Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 241–260 of 364 words

    ည

    ညောင်သပြီ

    [ɲàʊɴθpɹì]
    သပြီရွက်နှင့် တူသော ညောင်ပင် တမျိုး
    သပြေရွက်နှင့် တူသော ညောင်ပင် တမျိုး
    banyan tree
    နာမ်

    ညောင်သာရာ

    [ɲàʊɴθàɹà]
    အရွက်ငယ်၍ ခပ်ဝိုင်းဝိုင်း အုပ်ဆိုင်းဗျာယ် ဟိရေ ညောင်တမျိုး
    အရွက်ငယ်၍ ခပ်ဝိုင်းဝိုင်း အုပ်ဆိုင်းလျက် ရှိသော ညောင်တမျိုး
    banyan tree
    နာမ်

    ညောညင်

    [ɲɔ́ɲɪ̀ɴ]
    ၁၊ မနီသာ မထိုင်သာ အမျိုးအမည် ခွဲခြားရန် ခက်ခဲသော ကိုယ်မား ခံစားရမှု ဖြစ်ပေါ်ဗျာယ်။ အလွန် ပင်ပန်း ညှိုးငယ်သော အနိန်နန့်။ နွမ်းရိ ပင်ပန်းဗျာယ်။ ၂၊ ကြည်လင် သာယာမှု မဟိဘဲ။ မပြောချင်- ညောညင်လို့လား ဗမာသံ လျှာသံ ပြောကေ၊ စိတ်မရောလေ (ဇမ်း)
    ၁၊ မနေသာ မထိုင်သာ အမျိုးအမည် ခွဲခြားရန် ခက်ခဲသော ကိုယ်တွင်း ခံစားရမှု ဖြစ်ပေါ်လျက်။ အလွန် ပင်ပန်း ညှိုးငယ်သော အားဖြင့်။ နွမ်းနယ် ပင်ပန်းလျက်။ ၂၊ ကြည်လင် သာယာမှု မရှိပဲ။ မပြောချင်- ညောညင်လို့လား ဗမာသံ လျှာသံ ပြောကေ၊ စိတ်မရောလေ (ဇမ်း)
    tired
    ကြိယာဝိသေသန

    ညောညောခြင်ခြင်

    [ɲɔ́ɲɔ́kʰɹɪ̀ɴkʰɹɪ̀ɴ]
    ကိုယ်လက် ရောင်းသီရောင်းဖတ်၊ နီထိုင် မကောင်း ဖြစ်ဗျာယ်။ နွမ်းရိ ပင်ပန်းဗျာယ်။ ကျမ္မာရီး ထိခိုက် ပျက်ပြားဗျာယ်။ ၂၊ ကိုယ်လက် ကိုက်ခဲ တောင့်တင်းသော အနိန်နန့်
    ကိုယ်လက် မအီမသာ၊ နေထိုင် မကောင်း ဖြစ်လျက်။ နွမ်းနယ် ပင်ပန်းလျက်။ ကျန်းမာရေး ထိခိုက် ပျက်ပြားလျက်။ ၂၊ ကိုယ်လက် ကိုက်ခဲ တောင့်တင်းသော အားဖြင့်
    tired
    ကြိယာဝိသေသန

    ညောညောညင်ညင်

    [ɲɔ́ɲɔ́ɲɪ̀ɴɲɪ̀ɴ]
    ၁၊ မနီသာ မထိုင်သာ အမျိုးအမည် ခွဲခြားရန် ခက်ခဲသော ကိုယ်မား ခံစားရမှု ဖြစ်ပေါ်ဗျာယ်။ အလွန် ပင်ပန်း ညှိုးငယ်သော အနိန်နန့်။ နွမ်းရိ ပင်ပန်းဗျာယ်။ ၂၊ ကြည်လင် သာယာမှု မဟိဘဲ
    ၁၊ မနေသာ မထိုင်သာ အမျိုးအမည် ခွဲခြားရန် ခက်ခဲသော ကိုယ်တွင်း ခံစားရမှု ဖြစ်ပေါ်လျက်။ အလွန် ပင်ပန်း ညှိုးငယ်သော အားဖြင့်။ နွမ်းနယ် ပင်ပန်းလျက်။ ၂၊ ကြည်လင် သာယာမှု မရှိပဲ
    tired
    ကြိယာဝိသေသန

