Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 221–240 of 364 words

    ည

    ညောင်စီး

    [ɲàʊɴsï]
    ညောင်ပင်မှ ထွက်သော အစီး
    ညောင်ပင်မှ ထွက်သော အစေး
    become sticky
    နာမ်

    ညောင်စောင်း

    [ɲàʊɴsáʊɴ]
    အခြီ လေးချောင်း တပ်သော ခုတင်။ အိပ်စင်။ မေနှင့်မောင်လေ၊ ညောင်စောင်းသလွန်၊ ထက်ဝေယံမာ၊ စံပျော်မြန်းကေ၊ နတ်နန်းတမျှ (ကော်)
    အခြေ လေးချောင်း တပ်သော ခုတင်။ အိပ်စင်။ မေနှင့်မောင်လေ၊ ညောင်စောင်းသလွန်၊ ထက်ဝေယံမှာ၊ စံပျော်မြန်းကေ၊ နတ်နန်းတမျှ (ကော်)
    royal couch
    နာမ်

    ညောင်ဆိုင်း

    [ɲàʊɴsʰáɪɴ]
    အပင်မြင့်၍ အရိပ် ကောင်းရေ ညောင်ပင်ကြီး တမျိုး
    အပင်မြင့်၍ အရိပ် ကောင်းသော ညောင်ပင်ကြီး တစ်မျိုး
    banyan tree
    နာမ်

    ညောင်းညာ

    [ɲáʊɴɲà]
    ကိုယ်စိတ် နွမ်းရိရေ။ ပင်ပန်းရေ။ ထိုတောတောင်ကို၊ ရှောင်မလားဘဲ၊ ယောက်ျားအစွမ်း၊ ညောတရိညာတရာပန်းလည်း၊ ပန်းမှန်းမသိ၊ နွမ်းကာရိလည်း၊ ရိမှန်းမသိ (ပန်း)။ ၂၊ ခန္ဓာကိုယ်လက် မာတောင့်သည်
    ကိုယ်စိတ် နွမ်းနယ်သည်။ ပင်ပန်းသည်။ ထိုတောတောင်ကို၊ ရှောင်မသွားဘဲ၊ ယောက်ျားအစွမ်း၊ ညောင်းညာပန်းလည်း၊ ပန်းမှန်းမသိ၊ နွမ်းကာရိလည်း၊ ရိမှန်းမသိ (ပန်း)။ ၂၊ ခန္ဓာကိုယ်လက် မာတောင့်သည်
    tired
    ကြိယာ

    ညောင်းညောင်း

    [ɲáʊɴɲáʊɴ]
    မောင်းတီးခတ်သော အသံ။ ထောင်အသပြာကို၊ ဆောင်ကာယူထွက်၊ တညောင်းညောင်းနှင့်၊ စည်မောင်းလည်ပနာ (ကော်)
    မောင်းတီးခတ်သော အသံ။ ထောင်အသပြာကို၊ ဆောင်ကာယူထွက်၊ တညောင်းညောင်းနှင့်၊ စည်မောင်းလည်၍ (ကော်)
    none
    နာမ်

    ညောင်းညောင်း၂

    [ɲáʊɴɲáʊɴ၂]
    အသံ စူးရှစွာ
    အသံ စူးရှစွာ
    reedy
    ကြိယာဝိသေသန

    ညောင်းညောင်းညာညာ

    [ɲáʊɴɲáʊɴɲàɲà]
    ကိုယ်အား စိတ်အားကို မလျော့သော ဇွဲလုံ့လနန့်။ ညောင်းညောတရိညာတရာညာ၊ ဇာပင်ဖြစ်ဖြစ်၊ ဤတောတောင်ကို၊ စွန့်၍လိုက်မည် (ပန်း)
    ကိုယ်အား စိတ်အားကို မလျော့သော ဇွဲလုံ့လဖြင့်။ ညောင်းညောင်းညာညာ၊ ဇာပင်ဖြစ်ဖြစ်၊ ဤတောတောင်ကို၊ စွန့်၍လိုက်မည် (ပန်း)
    perseverance
    ကြိယာဝိသေသန

    ညောင်ညောင်မြည်

    [ɲàʊɴɲàʊɴmɹɛ]
    ကြောင်မြည်သော အသံ
    ကြောင်မြည်သော အသံ
    cat
    ကြိယာ

    ညောင်နံ့သာ

    [ɲàʊɴnံ့θà]
    အရွက်များနံ့ပြီး၊ အရဲရောင်ပိုင်နီရေ အဆင်းဟိရေ ညောင်ပင် တမျိုး
    အရွက်များနံ့ပြီး၊ အနီရောင်ကဲ့သို့နီသည့် အဆင်းရှိသော ညောင်ပင် တစ်မျိုး
    banyan tree
    နာမ်

    ညောင်ပိန္နဲ

    [ɲàʊɴpìn̪a̰n̪n̪a̰ɛ]
    ပိန္နဲရွက်နှင့် ဆင်ဆင်တူရေ အရွက်ဟိရေ့ ညောင်ပင် တမျိုး
    ပိန္နဲရွက်နှင့် ဆင်ဆင်တူသော အရွက်ရှိသည့် ညောင်ပင် တစ်မျိုး
    banyan tree
    နာမ်

