Dictionary Entries
Showing 301–320 of 364 words
ည
ညှည့်၂
[ɲ̯ɛ့̀၂]
Arakanese:
အိုးခွက်ကို စောင်း၍ အထဲဟိ အရည်ကိုသော် ပင်ဖြစ်ဖြစ်၊ ရေကိုသော် ပင်ဖြစ်ဖြစ်၊ (ညှည့်) သွန်ချရေ။ အုန်းရည်ထန်းရည်၊ တခပ်တကျည့်၊ ငါရို့ညှည့်မည်၊ သောက်ကြလီလီာ့ (ဥဒိန်)
Burmese:
အိုးခွက်ကို စောင်း၍ အတွင်းရှိ အရည်ကိုသော် လည်းကောင်း၊ ရေကိုသော် လည်းကောင်း၊ (ငှဲ့) သွန်ချသည်။ အုန်းရည်ထန်းရည်၊ တခပ်တကျည့်၊ ငါတို့ညှည့်မည်၊ သောက်ကြလေလော့ (ဥဒိန်)
English:
outpouring
Grammar Note:
ကြိယာ
ညှည့်၃
[ɲ̯ɛ့̀၃]
Arakanese:
၁၊ တခုတရီမှ အရည်ကိုသော် ပင်ဖြစ်ဖြစ်၊ အဖတ်ကိုသော် ပင်ဖြစ်ဖြစ် ထွက်လှာအောင် ဖိညှပ်ရေ။ ၂၊ လက်ချောင်းရို့နန့် တင်းကျပ်စွာ ဖျစ်သည်
Burmese:
၁၊ တစ်စုံတစ်ရာမှ အရည်ကိုသော် လည်းကောင်း၊ အဖတ်ကိုသော် လည်းကောင်း ထွက်လာအောင် ဖိညှပ်သည်။ ၂၊ လက်ချောင်းတို့ဖြင့် တင်းကျပ်စွာ ဖျစ်သည်
English:
squeeze
Grammar Note:
ကြိယာ
ညှည့်၄
[ɲ̯ɛ့̀၄]
Arakanese:
လူတယောက်ယောက်ကို အကျပ်ကိုင်ပနာ ငွီကြီး အစဟိစွာ ထွက်လှာအောင် ပြုသည်
Burmese:
တစ်စုံ တစ်ယောက်သော သူအား အကျပ်ကိုင်၍ ငွေကြေး စသည် ထွက်လာအောင် ပြုသည်
English:
blackmail
Grammar Note:
ကြိယာ
ညှည်းစိုး
[ɲ̯ɛ́só]
Arakanese:
မကြည်မလင် ဖြစ်တေ။ ချီးမကြယ် ဖြစ်တေ
Burmese:
မကြည်မလင် ဖြစ်သည်။ မစင်မကြယ် ဖြစ်သည်
English:
drear
Grammar Note:
ကြိယာ
ညှည်းစိုးပုပ်
[ɲ̯ɛ́sópoʊʔ]
Arakanese:
မျက်နှာ မရွင်မလန်း မသာမယာ ဖြစ်ဗျာယ်
Burmese:
မျက်နှာ မရွင်မလန်း မသာမယာ ဖြစ်လျက်
English:
drearily
Grammar Note:
ကြိယာဝိသေသန
ညှည်းဆဲ
[ɲ̯ɛ́sʰɛ]
Arakanese:
နှိပ်စက်ရေ။ ဒုက္ခပီးရေ။ ငါ့သည်းအူကို၊ ကလူနှိပ်စက်၊ ကလဝီမဟု၊ ရက်ရက်ရဲရဲ၊ ခြိမ်းမောင်းမဲလို့၊ ညှည်းဆဲပုတ်ခတ်၊ မပြုအပ်ရာ (မျိုးက်)
Burmese:
နှိပ်စက်သည်။ ဒုက္ခပေးသည်။ ငါ့သည်းအူကို၊ ကလူနှိပ်စက်၊ မိန်းမပျက်ဟု၊ ရက်ရက်ရဲရဲ၊ ခြိမ်းမောင်းမဲလို့၊ ညှည်းဆဲပုတ်ခတ်၊ မပြုအပ်ရာ (မျောက်)
English:
persecute
Grammar Note:
ကြိယာ
ညှည့်ထုတ်
[ɲ̯ɛ့̀tʰoʊʔ]
Arakanese:
၁၊ တစုံ တခုသော အကြောင်းအရာကို ပြောကြားရန် အားဓမ တိုက်တိုးရေ။ ၂၊ တစုံ တခုသော အရာဝတ္တု အထဲက အရည်ကိုသော် ပင်ဖြစ်ဖြစ်၊ အဖတ်ကိုသော် ပင်ဖြစ်ဖြစ် ထွက်လှာစီရန် အားထုတ်သည်
Burmese:
၁၊ တစ်စုံ တစ်ခုသော အကြောင်းအရာကို ပြောကြားရန် အတင်း တိုက်တွန်းသည်။ ၂၊ တစ်စုံ တစ်ခုသော အရာဝတ္တု အတွင်းမှ အရည်ကိုသော် လည်းကောင်း၊ အဖတ်ကိုသော် လည်းကောင်း ထွက်လာစေရန် အားထုတ်သည်
English:
squeeze
Grammar Note:
ကြိယာ
ညှည်းပန်း
[ɲ̯ɛ́páɴ]
Arakanese:
နှိပ်စက်သည်
Burmese:
နှိပ်စက်သည်
English:
persecute
Grammar Note:
ကြိယာ
ညှည့်သံ
[ɲ̯ɛ့̀θံ]
Arakanese:
တစုံ တခုသော ရောဂါဝေဒနာ ခံစားရမှုကြောင့် အသံ တိန်းနိန်နန့် လိုင်ခြောင်းမှ ဖျစ်ညှစ် ထွက်ပေါ်လှာသော အသံ။ မငိုချင်ကေလေ့၊ ညှည့်သံပါပါ၊ ထွက်လို့ငိုရေ
Burmese:
တစ်စုံ တစ်ခုသော ရောဂါဝေဒနာ ခံစားရမှုကြောင့် အသံ တိုးတိုးဖြင့် လည်ချောင်းမှ ဖျစ်ညှစ် ထွက်ပေါ်လာသော အသံ။ မငိုချင်ကေလေ့၊ ညှည့်သံပါပါ၊ ထွက်လို့ငိုရေ
English:
none
Grammar Note:
နာမ်
ညှပ်
[ɲ̯aʔ]
Arakanese:
တစုံ တခုသော ဝတ္တုကို အလယ်က ထားပနာ ဖီးတဖက် တချက်မှ ရံ၍ ထားဟိရေ။ ဇဂတိ၊ ဖျစ်ကချပ်ကေ၊ ညှပ်၍ပါရေ်(ရာမ)။ ၂၊ အချောင်းအတံ နှစ်ခုနန့် ဖိ၍ ကိုင်ရေ။ ကလန့် လက်မနန့် ညှပ်တေ။ ၃၊ လက်တွဲ ပါဝင် စီရေ။ ကွမ်းရွက်ကြီးမာ ကွမ်းရွက်သျှေကို ညှပ်ထည့် ရောင်းရ
Burmese:
တစ်စုံ တစ်ခုသော ဝတ္တုကို အလယ်က ထား၍ ဘေးတစ်ဘက် တစ်ချက်မှ ရံ၍ ထားရှိသည်။ လက်ကတီးကြား၊ ဖျစ်ကချပ်ကေ၊ ညှပ်၍ပါသော်(ရာမ)။ ၂၊ အချောင်းအတံ နှစ်ခုဖြင့် ဖိ၍ ကိုင်သည်။ ကလန့် လက်မနန့် ညှပ်တေ။ ၃၊ ယှဉ်တွဲ ပါဝင် စေသည်။ ကွမ်းရွက်ကြီးမှာ ကွမ်းရွက်သျှေကို ညှပ်ထည့် ရောင်းရ