    ညောယိုင်

    [ɲɔ́jàɪɴ]
    နွမ်းလျ ခွေယိုင်သော။ ပင်ပန်း ညှိုးငယ်သော
    နွမ်းလျ ခွေယိုင်သော။ ပင်ပန်း ညှိုးငယ်သော
    tired
    နာမဝိသေသန

    ညောသီးညောသုတ်

    [ɲɔ́θïɲɔ́θoʊʔ]
    ၁၊ ကိုယ်လက် ရောင်းသီရောင်းဖတ် နီထိုင်မကောင်း ကျမ္မာရီး ထိခိုက် ပျက်ပြားဗျာယ်။ ၂၊ ကြည်လင် သာယာမှု မဟိဘဲ
    ၁၊ ကိုယ်လက် မအီမသာ နေထိုင်မကောင်း ကျန်းမာရေး ထိခိုက် ပျက်ပြားလျက်။ ၂၊ ကြည်လင် သာယာမှု မရှိပဲ
    tired
    ကြိယာဝိသေသန

    ညွတ်

    [ɲwaʔ]
    ၁၊ (အကိုင်းအခက်၊ အညွန့်အဖျား၊ အဖူးများ) ကိုင်းလာရေ။ ၂၊ စိတ် စူးစိုက်ရေ။ စိတ်ဝင်စားရေ။ အထူး အာရုံ စိုက်ရေ။ ဦးတည်ချက် ထားပနာ အာရုံစိုက်သည်
    ၁၊ (အကိုင်းအခက်၊ အညွန့်အဖျား၊ အဖူးများ) ကိုင်းလာသည်။ ၂၊ စိတ် စူးစိုက်သည်။ စိတ်ဝင်စားသည်။ အထူး အာရုံ စိုက်သည်။ ဦးတည်ချက် ထား၍ အာရုံစိုက်သည်
    interest
    ကြိယာ

    ညွတ်

    [ɲwaʔ]
    ကိုင်းညွတ် စီရေ
    ကိုင်းညွတ် စေသည်
    respect
    ကြိယာ

    ညွတ်၂

    [ɲwaʔ၂]
    ကြက်ငှက် ကျော့ဖမ်းရန် ကြိုးကွင်း၊ ကိုင်းကွင်း။ ကြက်တကောင်ကို၊ ရှောင်မလွတ်ကေ၊ ညွတ်နှင့်ဖမ်းယောင် (ပဋာ)
    ကြက်ငှက် ကျော့ဖမ်းရန် ကြိုးကွင်း၊ ကျော့ကွင်း။ ကြက်တစ်ကောင်ကို၊ ရှောင်မလွတ်ကေ၊ ညွတ်နှင့်ဖမ်းယောင် (ပဋာ)
    net
    နာမ်

    ညွတ်ကိုင်း

    [ɲwaʔkáɪɴ]
    ၁၊ (အကိုင်းအခက်၊ အညွန့်အဖျား၊ အဖူးများ) ကိုင်းလာရေ။ ၂၊ စိတ် စူးစိုက်ရေ။ စိတ်ဝင်စားရေ။ အထူး အာရုံစိုက်ရေ။ ဦးတည်ချက် ထားပနာ အာရုံ စိုက်ရေ။၂၊ ကိုင်းဟိုင်းရေ။ အရိုအသီ ပီးရေ
    ၁၊ (အကိုင်းအခက်၊ အညွန့်အဖျား၊ အဖူးများ) ကိုင်းလာသည်။ ၂၊ စိတ် စူးစိုက်သည်။ စိတ်ဝင်စားသည်။ အထူး အာရုံစိုက်သည်။ ဦးတည်ချက် ထား၍ အာရုံ စိုက်သည်။၂၊ ကိုင်းရှိုင်းသည်။ အရိုအသေ ပေးသည်
    interest-be devout
    ကြိယာ

    ညွတ်ကျိုး

    [ɲwaʔt͡ɕó]
    မာန်မာန ယုတ်လျော့ နိမ့်ကျရေ။ ရိုသေ ကျိုးနွံရေ။ ရိုသေညွတ်ကျိုး၊ ဦးထိပ်မိုးကာ၊ ဇိခိုးပါ၏
    မာန်မာန ယုတ်လျော့ နိမ့်ကျသည်။ ရိုသေ ကျိုးနွံသည်။ ရိုသေညွတ်ကျိုး၊ ဦးထိပ်မိုးကာ၊ ရှိခိုးပါ၏
    be humble
    ကြိယာ