    ညောင်ဗောဓိ

    [ɲàʊɴbɔ́dʱì]
    ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူရာ ညောင်ပင် တမျိုး
    ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူရာ ညောင်ပင် တစ်မျိုး
    banyan tree
    နာမ်

    ညောင်မျို

    [ɲàʊɴmrÒ]
    စာတီ၊ ပုထိုး၊ အပင် အစဟိစွာရို့မာ ညောင်ပင် တွယ်ကပ် ပေါက်ပနာ အားလုံး ဖုံးအုပ် လွှမ်းလိုက်ရေ
    စေတီ၊ ပုထိုး၊ သစ်ပင် စသည်တို့တွင် ညောင်ပင် တွယ်ကပ် ပေါက်၍ အကုန် ဖုံးအုပ် လွှမ်းလိုက်သည်
    none
    ကြိယာ

    ညောင်မြစ်ဖွား

    [ɲàʊɴmɹɪʔpʰWà]
    ၁၊ အကိုင်း အခက်ရို့မှ အမြစ်များ တွဲလောင်း ကျသော ညောင်ပင် တမျိုး။ ၂၊ ညောင်ပင်၏ အကိုင်းအခက်မှ တွဲလောင်း ကျနီသော အမြစ်များ
    ၁၊ အကိုင်း အခက်တို့မှ အမြစ်များ တွဲလျား ကျသော ညောင်ပင် တစ်မျိုး။ ၂၊ ညောင်ပင်၏ အကိုင်းအခက်မှ တွဲလျား ကျနေသော အမြစ်များ
    banyan tree
    နာမ်

    ညောင်ရစ်ပင်

    [ɲàʊɴɹɪʔpɪ̀ɴ]
    အပင်၌ ညောင်ပင် ပေါက်ကာ ညောင်မြစ်ရို့ အရစ်ပတ် ခံရရေ အပင်
    သစ်ပင်၌ ညောင်ပင် ပေါက်ကာ ညောင်မြစ်တို့ အရစ်ပတ် ခံရသော အပင်
    none
    နာမ်

    ညောင်ရီ

    [ɲàʊɴɹí]
    ကဆုန် လပြည့်နေမာ ဗောဓိညောင်ကို သွန်းလောင်း ရရေ ရေ
    ကဆုန် လပြည့်နေတွင် ဗောဓိညောင်ကို သွန်းလောင်း ရသော ရေ
    water for blessing
    နာမ်

    ညောင်ရီပန်း

    [ɲàʊɴɹípáɴ]
    ဘုရား ညောင်ရေ အိုး၌ စိုက်ထိုး ထားရေ ပန်း
    ဘုရား ညောင်ရေ အိုး၌ စိုက်ထိုး ထားသော ပန်း
    none
    နာမ်

    ညောင်ရီသွန်း

    [ɲàʊɴɹíθʊ́ɴ]
    ဗောဓိညောင်ကို ရီသွန် လောင်းရေ
    ဗောဓိညောင်ကို ရေသွန်း လောင်းသည်
    pour water on the sacred Bo tree
    ကြိယာ

    ညောင်ရီအိုး

    [ɲàʊɴɹíʔó]
    ဘုရားကို ပူဇော်သော ပန်းများ စိုက်ထိုးရရေ အိုးစောက်ရှည် တမျိုး
    ဘုရားကို ပူဇော်သော ပန်းများ စိုက်ထိုးရသည့် အိုးစောက်ရှည် တစ်မျိုး
    vase-pot or jar for offering
    နာမ်

    ညောင်ရွက်

    [ɲàʊɴɹwɛʔ]
    ၁၊ စာတီ၊ ပုထိုး၊ ထီး၊ ဗိတာန် အစဟိစွာရို့မာ ဆွဲရရေ ညောင်ရွက် သဏ္ဍာန် ကြီး၊ ငွီ အစဟိရေ သတ္တုပြားငယ်။ ၂၊ ညောင်ရွက် သဏ္ဍာန် လှပအောင် ခြယ်လှယ် ထားရေ အဆင် တန်ဆာ တမျိုး
    ၁၊ စေတီ၊ ပုထိုး၊ ထီး၊ ဗိတာန် စသည်တို့တွင် ဆွဲရသော ညောင်ရွက် သဏ္ဍာန် ကြေး၊ ငွေ စသော သတ္တုပြားငယ်။ ၂၊ ညောင်ရွက် သဏ္ဍာန် လှပအောင် ခြယ်လှယ် ထားသော အဆင် တန်ဆာ တမျိုး
    banyan leaf
    နာမ်

    ညောင်ရွှီ

    [ɲàʊɴɹW̯í]
    အရောင် စိကေချေ ဝါ၍ အရွက် ခပ်ဝိုင်းဝိုင်း ဟိရေ ညောင်တမျိုး
    အရောင် အနည်းငယ် ဝါ၍ အရွက် ခပ်ဝိုင်းဝိုင်း ရှိသော ညောင်တမျိုး
    banyan tree
    နာမ်