English:
none
Grammar Note:
ကြိယာ
ညှပ်၂
[ɲ̯aʔ၂]
Arakanese:
၁၊ (ဆင်၊ မြင်း၊ ကျွဲ၊ နွား အစဟိစွာရို့ကို) မရုန်းနိုင် မလှုပ်နှိုင်ယောင် ကျပ်တည်းစွာ စိုက်ထူ ထားရေ့ တိုင်အစု။ ၂၊ အမဲသား၊ ငါးအစဟိစွာ ရို့ကို မီးကင်ရရေ ကိရိယာ။ ကင်ညှပ်
Burmese:
၁၊ (ဆင်၊ မြင်း၊ ကျွဲ၊ နွား စသည်တို့ကို) မရုန်းနိုင် မလှုပ်နိုင်အောင် ကျပ်တည်းစွာ စိုက်ထူ ထားသည့် တိုင်အစု။ ၂၊ အမဲသား၊ ငါးစသည် တို့ကို မီးကင်ရသော ကိရိယာ။ ကင်ညှပ်
English:
none
Grammar Note:
နာမ်
ညှပ်စိမ်း
[ɲ̯aʔséɪɴ]
Arakanese:
မျက်နှာပြင်ကို နှုတ်သီးခေါင်း နှစ်ခုဆိုင်၍ ညှပ်ယူရရေ သတ္တု လက်ကိုင်ညှပ်။ ယင်းနန့် သံမှို အစဟိစွာရို့ကို နှုတ်သည်
Burmese:
မျက်နှာပြင်ကို နှုတ်သီးခေါင်း နှစ်ခုဆိုင်၍ ညှပ်ယူရသော သတ္တု လက်ကိုင်ညှပ်။ ၎င်းဖြင့် သံမှို စသည်တို့ကို နှုတ်သည်
English:
plier
Grammar Note:
နာမ်
ညှပ်တိုင်
[ɲ̯aʔtàɪɴ]
Arakanese:
ဆန်ဖွပ်သော မောင်းအစဟိစွာရို့ မတိမ်းညွတ် စီရန် နှစ်ဖက်ညှပ်၍ စိုက်ထားရေ့တိုင်
Burmese:
ဆန်ဖွပ်သော မောင်းစသည်တို့ မတိမ်းညွတ် စေရန် နှစ်ဖက်ညှပ်၍ စိုက်ထားသည့်တိုင်
English:
none
Grammar Note:
နာမ်
ညှပ်မပိုး
[ɲ̯aʔmpó]
Arakanese:
နှုတ်သီးဖျားမာ ဝိုက်၍ ချွန်ထက်သော နှုတ်သီး ဟိရေ ပိုးတမျိုး
Burmese:
နှုတ်သီးဖျားတွင် ဝိုက်၍ ချွန်ထက်သော နှုတ်သီး ရှိသော ပိုးတစ်မျိုး
English:
insect
Grammar Note:
နာမ်
ညှပ်ရိုး
[ɲ̯aʔɹó]
Arakanese:
ရင်ရိုးနှင့် ခြုံးရိုးကို ဆက်ထားရေ အရိုး
Burmese:
ရင်ရိုးနှင့် ခြုံးရိုးကို ဆက်ထားသော အရိုး
English:
bone
Grammar Note:
နာမ်
ညှပ်သွင်း
[ɲ̯aʔθwɪ́ɴ]
Arakanese:
တစုံ တခုစစွာကို ညှပ်အထဲမာ ထည့်သွင်း ထားရေ
Burmese:
တစ်စုံ တစ်ခုစသည်ကို ညှပ်အတွင်း၌ ထည့်သွင်း ထားသည်
English:
inscribe
Grammar Note:
ကြိယာ