    ညွတ်ကွင်း

    [ɲwaʔkwɪ́ɴ]
    ကြက်ငှက် ကျော့ဖမ်းရန် ကြိုးကွင်း၊ ကိုင်းကွင်း။ ကြက်တကောင်ကို၊ ရှောင်မလွတ်ကေ၊ ညွတ်နှင့်ဖမ်းယောင် (ပဋာ)
    ကြက်ငှက် ကျော့ဖမ်းရန် ကြိုးကွင်း၊ ကျော့ကွင်း။ ကြက်တစ်ကောင်ကို၊ ရှောင်မလွတ်ကေ၊ ညွတ်နှင့်ဖမ်းယောင် (ပဋာ)
    net
    နာမ်

    ညွတ်ကွင်း

    [ɲwaʔkwɪ́ɴ]
    ကြက်ငှက် အစဟိစွာရို့ကို ထောင်ဖမ်းရရေ ကြိုးလျော့ကွင်း။ ကိုင်းကွင်း
    ကြက်ငှက် စသည်တို့ကို ထောင်ဖမ်းရသော ကြိုးလျော့ကွင်း။ ကျော့ကွင်း
    snare
    နာမ်

    ညွတ်ချောင်း

    [ɲwaʔɕáʊɴ]
    (ထမ်းပိုး၊ တန်းထားအစဟိစွာ) တောင့်တင်း မာကျောခြင်း မဟိဘဲ၊ နိမ့်တုံ မြင့်တုံဖြစ်ဗျာယ်
    (ထမ်းပိုး၊ တံတားစသည်) တောင့်တင်း မာကျောခြင်း မရှိပဲ၊ နိမ့်တုံ မြင့်တုံဖြစ်လျက်
    carry with shoulder-yoke
    ကြိယာဝိသေသန

    ညွတ်တွား

    [ɲwaʔtWà]
    အဂေါင်း ပျပ်ဝပ်၍ အရိုအသီ ပြုသည်
    ဦးခေါင်း ပျပ်ဝပ်၍ အရိုအသေ ပြုသည်
    homage
    ကြိယာ

    ညွတ်ပျောင်း

    [ɲwaʔpráʊɴ]
    (ထမ်းပိုး၊ တန်းထားအစဟိစွာ) တောင့်တင်း မာကျောခြင်း မဟိဘဲ၊ နိမ့်တုံ မြင့်တုံ ဖြစ်ဗျာယ်
    (ထမ်းပိုး၊ တံတားစသည်) တောင့်တင်း မာကျောခြင်း မရှိပဲ၊ နိမ့်တုံ မြင့်တုံ ဖြစ်လျက်
    carry with shoulder-yoke
    ကြိယာဝိသေသန

    ညွတ်ပျောင်း၂

    [ɲwaʔpráʊɴ၂]
    ရိုသေ ပျပ်ဝပ် ဦးညွတ်သည်
    ရိုသေ ပျပ်ဝပ် ဦးညွတ်သည်
    homage
    ကြိယာ

    ညွန်

    [ɲʊ̀ɴ]
    ၁၊ ရီစီးနှင့် ပါလာပြီးကေ မြစ်ထဲ၊ ချောင်းထဲ အစဟိစွာရို့မာ အနစ်ထိုင်သော ကျုတ်နစ်မြီဆီ။ ၂၊ ရေဝင်မြေပျော့
    ၁၊ ရေစီးနှင့် ပါလာ၍ မြစ်ထဲ၊ ချောင်းထဲ စသည်တို့တွင် အနည်ထိုင်သော ရွှံ့နစ်မြေဆီ။ ၂၊ ရေဝင်မြေပျော့
    deep mud
    နာမ်

    ညွန့်

    [ɲʊ̀ɴ့]
    အခက်အလက် ရို့၏ အဖျားပိုင်းဟိ နုသော အပိုင်း။ ရှည်မျိုး၍ သွယ်ချွန် နိန်ရေ အရာ
    အခက်အလက် တို့၏ အဖျားပိုင်းရှိ နုသော အပိုင်း။ ရှည်မျော၍ သွယ်ချွန် နေသော အရာ
    pullulate
    နာမ်