်သည်။ ကာလကြာညောင်း၊ ရှည်လျား သျှောင်းသော် (တောင်)။ လင်မင်းကျော်နှင့်၊ မြင့်ကြာညောင်းအောင်၊ မပေါင်းရပဲ (ထာနု)။ ၂၊ ပင်ပန်းရုံမျှသာ ဖြစ်သည်။ နင်လျှင်ငမိုက်၊ ဆန်ဖြစ်စေကြောင်း၊ ဖွဲကိုထောင်းသော်၊ အကြောင်းမလှ၊ ညောင်းရုံမျှသာ (ဓမ္မိက)။ ၃၊
English:
take long time
Grammar Note:
ကြိယာ
ညောင်း၂
[ɲáʊɴ၂]
Arakanese:
အခြည်းနှီး။ အကျိုး မဟိဘဲ။ အကျိုးမဲ့ သတ်သတ်။ အလဟဿ။ ကျောက်သီးကို ဆီငင်လို့ ညောင်းလောက်ရုံရာ
Burmese:
အချည်းနှီး။ အကျိုး မရှိပဲ။ အကျိုးမဲ့ သက်သက်။ အလဟဿ။ ကျောက်ခဲကို ဆီငင်လို့ ညောင်းရုံမျှသာ
English:
unprofitably
Grammar Note:
ကြိယာဝိသေသန
ညောင်ကြက်
[ɲàʊɴt͡ɕɛʔ]
Arakanese:
အရာ အပင်ကို မှီတွယ်ကပ်၍ ပေါက်တတ်ရေ ညောင်ပင် တမျိုး
Burmese:
အခြား အပင်ကို မှီတွယ်ကပ်၍ ပေါက်တတ်သော ညောင်ပင် တစ်မျိုး
English:
banyan tree
Grammar Note:
နာမ်
ညောင်ကြတ်
[ɲàʊɴt͡ɕaʔ]
Arakanese:
အရာ အပင်ကို မှီတွယ်ကပ်၍ ပေါက်တတ်ရေ ညောင်ပင် တမျိုး။ ၂၊ ညောင် အမျိုးအစားမာ ပါဝင်ရေ့ ညောင်ပင် တမျိုး
Burmese:
အခြား အပင်ကို မှီတွယ်ကပ်၍ ပေါက်တတ်သော ညောင်ပင် တစ်မျိုး။ ၂၊ ညောင် အမျိုးအစားတွင် ပါဝင်သည့် ညောင်ပင် တစ်မျိုး
English:
banyan tree
Grammar Note:
နာမ်
ညောင်ချဉ်
[ɲàʊɴɕɪ̀ɴ]
Arakanese:
အင်တန်ချေလောင်းာက်ရာ ချိုင်သော အရရာဟိရေ့ ညောင်ပင် တမျိုး
Burmese:
အသင့်အတင့် မျှသာ ချဉ်သော အရသာရှိသည့် ညောင်ပင် တစ်မျိုး
English:
banyan tree
Grammar Note:
နာမ်
ညောင်ခြ
[ɲàʊɴkʰɹ]
Arakanese:
တောခြုံ ပိုင် အုပ်ဆိုင်းနိန်ရေ အရိပ် ကောင်းရေ ညောင်ပင် တမျိုး
Burmese:
တောချုံ ကဲ့သို့ အုပ်ဆိုင်းနေသော အရိပ် ကောင်းသည့် ညောင်ပင် တစ်မျိုး
English:
banyan tree
Grammar Note:
နာမ်
ညောင်ခြီးထောက်
[ɲàʊɴkʰɹïtʰɔ́ɛʔ]
Arakanese:
ပင်မကြီး အကိုင်း အခက်ရို့မှ အမြစ်များ တွဲလောင်း ကျနိန်ပနာ ယင်း အမြစ်သည်ပင်လျှင် ကြီးထွား၍ အပင်ကို (ထောက်ခံထား ပိုင်) ခြီထောက် ပိုင်ဟိရေ ညောင်ပင် တမျိုး
Burmese:
ပင်စည် အကိုင်း အခက်တို့မှ အမြစ်များ တွဲလျား ကျနေ၍ ယင်း အမြစ်သည်ပင်လျှင် ကြီးထွား၍ အပင်ကို (ထောက်ခံထား သကဲ့သို့) ခြေထောက် သဖွယ်ရှိသော ညောင်ပင် တစ်မျိုး
English:
banyan tree
Grammar Note:
နာမ်