ညှာ
[ɲ̯à]
Arakanese:
၁၊ လူများ အကျိုးအတွက် ကိုယ့်အကျိုးကို ပဓါနမထားပဲ လုပ်ကိုင် ဆောင်ရွက် ပီးရေ။ ထည့်တွက် စာနာရေ။ ဆင်ခြင် နှိုင်းဆရေ။ ၂၊ လျော့နည်းယောင် သက်ညှာခြင်း ပြုရေ။ အားလုံးအကျ နည်းပါးအောင် ချွေစွာရေ။ ညှာထားရေငါး- ကြောင်စားသည် (ပုံ)
Burmese:
၁၊ သူတစ်ပါး အကျိုးအတွက် မိမိအကျိုးကို ပဓါနမထားပဲ လုပ်ကိုင် ဆောင်ရွက် ပေးသည်။ ချင့်တွက် စာနာသည်။ ဆင်ခြင် နှိုင်းဆသည်။ ၂၊ လျော့နည်းအောင် သက်ညှာခြင်း ပြုသည်။ အကုန်အကျ နည်းပါးအောင် ချွေတာသည်။ ညှာထားရေငါး- ကြောင်စားရေ (ပုံ)
English:
be economical
Grammar Note:
ကြိယာ
ညှာစိမ်း
[ɲ̯àséɪɴ]
Arakanese:
သစ်ခွပန်း တမျိုး။ (ညှာတံမာ အပွင့် သွယ်တန်းဗျာယ် ပွင့်ရေ။ ရွှီတူ၊ ငွီတူ ဆိုပနာ ဟိရေ။ သင်္ကြန် နီးမာ ပွင့်ရေ။ သဇင် မျိုးမာ ပါဝင်ရေ။) ရွှီတူငွီတူ၊ စပါယ်ဖြူကေ၊ မဥ္ဇူခိုင်ဆင့်၊ ညှာစိမ်းခေါ်မာ၊ ဂေါ်သဇင်ရို့၊ ပင်မြင့်ထက်မာ၊ ရင့်သည်အမုံ၊ ပွင့်မကုန်ကေ
Burmese:
သစ်ခွပန်း တစ်မျိုး။ (ညှာတံတွင် အပွင့် သွယ်တန်းလျက် ပွင့်သည်။ ရွှေတူ၊ ငွေတူ ဟူ၍ ရှိသည်။ သင်္ကြန် နီးတွင် ပွင့်သည်။ သဇင် မျိုးတွင် ပါဝင်သည်။) ရွှေတူငွေတူ၊ စပါယ်ဖြူကေ၊ မဥ္ဇူခိုင်ဆင့်၊ ညှာစိမ်းခေါ်တွင်၊ ဂေါ်သဇင်တို့၊ ပင်မြင့်ပေါ်မှာ၊ ရင့်သည်အမုံ၊ ပွင့်မကုန်ကေ
English:
just like orchid
Grammar Note:
နာမ်
ညှာညှာစာစာ
[ɲ̯àɲ̯àsàsà]
Arakanese:
လျော့ပေါ့ ပြုမူရေ။ သတ်သတ် သာသာ ပြုမူသည်
Burmese:
လျော့ပေါ့ ပြုမူသည်။ သက်သက် သာသာ ပြုမူသည်
English:
have compassion for
Grammar Note:
ကြိယာ
ညှာညှာတာတာ
[ɲ̯àɲ̯àtàtà]
Arakanese:
ထည့်တွက် စာနာရေ။ ဆင်ခြင် နှိုင်းဆရေ။ လျော့နည်းယောင် သက်ညှာခြင်း ပြုသည်
Burmese:
ချင့်တွက် စာနာသည်။ ဆင်ခြင် နှိုင်းဆသည်။ လျော့နည်းအောင် သက်ညှာခြင်း ပြုသည်
English:
have compassion for
Grammar Note:
ကြိယာ